Primary tabs

အယ်ဒီတာ့အကြိုက်... Beauty Choice

ယခုလအတွက် မျက်ဝန်းကြီးသယောင် ဖြစ်စေဖို့ ခြယ်သနည်းလေးကို ပြန်ပြီးမျှဝေလိုက်ပါတယ်။ ခေတ်စားလာတဲ့ နက်ပြာရောင်နဲ့အနက်ကိုသုံးပြီး လိမ်းပြထားပါတယ်။

““အပြာရောင်ရှဲဒိုးနှင့် မျက်ဝန်းထင်းထင်း””

မျက်ခွံသိပ်မကြီးတဲ့သူတွေ ခြယ်မယ်ဆိုရင် မျက်ဝန်းကို ကြီးသယောင်ဖြစ်ပြီး လှပစေပါတယ်။ နက်ပြာရောင်နဲ့ ငွေရောင်ကို ရောစပ် ခြယ်ထားတာပါ။ မျက်ခွံပေါ်မှာ အလိုက်သင့်လေးခြယ် သွားရုံပါပဲ။ ဒါပေမယ့် မျက်နှာကို ထင်းလင်းသွား စေပါတယ်။

““အနက်ရောင်ရှဲဒိုးနှင့် ချစ်စရာပုံစံ””

ဒီပုံစံလေးကတော့ ဆန်းမလိုလိုနဲ့ ချစ်စရာကောင်းပါတယ်။ မျက်ဝန်းပေါ်မှာ အမည်းရောင် ကိုများများတင်ပြီး မျက်လုံးရဲ့ပုံစံ အတိုင်းအပြင်ဘက်ကို အနည်းငယ်ထွက်ပြီး ခြယ်ထားတာပါ။ အ၀ါရောင်လေးကို မျက်လုံးအတွင်းထောင့်မှာ ထည့်ပေးထားတော့ မျက်လုံး ကိုလင်းသွားစေတာပေါ့။