Primary tabs

ရေပေါ်ထင်သော ရောင်ပြန်အလှ

အေးမြတဲ့ အထိအတွေ့ပေးတဲ့...ရေ
ကြည်လင်တဲ့ စိတ်ခံစားမှုပေးတဲ့...လေ
မတ်လရဲ့ပူပြင်းတဲ့ နွေးထွေးတဲ့...နေ

Model - Mya Hnin Yee Lwin
H & M - Nyi Nyi Maung (Sanchaung)
Venue - Mya Yeik Nyo Hotel
Photo - LMN

    ဒီ(၃)မျိုးကို ပေါင်းစပ်ထားတဲ့ ကန်ရေ ပြင်တစ်ခုမှာ လှပတဲ့မိန်းကလေးရယ်၊ အလှတွေ ဖန်တီးပေးနိုင်သူရယ်ကို တွေ့ဆုံပေးလိုက်တဲ့အခါ မှာတော့ ကန်ရေပြင်အထက်က ထွင်းဖောက်လာ တဲ့ မိတ်ကပ်စာမျက်နှာလေးကို ပုံဖော်နိုင်ခဲ့ပြီ
ပေါ့။
    မတ်လရဲ့ပူပြင်းတဲ့ နေရောင်ကို ခံစားနေ ရမယ့် စာဖတ်သူပရိသတ်များရင်ထဲ အေးမြတဲ့ စိတ်ကူးလေးများ ခံစားစေချင်ပါတယ်၊ နောက် ပြီးတော့ ရေစိုစိုမှာလည်း လှနေမယ့် ကာလာများ ကို ပြင်ဆင်ပြချင်ပါတယ်၊ ဒါကြောင့်  ဒီလကို ကန်
ရေပြင်ရဲ့အေးမြတဲ့ အထိအတွေ့နဲ့ ပေါင်းစပ်ပေး ခဲ့တာပါ...

    အပြာရောင်အလင်းပါတဲ့ ရှဲဒိုးအမှုန်လေးတွေကတော့ ဖန်စီဖြစ်ပါတယ်၊ ပန်းရောင်သမ်း အောင် ခြယ်ထားတဲ့ မျက်နှာလေးကိုပဲ ပိုပြီးထူးခြား သွားစေပါတယ်....

    ရွှေညိုရောင် လက်လက်မျက်ဝန်းနဲ့ ကြက် သွေးရောင်ဘက်သမ်းတဲ့ နှုတ်ခမ်းကာလာကတော့ အပြင်အောက်ဒိုး ဘယ်နေရာမဆို လိုက်ဖက်ပါ တယ်၊ မျက်နှာကိုလည်းပိုပြီး သွယ်လျသွားတယ်၊ ဆွဲဆောင်မှု ပိုပြင်းသွားတာကတော့ ငြင်းစရာ မလိုအောင်ပါပဲ...

   

    ပန်းရောင်ရှဲဒိုးက မိန်းကလေးဆန်သွားစေ တယ်၊ ခရမ်းရောင်ကာလာက ထူးခြားလှပစေတဲ့ အစွမ်းရှိတယ်။ ဒီကာလာ (၂)မျိုးကို ကိုယ့်ရဲ့မျက်နှာ ပေါ်မှာ တစ်ခါလောက် ခြယ်ကြည့်လိုက်ပါ...