Primary tabs

အရဲလား... အမည်းလား... (Red or Black)

မိတ်ကပ်စာမျက်နှာအတွက် ဖန်တီးဖြစ်လိုက်တာက အနီအရဲကာလာနဲ့ အမည်းရောင် ကာလာ (၂)မျိုးကိုပါ။ ဒီကာလာ ၂ခုက ဆန့်ကျင်ဘက်ဖြစ်မလိုလိုနဲ့ တကယ်တမ်းက လူကြိုက်များပြီး အတွဲအစပ်ပြုလုပ်ဝတ်ဆင်တယ်၊ ပြင်ဆင်ခြယ်သကြတယ်။ 

အနီအရဲ - Red  ရဲ့ဖွင့်ဆိုချက် - မီး နဲ့ သွေး ရောင်ဖြစ်တယ်။ Energy / War / Danger / Strength / Power / Passion / Desire / Love ကမ္ဘာပေါ်မှာ စွမ်းအားကြီးမားတဲ့ အရာတွေ၊ ကြောက်မက်စိုးရွံ့ဖွယ်အရာတွေနဲ့ နှီးနွယ်ဆင်စပ်နေသလို စိတ်ခံစားမှုအပြင်းထန်ဆုံးကိုလည်း Red နဲ့ ပုံဖေါ်လေ့ရှိတယ်။ လူသားတွေရဲ့ကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့ သွေးရဲ့အရောင်ဖြစ်တာကြောင့် စိတ်နဲ့ဆိုင်တဲ့ ခံစားချက်တွေအားလုံးဟာ ဒီကာလာနဲ့ ပတ်သက်နေပါသတဲ့...။

အနီအရဲရဲ့ ဆွဲဆောင်မှုဆိုတာ... နှစ်ခါပြန်အနည်းဆုံးကြည့်ရတဲ့ကာလာ။ နှုတ်ခမ်းနီ ဆိုးထားတာပဲဖြစ်ဖြစ်၊ ဆံပင်ကာလာ ဆိုးထားတာပဲဖြစ်ဖြစ်၊ လူ့ကိုယ်ခန္ဓာမှာ သူ့ကိုဆက်စပ်လိုက်တာနဲ့ ဆွဲဆောင်မှုအရှိန် မြင့်တက်လာတော့တာပဲ... 40th Wedding Anniversary လက်ဆောင်အဖြစ်လည်း အနီအရဲပတ္တမြားလို့ သတ်မှတ်ထားကြပါသေးတယ်။

အမည်း - Black ရဲ့ ဖွင့်ဆိုချက်  -  မသိခြင်းများ ဒါမှမဟုတ် Negative (အငြင်း) တို့အတွက် အမြဲသုံးလေ့ရှိတဲ့ ကာလာပါ။ နောက်ပြီး လျှို့ဝှက်နက်နဲတဲ့ ကာလာတစ်ခုအဖြစ် သိထားကြတယ်။ အမည်းရောင်ရဲ့ ကိုယ်စားပြုမှုတွေထဲမှာ Strength / seriousness / Power / Authority တွေပါဝင်တယ်။ နောက်ပြီး Universal Truth တစ်ခုကတော့ အမည်းရောင်ဟာ တစ်ကမ္ဘာလုံးအတွက် ဂုဏ်ရှိန်သြဇာကြီးမားတဲ့ ကာလာတစ်ခုဖြစ်ပြီး ထုံးတမ်းစဉ်လာအရနေရာတွေမှာ အမည်းရောင်ကိုသာလျှင် ၀တ်ဆင်လေ့ရှိကြတယ်ဆိုတာပါပဲ။ (ရုံးယူနီဖောင်း ၊ သာရေး နာရေးနဲ့ ပွဲလမ်းအခမ်းအနားတွေ) 

အမည်းရောင်ရဲ့ ဆွဲဆောင်မှုဆိုတာ... Elegance လည်း ဖြစ်သလို စတိုင်လ်ကျကျ ၀တ်ဆင်လိုတဲ့အခါ၊ ပြင်ဆင်လိုတဲ့အခါ သူဟာမပါမပြီး ကာလာပေါ့။ လူကို ကျော့ရှင်းလှပသွားတဲ့ ကာလာဖြစ်လို့ လူတိုင်းမှာ အမည်းရောင်ဝတ်စုံ၊ အိတ်၊ ဖိနပ် ရှိနေပြီးသားပါ။ နောက်ပြီး မျက်ဝန်းနက်နက်တစ်စုံရဲ့ လှပမှု၊ အနက်ရောင်ကာလာရဲ့ နှုတ်ခမ်းတစ်စုံ ဆန်းကြယ်မှုကလည်း လူတိုင်းလက်ခံထားပြီးသားပါ။

Model - Nwe Darli Htun
H&M - Makeup Wine 
Dress - Bambini
Photo - Thardu Ko Ko