Primary tabs

ရွှေရောင်လွှမ်းထားသောအလှတရား

ရွှေရောင်လွှမ်းထားသော အလှတရားများကို ယခုလအတွက် ပုံဖော်ရိုက်ကူးထားပါတယ်။ ပါဝါ ကြီးမားတဲ့ ရွှေရောင်ဟာရှဲဒိုး ၊ နှုတ်ခမ်းနီများပေါ်မှာ လိမ်းခြယ်လိုက်တာနဲ့ အခြား သောပုံရိပ်များနဲ့ မတူတဲ့အမြင်တစ်မျိုးကို ဖြစ် စေပါတယ်။ လက်ဝတ်ရတနာများထဲမှာ ရွှေကို တန်ဖိုးထားပြီး စုဆောင်းတတ်ကြတဲ့အတွက် ရွှေဟာလူသားများစွာကို ယခုတိုင်စိုးမိုးနေဆဲပါ။ ဒီလိုအရှိန်အ၀ါကြီးမားတဲ့ရွှေကို တန်ဖိုးထားခြင်းဖြင့် ရွှေရောင်အနုအရင့်ကို မော်ဒယ်လ်ရဲ့ မျက်နှာပုံစံအလိုက် မိတ်ကပ်ပညာရှင်မှ အမျိုးမျိုးခြယ်သပေးခဲ့ပါတယ်။

ရွှေရောင်ရှဲဒိုးရယ် ရွှေရောင်နှုတ်ခမ်းတစ်စုံနဲ့ ရိုးရှင်းစွာပြင်ဆင်ထားပါတယ်...။ အရောင်တစ်ရောင်တည်းဖြစ်ပေမယ့် ရွှေရောင်က ထူးခြား ပြီးထင်းလင်းစေပါတယ်။

ရွှေရောင်ကို အညိုရောင်ရှဲဒိုးနဲ့ ရောစပ်ပြီးလည်း ပြင်ဆင်နိုင်ပါတယ်...။ ရှဲဒိုးကိုပိုပြီးထင်ရှားစေဖို့နှုတ်ခမ်းကို အရောင်ရင့်ပေး နိုင်ပါတယ်။

ရွှေရောင်ကိုအစိမ်း၊ အနက်စတဲ့ ရှဲဒိုးကာလာများနဲ့ မျက်ဝန်းတောက်ပစေဖို့ စပ်ဆက်ခြယ်သပေးလို့ရပါတယ်...။

ရွှေရောင်နဲ့ နှုတ်ခမ်းပန်းဆီရောင်အရင့်ဟာ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိစေလို့ သူမကို အခုလိုပြင်ဆင်ခဲ့ပါတယ်...။