Primary tabs

White Makeup & Sister

    အဖြူရောင်မိတ်ကပ်နဲ့ သူမတို့ကို လိမ်း ခြယ်ရင်း ဒီလကိုဖန်တီးထားပါတယ်။ အဆိုတော် လိမ္မော်သီးနဲ့ သူမရဲ့ညီမလေးကို တွေ့မြင်ရမှာမို့ အသစ်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။ အဖြူ ရောင်ပေါ့ပါးလွတ်လပ်တဲ့ ၀တ်စုံများနဲ့ ပေါ့ပါး
လှပနေတဲ့ သူမတို့ညီအစ်မ(၂)ယောက်ရဲ့ ခေတ် သစ်စတိုင်လ်လေးများကို ခံစားကြည့်ကြပါဦး။

Model - Lain Maw Thee &
Wonlari Pone Pone
H&M - Lin Lin (Lanmadaw)
Photo - LMN

    အဖြူရောင် အိုင်းရှဲဒိုးနဲ့ ရိုးရိုးရှင်းရှင်း ပြင်ထားတာပါ။ မျက်တောင်ကို အတုမတပ်ပဲ ပုံမှန် ကော့ထားပေးတဲ့အတွက် တစ်မျိုးလေး ကြည့်ကောင်းစေပါတယ်...


    ဒီစတိုင်လ်ကတော့ ရုတ်တရက် ကြည့်လိုက်ရင် နေလောင်ထားတဲ့ ပုံစံနဲ့ဆင်ပါတယ်၊ အဖြူရောင်ရှဲဒိုးနဲ့ မိတ်ကပ်ကိုပဲ စိတ်ကူးကြည့်ပြီး ပြင်ထားတာပါ...


    အဖြူရောင် ခပ်ဖျော့ဖျော့ပြင်ပြီး နှုတ်ခမ်းနဲ့ မျက်လုံးကို အမည်းခြယ်ထားပါတယ်၊ ဆန့်ကျင်ဘက်အရောင် ၂ ခုကို သုံးထားတာကြောင့် ခပ်မိုက် မိုက်စတိုင်လ် လိုချင်သူများ ပြင်နိုင်ပါတယ်...