Primary tabs

Beauty Review

What :  ENPRANI CC CREAM SPF30 PA++ (50ml)

Who :   မျက်နှာ၏အသားရေအား တစ်နေ့တာလုံး စိုပြေကြည်လင် လှပလိုသောသူများ အတွက်ဖြစ်သည်။ အသားရောင်ပေါ်လိုက်၍ အရောင်ပြောင်းလဲပေးပြီး သဘာဝကျကျ တောက်ပလှပစေသည်။ Mineral Water  Rose Fruit Wild Rose Fruit Hydrating Radiance Powder  တို့ပါဝင်ထုတ်လုပ်ထားသဖြင့် အသားရေအား skin care ကဲ့သို့အာနိသင်ပေးနေပြီး အသားရေ ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးသည်။

When :  မျက်နှာသန့်စင်ပြီးနောက်တွင် အသုံးပြုပါ။

How :   ခရင်မ်ပမာဏအနည်းငယ်ယူပြီး မျက်နှာပြင်အနှံ့ညင်သာစွာ ပုတ်ရိုက်လိမ်းပေးပါ။

Where :            Coreana ကောင်တာများတွင် ၀ယ်ယူ နိုင်သည်။

 

What :  Catrice Matt Mousse Makeup

Who :   မျက်နှာပြင်ရှိ အပြစ်အနာအဆာအား လုံးကိုဖုံးအုပ်ကာ တစ်နေ့တာလုံး ပြီးပြည့်စုံလှပလိုသောသူများအတွက်ဖြစ်သည်။ Concealer Foundation  2 Way အဆင့် (၃)ဆင့် လိမ်းနေစရာမလိုပဲ တစ်မျိုးတည်းလိမ်းထားရုံနှင့် မျက်နှာပြင်အား လှပနေစေသည်။ ရေခဲမုန့်ကဲ့သို့ မှုန်ညက်ညင်သာသောခံစားမှုနှင့် နူးညံ့သော မိတ်ကပ်သားကြောင့် ချွေးပေါက်များအတွင်းသို့ပါ ထိန်းညှိပေးပြီး အဆီ ပြန်နှုန်းကို လျှော့ချနိုင်သည်။

When :  မျက်နှာသန့်စင်ပြီး toner essence အသုံးပြုပြီးနောက်လိမ်းပါ။

How :   အသားရောင်ပေါ်လိုက်၍ အရောင် (၄)မျိုးအသုံးပြုနိုင်ရန်ထုတ်ထားသည်။ Mousse အမျိုးအစားဖြစ်သောကြောင့် မိတ်ကပ်အား မျက်နှာပြင်အနှံ့သို့ယူပြီး ညင်သာစွာညီညာအောင် လက်ချောင်းလေးများဖြင့် (သို့) ပေါင်ဒါပတ်ဖ်ဖြင့်လိမ်းပါ။

Where :            Beauty Credit (တော်ဝင်စင်တာ)ကောင်တာများတွင်ဝယ်ယူနိုင်သည်။

 

What :  DeLeaf Thanaka Talcum Powder

Who :   သဘာဝသနပ်ခါးရနံ့ကို နှစ်သက်သူတိုင်းအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ဗီတာမင် အေ၊ စီ၊ အီး စသည့် ဓါတ်သတ္တုများကြွယ်ဝသော ဗီတာမင်များနှင့် ရှားစောင်းလက်ပတ်ရည်တို့ ပေါင်းစပ်ပါဝင်သည့် သနပ်ခါးမှ အာနိသင်များကိုထုတ်ယူကာ ပြုလုပ်ထားခြင်း ဖြစ်သည်။ နေရောင်ခြည်ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာသော အသားအရေကျိန်းစပ်ခြင်းနှင့် လေထုညစ်ညမ်းခြင်းတို့မှ ကာကွယ်ပေးနိုင်သည်။

When :  ရေချိုးပြီးနောက်တွင် အသုံးပြုနိုင်သည်။

How :   ပေါင်ဒါအမှုန့်အား ကိုယ်ခန္ဓာအနှံ့သို့ဖြန်းပက်ပြီးလိမ်းပါ။

Where :            City Mart ၊ Ocean ၊ Capital ၊ Sein Gayhar ၊ Best 119 တို့တွင် ၀ယ်ယူနိုင်သည်။

 

What :LISANGE EX PURE WHITENING 'C' SERUM

Who :   အစက်အပျောက်၊ မှဲ့ခြောက်နှင့် တင်းတိပ်များကို လျော့ပါးသက်သာ ပျောက်ကင်းလိုသူများအတွက် အထူးထုတ်ထားသည်။ ဗီတာမင်(စီ)ကို နည်းပညာအသစ်ဖြင့် တည်မြဲအောင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး Pure Vitamin 'C' (၈) ရာခိုင်နှုန်း ထည့်သွင်းဖေါ်စပ် ထားသည်။ ပုံမှန်သုံးစွဲပေးပါက အသားရေအား ဖြူဖွေးလှပစေမည်။

When :  ညဘက် မျက်နှာသန့်စင်ပြီးချိန်တွင် လိမ်းပါ။

How :   Serum ဗူးတွင် လိုင်း (၇)လိုင်းပါရှိပြီး လိုင်းတစ်လိုင်းလျှင် တစ်ရက်စာဖြစ်သောကြောင့် (၇)ရက်လိမ်းသွားရမည်ဖြစ်သည်။ တစ် ရက်စာအတွက် ညှစ်ယူပြီး အစက်အပျောက်နှင့် အမည်းစက်ရှိရာများကို စိမ့်ဝင်အောင်လိမ်းပါ၊ လိမ်းကာစတွင် ပူသောခံစားမှုမျိုးရှိ ပါသည်။ အသားအရေတွင်းသို့ ဗီတာမင် စီ နှင့် ရေဓါတ် များ ထိတွေ့သောကြောင့်ဖြစ်သည်။

Where: Lisange ကောင်တာများတွင် ၀ယ်ယူနိုင်သည်။

 

What :  WOONSEN KASET

Who :   လှပတဲ့ ခန္ဓာကိုယ်နှင့် အသားရေကို လိုချင်သူများအတွက် အထူးထုတ်ထားသော အဆီကျအသားလှ ပဲကြာဇံဖြစ်သည်။ Collagen (၂၀) ရာခိုင်နှုန်းပါဝင်ခြင်း၊ ပဲကြာဇံစစ်စစ်ဖြင့် ပြုလုပ်ထားခြင်း၊ ဆာလောင်မှုအား ထိန်းထားပေးမည့် Light Meal ဖြစ်ခြင်း တို့ကြောင့် အဆီမဖြစ်ပဲအသားအား ကျစ်လှစ်လှပစေသည်။

When :  နှစ်သက်ရာအချိန်တွင် စားသုံးနိုင်သည်။

How :   ချဉ်စပ်၊ တုန်ယမ်း၊ ဆီချက် (၃)မျိုး ၀ယ်ယူနိုင်ပြီး ရေနွေးဆူဆူလောင်းထည့်ပြီး အချိန် ၂မိနစ်ထားရုံနှင့် ပြုတ်စရာမလိုပဲ အသင့် စားသုံးနိုင်ပါသည်။

Where :            Aung Kaung Oo Trading Co.,Ltd အမှတ် (၅၇)မြေညီထပ်၊ လမ်းသစ်လမ်း၊ လမ်းမတော်မြို့နယ်နှင့် zuriaung86@gmail. com သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

 

What :  Essence I Stage Eyeshadow base

Who :   မျက်လုံးအရောင်များကို တစ်နေ့တာလုံး စွဲမြဲလှပအရောင်တောက်နေစေရန် ကူညီပေးမည့် ရှဲဒိုးအောက်ခံလိမ်းရည်ဖြစ်သည်။ မိမိခြယ်ထားသောကာလာကို အမှန်အတိုင်းဖြစ်စေပြီး ယုံကြည်မှု ရှိရှိလှပနေစေမည်။

When :  အိုင်းရှဲဒိုးမခြယ်မီ အောက်ခံအဖြစ် သုံးရမည်။

How :   Eyeshadow base အားမျက်ခွံပေါ်တွင် အနည်းငယ်တင်ပြီး လက်ချောင်းထိပ်လေးများနှင့် လိမ်းပေးပါ။

Where :            တော်ဝင်စင်တာ (မြေညီထပ်)၊ ဂမုန်းပွင့်(ဘိုကလေးဈေး)၊ ကျိုက္ကစံစူပါဝမ်း၊ ဒိုင်းမွန်းပလာဇာ (မန္တလေး)တို့တွင် ၀ယ်ယူနိုင်ပါ သည်။

 

What :  Holika Holika Aqua Fantasy Toner & Essence

Who :   မျက်နှာအသားအရေ ပူနေတတ်သူများ၊ ခြောက်သွေ့နေသော အသားရေပိုင်ရှင်များ အတွက် အသုံးတည့်စေမည်။ Toner တွင် Lceland ရေခဲမြစ်ရေနှင့် သဘာဝရေပူစမ်းရေ ၂၀ ရာခိုင်နှုန်းတို့ ပါဝင်ထုတ်လုပ်ထားသဖြင့် အသားရေကို အပူဓါတ်လျော့ချပေးပြီး အေးမြ သည့် အစိုဓါတ်ခံစားမှုကို တစ်နေ့တာလုံး ပံ့ပိုးပေးထားသည်။ Essence တွင် Lceland ရေ ခဲမြစ်ရေနှင့် သဘာဝရေပူစမ်းရေ ၄၀ ရာခိုင် နှုန်းပါဝင်ပြီး ရေဓါတ်ပံ့ပိုးမှုဖြင့် အသားရေကိုနဂိုအနေအထားအတိုင်း တင်းရင်းနေစေသည်။

When :  မျက်နှာသန့်စင်ပြီးနောက် Toner ပထမလိမ်းပြီး၊ Essence အားသုံးပါ။

How :   အရည်ပုံစံဖြစ်သဖြင့် Toner အား မျက်နှာအနှံ့သို့ ဂွမ်းစလေးဖြင့်သုတ်လိမ်းပေးပါ၊ ပြီးလျှင် Essence အား မျက်နှာအနှံ့သို့ အသာအယာပုတ်ရိုက်၍လိမ်းပါ။ အရေပြားအတွင်းသို့နက်ရှိုင်းစွာဝင်ရောက်ပြီး အရေပြားယားယံခြင်းကိုပါ သက်သာပျောက်ကင်းကာ နူးညံ့စို ပြေစေမည်။

Where :            Holika Holika ကောင်တာများတွင် ၀ယ်ယူနိုင်သည်။

 

What :  KMA Perfect Lip Case

Who :   နှုတ်ခမ်းသားအားစိုပြေလှပပြီး တိကျသောအသွင်ကိုဖေါ်လိုသော နှုတ်ခမ်းပိုင်ရှင်များ အတွက်ဖြစ်သည်။ နှုတ်ခမ်းနီ ၅ရောင်ပါရှိ ပြီး နေ့တိုင်းအတွက် အဆင်ပြေသောကာလာများကို ထည့်သွင်းထားသဖြင့် အလုပ်များသောလေဒီများနှင့် ဆယ်ကျော်သက် မိန်းကလေး အတွက်သင့်တော်သည်။

When :  နှစ်သက်ရာအချိန်တွင် အသုံးပြုပါ။

How :   နှုတ်ခမ်းနီဆိုးရန် စုတ်တံနှင့်မှန်ပါရှိသဖြင့် နှုတ်ခမ်းရာအတိုင်းလိုင်းဆွဲ၍ အတွင်းသားများကို နှုတ်ခမ်းနီလိုက်ဆိုးရုံပင် ဖြစ်သည်။

Where :            KMA ကောင်တာများတွင် ၀ယ်ယူနိုင်သည်။