Primary tabs

Beauty Review

 

What :    Green teaco  Body Scrub ၊ Body Cleanser ၊ Body Lotion

Who :     မိမိ၏အသားအရေအား ကြည်လင်ချောမွတ်ကာ စိုပြေလှပလိုသူများအတွက် လက်ဖက်စိမ်းအားအခြေခံ၍ ထုတ်ထားသည်။ ဗာဒံသီး၊ ဇီးချိုသီးတို့၏ အဆီအနှစ်များဖြင့် ပေါင်းစပ် ထုတ်ထားသော Body Scrub သည် ကိုယ်ခန္ဓာအတွင်းပိုင်းရှိ ဆဲလ်အသေများနှင့် အဆီပိုများအား ညင်သာစွာဖယ်ရှားပေးပြီး ဂျိုင်း၊ ပေါင်နှင့် ဒူးခေါင်းညိုမည်းခြင်းများအား သိသာစွာဖြူဖွေးလာစေသည်။  သဘာဝလက် ဖက်စိမ်း၊ မာလကာသီးနှင့် သံလွင်သီးအဆီအနှစ်တို့ဖြင့် ထုတ်လုပ်ထားသော Body Cleanser သည် အညစ်အကြေးနှင့်အဆီများကို ဖယ်ရှားပေးသည့်အပြင် လိုအပ်သောဓါတ်များကိုပါ ပြန်လည်ဖြည့်ဆည်းပေးနိုင်ပြီး အသားရေအား ညီညာချောမွတ်စေသည်။ တစ်နေ့တာ လုံး စိုပြေလှပလိုသူများအတွက် ရေဓာတ်ကို အထူးဖြည့်တင်းပေးနိင်ပြီး စေးကပ်ခြင်းမရှိသည့် Body Lotion မှာ ကိုယ်ခန္ဓာအတွင်း လျင်မြန်စွာစိမ့်ဝင်ပြီး အေးမြစေသည်။

When :   Body Scrub အားတစ်ပတ်လျှင် (၂)ကြိမ် အသုံးပြုနိုင်ပြီး Body Cleanser နှင့် Body Lotion အား နှစ်သက်သည့်အချိန်တွင် အသုံးပြုပါ။

How :     ရေချိုးသန့်စင်လိုသည့်အခါ ဆပ်ပြာအစားထိုးရန် Cleanser အား အသုံးပြုနိုင်သည်။ ရေချိုးပြီးနောက် Lotion အား ညင်သာစွာ လိမ်းပေးပါ။ အညစ်အကြေးများနှင့် အဆီပိုများအား ဖယ်ရှားပေးရန် Scrub အား ခန္ဓာကိုယ်အနှံ့သို့ ပွတ်လိမ်းပြီး ရေနှင့်ဆေးကြော သန့်စင်လိုက်ပါ။

Where :  ပိုင်ဖြိုးသီဟထရိတ်ဒင်းကုမ္ပဏီ၊ ဖုန်း-၀၂-၃၃၄၈၈ ၊ ၀၉၉၁၀၀၀၀၂၀ နှင့် ဖက်စ် - ၀၂-၃၃၄၈၈ သို့ ဆက်သွယ်၍ ၀ယ်ယူနိုင်သည်။

 

What :    SKIN 79 Sea Weed Cooling Mask

Who :     ပင်ပန်းနွမ်းနယ်နေသော အသားအရေများ၊ ပြုပြင်ထိန်းသိမ်းရန် လိုအပ်သောအသားရေများ အသုံးပြုသင့်သည်။ ပင်လယ်ရေ ညှိမှ ထုတ်လုပ်ထားသော အဆီအနှစ်များမှ အသားရေကို အစိုဓာတ်အပြည့်အ၀ ဖြည့်တင်းပေးသည်။ မျက်နှာအား မိတ်ကပ်နေ့စဉ်လိမ်း သူများ၊ အိပ်ရေးပျက်ခြင်းကြောင့် အသားရေခြောက်သွေ့နေသူများနှင့် နွမ်းနယ်သောအသားအရေများ အသုံးပြုပါ က  ပြန်လည်ကောင်းမွန်စေကာ လန်းဆန်းလှပစေသည်။

When :   နှစ်သက်ရာအချိန်တွင် ပြုလုပ်နိုင်သည်။

How :     မျက်နှာအားသန့်စင်ပြီး မျက်လုံးနှင့် နှုတ်ခမ်းတ၀ိုက်မှလွဲ၍ မျက်နှာပြင်အနှံ့ ထူထဲစွာလိမ်းပါ။ အချိန် (၁၀)မိနစ်မှ (၁၅)မိနစ် အထိထားပြီး ရေနွေးနွေးလေးဖြင့် စင်ကြယ်အောင် သန့်စင်ဆေးကြောပါ။

Where :             Junction Square နှင့် တော်ဝင်စင်တာရှိ အလှကုန်ကောင်တာများတွင် ၀ယ်ယူနိုင်သည်။

 

 

 

What :    The Face Shop Face It CC Cream

Who :     မိတ်ကပ်တစ်ဗူးတည်းသုံးရုံဖြင့် အချိန်တိုအတွင်း သဘာဝကျစွာ လှပလိုသူများအတွက် အထူးအဆင်ပြေစေသည်။ CC Cream တွင် Aura color control နှင့် Smart capsule cc ဆိုပြီး အမည် (၂)မျိုးဖြင့် ထုတ်လုပ်ဖြန့်ချိထားပါသည်။ မျက်နှာအတွက် လိုအပ်သောအသားအရေ စောင့်ရှောက်ထိန်းသိမ်းမှုနှင့် မိတ်ကပ်အလှကို တစ်ခါတည်းဖြည့်ဆည်းပေးမည်ဖြစ် သည်။

When :   မျက်နှာသန့်စင်ပြီးနောက်တွင် အသုံး ပြုနိုင်ပါသည်။

How :     ခရင်မ်အမျိုးအစားဖြစ်သဖြင့် မျက်နှာ ပေါ်တွင် မိတ်ကပ်လိမ်းသည့်ဖော့နှင့် အသာအယာဆွဲယူလိမ်းလိုက်ရုံပင်ဖြစ်သည်။

Where :  The Face Shop ဆိုင်များနှင့် www. facebook.com/thefaceshopmyanmar တွင် ကြည့်ရှုဝယ်ယူနိုင်သည်။

 

What :    Silkpro Silk Lotion

Who:      အသားရေ ဖြူစင်ဝင်းမွတ်လှပမှုကို လိုအပ်သူများအတွက် အထူးထုတ်ထားသည်။ ပေါ့ပါးသောအာနိသင်ကို ထည့်သွင်းထားပြီး အသားရေအကွေးအဆန့်ကို ပျော့ပျောင်းစေသော Silk & MNF Element ၊ နေရောင်ခြည်မှနေဒဏ်ကို ကာကွယ်ပေးကာ အသားရေကို အရောင်အဆင်းလှပစေသော Mulbery Extract များ ၊ မြင့်မားသောရေဓာတ်ကို ထိန်းသိမ်းပေးနိုင်သော Snow Fungus တို့ ပါဝင် ဖော် စပ်ထားသဖြင့် အချိန်တိုအတွင် အသားရေအား နူးညံ့လှပစေသည်။

When :   နှစ်သက်ရာအချိန်တွင်အသုံးပြုပါ။

How :     ပမာဏအနည်းငယ်ယူ၍ ခန္ဓာကိုယ်ပေါ်သို့ နေရာအနှံ့သို့ ပွတ်သပ်လိမ်းပေးပါ။

Where :  အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင်များတွင် ၀ယ်ယူနိုင်သည်။

 

 

 

 

 

What :    Eveline White Prestige 4D Whitening Facial Wash Gel

Who :     မျက်နှာအသားအရေပြားကို အမာရွတ်ကင်းစင်ကာ ဖြူစင်ချောမွေ့လိုသောသူများနှင့် အထူးသင့်တော်သည်။ အထပ်တစ်ရာ ပန်းအဆီကို ထည့်သွင်းဖေါ်စပ်ထားသဖြင့် အသားအရေ အားပေါ့ပါးစေခြင်း၊ အသားရောင်ညီညာစေခြင်း၊ မျက်နှာသန့်စင်ပြီးနောက် (၄၈) နာရီကြာသည်အထိ ထိန်းသိမ်းထားနိုင်ခြင်းနှင့် အရေပြားဆဲလ်အသစ်များကို ပြန်လည်ဖြစ်ပေါ်စေသဖြင့် ဒဏ်ရာ အမာရွတ်များကို လျော့နည်းကာ ပျောက်ကင်းစေပါသည်။

When :   နံနက်နှင့်ည သုံးစွဲနိုင်သည်။

How :     မျက်နှာအသားရေအား စိုစွတ်အောင်ပြုလုပ်ပြီး ဂျဲလ်ကိုလိမ်း၍ လက်ချောင်းထိပ်လေးများဖြင့် နူးညံ့စွာနှိပ်နယ်ပေးပါ။ ပြီးမှရေ ဆေးချလိုက်ပါ။

Where :  အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်သည်။

 

 

 

What :    Essence Lipstick Glossy  Shine Lip Gloss

Who :     Lipstick တွင် ရေဓာတ်ကို အခြေခံထုတ်ထားသော ကြောင့် နှုတ်ခမ်းသား ပျက်စီးမှုကို ကာကွယ်ပေးပြီး နူးညံ့စိုပြေသော နှုတ်ခမ်းအလှ ကို ပေးစွမ်းပါသည်။ XXXL Shine Lipgloss တွင် နူးညံ့သောအထိအတွေ့ ကို ရရှိစေရန် ဖန်တီးထားပြီး ဆွဲဆောင်မှုရှေိသော နှုတ်ခမ်းအလှကို ပေါ်လွင်စေပါသည်။ Glossy Lipblam တွင် သဘာဝအသီးအနှံတို့မှ ရရှိသော အဆီအနှစ်နှင့် ပြုလုပ်ထားသောကြောင့် ဆောင်းတွင်းတွင် နှုတ်ခမ်းကွဲအက်ခြင်း၊ နှုတ်ခမ်းသားညိုခြင်း၊ မည်းခြင်းတို့ကို ကာကွယ်ပေးပါသည်။ Tint Glossတွင်မူ နှုတ်ခမ်းသားပေါ်ရောက် မှ အရောင်ပြောင်းလဲသွားအောင် ပြုလုပ်ထားသည်။

When :   နှစ်သက်ရာအချိန်တွင် အသုံးပြုနိုင်သည်။

How :     နှုတ်ခမ်းနီကို ပုံစံအမျိုးမျိုးနှင့် ထုတ်လုပ်ထားသဖြင့် မိမိနှစ်သက်ရာအမျိုးအစားကို ရွေးချယ်၍ နှုတ်ခမ်းဆိုးနေကျပုံစံအတိုင်း ဆိုးပေးပါ။

Where :  တော်ဝင်စင်တာ မြေညီထပ်၊ City Mart (Junction Mawtin) ၊ ဂမုန်းပွင့် (ဘိုကလေး ဈေးလမ်း)၊ ကျိုက္ကဆံစူပါဝမ်း၊ Diamond Plaza (မန္တလေး) ဖုန်း- ၀၉၄၃၁၃၈၈၆၈ သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

 

 

 

What :    Bio-essence BIO-ENERGY Snail Repair & Smooth Cream (50 g)

Who :ပျက်စီးသွားသော အသားအရေကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလိုပြီး မျက်နှာအသားအရေအား နူးညံ့ချောမွတ် လှပလိုသူများအတွက် အထူးထုတ်ထားသည်။ Bio-essence မှ နောက်ဆုံးနည်းပညာများဖြင့် ဖော်စပ်ထားသဖြင့် အရေပြားအတွင်း လို အပ်သော အစိုဓာတ်၊ အာဟာရဓာတ်များ ဖြည့်တင်းပေးနိုင်ခြင်း၊ လိုအပ်သော Collagen ဖြည့်ဆည်းပေးခြင်း၊ ချွေးပေါက်များကို သန့်စင် ထိန်းညှိပေးခြင်းတို့ဖြစ်စေသည်။ ပုံမှန်သုံးစွဲပါက အသားရေတွန့်ခြင်းနှင့် အရေကြောင်းများကို သိသိသာ သာလျော့နည်း လာစေသည်။

When :   မျက်နှာသန့်စင်ပြီးနောက် သုံးစွဲပါ။

How :     ခရင်မ်ပုံစံဖြစ်သဖြင့် မျက်နှာပြင်အနှံ့သို့ သင့်တင့်သောပမာဏ အနည်းငယ်ယူ အစက်ချပြီး အသာအယာပွတ်လိမ်းပေးပါ။

Where :  Bio-essence ကောင်တာများနှင့် အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင်များတွင် ၀ယ်ယူနိုင်သည်။