Primary tabs

Beauty & Styles

စတိုင်လ်ဆိုတာက ဘယ်လိုအခြေအနေမျိုးမှာမဆို လူတိုင်းမှာလိုအပ်ပါတယ်။ ဖက်ရှင် ဆိုတာ အမြဲဆန်းနေမှရယ်လို့မဟုတ်ဘဲ ကိုယ့်ရဲ့အသွင်အပြင်နဲ့ လိုက်ဖက်အောင်ပုံဖော်တတ်ရင် ဖက်ရှင်ပါပဲ။ လှပမှုကိုပံ့ပိုးပေးမယ့် တွဲဖက်အဆောင်အယောင်များနဲ့ ယခုလကို ဆန်းသစ်ထား ပါတယ်။ ဆံပင်ကိုပုံစံကျအောင် တမင်လုပ်ယူ တာမျိုးမဟုတ်ပဲ ဇာဦးထုပ်လေးတွေ ဖန်စီကလစ်ကလေးတွေ ချစ်စရာ ဇာလက်အိတ်ကလေးတွေ ပိုးသားလက်အိတ်လေးတွေက စတိုင်လ်ဘယ် လောက်ကျသွားစေလဲဆိုတာ ဒီစာမျက်နှာတွေ မှာ ခံစားကြည့်ပါဦး။

Model – Yoon Hmi Hmi Kyaw,

Poe Ei Phyu Zin,

Thun Thit Sar Zaw

Hair & Makeup - Htet (Pop Soul)

Accessory - Chit Moe Phyu

Photo - La Min Naing

အပြာရောင်ကို ကြိုက်တဲ့သူတွေအတွက် အဆင်တန်ဆာကိုလည်း အခုလိုအပြာရောင်ဖန်တီးပြထားပါတယ်၊ ကိုယ့်အကြိုက် ဇာတို့ ပိုးသားတို့ ရွေးချယ်ပြီးလည်း လက်အိတ်ကို ဖန်တီးနိုင်ပါတယ်...

ဒီစတိုင်လ်ကတော့ ခပ်ဆန်းဆန်းဆိုတာကိုကြိုက်တဲ့သူတွေ၊ ပွဲသွားရင် ပေါ်လွင်ချင်တဲ့သူ တွေအကြိုက်ပါ...

အနက်နဲ့အနီကတော့ ကြိုက်တဲ့သူများပါတယ်၊ သူ့အရောင်ကိုက ဆွဲဆောင်မှုရှိတယ်၊ မိန်းမသားဆန်တယ်။ ဦးထုပ်က ပိုးသားပါ၊  အနက်ရောင်ဇာလက်အိတ်ကလေးနဲ့ တွဲစပ်ထား ပါတယ်...

အဖြူရောင်ဇာဒီဇိုင်းကတော့ ရှင်းသန့်ပြီး ဖက်ရှင်ကျပါတယ်၊ cute & morden Design အားလုံးနဲ့ လိုက်ပါတယ်...

ရွှေညိုရောင်ခေါင်းဆောင်းနဲ့ ရွှေရောင်ပိုးမျှင်လက်အိတ်ကလေးတွေက ခေတ်ဆန်တဲ့သူ တွေအတွက်ပါပဲ၊ သူ့အတွက်အ၀တ် အစားက အနက်နဲ့ ရွှေရောင်ဆိုရင် ပိုလိုက်ဖက်ပါတယ်...

ဆန့်ကျင်ဘက် အပြာနဲ့ပန်းရောင်ကို အဆင်တန်ဆာအဖြစ် တွဲဖက်ထားပါတယ်၊ ဒါကြောင့်လည်း အရောင်ကပိုထွက်ပြီး လူကိုထင်းလင်းစေပါတယ်...