Primary tabs

Beauty Review

Farger Onurse Hair Treatment 
ထိုင်းနိုင်ငံထုတ်တဲ့ Farger Onurse Hair Treatment ကို မြန်မာနိုင်ငံတွင် Share And Care Co.,Ltd မှ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ထုတ်လုပ်ရောင်းချပေးနေတဲ့ Hair Treatment ဖြစ်ပါတယ်။

ဆံပင်နှင့်ဦးရေအတွက် အလွန်အကျိုးပြုသော Keratin & Collagen တို့ပါဝင်ပြီးတော့ သဘာဝအဆီအနှစ်တွေလည်းပါဝင်တာမို့ ခြောက် သွေ့သော ဆံပင်များအတွက်လည်း ကောင်းမွန်စေပါတယ်။ ဆံပင်ဆိုးဆေးနှင့် ဓါတုပစ္စည်းများ သုံးစွဲခြင်းကြောင့် ပျက်စီးမှုကို ကာကွယ်ပေးပြီး ဆံသား ပိုမိုကောင်းမွန်လာသည်ကို အမှန်တကယ်ခံစား သိရှိနိုင်စေမှာဖြစ်ပါတယ်။ UV Protection ပါဝင်သောကြောင့် နေလောင်ဒဏ်နှင့် ဆံသားပျက်စီးမှုကို ကာကွယ်ပေးခြင်းတို့ကြောင့် ရေမကူးခင်နှင့် ရေကူးပြီး၊ ဆိုးဆေး၊ ဖြောင့်ဆေး၊ ကောက်ဆေး များတွင်လည်း ဆံသားမပျက်စီးစေရန် ရောစပ်၍ အသုံးပြုနိုင်ပါသည်။ Color Treatment လုပ်ရာ တွင်လည်း Color နှင့် Onurse Treatment ကို ရောစပ်အသုံးပြုပါက ဆံသားရှိ Color ကို ပိုမိုတောက်ပစေပါတယ်။ 300ml နှင့် 500ml နှစ်မျိုး ထွက်ရှိပါတယ်။


Bsc Honei V Facial Foam
Bcs ရဲ့Special Edition အနေနဲ့ ထုတ်လုပ်ထားတဲ့ Honei V series ထဲမှ Facial Foam လေးဖြစ်ပါတယ်။ Hydrolyzed Collegen နဲ့ ပျားရည်တို့ကို ပေါင်းစပ်ပြုလုပ်ထားတာဖြစ်လို့ ရေဓါတ်ကိုလည်း ဖြည့်တင်းပေးနိုင်ပြီး အသားအရေကိုလည်း တင်းရင်းချောမွေ့စေနိုင်ပါတယ်။ နူးညံတဲ့ ညက်ညောတဲ့အထိအတွေနဲ့ သန့်စင်သွားတဲ့ ခံစားမှုကို ရရှိစေနိုင်ပါတယ်။ သင်းပျံ့တဲ့ ရနံ့ကြောင့် လန်းဆန်းလတ်ဆတ်ခြင်းကိုလည်း ရရှိစေမှာဖြစ်ပါတယ်။

Bsc Honei V Cleansing Cream
Special Edition အဖြစ် ထုတ်လုပ်ထားတဲ့ Honei V ထဲမှ Cleansing Cream ဖြစ်ပါတယ်။ မိတ်ကပ် နဲ့ အခြားသော အညစ်အကြေးတွေ ကို အတွင်းပိုင်းထဲအထိ နက်ရှိုင်းစွာ သန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ Hebiscus Flower နဲ့ ပျားရည်တို့ ပါဝင်တဲ့အတွက် အသားအရေကို ချောမွေ့စေနိုင်စွမ်းရှိပါတယ်။ မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးတွေကို လွယ်ကူစွာသန့်စင်စေနိုင် ပြီး အသားအရေ ဖြူစင်ဝင်းပခြင်းကို ရရှိစေတဲ့ cream ဖြစ်ပါတယ်။

The Skin House Coconut Body Lotion & Shower Cream
Coconut Oil နဲ့ Coenzyme Q 10 တို့ ကြွယ်ဝစွာပါဝင်တဲ့ Body Lotionနဲ့ Shower Cream  ဖြစ်ပါတယ်။ သင်းပျံ့တဲ့ရနံ့နဲ့ shower နဲ့ lotion ကို တွဲစပ်အသုံးပြုပေးခြင်းကြောင့် လန်းဆန်းတဲ့ ခံစားမှုနဲ့  ကျန်းမာလှပတဲ့ အသားအရေကို ရရှိစေ
မှာဖြစ်ပါတယ်။ သဘာဝပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ Product ဖြစ်တာမို့ သဘာဝကျတဲ့ ခံစားမှုကို ရစေမှာလည်းဖြစ်ပါတယ်။

The Skin House Double Milk Triple White Body Lotion
Vitamin B3, Milk Protein ,Whitening Complex Arbutin တို့ ပါဝင်တဲ့ Body Lotion လေးဖြစ်ပါတယ်။ အသားအရေကို အသစ်တဖန် နုပျိုလာစေတဲ့ ခံစားမှုမျိုးကိုရရှိစေနိုင်ပြီး ဖြူဝင်းလာစေတာကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ အဟာရတွေကို ရရှိစေပြီး Double Milk နဲ့ Glutathnoie လည်း ပါဝင်လို့ အသားအရေကို ၃ ဆ ဖြူဝင်းလာစေမှာ ဖြစ်ပါတယ်။

The Skin House ရဲ့ Tomato Bath Cream & Body Essence
အသားအရေအတွက် ဆဲလ်အသစ်ဖြစ်ပေးစေခြင်းကို အထူးအားပေးပြီးအသားအရေ စိုပြေစေဖို့အတွက် သင့်တော်တဲ့ Tomato Bath Cream နဲ့ Body Essence ဖြစ်ပါတယ်။ ခရမ်းချဉ်သီး အဆီအနှစ်ကနေ ရရှိတဲ့ Lycopene ကို Nano Multivitamins A, B, C, E, K ၊ Hyaluronic Acid တို့နဲ့ ပေါင်းစပ်ပြူလုပ်ထားတာဖြစ်တဲ့အတွက် အသားအရေအတွက် အကျိုးပြုတဲ့ အဟာရ တွေပါဝင်ပါတယ်။ Bath Cream နဲ့ Body  Essence ကိုတွဲဖက် အသုံးပြုပေးခြင်းအားဖြင့် ကောင်းမွန် တဲ့ အသားရေးလေးကို ပိုင်ဆိုင်လာစေမှာ ဖြစ်ပါတယ်။