Primary tabs

Beauty Review

What :  Every Body Labo\Glamorous Queen  (Treatment Mask) All Skin Type

Who : သဘာဝ Tea Tree အပင်မှ ရရှိသော အစွမ်းသတ္တိများဖြင့် ပေါင်းစပ်ပြုလုပ်ထားသော Facial Mask ဖြစ်ပါသည်။ အသား အရေအတွက် လိုအပ်သော  ရေဓာတ်နှင့်အဆီဓာတ်တို့ကို အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်သောကြောင့် နေလောင်ဒဏ်နှင့် ပတ်ဝန်းကျင်  ညစ်ညမ်းမှုများကြောင့် ပျက်စီးနေသော အသားအရေများအတွက် အထူးသင့်လျော်သော  Treatment အာနိသင် အပြည့်အ၀ပါရှိသော Facial Mask ဖြစ်ပါသည်။

When : မျက်နှာအသားအရေ ပျက်စီးသည်ဟုခံစားရပါက အသုံးပြုပါ။

How : မျက်နှာပေါ်တွင် (၁၅ - ၂၀ ) မိနစ်ခန့် ထားပြီးနောက် မိမိအသုံးပြုလိုသည့် Skin Care များ အသုံးပြုနိုင်ပါသည်။ မျက်နှာပြန်သစ် ရန် မလိုအပ်ပါ။ All Skin Type, Who Required Treatment   အတွက် အထူးသင့်လျော်ပါသည်။(၁)ပတ်လျှင် (၃)ကြိမ်အထိ အသုံးပြုနိုင်ပါသည်။

Where : Opassa Modern Living Show Room , အမှတ်(၁၇၂)၊ အနော်ရထာလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်း ၀၁- ၃၈၉၂၇၇  တွင် ၀ယ်ယူရရှိနိုင်ပါသည်။

What : Every Body Labo  Crystal Touch (Collagen Revitalizing Mask)  Normal Skin, Dry Skin ,   Anti - Ageing Skin

Who : အဖိုးတန်ကျောက်မျက် ရတနာများမှရရှိသော အာနိသင်များဖြင့် ပြုလုပ်ထားသည့် Facial Mask ဖြစ်ပါသည်။ အသားအရည်ကို စိုပြေတင်းရင်းစေကာ အမည်းစက်များ၊ တင်းတိတ်မှဲ့ခြောက်များကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ အသားအရည်မွဲခြောက်ခြင်းကို အထူးသက်သာပျောက်ကင်းစေကာ လိုအပ်သော အာဟာရဓာတ်များကို အပြည့်အ၀ဖြည့်တင်းပေးကာ စိုပြေတောက်ပြောင် ၀င်းပသော မျက်နှာအသားအရေကို ပိုင်ဆိုင်ရရှိစေနိုင်မည် ဖြစ်ပါသည်။

When : မျက်နှာအသားအရေ ခြောက်သွေ့နေသည့်အခါ၊ ပင်ပန်းနွမ်းနယ်နေသည့် အခါမျိုးတွင်အသုံးပြုပါ။

How : မျက်နှာပေါ်တွင် (၁၅ - ၂၀ )  မိနစ်ခန့်ထားပြီးနောက် မိမိအသုံးပြုလိုသည့် Skin Care များ အသုံးပြုနိုင်ပါသည်။ မျက်နှာပြန်သစ် ရန် မလိုအပ်ပါ။ (၁)ပတ်လျှင် (၃) ကြိမ်အထိ အသုံးပြုနိုင်ပါသည်။

Where : Opassa Modern Living Show Room ,အမှတ်(၁၇၂)၊အနော်ရထာလမ်း၊ ကျောက်တံတားမြို့နယ်၊ Ph: 01- 389277 တွင် ၀ယ်ယူရရှိနိုင်ပါသည်။

 

What : Catrice Photo Finish 18hr Liquid Foundation

 

Who : ပွဲနေပွဲထိုင်အတွက် အသုံးပြုလိုသောသူများ၊ အနုပညာရှင်များနှင့် မိတ်ကပ်ဆရာများအတွက် ဂျာမဏီနိုင်ငံမှ နည်းပညာများဖြင့် အထူးထုတ်ထားခြင်းဖြစ်သည်။ မိတ်ကပ်သားပြာခြင်း၊ ကွက်ခြင်း၊ စေးခြင်း လုံးဝမရှိပဲ အချိန်(၁၈)နာရီကြာ အဆီပြန်မှုကို ထိန်းချုပ်ပေးပြီး လှပနေစေသည်။ ချွေးစိုခံကာ အပြစ်အနာအဆာများ ကို ဖုံးအုပ်ထားပေးပြီး မျက်နှာပြင်အား ကြည်လင်ကောင်းမွန်သော ရလာဒ်များကို ရရှိစေသည်။

When : မျက်နှာသန့်စင်ပြီး အခြေခံအဆင့်များအား သုံးပြီးနောက်တွင် လိမ်းပါ။

How : အရည်ပုံစံ ဖြစ်သောကြောင့် မျက်နှာပြင်အနှံ့သို့ အစက်ချပြီး ဘရပ်ရှ်နှင့်ဖြစ်စေ၊ ဖော့တုံးနှင့်ဖြစ်စေ အသာအယာ ပွတ်ဆွဲ၍ ငြင်သာစွာလိမ်းပါ။

Where :            Orange (တာမွေ)(မြောက်ဥက္ကလာ)၊ စိန်ဂေဟာ(ပါရမီ)(၁၉လမ်း)(ပြည်လမ်း)၊ Super One(ကျိုက္ကဆံ)၊ ဂမုန်းပွင့်(ဘိုကလေး) ရှိ အလှကုန်ကောင်တာများတွင် ၀ယ်ယူနိုင်ပါသည်။

What : Catrice Matt Mousse Makeup

Who : မျက်နှာပြင်ရှိ အပြစ်အနာအဆာအား လုံးကိုဖုံးအုပ်ကာ တစ်နေ့တာလုံး ပြီးပြည့်စုံလှပလိုသောသူများအတွက်ဖြစ်သည်။ Concealer Foundation  2 Way အဆင့် (၃)ဆင့် လိမ်းနေ စရာမလိုပဲ တစ်မျိုးတည်းလိမ်းထားရုံနှင့် မျက်နှာပြင်အား လှပနေစေသည်။ ရေခဲမုန့်ကဲ့သို့ မှုန်ညက်ညင်သာသောခံစားမှုနှင့် နူးညံ့သောမိတ်ကပ်သားကြောင့် ချွေးပေါက်များအတွင်းသို့ပါ ထိန်းညှိပေးပြီး အဆီပြန် နှုန်းကိုလျှော့ချနိုင်သည်။

When : မျက်နှာသန့်စင်ပြီး toner essence အသုံးပြုပြီးနောက်လိမ်းပါ။

How : အသားရောင်ပေါ်လိုက်၍ အရောင် (၄)မျိုးအသုံးပြုနိုင်ရန်ထုတ်ထားသည်။ Mousse အမျိုးအစားဖြစ်သောကြောင့် မိတ်ကပ်အား မျက်နှာပြင်အနှံ့သို့ယူပြီး ညင်သာစွာညီညာအောင် လက်ချောင်းလေးများဖြင့် (သို့) ပေါင်ဒါပတ်ဖ် ဖြင့်လိမ်းပါ။

Where :            Orange (တာမွေ)(မြောက်ဥက္ကလာ)၊ စိန်ဂေဟာ(ပါရမီ)(၁၉လမ်း)(ပြည်လမ်း)၊ Super One(ကျိုက္ကဆံ)၊ ဂမုန်းပွင့်(ဘိုကလေး) ရှိ အလှကုန်ကောင်တာများတွင် ၀ယ်ယူနိုင်ပါသည်။

What : KMA Daily UV Protection SPF 30 PA +++

Who : နေရောင်ခြည်(UV rays) ကြောင့်ဖြစ်သော အမည်းစက်၊ အစက်အပြောက်များနှင့် ညိုမည်းခြင်းများကို ကာကွယ်ရန် ထုတ်လုပ် ထားပါသည်။ အရွယ်မတိုင်မီ အိုမင်းခြင်းအားကာကွယ်နိုင်ရန်၊ မျက်နှာအသားအရေ နေလောင်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် အသုံးပြု နိုင်ပါသည်။

When : မျက်နှာအား မိတ်ကပ်မလိမ်းမီ အဆင့်တွင် အောက်ခံလိမ်းပေးပါ။

How : ခရင်မ်ပုံစံဖြစ်သောကြောင့် မျက်နှာပြင်အနှံ့သို့ အစက်ချ၍ အသာအယာလိမ်းပေးပါ။

Where : KMA ကောင်တာများတွင် ၀ယ်ယူရရှိနိုင်ပါသည်။

What :  THE FACESHOP  CALMINGSEED

Who : Skin Care သုံးလိုက်တိုင်း အရေပြား ရောင်ရမ်းခြင်း၊ မျက်နှာပေါ်တွင် အသားမကျပဲ ယားယံခြင်း ဖြစ်တတ်သူများအတွက် သဘာဝပစ္စည်းအမျိုးအစားပေါင်း ၉၅% ပါဝင်ဖွဲ့စည်းကာ ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ သဘာဝအားတုပကာ ပြုလုပ်ထားသော ပစ္စည်း များမပါဝင်ပဲ ဖော်စပ်ထားခြင်းဖြစ်သည်။ ပုံမှန်သုံးစွဲပေးပါက မျက်နှာပေါ်တွင် အေးမြမှုခံစားရခြင်း၊ ချောမွတ်လာခြင်း၊ မျက်နှာပြင်အသား ကောင်းမွန်မှုတို့ကို ခံစားရရှိပါမည်။

When : နံနက်နှင့်ည (၂)ကြိမ်အသုံးပြုပါ။

How : Cleanser နှင့် မျက်နှာသန့်စင်ပြီးလျှင်Toner လိမ်းပါ၊ နောက်တစ်ဆင့် Essence လူးပြီး Cream အား နောက်ဆုံးထား ၍လိမ်းပါ။

Where : www.thefaceshop.com နှင့် The Faceshop ကောင်တာများတွင် ၀ယ်ယူနိုင်သည်။

What :  Holika Holika Prime Miracle Snail Cream & Ampoule

Who : ခရုမှ အစွမ်းထက်သော အာဟာရဓာတ်များကို ပေါင်းစပ်ကာ ထုတ်လုပ်ထားခြင်းကြောင့် မျက်နှာအရေးကြောင်းများနှင့် အမာရွတ်များအား ထိရောက်လျင်မြန်စွာ သက်သာပျောက်ကင်းစေသည်။ Wild Ginseng ၊ Canadian Willowherb တို့ ပါဝင်ထားသဖြင့် အသားရေအားအေးမြကာ ဖြူစင်သန့်စင်လာစေသည်။

When : မျက်နှာအားသန့်စင်ပြီးမှ အသုံးပြုပါ။

How : ခရင်မ်ပုံစံဖြစ်သောကြောင့် ပမာဏအနည်းငယ်ယူ၍ မျက်နှာပြင်ပေါ်တွင် လက်ချောင်းလေးများဖြင့် ပင့်တင်ကာလိမ်း ပေးပါ။

Where :            Holika Holika ကောင်တာများတွင်ဝယ်ယူနိုင်သည်။