Primary tabs

Pandora ဆိုတာ ဖန်တီးမှုနဲ့ ပေါင်းစပ်မှသာ

    ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ PANDORA ရဲ့ပရိသတ်အမျိုးသမီးပေါင်းများစွာဟာ ကိုယ်ပိုင် ဖန်တီးမှုကို ကြိုက်နှစ်သက်သူ၊ ပေါင်းစပ်ရောနှောခြင်းတွေကို နှစ်သက်သူ တွေဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့်လည်း ဒီတံဆိပ်ရဲ့လက်ရာ အသစ်အသစ်တွေဟာ ရာသီနဲ့အမှီ၊ နှစ်တစ်နှစ်နဲ့ တစ်နှစ်မတူညီအောင် ရွေးချယ်ဝတ်ဆင်ခံနေရ ခြင်းပါပဲ။ လော့ကတ်၊ လက်စွပ်၊ နားကပ်၊ လက် ကောက် ၊ ဆွဲကြိုး များက ၀တ်ဆင်သူရဲ့စတိုင်လ်ကိုယ်ရည်ကိုယ်သွေးအလိုက် အမျိုးမျိုးပြောင်းလဲ ၀တ်ဆင်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

Pandora ပစ္စည်းများရဲ့ အရည်သွေးစစ်မှန်မှု ဖော်ပြချက်
    လက်နဲ့ ပြုလုပ်တယ်၊ လက်ရှိခေတ်ကာလနဲ့ အမှီဖြစ်တဲ့ ရတနာများနဲ့ ပြုလုပ်တယ်။ စတာလင် ငွေသတ္တုအစိုင်ခဲ (အခေါင်းပေါက်မဟုတ်) နဲ့လုပ်တယ်၊ ရွှေ ၁၄ ကာရက်နဲ့ လုပ်တယ်၊ ပုလဲ -ကျောက်မျက်၊ ဖန်ထည်၊ သစ် စတဲ့ ပစ္စည်းများနဲ့ ဆန်းကြယ်ပြီး လက်ရာပြုလုပ်တယ်။ စိန် နဲ့ ကျောက်မျက်ရိုင်း၊ အနုပညာလက်ရာဖော် ပုလဲများ၊ လူလုပ်ကျောက်များဆိုပြီး အပိုင်းကြီး (၄)ပိုင်းခွဲထား ပြီး အထည်တွေမှာ ထည့်သွင်းဒီဇိုင်းဖ်ာလေ့ရှိ ပါတယ်။


    US နိုင်ငံမှာတော့ စစ်မှန်တဲ့ Pandora လက်ဝတ်ရတနာများမှာ “ALE” လို့ ရိုက်နှိပ်ဖော်ပြလေ့ရှိတယ်လို့ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ တံဆိပ်ကို ရှာဖွေထုတ်ဖော်ခဲ့တဲ့ Brand father - Algot Enevoldsen & Per Enevoldsen ကို ရည်ညွှန်းထားတာပါ။ ပစ္စည်းတိုင်းဆိုပေမယ့် အရမ်းသေးငယ်တဲ့ လက်ဝတ်ရတနာများမှာ တော့ မပါဝင်ပါဘူး။ အခြားနိုင်ငံများမှာတော့ တံဆိပ် ရိုက်ဖို့ကို သီးခြားသတ်မှတ်ထားခြင်းမျိုးလည်း ရှိပါတယ်။ သူ့နိုင်ငံနဲ့ သူအလိုက်ပေါ့လေ။
    ကမ္ဘာတစ်ဝှမ်းတွင် တရားဝင်လက်လီ ရောင်းချသော ဆိုင်အရေအတွက်မှာ ခန့်မှန်းခြေအားဖြင့် ၁၀၀၀၀(တစ်သောင်း) ရှိပြီဖြစ်ပါတယ်။ရောင်းချတဲ့ဆိုင်များမှ အွန်လိုင်းဝဘ်ဆိုဒ်များကိုလွှင့်တင်ထားရာမှာ  တံဆိပ်ကို တုပကာရောင်းချ
နေတဲ့ အွန်လိုင်းဆိုက်များလည်း ရှိပါတယ်။ ဒါကြောင့် တရားဝင်ဆိုက် (၂)ကို မှတ်ထားဖို့လိုပါ တယ်။ www.pandoragroup.com & www.pandora.net
    ဥရောပနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံ များ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်နဲ့ အလယ်ပိုင်းအမေရိက၊ အာရှပစိဖိတ် စတဲ့ နိုင်ငံ ပေါင်း (၈၀)ကျော်မှာ ရောင်းချနေပြီး ၀န်ထမ်းအရေအတွက်မှာလည်း ၉ ထောင်ကျော်ခန့်အပ်ကာ လုပ်ဆောင်နေကြပါတယ်။

PANDORA  တံဆိပ်ဘာကြောင့် နာမည်ကြီးတာ လဲ
    ၁၉၈၂ ခုနှစ်မှာ Pandora ဆိုင်ကို စတင်ဖွင့် လှစ်ရောင်းချခဲ့ပါတယ်။ ရောင်းချတဲ့သူတွေဟာ ၀ယ်ယူနှုန်းတိုးတက်စေဖို့အတွက် လက်ကားရောင်းချဖို့ အာရုံစိုက်ခဲ့ရပါတယ်။ ၁၉၈၄ ရောက်တဲ့အခါ ထိုင်းနိုင်ငံမှာ ထုတ်လုပ်တပ်ဆင်ဖို့အတွက် ဒီဇိုင်နာ Lone Frandsen ကို အလုပ်ခန့်ပြီး လုပ် စေခဲ့ပါတယ်။ သူကမှ ရတနာလမ်းကြောင်းကို စတင်ခဲ့ပါတော့တယ်။ ၁၉၉၆ ခုနှစ်မှာတော့ ဒုတိယဒီဇိုင်နာအဖြစ် ရွှေပန်းတိမ်ဆရာ Lisbeth Eno Larsen ကို ထပ်မံခန့်အပ်ခဲ့ပါတယ်။ ပထမ
ဒီဇိုင်နာ Frandsen နဲ့ လက်တွဲပြီးတော့ ချစ်မြတ်နိုးဖွယ် လက်ကောက် (charms bracelet) လေးများကို စတင်မြင်တွေ့ခဲ့ရပါတယ်။ ဒီလက်ကောက် လေးများကစတင်ပြီး Pandora ရဲ့သင်္ကေတ တစ်ခုကို လူတိုင်းကအသိအမှတ်ပြုသတိထားခဲ့ ကြတယ်လို့ ဆိုနိုင်ပါတယ်။
    ၂၀၀၈ ခုနှစ်ရောက်စမှာတော့ LovePods ၁၈ ကာရက် ရွှေပါတဲ့ ဒီဇိုင်းကို Pandora မှစတင်မိတ်ဆက်ခဲ့ပါတယ်၊ စိန်များ၊ ဥသာဖရား ကျောက်များ၊ ခရမ်းရောင်နီလာကျောက် အစရှိတဲ့ ကျောက်များနဲ့ ပြုလုပ်ထားပါတယ်။ ၂၀၁၀ မှာ
swiss နာရီများရဲ့ အနားကွပ်အဖြစ် (၁၀)မျိုး ထွက် ရှိခဲ့ပါတယ်။ အမည်းရောင်စိန်များနဲ့ ပြုလုပ်ထားတဲ့ပုံစံ၊ နီလာများဖြင့် ပြုလုပ်ထားတဲ့ ပုံစံတို့ကို လက် ရာအသစ်အဖြစ် ဖန်တီးပြသခဲ့ပါတယ်။
    Charms လက်ကောက်မှာ တပ်ဆင်ဝတ်ကြ တဲ့ charmsလေးများဟာ တိရစ္ဆာန်အစွယ်၊ အခွံ၊ရွှံ့စေး နဲ့ အရိုးမှထုတ်လုပ်ထားတာပါ။ အခုခေတ် မှာတော့ beads ပုတီးစေ့လေးများ ပုံစံပါရရှိနေပါပြီ။ဖန်ထည်၊ ကြွေရည်သုတ်၊ ကျောက်ပြားတို့ကို
ရွှေနဲ့ ငွေပုံစံအပြင် ထပ်မံဖန်တီး ထုတ်ထားပါ သေးတယ်။ မိသားစုတစ်စုအတွင်းမှာ မိခင်ဖြစ် သူမှ သမီးဖြစ်သူကို လက်လွှဲဝတ်ဆင်ရန် ချန်ထားခဲ့ကြတာမို့ ထာဝရချစ်ခြင်းမေတ္တာလက်ဆောင် အဖြစ် Pandora လက်ကောက်များဟာ နေရာ အကြီးအကျယ်ရခဲ့တာပါ။
    သမီးဖြစ်သူမှ ရရှိလာတဲ့ လက်ကောက် နေရာမှာ ကိုယ်နှစ်သက်သလိုနောက်ထပ် charms လေးများ ထပ်ပေါင်းစပ်တာကို ပြုလုပ်ဝတ်ဆင်တဲ့ အခါမှာ အမှတ်တရများစွာကို စီထားသကဲ့သို့ တန်ဖိုးကြီးမားတဲ့ မျိုးရိုးပြပစ္စည်းလေးအဖြစ်ပြောင်း လဲသွားပါတော့တယ်။ လက်ထပ်ထိမ်းမြားတဲ့ အခမ်းအနားအတွက် ကိုယ်စားပြု charm တစ်ခု၊နှစ်ပတ်လည်များအတွက် charm များ တပ်ဆင်လိုက်တဲ့အခါမှာလည်း မိမိရဲ့ခင်ပွန်းပေါ် ချစ်ခင်မြတ်နိုးမှုများကိုလည်း ခံစားကြည့်နိုင်ပါသေး တယ်။


    ဒါ့ကြောင့် Pandora Jewellery ဆိုရင် Charm & Bead Jewellery လို့ ဖြစ်သွားကြပါပြီ။ ပုတီးလုံးများနဲ့ charms များကို အပြာ၊ ပန်းရောင်၊အနီ၊ မြေကြီးအရောင်၊ အ၀ါ အစသဖြင့် ၀တ်ဆင် သူနှစ်သက်စေမယ့်ကာလာများစွာကို ထုတ် လုပ် ရောင်းချပေးနေပါတယ်။ Pandora လက်ကောက် များနဲ့ပတ်သက်ပြီး ၀တ်ဆင်မယ့်မိန်းကလေးများ အတွက် အကြံပြုချက် (charm&bead လေးများကို ရွေးချယ်နိုင်စေဖို့အတွက်ပါ)
    လွတ်လပ်မှု နှစ်သက်တဲ့ ပျိုမေအသွင် - ဒီလိုစရိုက်ရှိသူ မိန်းကလေးအတွက်ဆို ကမ္ဘာမြေ သင်္ကေတ အရောင်၊ ပန်းသင်္ကေတပုံစံ၊ ရာသီပေါ် အသီးအနှံပုံစံ charms & beads လေးတွေ ပေါင်းစပ်ဝတ်ဆင်နိုင်ပါတယ်။
    အဆင်ပြေသလို နေထိုင်တဲ့ပျိုမေအသွင် - ဂျင်းနဲ့ တီရှပ်သာနှစ်သက်သူ မိန်းကလေးဆိုရင် တော့ သူဝတ်ဆင်မယ့်ပုံစံနဲ့အလိုက် ပန်းရောင်၊ အပြာရောင်နဲ့ ခပ်ဆန်းဆန်းအရောင်လေးတွေပါတဲ့ charms & beads လေးတွေ ပေါင်းစပ်ဝတ် ဆင်နိုင် ပါတယ်။


    ခေတ်မှီမှီမိန်းကလေးဆိုရင် - ဖက်ရှင်ကျကျ ၀တ်ပြီး နောက်ဆုံးပေါ်မှကြိုက်တဲ့ မိန်းကလေးဖြစ် ခဲ့ရင်တော့ ပုံမှန်ဒီဇိုင်းမျိုးတွေမှ ကွဲထွက်တဲ့ အမည်းနဲ့ အဖြူရောင်ပုတီးစေ့တွေ၊ ငွေနဲ့ ရွှေရောထားတဲ့ ဒီဇိုင်း charms တွေ ၊ ဖိတ်ဖိတ်လက် ပုတီးစေ့လေးများကို တွဲစပ်ဝတ်ဆင်နိုင်ပါတယ်။
    ဂ န္တ ၀င်စတိုင်လ်ပျိုမေများအတွက် - ကိုယ့် ဟာ ရိုးရှင်းကျော့မော့နေတတ်တဲ့ စတိုင်လ်နဲ့ အမြဲနေတတ်တဲ့ မိန်းကလေးဖြစ်တယ်ဆိုရင်တော့ စတာလင်ငွေသား လက်ကောက်ဒီဇိုင်းက အကောင်းဆုံး ပါပဲ၊ ဒီလက်ကောက်မှာ နောက်ထပ် ငွေ ပုတီး စေ့များ charm များ ကိုခပ်ရှင်းရှင်း တပ်ဆင်ဝတ် ဆင်နိုင်ပါတယ်။