Primary tabs

Desserts Beauty Queens

    ချောကလက်၊ ရေခဲချောင်း၊ ဒိုးနပ်၊ ဂျယ်လီ၊ ချိုချဉ်... ဒီလို အဆာပြေမုန့်အချိုလေးတွေနဲ့ယခုလကို ချစ်စရာကောင်းတဲ့ မော်ဒယ်လ်လေးများကို တွဲဖက်ပြီး Desserts Beauty အဖြစ်ဖန်တီးခဲ့ပါတယ်။ အချိုပွဲစားနေရင်းတောင် အလှမပျက်တဲ့
သူတို့လေးတွေရဲ့ မျက်နှာပေါ်က မိတ်ကပ်ဖန်တီးမှုများကိုလည်း ခံစားကြည့်ကြပါဦး။

Model - May Thun Kha
Makeup & Hair - Htet (pop soul)

Ice lolly  ကိုစားလိုက်ရရင်ပဲ ရင်ထဲထိအေး သွားစေတာကြောင့် ရင်အေးတဲ့စားစရာ၊ ဖက်ရှင် ကျတဲ့စားစရာတစ်ခုအဖြစ် လူကြိုက်များဆဲ...

Model - Hnin Pwint Akari
Makeup & Hair - Gucci Ag

    “ရောင်စုံဒိုးနပ်တစ်ခုနဲ့ ရောင်စုံနှုတ်ခမ်း”

Donuts တွေကတော့ ဖန်တီးသူအကြိုက် ခရင်မ်၊ ဒီဇိုင်း အားလုံးဖန်တီးလို့ရပါတယ်။ အချို မုန့်တစ်ခုအဖြစ် လူတိုင်းရဲ့စွဲလန်းမှုပြယုဂ်ပါပဲ...

Model - Khaing Thazin Ngu War
Makeup & Hair - Nyi Nyi Maung
(San Chaung)
Photo - LMN

    “အရောင်စုံတဲ့ သက်တန့်မျက်ဝန်းလေးတွေ နဲ့ ရောင်စုံဂျယ်လီလေးများ”

    Chocolate လေးတွေကတော့ လူအများ စုနှစ်သက်ပြီး မရိုးတဲ့အစားအစာပါ၊ သူရဲ့အရောင် ကရင့်တယ်၊ ဆွဲဆောင်မှုရှိတယ်....