Primary tabs

Beauty Review

Bsc Honei v Whitening Body Lotion
Hebiscus Flower နှင့် ပျားရည်တို့ဖြင့် ပေါင်းစပ်ပြုလုပ်ထားသည်။ အသားအရေကို ဖြူဝင်းစေဖို့အတွက် အသုံးပြုနိုင်ပြီး Jojoba Oil နှင့် ဗီတာမင် E လည်း ပါဝင်တဲ့အတွက် ရေဓါတ်လည်းရရှိစေပြီး အသားအရေ စိုပြေစေနိုင်သည်။

Secret Garden Aqua Sooting Gel
ကိုရီးယားနိုင်ငံမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး အသားအရေ ညီညာမှုအတွက် အသုံးပြုနိုင်သည်။ Sooting  Gel အမျိုးအစားဖြစ်တဲ့အတွက် အသားအရေ အေးမြသောခံစားမှုကို ရရှိစေသည်။ နေလောင်ထားသော အသားအရေများအတွက် အထူးသင့်လျော်ပြီး ရေဓါတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်သည်။ တစ်ကိုယ်လုံး အသုံးပြုနိုင်သည်။

Zain Goldberry Cream 
Anti - Aging Nutritive Cream  အမျိုးအစား Zain  Goldberry Cream သည်  ဆေးဖက်ဝင် တိုင်းရင်းဆေး ရှစ်မျိုး၊ သာမန်ထက် ၃ ဆ အစွမ်းထက်သည့် ရွှေဝါရောင်နှစ်ရှည် ဂျင်ဆင်းတို့ပါဝင်တဲ့အတွက် အသားအရေကို ထိန်းသိမ်းပြုပြင်ပေးပြီး သွေးလည်ပတ်မှုကို အထူးကောင်းမွန်စေကာ လျော့တွဲနေသော အသားအရေကို အချိန်တိုအတွင်း တင်းရင်းစေသော အာနိသင်ရှိသည်။ ထို့အပြင် အသားအရေကို အာဟာရဓာတ် အပြည့်အဝ ပေးစွမ်းနိုင်သော Capsule လေးများ ပါဝင်သောကြောင့် မျက်နှာလိုင်းကို ပိုမိုတင်းရင်းပေါ်လွင်ပြေပြစ်စေတဲ့ Cream လေးဖြစ်လို့  Day  or Night အနေနဲ့ပါ အသုံးပြုနိုင်သည်။


Bsc Honei V UV Protection Facial Cream
Spf 50+ PA++ ပါဝင်တဲ့ နေလောင်ခံ မျက်နှာလိမ်း Cream ဖြစ်သည်။ UVA , UVB တို့ကို အဆ ၅ဝ အထိ ကာကွယ်ပေးထားပြီး ပျားရည်နဲ့ Cassia Alata Leaf Extract တို့ ပါဝင်တဲ့အတွက် သဘာဝ DNAကြောင့် ဖြစ်ပေးစေတဲ့ အသားအရေ
ပြဿနာများကို ကာကွယ်ပေးပါတယ်။ ရေဓါတ်ကို ကြာရှည်ကာကွယ်ပေးနိုင်သည်။


Bsc Honei V Shower Cream
ဂျပန်နိုင်ငံမှ ပျားရည်၊ ပျားနို့၊ ကိုရီးယားနိုင်ငံမှ Omiga berry စတဲ့တွေနဲ့ ပြုလုပ်ထားတဲ့ ရေချိုးဆပ်ပြာခရင်မ် ဖြစ်ပါတယ်။ အသားအရေအတွက် လိုအပ်တဲ့ Anti-osidant ကို တိုးပွားစေနိုင်တဲ့ အာ နိသင်ရှိခြင်းကြောင့် အသားအရေကို ကျန်းမာစေသည်။ ရေဓာတ်ကို အပြည့်အဝဖြည့်စွမ်းပေးနိုင်ပြီး နူးညံ့ပျော့ပြောင်းသော အသားအရေ ရရှိစေနိုင်သည်။ 


Bsc Honei V UV Whitening Powder Cake
ဆန်ဖြင့် ပြုလုပ်ထားသောကြောင့် အသားအရေကို ကြည်လင်ချောမွေ့စေပြီး မညီမညာသော အသားအရေများအတွက် သင့်တော်သည်။ နေလောင်ဒဏ် UV မှလည်း ကာကွယ်ပေးသည်။ အောက်ခံမိတ်ကပ်သား ပါဝင်သည်။