Primary tabs

Elegant အလှဆိုတာ……

   ပုံမှန်မြင်နေကျနဲ့မတူ သူမလေးကိုယခုလမှာ ကျက်သရေရှိပြီး လှပတင့်တယ်တဲ့မိတ်ကပ်ပုံစံ၊ အ၀တ်အစားပုံစံများနဲ့ ပြောင်းလဲ ဖန်တီးခဲ့ပါတယ်။ စံရတီဆို ချစ်စရာကောင်းတာပဲဆိုတဲ့ ပုံစံတစ်မျိုးမှ တင့်တယ်တဲ့မိန်းမပျိုတစ်ဦးအသွင်ကို ကျွမ်းကျင်သူနဲ့ပေါင်းစပ်ပြီး အလှစာမျက်နှာအတွက် ပုံဖော်ခဲ့ပါတယ်။

     ရှဲဒိုးကာလာနဲ့ ၀တ်ဆင်ထားတဲ့ ၀တ်စုံကာလာများကတော့ ပွဲတက်ပုံစံအတွက်ရည်ရွယ်ပါတယ်။ မိန်းမသားတိုင်း နှစ်သက်တဲ့ မျက်ဝန်းနက်နက်ကာလာများနဲ့ အရောင်တောက်များကို တွဲဖက်ကာ Elegant ဆိုတာကို ရိုက်ကူးထားပါတယ်၊ ခံစားကြည့်ပေး ကြပါဦး…

မော်ဒယ်လ် - စံရတီမိုးမြင့်

ဆံပင်၊ မိတ်ကပ် - ရှိုင်း

ဒီဇိုင်နာ - မမေမျိုး

ဓာတ်ပုံ - လမင်းနိုင်

ဘယ်တော့မှ မရိုးတဲ့အနက်နဲ့ရွှေ

ဒီလိုကာလာနဲ့ကိုယ်က ပွဲတစ်ခုတက်တော့မယ်ဆို အဓိကကျတဲ့ မျက်ဝန်းအလှကို သူမကိုခြယ်ပေးထားတဲ့အတိုင်း ခပ်နက်နက် လေး ဖြစ်ပါစေနော်၊ ဒါမှ အ၀တ်အစားနဲ့ ပြင်ဆင်မှုလိုက်ဖက်မှာပါ။

ထင်းလင်းပြီး ညှို့ယူနိုင်တဲ့ လိမ္မော်ကာလာ

ဒီကာလာက တကယ်တမ်းတောက်တယ်လို့ ထင်ရပေမယ့် အသားအရေကိုလှပသွားစေပြီး လိုက်ဖက်တဲ့ ဒီလိုပြင်ဆင်မှုမျိုးနဲ့ ဆိုရင် ထင်းလင်းတဲ့ အလှကိုဖြစ်စေပါတယ်။

အေးချမ်းပြီးပေါ်လွင်စေတဲ့ အပြာတောက်တောက်

အပြာဆိုရင်ခပ်ဖျော့ဖျော့ထက် ဒီလိုကတ္တီပါသားအရောင်တောက်တာက လူကြိုကွရွပြီး လှပသွားစေပါတယ်။ မိတ်ကပ်ကိုတော့ အရောင်လျှော့သင့်ပါတယ်။ အခုပြင်ဆင်ထားတဲ့ ကာလာလေးတွေလောက်ဆို ပြည့်စုံပါပြီ။

တစ်ခါကြည့်ပြီးစွဲငြိစေတဲ့ အစိမ်းကာလာ

အစိမ်းရောင်ဝတ်ဆင်သူတွေကတော့ မျက်လုံးနဲ့နှုတ်ခမ်းကို တောက်မလား၊ ဖျော့မလားစဉ်းစားရပါတယ်။ အရောင်က (၂)ခါပြန်ကြည့်ရတဲ့ ကာလာထဲမှာပါတာကြောင့် ကိုယ့်ရဲ့မိတ်ကပ်ကိုလည်း လျော့မသွားအောင် ဂရုစိုက်ရပါမယ်။

ပွဲတိုင်းထင်ပေါ်စေတဲ့ မဟူရာကာလာ

အနက်ဆိုရင် ဘာကာလာခြယ်ခြယ်လိုက်တယ်လို့ မတွေးရပါဘူး။ မျက်ဝန်းအနက်နဲ့ အခုလိုမျက်လုံးထောင့်ကို အစွယ်ထုတ် တာလေးက လိုက်ဖက်မှုအရှိဆုံးလို့ ပြောချင်ပါတယ်။ နှုတ်ခမ်းကိုတော့ အတောက်၊အဖျော နှစ်သက်သလိုပေါ့ …ရွေးချယ်ပါ။