Primary tabs

Beauty Review

What :    Gosh BB Cream Foundation
Who :    Moisture (အစိုဓါတ်) ပါဝင်သော အောက်ခံလိမ်းမိတ်ကပ်ခရင်မ် ဖြစ်ပါသည်။ Nature look အသွင်ဆောင်သော မိတ်ကပ်ဖြစ်ပြီး မိတ်ကပ်သားပါးပါး ကြိုက်သူများသုံးနိုင်ပါသည်။ အဆီပြန်မှုကို တစ်နေ့တာလုံးထိန်းချုပ်ပေးထားပြီး မျက်နှာပြင်၏ရေဓါတ်ကို ဖြည့်ပေးသောကြောင့်  အသားရေခြောက်တတ်သူများအပြင် အသားအ ရေအားလုံးနှင့် အသုံးပြုနိုင်ပါသည်။ အသားရေ တင်းရင်းနုပျိုမှုကိုပေးစွမ်းပြီး တောက်ပသော အလှကိုဖန်တီးနိုင်ပါသည်။
When :    Skin care သုံးပြီးနောက် လိမ်းပါ။ Skin care မလိမ်းဖြစ်သော ကျန်အချိန်များတွင်လည်း ခရင်မ်ကို တစ်မျိုးတည်းလိမ်းနိုင်သည်။
How :    အမည်းစက်ရှိသော နေရာများကို အရင် အစက်ချပြီး အခြားနေရာများသို့ အစက်အနည်း ငယ်ချ၍ မိမိလက်ဖြင့်သော်လည်းကောင်း ၊ ဘရပ်ရှ်ဖြင့်သော်လည်းကောင်း ပွတ်ပြီးလိမ်းခြယ်နိုင် သည်။
Where :    အမှတ် (၄၅၉ ၊ အေ/ အခန်း ၀၀၃ ) မြေညီထပ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်နှင့် Shangri-La Hotel (ဆူးလေးဘုရားလမ်း)၊ Super One (ရွှေ ဘုံသာ)တွင် ၀ယ်ယူနိုင်သည်။

What :    Pureplus 8 in 1
Who :    အသားရောင်ညိုမည်းခြင်းမှ ပန်းသွေး ရောင်လွှမ်းသောအသားရေသို့ ပြောင်းလဲလိုချင် သူများအတွက် အထူးထုတ်ထားသည်။ ပြင်သစ် နိုင်ငံမှ အကောင်းဆုံးသဘာဝအရင်းအမြစ် (၈)မျိုးဖြင့်ပြုလုပ်ထားသော အသားအရည်ကြည် လင် တောက်ပ၀င်းမွတ်စေသည့် 8 in 1 Capsule အမျိုးစားဖြစ်သည်။ ညိုမဲသော၊ မညီညာသော၊ ညစ်သောအသားအရေအားပန်းနုရောင်လွှမ်း သောအသားအရေအဖြစ် ပြောင်းလဲပေးနိုင်ခြင်း အသားအရေအား စိုပြေတင်းရင်းစေခြင်း၊ နုပျို လတ်ဆတ်စေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ အရေး အကြောင်းများ၊ အမည်းစက် တင်းတိပ်နေလောင် ကွက်များမျက်နှာပေါ်တွင် အညိုအမည်းစွဲခြင်း များကို သက်သာပျောက်ကင်းစေခြင်း ၀က်ခြံ နှင့် ၀က်ခြံကြောင့်ဖြစ်သော အမာရွတ်ချိုင့်ခွက်များ ကို ဖယ်ရှားပေးပြီးအသားအရေ ချောမွတ်ညီညာ စေ ခြင်း၊ ခြောက်သွေ့ကြမ်းတမ်းသော အသားအရေကို စိုပြေတင်းရင်းလှပစေခြင်း၊ အရေပြားအတွင်း ပိုင်းထိ အာဟာရဖြည့်တင်းပေးခြင်းတို့ကို ရရှိစေ မည်။

When :    နံနက်အိပ်ရာထချိန် (အစားမစားမှီ) တွင် သောက်သုံးပေးပါ။
How :    အသားအရေအား ဖြူဝင်းစေရန် နံနက် တွင် (၁)လုံး ၊ ညအိပ်ရာမ၀င်မီ (၁)လုံး ၁၅ ရက်စာ သောက်သုံးပေးပါ။
Where :    ဆေးဆိုင်ကြီးများနှင့် ရှော့ပင်းမောလ် များတွင် ၀ယ်ယူနိုင်ပြီး ဖုန်း - ၀၉၂၆၂၈၄၀၆၉၉ သို့ဆက်သွယ်မေးမြန်းနိုင်သည်။

What :    SILKY GIRL Color Junkie Lip Polish
Who :    အာရှသူများအတွက် အထူးထုတ်ထား သည်။ တစ်နေ့တာလုံး အစိုဓါတ်အား ထိန်းသိမ်း ပေးကာ နှုတ်ခမ်းသားကိုပုံဖေါ်လှပနေစေသည်။ အရောင်ထွက်အား တောက်ပရွှန်းစိုကာ ယုံကြည် မှုရှိရှိဖြင့် တစ်နေ့တာလုံး စွဲမြဲလှပနေရန် ထုတ် ထားသည်။
When :    နှစ်သက်ရာနှုတ်ခမ်းနီအပေါ်မှ အရောင် ထွက် အားကောင်းစေရန် Lip polish အားဆိုးနိုင် ပြီး ၊ color lip polish တစ်မျိုးတည်းလည်း ဆိုး နိုင်ပါသည်။
How :    ပုံမှန်နှုတ်ခမ်းနီဆိုးသကဲ့သို့ပင် နှုတ်ခမ်း သားအရာအတိုင်းပင် လိုက်ဆိုးပေးရန်ဖြစ်သည်။
Where :    စိန်ဂေဟာ(ပါရမီ)၊ ဂမုန်းပွင့် (ဘိုကလေးဈေး) (သိမ်ကြီးဈေး)၊ Capital (သာကေတ)၊ ဒဂုံစင်တာ ၁ (Star Mart)၊ မိသားစု (စံပြဈေး) တွင် ၀ယ်ယူနိုင်သည်။

What :    SILKY GIRL Sweet Heart Eau de Toilette
Who :    ဖေဖေါ်ဝါရီ ချစ်သူများနေ့တွင် လက် ဆောင်ပေးရန်ကောင်းသော ဗူးပုံစံလေးဖြစ်သည်။ ချိုမြိန်သော ပန်းပွင့် ရနံ့မွှေးမွှေးလေးများ အား နှစ်သက်သူများအတွက်ဖြစ်သည်။ တစ်နေ့တာလုံး လန်းဆန်းနေစေပြီး ယုံကြည်မှုရှိနေစေမည်။ ချစ်စရာကောင်းသော နာမည်လေး များဖြစ်သည့် Yours Truly / Sweet Heart / Sweet Heart always / Loving You အမျိုးအစား (၄)မျိုးအား 50 ml ဆိုဒ်လေးများဖြင့် ထုတ်လုပ်ထားသည်။
When :    နှစ်သက်ရာအချိန်တွင်သုံးစွဲပါ။
How :    ပုံမှန်ရေမွှေးသုံးသကဲ့သို့ပင်ဖြစ်သည်။
Where :    အမြို့မြို့အနယ်နယ်ရှိ စတိုးဆိုင်ကြီး များတွင် ၀ယ်ယူနိုင်သည်။

What :    Yardley Soaps
Who :    Yardley တံဆိပ်မှ Red Roses / Sandalwood /Jasmine / English Rose / English Lavender ပန်းရနံ့ (၅)မျိုး 100g ထုတ်လုပ်ထားသဖြင့် မိမိစိတ်ကြိုက် ပန်းရနံ့အား ရွေး ချယ်နိုင်ပါ သည်။ နူးညံ့သောဆပ်ပြာမြှုပ်များ၏ အထိအတွေ့၊ မွှေးပျံ့သင်းနေသော ပန်းရနံ့တို့မှ သင့်အားတစ်နေ့တာလုံး စိတ်ကြည်နူးစေရန် ဖန်တီးပေးမည်ဖြစ် သည်။ အလွှာ (၄)လွှာ ထုပ်ပိုးမှုကြောင့် ဆပ်ပြာခဲ ကုန်ဆုံးသွားသည်အထိ မွှေးပျံ့နေခြင်းကို ခံစားရရှိ စေမည်။
When :    နှစ်သက်ရာအချိန်တွင် အသုံးပြုနိုင် သည်။
How :    ပုံမှန်ရေချိုးဆပ်ပြာ သုံးသကဲ့သို့အစားထိုးသုံးနိုင်သည်။
Where :    အမြို့မြို့အနယ်နယ်ရှိ စတိုးဆိုင်ကြီး များတွင် ၀ယ်ယူနိုင်သည်။

What :    ekel Aloe Vera 100 % Soothing Gel
Who :    မျက်နှာနှင့် အရေပြားပေါ်တွင် နေ လောင်ဒဏ်ခံထားရသောသူများအတွက် အထူးအ ဆင်ပြေစေသည်။ အသားရေပျက်စီးနေခြင်းများ အတွက် ထုတ်လုပ်ထားသော ရှားစောင်း ဂျဲလ်ဖြစ် သည်။ လူးထားပါက စေးကပ်ခြင်းမရှိစေဘဲ အသားအရေအားတင်းရင်းစိုပြေ၀င်းပနေစေမည်။ အာဟာရဓါတ်များနှင့် ရှားစောင်းစစ်စစ်အား သဘာဝအတိုင်းဖြစ်စေရန်ဖေါ်စပ်ထားဖြစ်သောကြောင့် အသားရေခြောက်သွေ့တတ်သူများနှင့်သားရောင်မညီသူများ၊ စိုပြေလှပလိုသူများ သုံး စွဲနိုင်သည်။
When :    နှစ်သက်ရာအချိန်တွင် လူးနိုင်သည်။
How :    ဂျဲလ်ပုံစံထုတ်ထားသောကြောင့် မိမိလူးချင်သောနေရာသို့ ပမာဏအနည်းငယ်အား ယူ၍ ပွတ်သပ်လိမ်းပေးပါ။
Where :    Myanmar Beauty Power Co.,Ltd ဖုန်း - ၀၉၄၅၁၂၃၂၃၄၅ နှင့် myanmarbeautypower@gmail.com သို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

What :    Enchanteur  Roll On
Who :    အင်္ကျီစွန်းထင်းမှုမရှိ၊ စေးကပ်ခြင်း မရှိပဲ ချိုင်းကြားအသားရေတွန့်ခြင်းနှင့် အရေး ကြောင်းများဖြစ်ခြင်းကို ကာကွယ်လိုသူများအတွက် အထူးထုတ်ထားသည်။ Anti- Perspirant Formula မှ ချွေးပေါက်များကို ကျဉ်းစေပြီး သန့်
စင်ပေးသောကြောင့် အလွန်အမင်းချွေးထွက်ခြင်း၊ အနံ့ဆိုးခြင်း၊ စိုစွတ်ခြင်းများကို ထိန်းသိမ်းကာ ကွယ်ပေးထားသည်။ အသက်အရွယ်ကြောင့် ဖြစ်လာသော ချိုင်းအသားအရေတွန့်ခြင်းများကို လည်း ကြိုတင်ကာကွယ်ပေးပြီး အသားအား ဖြူ ၀င်းလာစေသည်။ Pore Refine Charming /  Age Renew / Enticing / Alluring (၄)မျိုးအား  50ml ဆိုဒ်လေးများဖြင့် ထုတ်ထားသည်။
When :    ရေချိုးသန့်စင်ပြီးနောက် အသုံးပြုနိုင် သည်။
How :    ပုံမှန် roll on သုံးစွဲသကဲ့သို့ နူးညံ့ညင်သာစွာ ပွတ်လိမ်းပေးပါက အသားရေအတွင်း လျင်မြန် စွာစိမ့်ဝင်သွားစေပြီး မွှေးပျံ့နေစေမည်။
Where :    အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင် များတွင် ၀ယ်ယူနိုင်သည်။

What :    Mistine Celebrity Extra Cover Super Powder & Super long lashes mascara
Who :    သရုပ်ဆောင် (celebrity)တစ်ဦးကဲ့သို့ လှပစေမည့် super powder နှင့် super long mascara အား mistine မှ ထုတ်လုပ်ထားသည်။ မျက်နှာ၏ အသားရောင်နှင့် ထပ်တူကျကာ အပြစ် အနာဆာများအား ပြေပြစ်စွာဖုံးအုပ်ပေးနိုင် မည့် ပေါင်ဒါအမျိုးအစားဖြစ်ပြီး SPF25 PA++ ပါဝင် ဖေါ်စပ်ထားသည်။ super long lashes ဟု ဆို ထားခြင်းကြောင့် မျက်တောင်မွှေးများအား အံ့အား သင့်စဖွယ် ချက်ချင်းရှည်လျား ကော့ညွတ်မှုကို ခံစားရမည်ဖြစ်သည်။ မျက်တောင်မွှေးအပို Extension လေးများပါဝင်ခြင်း၊ New wisdom film forming technology ပါဝင်ထားခြင်း၊ Carbon black polymer များ ပါဝင်ခြင်းတို့ ကြောင့် သိသာသောမျက်ဝန်းအလှကို ရရှိမည်ဖြစ် သည်။
When :    မျက်တောင်ကော့လိုသည့် အချိန်များ တွင် အသုံးပြုပါ။
How :    2in 1 မျက်တောင် ကော့တံ ၂ ဘက် ပါ ၀င်ပြီး အဖြူဘက်မှာ မျက်တောင်မကော့မှီတွင် Base Coat အဖြစ်သုံးပြီး အမည်းဘက်အား အပေါ်မှာ Top Coatအဖြစ် ကော့ပေးပါ။
Where :    အမြို့မြို့အနယ်နယ်ရှိ စတိုးဆိုင်များနှင့် အလှကုန်ဆိုင်များတွင်ဝယ်ယူနိုင်သည်။