Primary tabs

ဖက်ရှင်ကျတဲ့ ကမ္ဘာကျော်ရတနာများ

ရဲဝံ့မွန်

ဖေဖေါ်ဝါရီလမှာ မိမိရဲ့ချစ်သူခင်သူများကို တန်ဖိုးထားကြောင်း၊ ချစ်ခင်မြတ်နိုးကြောင်း ပြသရန် လက်ဆောင်ပေးနိုင်ဖို့အတွက် ယခုလို ကမ္ဘာကျော် လက်ဝတ်ရတနာများကို ဆင်မြန်းပေးနိုင်ပါတယ်။

၂၀၁၄ ခုနှစ်မှာ ခေတ်စားလာတဲ့ ရွှေနဲ့ပတ်သတ်တဲ့ လက်ဝတ်ရတနာများကို ဖော်ပြပေးသွားမယ့်အပြင် တန်ဖိုးထားစရာကောင်း သော စိန်နာရီများကိုလည်း ဖော်ပြပေးသွားပါမယ်။

Harry Winston ရဲ့စိန်နာရီများနှစ်ပေါင်းကြာရှည်အောင် မြင်နေခဲ့တဲ့ ကမ္ဘာကျော်ရတနာဆိုင်ကြီး Harry Winston ရဲ့စိန်လက် ရာအထူးပြု အဖိုးတန်နာရီများပါ။ HW ရဲ့ကျွမ်းကျင်တဲ့ ဒီဇိုင်နာတွေက စိန်ကိုလက်ဝတ်ရတနာအဖြစ်တင်သာမက နာရီတစ်ခုအဖြစ် အနု ပညာမြောက်စွာ ပြောင်းလဲဖန်တီးပြခဲ့ပါတယ်။ ယူကေ၊ ယူက်အက်စ်အေ၊ ကနေဒါနဲ့ သြစတြီးယားနိုင်ငံတွေမှာဆိုရင် ဒီတံဆိပ်ဟာအရမ်း ကို နာမည်ကြီးလွန်းပါတယ်။ စိန်တွေရဲ့ဈေးနှုန်းကြီးမားမှု၊ ဖြတ်တောက်ပုံဖော်ထားတဲ့ အရည်သွေးကောင်းမွန်မှု၊ ပုံစံကောင်းမွန်သပ်ရပ်မှု တို့ဟာ ဒီတံဆိပ်ရဲ့ ပုံရိပ်ဖြစ်ပါတယ်။

အခုဖော်ပြသွားမယ့် စိန်နာရီများကတော့ HW ရဲ့အမျိုးသမီးဝတ် နောက်ဆုံးပေါ်လက်ရာ ဒီဇိုင်းများ ဖြစ်ပါတယ်၊ Harry Winston Women Diamond Watches Collection လို့ အမည်ထားပါတယ်။

သိမ်မွေ့လွန်းတဲ့ လက်ရာများနဲ့ နှစ်သစ်ကိုကြိုခဲ့တဲ့ Christian Dior

 

Dior ဆိုရင် အမျိုးသမီးတွေရဲ့ စိတ်ကူးပုံရိပ်အဖြစ် တွဲမြင်နေကြတဲ့ ကမ္ဘာကျော်တံဆိပ်တစ်ခုပါ။ သူရဲ့ထုတ်ကုန်အားလုံးဟာ အမျိုးသမီးတိုင်းကို ကျက်သရေရှိရှိနဲ့ လှပသွားစေတာကြီးပါပဲ။ ဒီတံဆိပ်ရဲ့ ဒီဇိုင်နာနဲ့တည်ထောင်သူ ကိုယ်တိုင်က သူ့ရဲ့ပစ္စည်းတွေဟာ ဖက်ရှင်ကမ္ဘာကြီးထဲကို အလှအပနဲ့ပျော်ရွှင်ခြင်းများအဖြစ် ဖန်တီးဖို့ သယ်ဆောင်လာတယ်လို့ ဆိုထားပါတယ်။ လက်ကိုင်အိတ်၊ နာရီ၊ ရို့စ်လက်ဝတ်ရတနာများ၊ နှုတ်ခမ်းနီနဲ့ ရေမွှေးတို့ဟာ ကမ္ဘာကြီးရဲ့နေရာအနှံ့ကိုလည်း လက်ရှိမှာနေရာယူထားပါတယ်။ ယူကေ၊ ယူ အက်စ်နဲ့ ကနေဒါ၊ သြစတြီးယားနိုင်ငံတွေမှာ နာမည်ကြီးဖြစ်နေတဲ့ လက်ရာများကို ခံစားကြည့်ပါဦး။

ရှားပါးရတနာ Black Diamond

 

မြောက်အမေရိက ရဲ့ ဖက်ရှင်ကိုဦးဆောင်နေတဲ့ Zale စီးပွားရေးလုပ်ငန်းရဲ့ လက်ရာများပါ။ ကမ္ဘာ့အဆင့်တန်းမှီ လက်ရာများ ဖြစ်တာရယ်၊၁၉၂၄ ဆိုတဲ့ သက်တမ်းရှည်လုပ်ငန်းကြီးက လုပ်တာဖြစ်တာရယ်ကြောင့် လက်ရာများဟာ သိမ်မွေ့ပါတယ်။ လက်စွပ်၊ ဟန်းချိန်း၊ လည်ဆွဲ၊ နားကပ် နဲ့ နာရီများဟာ သူ Theme နဲ့ သူဦးတည်ပြီး ထုတ်လုပ်ရောင်းချတာ ဖြစ်တာကြောင့် တန်ဖိုးထား စွဲမက် ဖွယ်တွေကြီးပါပဲ။ စိန်အရည်အသွေးကလည်း အံ့အားသင့်စရာကောင်းအောင် ကောင်းမွန်လှပပြီး ပုံစံကလည်းအပြစ်ပြောဖွယ် မရှိအောင် ထုတ်လုပ်ပါတယ်။ ယူကေ၊ ကနေဒါ၊ အိုင်ယာလန်၊ သြစတြီးယားနဲ့ နော်ဝေနိုင်ငံတွေမှာကတော့ အမျိုးသမီးတိုင်းလိုချင်တဲ့ အသည်းစွဲ တံဆိပ်လို့ သိရပါတယ်။

အခုဖော်ပြပေးတဲ့ လက်ရာများဟာ နောက်ဆုံးပေါ် အကောင်းတကာ့ အကောင်းဆုံး ဒီဇိုင်းများဖြစ်ပြီး အမည်းရောင်စိန်ကို ပုံစံအမျိုးမျိုးဖော်ထားတာပါ။ Zales Black Diamond Rings Collection လို့ အမည်ပေးထားပါတယ်။အဖြူရောင်နဲ့ အမည်းရောင် စိန်တွေကိုတွဲဖက်ပြီး ဒီဇိုင်းထုတ်တဲ့ လက်ရာများဟာ Zale ကော်ပိုရေးရှင်း ရဲ့ မူပိုင်ပါ။

ဖက်ရှင်လောကကို ဦးဆောင်ခဲ့ပြန်တဲ့ Pandora

Pandora ဆိုတာ လက်ဝတ်ရတနာ လုပ်ငန်းတွေထဲမှာ ထိပ်တန်းမှရပ်တည်နေတဲ့ လက်လီရောင်းချပေးတဲ့ဆိုင် ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံမှာ ၁၉၈၂ခုနှစ်ကတည်းက လူနေမှုဘ၀စတိုင်လ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ကျကျလက်ဝတ်ရတနာများကို ရောင်းချပေးခဲ့ တာပါ။ ရတနာပစ္စည်း တစ်ခုချင်းစီတိုင်းဟာ လူတစ်ယောက်ရဲ့ life style ကိုဖော်ပြနိုင်တဲ့အထိ အသေးစိပ်ထုတ်လုပ်ရောင်းပေးတာပါ။

Charms လို့ခေါ်တဲ့ နှစ်လိုဖွယ်ပစ္စည်းလေးတွေ၊ နားကပ်၊ လက်စွပ်၊ လည်ဆွဲ၊ ဆွဲသီး၊ နာရီနဲ့ လက်ဝတ်ရတနာအများအပြားကို ဆယ်ကျော်သက်နဲ့ လေဒီတွေအကြိုက် လက်ရာအနုစိပ်လေးတွေကို သူ့ရာသီအလိုက်သူထုတ်ပြီး ရောင်းချပေးပါတယ်။

နိုင်ငံပေါင်း (၅၀)ကျော်ကို လက်ရှိမှာရောင်းချပေးနေရတဲ့အထိ ရတနာဖက်ရှင်လောကမှာ အောင်မြင်နေပါတယ်။ အရည်အ သွေးမြင့်မား ကောင်းမွန်တဲ့ သတ္တုတွေ၊ ရွှေဖြူတွေ၊ ရွှေနဲ့ ငွေတွေကိုသာ အသုံးပြုပြီးရောင်းချတာပါ။

Le Vian ချော့ကလက် လက်စွပ်လေးများ

ကမ္ဘာကျော် လက်လီရောင်းချပေးတဲ့ Le Vian လက်ဝတ်ရတနာများကတော့ မြင်လိုက်တာနဲ့ သိသာကွဲပြားနေအောင် ဖန်တီး ထုတ်လုပ်ထားတာပါ။ ရတနာကလည်း တွင်းထွက်ရတနာဖြစ်တဲ့အပြင် သမိုင်းဇာတ်ကြောင်းရှိတဲ့ ကျောက်မျိုး၊ ရှေးပဝေသဏီက တန်ဖိုး ကြီးရတနာမျိုး၊ ဒီဇိုင်းမျိုးကို ပေါင်းစပ်ပြီး ထုတ်ရောင်းချတာမျိုးပါ။ တန်ဖိုးကြီးမားတဲ့ စိန်၊ ရွှေနဲ့ ကျောက်မျက်အတုံးများကို မင်္ဂလာ လက်ဝတ်ရတနာများအဖြစ် ကန့်သတ်ပြီး ထုတ်လုပ်ထားမျိုးလည်း ရှိပါတယ်၊ ယူကေ၊ ယူအက်စ်၊ နော်ဝေ၊ အိုင်ယာလန်၊ နယူးဇီလန်၊ ကနေဒါ၊ သြစတြီးယား နိုင်ငံတွေမှာအလွန်ကိုနှစ်သက်ကြတဲ့ တံဆိပ်ပါ။ အခုဖော်ပြပေးတဲ့ Le Vian Chocolate Jewelry Rings Collection များဆိုရင် လှပတဲ့စိန်နဲ့ကျောက်မျက်များကို ချော့ကလက်အရောင်၊ ရက်စ်ဘယ်ရီအရောင်၊ ဗနီလာနဲ့ စတော်ဘယ်ရီ၊ ပျားရည် အရောင်များအဖြစ် ဖန်တီးတင်ဆက်ထားတာပါ။ ဒီလက်စွပ်များရဲ့ ရောင်ပြန်ဟပ်မှုကတော့ ၀တ်ဆင်သူရဲ့ခံစားချက်ကို ခမ်းနားကြီးမြင့် သွားစေတယ်၊ လူရဲ့ အရည်အသွေးကို တောက်ပြောင်သွားစေတယ်လို့ ဆိုပါတယ်။

လှပစွဲမက်ဖွယ် Opal ကြောင်မျက်ရွဲ

Opal ကျောက်ကို လက်ဝတ်ရတနာအဖြစ် မြန်မာနိုင်ငံမှာ အမြတ်တနိုး ၀တ်ဆင်တာရှားပါတယ်။ ဒီကျောက်ကလေးတွေက အရောင်စုံပြီး ထူးခြားလှပသလို ဒီဇိုင်းဖန်တီးမှုပေါ် မူတည်ပြီးလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အခုဖော်ပြပေးသွားမယ့် လက်ရာ များကို ခံစားကြည့်ကြပါဦး......

လိမ္မော်ရောင် မက်ဆီကန် opal ကျောက်ကို လိမ္မော်ရောင်နီလာ၊ အစိမ်းရောင် ဂေါ်မုတ်၊ အ၀ါရောင်ရွှေတို့နဲ့ ပေါင်းစပ်ထား တဲ့လိပ်ဒီဇိုင်း

 Irene Neuwirth f opal နှင့် စိန်လက်ရာနားဆွဲ

 ၃၉.၉ ကာရက် သြစတြီးယမ်း opal နှင့် ၁၈ကာရက်ရွှေ ၊ လိမ္မော်ရောင်ဂေါ်မုတ်တို့ ပေါင်းစပ်ထားသော နားဆွဲ

 အင်ဒိုးနီးရှားစတိုင် မီးပန်းဆိုင်းနားဆွဲ

၁၈ကာရက်ရွှေသစ်ရွက်နှင့် opal အလုံးဒီဇိုင်းဆန်း

အမည်းရောင် opal နှင့် နီလာကျောက်မျက်တို့ကို ပလက်တီနမ်ဖြင့် ပေါင်းစပ်ကာ ဒီဇိုင်းဖော်ထားသော လက်စွပ်

မှိုပွင့် ဟန်းချိန်းအမည်ရ သြစတြီးယားအမည်းရောင် opal ကျောက်လေးများကို အစိမ်းရောင် garnet ကျောက်များနှင့် ပေါင်းစပ်ဒီဇိုင်း

Fire opal အမည်ရ ကျောက်ဒီဇိုင်းလက်စွပ်

အပြာရောင် opal ကျောက်ကို ပန်းပွင့်ပုံစံဖြင့် စိန်များခြံကာ ဒီဇိုင်းဖော်ထားသော လော့ကတ်-၁၉၂၀ နှစ်လက်ရာ opal နှင့်စိန်ဖြူ ပေါင်းစပ်ထားသော ရင်ထိုး

Irene Neuwirth   f opal နှင့် စိန်ပွင့်လက်ရာနားဆွဲ

ပုံစံ(၃)မျိုးအား ပေါင်းစပ်ပြီး ဒီဇိုင်းဖော်ထားaom Irene Neuwirth နားဆွဲ