Primary tabs

ကမ္ဘာကျော်စိတ်ကူးမိတ်ကပ်

    မိန်းကလေးတွေရဲ့ စိတ်ကူးတိုင်းမှာ ကမ္ဘာ ကျော်သရုပ်ဆောင်၊ အဆိုတော်များကို နှစ်သက် အားကျစိတ်ကလေး ရှိကြပါတယ်။ သူတို့ရဲ့ဝတ် စားပုံနဲ့စတိုင်လ် အထူးသဖြင့်တော့ လိမ်းခြယ်တဲ့ မိတ်ကပ်စတိုင်လ်ပေါ့။ ခေတ်စား တဲ့ နောက်ဆုံးပေါ်ပုံစံများကိုသာ ပြင်ဆင်လေ့ရှိတဲ့ သူမတို့ကလည်း အမြဲတမ်း ပြင်ဆင်ထားလေ့ရှိပြီး ပရိသတ်ကို စိတ် ချမ်းသာမှု ပေးစွမ်းကြပါတယ်။ ဒီလမှာတော့အမှတ်တရအဖြစ် နာမည်ကျော် အဆိုတော် မင်းသမီး (၃)ယောက်ရဲ့ မိတ်ကပ်စတိုင်လ်ကို မော်ဒယ်လ်လေးများနဲ့ ပြင်ဆင်ခြယ်ဖြစ်ခဲ့ပါတယ်။
    ကျွမ်းကျင်တဲ့ မိတ်ကပ်ပညာရှင်တွေက Lady Gaga ၊ Katy Perry ၊ Nicki Minaj တို့ရဲ့ ဆံပင်နဲ့မိတ် ကပ်များကို သေချာစွာ အနုစိတ်ပြင်ဆင်ခြယ်ခဲ့ ပေးတာမို့ အလှအပနှစ်သက်တဲ့ သူများအတွက် တော့ နှစ်သက်စရာဖြစ်မှာပါ။

Model - Su Myat Noe Kyaw ၊
Hnin Pwint Akari ၊ Pyone Han Thar Ko
Hair & Makeup - ညီညီမောင်(စမ်းချောင်း)
Hair & Makeup - စိုးစိုး(ဒါလီ)
Photo - LMN

Lady Gaga မိတ်ကပ်စတိုင်လ်


    “ သူမကမ္ဘာကျော် အဆိုတော်ဖြစ်ရခြင်း အကြောင်းရင်းတွေထဲမှာ အသံအားဖန်တီးမှု ကောင်းတာအပြင် ထူးဆန်းတဲ့ ဆံပင်ကာလာတွေ မိတ်ကပ် ခပ်ဆန်းဆန်းတွေကြောင့်ဆိုတာ လူတိုင်း သတိထားမိကြမှာပါ။ အခုဒီမှာတော့ မော်ဒယ်လ်
ညီမလေးကို ၂၀၁၄ ခုနှစ်မတိုင်ခင် ထူးခြားတဲ့ စတိုင်လ်တစ်မျိုးနဲ့ ယခုလက်ရှိ ၂၀၁၅ အရောက် လှပတည်ငြိမ်သွားတဲ့ စတိုင်လ်တစ်မျိုးကို ခြယ်သ ထားပါတယ်။
    အသံရသ အမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့ သူမက မိတ်ကပ်နဲ့ဆံပင် ပုံစံအမျိုးမျိုးကိုလည်း ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို ပူးတွဲတင်ဆက်ဖျော် ဖြေနေတယ်လို့ ခံစားရင်းး”

Katy Perry မိတ်ကပ်စတိုင်လ်

                                           
    “ ချစ်စရာကောင်းတဲ့ ရုပ်ရည်နဲ့ ကာတွန်း ပုံစံ၊ ကျောင်းသူပုံစံနဲ့ အမြဲတမ်းမြင်ရတဲ့ အဆို ကျော်။ အရောင်ဆိုရင်လည်း စိမ်းပြာရောင်၊ ခရမ်း စတဲ့ သူများမစဉ်းစားမိတဲ့ ကာလာတွေကို ဆံပင်
ကာလာ၊ ဖက်ရှင်ကာလာအဖြစ် ဆင်မြန်းလေ့ ရှိတယ်။ ဆယ်ကျော်သက်ကနေ လေဒီတွေအထိ နှစ်သက်တဲ့ သူမရဲ့ချစ်စရာကောင်းတဲ့ မိတ်ကပ်ပုံစံ လေးတွေကို နမူနာယူရင်း မော်ဒယ်လ်ညီမလေးကိုပြင်ဆင်ထားပါတယ်”

Nicki Minaj မိတ်ကပ်စတိုင်လ်

                                            
    “ဆွဲဆောင်မှု ခပ်ပြင်းပြင်းနဲ့  နာမည်ရလာတဲ့၊ မိန်းကလေး ရပ်ပ်ပါစတိုင်လ် မိန်းကလေး၊ နှုတ် ခမ်းနီ ပန်းရောင်ဆန်းဆန်းကြောင့် လူတိုင်းသတိ ထားမိစေတဲ့ သူမက ယခုလက်ရှိမှာတော့ လှပတဲ့ မိန်းမပျိုတစ်ဦးအဖြစ် ပြောင်းလဲခဲ့ပါပြီ။ ဒီလို
ပြောင်းလဲသွားတဲ့ သူမရဲ့အလှကို ၂ ပိုင်းခွဲခြားပြီး မော်ဒယ်လ်ညီမလေးကို ပြင်ပြထားပါတယ်။ အရင် စွဲစွဲမြဲမြဲ ဆိုးခဲ့တဲ့နှုတ်ခမ်းနီ ပန်းရောင်နဲ့ တစ်မျိုး၊ တည်ငြိမ်တဲ့အသွင် နှုတ်ခမ်းနီ အသားရောင်နဲ့ တစ်မျိုး ကွဲပြားစွာ ခြယ်သလာတဲ့ သူမ အလှကို အခုလို ပုံဖော်ဖြစ်ခဲ့ပါတယ်”

ကျော်ကြားလှပသော သူမတို့(၃)ဦး....
    နာမည်ကျော်ဖြစ်ရတဲ့ သူတွေမှာအကြောင်း အမျိုးမျိုးရှိပါတယ်။ ရုပ်ရည်လှပလို့၊ သရုပ်ဆောင် ကောင်းလို့၊ အသံကောင်းလို့ စတဲ့ အကြောင်းများ နဲ့ လူများစွာက သဘောကျကြပါတယ်။ ဒီလိုအချက်တွေအားလုံး ကို ပိုင်ဆိုင်တဲ့ ကမ္ဘာကျော်(၃)ဦးရှိ ပါတယ်။ Lady Gaga / Katy Perry / Nicki Minaj တို့ပါပဲ။ ထူးဆန်းတာတွေကို လုပ်တတ်တဲ့ သူတွေ လို့ အဓိကထားပြီး ပြောရမှာပါ။ နာမည်ကျော် အဆိုတော် ၃ ဦးရဲ့ နှစ်သက်တတ်တဲ့ အလှအပ ပစ္စည်းလေးတွေနဲ့ လျှို့ဝှက်ချက်လေးတွေကို ဒီစာ မျက်နှာကနေ ဖော်ပြပေးသွားပါမယ်။


    ၃ ယောက်ထဲမှာ လှပတဲ့ကောက်ကြောင်း ကို ပိုင်ဆိုင်တာကတော့ ရက်ပ်သီချင်းလို့ တောက် လျှောက်ရွတ်တတ်တဲ့ Nicki Minaj ပါပဲ။ သူမက တော့ ခပ်ထက်ထက်ပုံစံမျိုးနဲ့ လူတွေကြားထဲကို ပေါ်လာလေ့ရှိပြီး ဆံပင်နဲ့မိတ်ကပ်ကို ဘာဘီ
မလေးလို့ ကော့ညွတ်အောင် ပြင်ဆင်တတ်ပါ တယ်။ ဆံပင်ကာလာ ခပ်ဆန်းဆန်းဆိုးပါတယ်၊ နှုတ်ခမ်းနီ တောက်တောက်ဆိုးပါတယ်။ သူမဆိုးတဲ့ နှုတ်ခမ်းနီ MAC ပန်းရောင်ကတော့ တစ်ကမ္ဘာလုံး ကို နာမည်ကျော်သွားစေခဲ့ပါတယ်။ မျက်တောင် ကိုလည်း မစ်ကီမောက်စ်လေးလို ကော့ညွတ်တဲ့ မျက်တောင်အတုကို တပ်လေ့ရှိပြီး သီချင်းတွေကို မမောတမ်း ဆိုနိုင်သလို အလှအပဖက်ရှင်ကိုလည်း မထပ်အောင် ပြင်ဆင်နိုင်ပါတယ်။
    ၂၀၁၅ ရောက်လာတဲ့ အခါမှာတော့ ချက် ချင်းဆိုသလို သူမကပြောင်းလဲသွားပါတော့တယ်။ အသားရောင် ခပ်ဖျော့ဖျော့နဲ့ ဆံပင်အမည်းကို အသာချလို့ အိနြေ္ဒရတဲ့အသွင်သို့ ပြောင်းကာ စတိုင်လ်တစ်ခု သစ်ခဲ့ပါတယ်။ ကဲသူမရဲ့မိတ်ကပ်
အသုံးအဆောင်တွေက ဘာဖြစ်မလဲ အနည်းငယ် စပ်စုကြည့်ကြရအောင်နော်။
M.A.C Viva Glam Nicki Ultrapink  >> ကျွန်မ အတွက်မရှိမဖြစ် နှုတ်ခမ်းနီကပန်းရောင်
Vaseline Total Moisture Cocoa Radiant >> ခြေထောက်နဲ့လက်တွေကို ကိုကိုးအနံ့ပါတဲ့ lotion ပဲ သုံးဖြစ်တယ်
Skintimate Extra Gentle Moisturizing Cream Shave>> အနံ့ကတော့ အရမ်းကောင်း
OPI Nail Lacquer>> အရောင်(၆)ရောင်ရှိတဲ့အထဲက ကျွန်မကြိုက်တာက ဒီအရောင် cerulean fly
M.A.C Pro Longwear fluid foundation >> မိတ်ကပ်အမျိုးအစားများ ပြောင်းလိမ်းချင်တယ်ဆိုရင် ဒီမိတ်ကပ်ရည်ကတော့ အရမ်းကိုပေါ့ပါးတာပဲလို့ ကျွန်မပြောပါရစေ။ ကျွန်မကတော့ မျက်နှာကော ခြေထောက်ကော လိမ်းတယ်။
Dove >> ကျွန်မရဲ့အသားအရေက အရမ်းကို ထိခိုက်လွယ်တဲ့ စူပါစူပါ့အသားအရေပါ၊ အရမ်းကိုနူးညံ့လွန်းတယ်။ Dove ကတော့
M.A.C black liquid eyeliner >> ဒါမရှိတော့ရင် သူမအသက်ရှင်ဖို့ မဖြစ်နိုင်တဲ့...

ကေတီပယ်ရီရဲ့ အလှအပနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ

-    ရနံ့မွှေးတဲ့ ရေမွှေးဟာ ကိုယ်ရဲ့ယုံကြည်မှု စိတ်ကို နိုးထပေးပြီး ကိုယ့်အပေါ် ထင်မြင်ချက်ကောင်းတွေအဖြစ် ကျန်ရစ်စေပါတယ်
-    သဘာဝအရောင် ဆံသားကလည်း ကိုယ့်ကို သဘာဝကျကျ အဆင်ပြေစေပါတယ်။
-    အိပ်ရေးဝအောင်အိပ်မယ်၊ ရေဓာတ်ဖြည့် တင်းပေးမယ်၊ ရေနွေးငွေ့ခံပေးမယ်ဆိုရင် အသား အရေကို ကောင်းစေပါတယ်။ green tea တစ်ခွက် လောက် သောက်တာကတည်း လူကိုဘာမှမဖြစ်စေပါဘူးရှင်
    Teenage Dream pop star သူမအိတ်ထဲ အမြဲဆောင်ဖြစ်တာတွေက...
Purr by Katy Perry perfume >> ဒီရေမွှေးရနံ့ က ကျွန်မကို လန်းဆန်းစေတယ်၊ ၀ိုင်တစ်ခွက် လောက်တော့ မဟုတ်ဘူးပေါ့ရှင် ဒါပေမဲ့လမ်း လျှောက်လိုက်တိုင်း perfect ဖြစ်တယ်လို့ ခံစားရတယ်။
Sunglasses >> ဒီနေကာမျက်မှန်က ကျွန်မ ကြိုက်တဲ့ဒီဇိုင်း။ ဒီလိုမျိုးအဖြူတစ်လက် ရှိသေး တယ်။ အမြဲတမ်းတပ်ဖြစ်တယ်။
Dashing Diva nails >> ချစ်စရာကောင်းပြီး တောက်ပတဲ့ လက်သည်းစတစ်ကာလေးတွေ ကျွန်မကြိုက်တယ်။ မက်တဲလစ်လို ခပ်ပြောင်ပြောင် အပြာရောင်တစ်စုံဆို အတော်ကြာတဲ့အထိ သိမ်းထားဖြစ်တယ်။ ကျွန်မမှာ လက်သည်းပြင်ဖို့ အချိန်မရဘူးလေ၊ ဒါကြောင့် ဒီစတစ်ကာလက်သည်း လေးတွေ တပ်ဖြစ်တယ်။ အရမ်းမိုက်သွားတာပေါ့။
La Mer Eye Concentrate>> နေ့တိုင်းသုံး ဖြစ်တယ်။ နှစ်အတော်ကြာတဲ့အထိ ဘာမှမဖြစ်စေ ဖို့ မျက်လုံးအတွက်ဆိုရင် လူတိုင်းဂရုစိုက်ဖို့ လိုတယ်လေ။
Sony IC Voice Recorder>> စိတ်ကူးထဲမှာ ပေါ်လာတဲ့ သီချင်းစာသား အိုင်ဒီယာလေးတွေ အတွက် သုံးတာပါ။
DiorShow mascara >> ဒီ Dior mascara နဲ့ ဆို ကျွန်မအသက်ရှင်လို့ရပြီ။ မျက်လုံးအတွက် အရမ်းကိုကောင်းပါတယ်ရှင်။
Sleeping mask>> ကျွန်မအရမ်းကြိုက်ပြီး တန်ဖိုးထားရတဲ့ ပစ္စည်းတွေထဲကပိုးသား sleeping mask  ပါ။ ဒီမျက်လုံးစွပ်မှာ ရှေ့က မျက်တောင်ပုံစံနဲ့ ရှိနေတာကို အရမ်းသဘောကျတာပဲ။
Popcorn, Indiana Kettlecorn >> Kettlecorn တံဆိပ်ပေါက်ပေါက်က ကျွန်မအကြိုက်ဆုံး အဆာပြေစာပဲ။ နည်းနည်းလည်းငန်တယ် ချိုလည်းချိုတယ်၊ ကမ္ဘာပေါ်က အကောင်းဆုံး အရသာပေါ့ရှင်။
Proactiv Cleansing Wash>> လူတိုင်းကတော့ ဒါကိုပြရင် NO လို့ပြောမှာပဲ၊ တကယ်ပါ ကျွန်မဒါကို တကယ်သုံးပါတယ်။ ကျွန်မကမ္ဘာအနှံ့ လျှောက် သွားရတာလေ၊ အဲဒီတော့ သုံးဖို့လိုတာပေါ့ရှင်။
Grether's Pastilles in black currant>> ဒီ ထဲမှာ glycerin ပါတယ်ရှင်၊ အဲ့ဒါက ကျွန်မအသံ ပျောက်သွားတာတို့ လည်ချောင်းနာတာတို့ဆို တကယ်ကောင်းတယ်။
Polaroid photos >> ဒီလိုဓာတ်ပုံလေးတွေကို သွားလေရာ သယ်သွားလေ့ရှိတယ်။ ဒီလိုဓာတ်ပုံ လေးတွေက ထူးခြားတဲ့ခံစားမှုကို ဖြစ်စေတယ်ရှင့်။
Krusty the cat >> ကျွန်မက ကြောင် အရူးအမူး ချစ်တဲ့သူပါ။ ကြောင် ၃ ကောင်ရှိတယ် - kitten , krusty , kitty purry ။ ပိုက်ဆံအိတ်ထဲမှာ ထည့်ပြီးခေါ်သွားတတ်တဲ့ အကောင်လေးက Krusty သူက ခွေးလေးနဲ့တူတယ်။ ကျွန်မရဲ့ Tour တွေကို အမြဲခေါ်သွားတာက Purry ။
Laura Mercier Secret Camouflage SC-2>>  ဒီ concealer blend က အရမ်းကောင်းတယ်၊ မျက်နှာ ပေါ်က အနီစက်တွေကို တစ်ခါတည်းဖုံးသွားပေးတာပါပဲရှင်။
African Red Tea Exfoliating Lip Salvation >> ဒီ lip scrub ကို အိပ်ရာထဲ မ၀င်ခင် ကျွန်မအမြဲသုံးတယ်။ နောက်တစ်ရက်မနက် ကျွန်မနိုးလာရင် နှုတ်ခမ်း သားလေးက ချောမွေ့နေတာပဲ။ နှုတ်ခမ်းနီခပ်ထူ ထူကြီး ဆိုးရပြီဆိုရင် ပုံမှန် အားဖြင့် ကျွန်မ ဒီ scrub ကို သုံးတာပဲ။
Guerlain Les Voilettes Powder in 02 Perlee >> ချစ်စရာကောင်းတဲ့ ရွှေရောင် compact လေးပေါ့။ ကျွန်မဒီပေါင်ဒါကို သုံးတာအတော်ကြာပါပြီ။

Lady gaga အတွက် လိုအပ်တဲ့အရာများ
    ကျွန်မအခုပြင်နေတဲ့ မိတ်ကပ်ပုံစံတွေ အစက ကျွန်မရဲ့အမေ Marilyn Monroe ကို အခြေခံတာပါလို့ သူမကပြောခဲ့သလို The Wizard of Oz ရုပ်ရှင်ထဲက မင်းသမီး Judy Garland ကိုလည်း ကြိုက်လို့ပါလို့ အဆိုကျော်သူမက Marieclaire မှာပြောပြခဲ့ပါတယ်။ ထူးခြားတဲ့အဆင်တန်ဆာ၊ ဆန်းပြားတဲ့ မိတ်ကပ်ပုံစံ၊ တွေးတောင်မတွေးမိတဲ့ ဆံပင်ကာလာနဲ့ ပုံစံတွေကို ကြိုးစားပြီးဖန်တီးလေ့ရှိတဲ့ သူမက ယခုနှစ်မှာတော့ ချစ်စရာကောင်းပြီး လှပတဲ့ ပုံစံဘက်ကို ပြောင်းလဲ လာပါပြီ။ လေဒီဂါဂါလို ကမ္ဘာကျော်တစ်ယောက်က ဘာတွေသုံးပြီး ဘာ တွေကို အိတ်ထဲထည့်ထားမလဲဆိုတာ ကဲ...ဆက်ပြီးကြည့်ရအောင်။ သူမပြောသွားတဲ့ သူမအတွက် ရှိကိုရှိရမယ့် ပစ္စည်းစာရင်းတွေဆိုတာ...
Sexiest Fantasies Strawberries & Champagne Body Spray, $6.99
Wrigley's Doublemint Gum, 35 cents
MAC Fluidline in Blacktrack, $15
Clairol Shimmer Lights Shampoo, $9.99
Face Atelier Ultra Foundation PRO in Porcelain, $32
MAC lipstick in Viva Glam Gaga, $14