Primary tabs

ခေတ်သို့ ပြန်လည်လာသော အလှများ

မော်ဒယ်လ် - ဆုပန်ထွာ
ဆံပင်၊ မိတ်ကပ် - ညီညီမောင်
(စမ်းချောင်း)
ဓာတ်ပုံ - လမင်းနိုင်

၂၀၁၅ ခုနှစ်ကို ရောက်လာပါပြီ၊ ဖက်ရှင်နဲ့ အလှအပတွေလည်း သူ့ထက်သူ အပြိုင်ဆင်ကာ လှပနေကြပါပြီ။ တစ်ပတ်လည်နေကြ ဖက်ရှင်ခေတ်ကြီးရဲ့စာမျက်နှာကိုဖန်တီးပြဖို့ ခေတ်ဟောင်းနဲ့ခေတ်သစ်ကို ပေါင်းစပ်ပြီး Retro မိတ်ကပ်
ကို ပုံဖော်ဖြစ်ခဲ့ပါတယ်။

 “ဇာပါးအုပ်ကာ ဆံထုံးထုံးခဲ့တဲ့ ဂုဏ်သရေရှိအမျိုးသမီးများရဲ့ခေတ်ကိုပြန်လည်ဆန်းသစ်ခြင်းဖြင့် ယခုပုံစံကို ပြန်လည်းဖန်တီးဖြစ်ခဲ့ပါတယ်”

အရင်တုန်းက ခေတ်စားခဲ့တဲ့ ဆံပင်ပုံစံတွေကို ရွေးချယ်ကာ ကျွမ်းကျင်သူ မိတ်ကပ်ဆံပင်ပညာရှင်များက ဖန်တီးပေးခဲ့ပါတယ်။ ယခုအချိန်ကာလမျိုးမှာ ဖက်ရှင်ဟာအမြဲလိုအပ်နေတာကြောင့် ဒီ မိတ်ကပ်ဆံပင်ပုံစံလေးတွေကို ခေတ်နဲ့ ပေါင်းစပ်ပြီးပြင်ဆင်လို့ ရပါတယ်။

“ဘီအေခေတ်တုန်းက ဆံထုံးပုံစံမျိုးကိုပဲ ယခုခေတ် လူကြိုက်များတဲ့ အရောင်ခပ်ရင့်ရင့် မိတ်ကပ်ပြင်ဆင်မှုနဲ့ တွဲဖက်ပြီးပြင်ခဲ့ပါတယ်”

“၉၀ ခုနှစ်များက အနောက်တိုင်းသူများ အပြင်ဖြစ်ဆုံး မိတ်ကပ်နဲ့ ဆံပင်ပုံစံမျိုးပါ။ အမျိုးသမီးတစ်ယောက်ရဲ့ အလှကိုပေါ်လွင်ပြီး ကြည့်ကောင်းစေပါတယ်”

“ခေတ် တစ်ပတ်ပြန်လည်လာတဲ့ ဆံပင် အလိပ်ပုံစံပါ။ ဟိုးအရင်ခုနှစ်များရဲ့ရေပန်းစားခဲ့တဲ့ ဆံပင်ဖက်ရှင်ကို ဖက်ရှင်ရှိုးများမှာ ပြန်လည်အသက်သွင်းလာခဲ့ပါပြီ”


“ရှေ့ဆံပင်ကို အထဲပြန်လိပ်ကာ ရေစိုအကောက်ပုံစံ ပြန်လည်ပြုပြင်ပြီး ခေတ်မီမီစတိုင်လ် ပုံဖော်ဖြစ်ခဲ့ပါတယ်”