Primary tabs

Charm Bracelet (သို့) အဆောင်လက်ကောက်လေး

    Charm Bracelet  ဆိုတာ ဝတ်ဆင်ထားသူ ရဲ့ ဘဝမှတ်တိုင်လေးတွေကို ထင်ဟပ်ပြနိုင်တဲ့ အဆင်တန်ဆာတစ်မျိုးလို့ပဲ ဆိုကြပါစို့။ လက်ကောက် ၀တ်မှာ ဝတ်ဆင်လေ့ရှိတဲ့ အဲဒီ့ အဆင်တန်ဆာကို ပုတီးစေ့လေးတွေ၊ စာလုံးလေးတွေ၊ ရုပ်ပုံ အမှတ် အသားလေးတွေ စတဲ့အမျိုးမျိုးသော ပစ္စည်းတွေနဲ့ အလှဆင်လေ့ရှိပါတယ်။

    ဒီလိုအဆင်တန်ဆာ ဝတ်ဆင်ခြင်းရဲ့ ခရီးအစကို ခြေရာကောက်ကြည့်တော့ ကံဆိုးမိုးမှောင် ကျမှုတွေ ဒါမှမဟုတ် မကောင်းဆိုးဝါးတွေရဲ့ရန်က ကာကွယ်နိုင်အောင် အဆောင်လက်ဖွဲ့အနေနဲ့ စတင်ဝတ်ဆင်ခဲ့တာလို့ဆိုတယ်။
    သမိုင်းမတင်မီခေတ်အခါတုန်းကတော့ ဒီလို charm bracelet တွေကို ကမာခွံတွေ၊ တိရိစ္ဆာန်ရဲ့ အရိုးတွေ၊ ရွှံ့စေးတုံးလေးတွေနဲ့ ပြုလုပ်လေ့ရှိကြပြီး ဒီဘက်ခေတ်မှာတော့ အဖိုးတန်ကျောက်မျက်တွေ၊ ကျောက်ရိုင်းတုံးလေးတွေ၊ သတ္တုတွေ၊ သစ်သား တွေနဲ့ ပြုလုပ်လာကြပါတယ်။
    Charm Bracelet ရဲ့ ထင်ရှားတဲ့ ဖြတ်သန်း မှုတွေကို ပြောပါဆိုရင် အစီရီ ယန် လူမျိုးတွေ၊ ဘေဘီလုံလူမျိုးတွေနဲ့ ပါးရှမ်းလူမျိုးတွေက charm bracelets ကို စတင်ဝတ်ဆင်ခဲ့သူတွေဖြစ်ပြီး ဘီစီ ၆၀၀ ကနေ ၄၀၀ အတွင်းမှာ ဒီလိုအဆင် တန်ဆာ ဝတ်ဆင်ခြင်း အလေ့အထ ပထမဆုံးစတင်ခဲ့ တယ်။
    ဥရောပ မင်းမျိုးစိုးမျိုးတွေထဲမှာ Charm Bracelet ကို ဖက်ရှင်အနေနဲ့ ဝတ်ဆင်လာအောင် စတင်သူကတော့ ဝိတိုရိယ ဘုရင်မ (Queen Victoria) ။ သူမဟာ ကိုယ်တိုင်လည်း အဲဒီ့အဆင် တန်ဆာကို တမြတ်တနိုးဝတ်ဆင်သလို၊ သူတစ်ပါး ကိုလည်း လက်ဆောင်ပဏ္ဏာအဖြစ်လည်း ပေးတတ်သူပါ။ ခင်ပွန်းဖြစ်သူ မင်းသား အဲလ်ဘတ် (Prince Albert) ကွယ်လွန်ချိန်မှာ ပူဆွေးခြင်း လက်ကောက်လေးကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ့ ပူဆွေးခြင်းလက်ကောက်မှာ ကွယ်လွန်သူရဲ့ ဆံပင်
ကို ထည့်ထားတဲ့လော့ကတ်အိမ်လေးရယ်၊ ကွယ်လွန်သူရဲ့ပန်းချီပုံအသေးလေးရယ်၊ ပူဆွေးခြင်း အထိမ်းအမှတ်အဖြစ် ကျောက်အနက်လေးတွေ ရယ် တန်ဆာဆင်ပြီး ဝတ်ဆင်ထားခဲ့ပါတယ်။
    ၁၈၈၉ မှာတော့ Tiffany and Co. က သူတို့ ရဲ့ ပထမဆုံး charm bracelet လေးကို မိတ်ဆက် ခဲ့ပြီး တစ်ခုတည်းသော အသည်းပုံကလေးနဲ့ ချိတ်ဆွဲထားတဲ့ အဲဒီ့လက်ကောက်လေးဟာ ဒီနေ့ဒီချိန် ထိ Tiffany ရဲ့ ပြယုဂ်အဖြစ် လူသိများ ပါတယ်။ ၁၉၂၀ ကနေ ၁၉၃၀ အတွင်းမှာတော့ charm bracelet တွေကို ပလက်တီနမ်တို့ စိန်တို့နဲ့ ပြုလုပ်ရောင်းချလာကြပါတယ်။ ၁၉၅၀ ပြည့်နှစ်များနဲ့ ၁၉၆၀ အစောပိုင်းနှစ်များမှာ charm bracelet ဟာ အမေရိကန် ဆယ်ကျော် သက်တွေကြား ရေပန်းအစားဆုံးဖြစ်ခဲ့တယ်။ သရုပ်ဆောင် Elizabeth Taylor တို့လို့၊ Joan Crawford တို့လို နာမည် ကျော်တွေ ဝတ်ဆင်ခဲ့တာကြောင့် ပိုပြီး စိတ်ဝင်စား လာကြတယ်။
    ၂၀ ရာစုနောက်ပိုင်းကျပြန်တော့ စိတ်ဝင်စား မှု အားလျော့ကျလာခဲ့ပြီး ၂၀၀၀ ပြည့်လွန်နှစ်တွေ မှာ ပြန်လည်ခေတ်စားလာ ပြန်ပါတယ်။ Pirates of the Caribbean ဇာတ်ကားကို ဈာန်ဝင်စားပြီး ဓားပုံလေးတွေ၊ အရိုးခေါင်းလေးတွေနဲ့ charm bracelet တွေကို ၂၀၀၆ ဆောင်းရာသီဖက်ရှင် ပြပွဲတွေမှာ ပြန်လည်မိတ်ဆက်လာခဲ့တယ်။

European charm bracelets
    ၂၀၀၂ ခုနှစ်လောက်မှာ ဥရောပနဲ့ မြောက်အမေရိကဘက်မှာ European charm bracelets လို့ ခေါ်ဝေါ်တဲ့ ပုံစံသစ်တစ်မျိုး ခေတ်စားလာခဲ့ တယ်။ သူကချိန်းကြိုးပုံစံမျိုးဖြစ်ပြီး ကြိုးမှာ ပုတီး စေ့လေးတွေ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ အ
ဆောင်လက်ဖွဲ့စာလုံးတွေကို ထည့်သွင်းဝတ်ဆင် နိုင်တဲ့ ပုံစံမျိုးပါ။ လက်ဖွဲ့စာလုံးလေးတွေကို ရွှေ၊ ငွေ ဒါမှမဟုတ် ဖန်နဲ့ လုပ်ကြ ပြီး ကိုယ်နှစ်သက်သလို၊ စိတ်ကူးရှိသလို ပုံစံချပြီး ဝတ်ဆင်ကြပါတယ်။ ပုတီး စေ့တွေကိုသုံးပြီး ပုံဖော်ကြတဲ့ သူတွေအတွက် လည်း ရွေးချယ်စရာ ပုတီးစေ့ ပုံစံမျိုးစုံ ရောင်းချ ခဲ့ကြပါတယ်။ ပုံစံစုံသလို ဈေးကလည်း အမျိုးမျိုး ပါပဲ။ ပုတီးစေ့တစ်စေ့ကို ဒေါ်လာ ၂၀ အထိ အများ ဆုံးရှိတတ်သလို၊ တန်ဖိုးကြီး ရွှေ၊ ပလက်တီနမ်၊ စိန်တို့လို ပစ္စည်းတွေနဲ့ ခတ်ထားတဲ့ပုတီးစေ့တွေ ကတော့ ဒေါ်လာ ရာနဲ့ ချီပြီး ရှိတတ်ပါတယ်။ Pandora နဲ့ Love-links တံဆိပ်တွေကတော့ UK မှာ အအောင်မြင်ဆုံး European Charm Bracelet တွေပါ။

Coin-chain-char-bracelet
    ဒင်္ဂါးပြားတွေကို ချိန်းကြိုးနဲ့ တွဲဖက်ဝတ် ဆင်ရတဲ့ Coin-chain-char-bracelet ကိုတော့ ၁၉၇၆ မှာ ဒိန်းမတ် လက်ဝတ်ရတနာ ကုမ္ပဏီ Trollbeads က စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ယနေ့ ခေတ်အထိ ခေတ်စားတာကြောင့် အမှတ်တံဆိပ်
အမျိုးမျိုးက ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ အမေရိကမှာ လူကြိုက်အများဆုံးတံဆိပ်တွေက တော့ Biagi ၊ Zable ၊ Reflections by SimStars ၊ Chamilia၊ Soufeel ၊ Novobeads ၊ Oriana နဲ့ Trollbeads တို့ပါ။ တစ်ဦးနဲ့ တစ်ဦး အကြိုက် မတူတဲ့အပြင် ဟိုတံဆိပ်က ပုတီးစေ့ပုံစံလေးကို ကြိုက်ပြီး ဒီတံဆိပ်က ကြိုးပုံလေးကို ကြိုက်လို့ တွဲစပ်ဝတ်ဆင်ကြတာလည်းရှိပါတယ်။
    Pandora ကတော့ သူ့ကြိုးနဲ့ သူ့ပုတီးစေ့နဲ့ ဝတ်မှသာ အဆင်ပြေတဲ့ဒီဇိုင်းမို့ ခြွင်းချက်ရှိတယ် လို့ ဆိုနိုင်ပါတယ်။ သူ့မှာလည်း သူ့အဓိပ္ပာယ်နဲ့ သူ ထုတ်လုပ်ထားတဲ့ အဆောင်များစွာရှိတာမို့ အဲဒီ့ အဆောင်ပုတီးစေ့လေးတွေ ကို ထောက်ဆူးလေး သုံးပြီး လက်ကောက်ကြိုးမှာ တပ်ဆင်ရတာပါ။

Italian charm bracelets
    Italian charm bracelets ကတော့ တစ်မူ ကွဲတဲ့ ပုံစံလေးပါ။ ဒီလက်ကောက်လေးတွေမှာနာရီအဆစ်တွေလို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး ဝတ်ဆင်ရတဲ့ ပုံစံမျိုးဖြစ်ပြီး အဆစ်လေးတွေက ခပ်ပြားပြားပုံစံ ရှိပါတယ်။ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်၊ နေရာပြောင်း စိတ်ကြိုက်ပုံဖော်နိုင်သလို၊ အခြား ကိရိယာတန်ဆာပလာမလိုဘဲ လက်နဲ့ပဲ အလွယ် တကူ ဖြုတ်တပ်နိုင်တဲ့ ပုံစံပါ။
    ဒီဇိုင်းရဲ့ မူလရင်းမြစ်ကတော့ အီတလီနိုင်ငံ ဖြစ်ပြီး ဘယ်သူဘယ်ဝါက စတင်တည်ထွင်တယ် လို့တော့ မှတ်တမ်းထားခြင်း မရှိပါဘူး။ အီတလီ ဘောလုံးသမားများလည်း သူတို့ နိုင်ငံအလံပုံစံ အရောင်အသွေးနဲ့ လက်ကောက်လုပ်ပြီး ဝတ်ဆင် လေ့ ရှိပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်များမှာ အမေရိကန် ကမ္ဘာလှည့်ခရီးသည်တွေက ဒီလက်ကောက် ဒီဇိုင်းပုံစံလေးတွေကို သတိထားမိပြီး အမေရိကမှာ ဝတ်ဆင်ကြခြင်းကြောင့် ဒီဖက်ရှင် လေးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
    အများအားဖြင့်ကတော့ လက်ကောက်တစ် ခုမှာ အဆစ်ပေါင်း (၁၈) ဆစ်ပါတယ်လို့ ဆိုပါတယ်။ ကိုယ်နှစ်သက်ရာ မိသားစု ဓာတ်ပုံလေးတွေ၊ အ ရောင်လေးတွေ၊ ဝါသနာ၊ စုဆောင်းရာ စတဲ့ ပုံလေးတွေကို တွဲစပ်ဝတ်ဆင်လေ့ရှိပါတယ်။ စိတ်ဝင်စား တဲ့ အကြောင်းအရာပြောင်းသွားရင် အဆစ်က လေးတွေကို ပြောင်းလိုက်ရုံပါပဲ။ လေဆာနဲ့ စာလုံး ထွင်းကြတာလည်း ရှိသလို၊ လက်နဲ့ အရောင်ခြယ် ကြတာလည်းရှိပါတယ်။ အချို့က ဓာတ်ပုံအသေးစားလေးတွေ ထည့်သွင်းပြီး ၀တ်ဆင်ကြပါတယ်။ အများဆုံးအသုံးပြုတဲ့ ပစ္စည်းကတော့ stainless steel ဖြစ်ပြီး ၁၈ ကာရက်ရွှေနဲ့ လုပ်ကြတာလည်း ရှိပါတယ်။