Primary tabs

Beauty Review

What :  Ma’suriCrystal Clear Series

Who : မည်သည့် အသားအရေပိုင်ရှင်မျိုးမဆိုသုံးစွဲနိုင်ပြီးအသားအရေကို ဖြူစင်ဝင်းပကာ တင်းရင်းလာစေပါသည်။ ဂျပန်နိုင်ငံတွင် အများဆုံးတွေ့ရှိသည့် ကမ္ဘာကျော် 'Camellia' ပန်းနှင့် ကိုရီးယားဆေးဖက်ဝင် တော်ဝင်ပန်း “၉”မျိုးကို ပေါင်းစပ်ထုတ်လုပ်ထားသည့် Special Skin Care Series ဖြစ်ပါသည်။ Camellia ပန်းတွင် ပါဝင်သည့် Omega 9 Fatty acid သည် အလွန်ထူး ခြားသောအဆီတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် အဆီဖြစ်သောလည်း ရေနှင့်အလွန်အလား သဏ္ဍာန်တူသောကြောင့် အေးမြပြီးအလွန်အဆီ ပြန်သော အသားအရေပိုင်ရှင်များပါ အသုံးပြုနိုင်ပါသည်။ အရေပြားအလွှာ (၃)လွှာတွင် အောက်ဆုံးလွှာအထိ အားဖြည့်ပေးနိုင်သောကြောင့် အသားအရေကို အတွင်းမှအပြင်အထိ ၀င်းမွတ်တောက်ပစေပါသည်။ အသားအရေအတွက် အကောင်းဆုံး Ph balance ကို ညှိပေးသည့် အပြင် နေရောင်၊ အခြားဓာတုပစ္စည်းနှင့် Hormone အပြောင်းအလဲများကြောင့် ဖြစ်ပေါ်နိုင်သည့် အသားအရေပျက်စီးမှုများနှင့် အိုမင်းရင့် ရော်မှုနှုန်းကိုလည်း ထိရောက်စွာလျော့ချပေး ပါသည်။

When :  Facial Foam, Toner, Emulsion, Cream ဟူ၍ product 4 မျိုးထုပ်လုပ်ထားပါသည်။ မျက်နှာသန့်စင်သည့်အခါ Facial Foam နှင့်သန့်စင်ပြီးနောက် Toner ၊ Emulsion နှင့် Cream တို့အား အဆင့်ဆင့်လူးသွားပေးပါ။

How : အရည်ပုံစံဖြစ်သောကြောင့် မျက်နှာသန့်စင်ရည်အား အနည်းငယ်ယူ၍ မျက်နှာသို့ပွတ်တိုက်သန့်စင်ပြီးနောက် ရေနှင့်ဆေးကြော ပါ။ ပြီးလျှင်မျက်နှာအား အမွှေးပွတဘက်ဖြင့် ခပ်ဖွဖွသုတ်ပြီး မျက်နှာခြောက်သည့်အချိန်တွင် Toner ၊ Emulsion နှင့် Cream တို့ပမာဏ အနည်းငယ်စီသင့်တင့်ရုံယူပြီး အသာအယာလိမ်းပေးပါ။

Where : AungKaungOo Trading Co.,Ltd (Tel : 225044, 228680, 705878) သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

 

What :  Catrice- Absolute Nude Eye shadow Palette

Who : အသားအရေအားလုံးအတွက် အထူးသင့်တော်ပြီး ပွဲနေပွဲထိုင်များပါ အသုံးပြုနိုင်ရန် ထုတ်လုပ်ထားသည်။ အရောင် (၆)ရောင် ထုတ်လုပ်ထားပြီး ပိုးသားကဲ့သို့ နူးညံ့သောအထိအတွေ့ကိုရစေရန် ဖန်တီးထားပါသည်။ အရောင်ပြေပြေလက်လက်ကလေးမှ ပုလဲပါတဲ့ ခပ်ရင့်ရင့်အရောင်များအထိပါ ထုတ်ထားသည်။ Catrice Smokey Eye brush နှင့် အရောင်တွေအား အလွယ်တကူရောစပ်လိမ်းခြယ်ပြီး ပန်းချီကားတစ်ချပ်သဖွယ် ကိုယ်တိုင်ခြယ်သနိုင်ပါသည်။

When : မျက်လုံးရှဲဒိုးခြယ်သည့်အခါတွင် အသုံးပြုရန်ဖြစ်သည်။

How : မျက်လုံးအရောင်ခြယ် ဘရပ်ရှ်နှင့် ပွတ်ယူပြီး မျက်ဝန်းပေါ်သို့ လိုအပ်သလိုစိတ်ကြိုက် ခြယ်မှုန်းပါ။

Where :            Super One (ကျိုက္ကဆံ)၊ ဂမုန်းပွင့်(ဘိုကလေး)၊ စိန်ဂေဟာ (ပါရမီ) (၁၉လမ်း) (ပြည်လမ်း)၊ Orange (တာမွေ)၊ (မြောက်ဥက္ကလာ) (Great Wall Shopping Mall- MDY) နှင့် Majesty Family Int’l Co.,Ltd  ဖုန်း - ၅၁၂၀၉၂၊ ၅၁၀၀၃၄ သို့ ဆက် သွယ်ဝယ်ယူနိုင်ပါသည်။

 

What :  LISANGE MX ECM CELL REPAIR HYPER ELASTIC DUAL LIFT MASK SHEET

Who : မျက်နှာအသားရေအား စိုပြေလှပလိုသော်လည်း အချိန်များစွာမပေးနိုင်သည့် လေဒီများအတွက် ထုတ်လုပ်ထားခြင်းဖြစ်သည်။ Dual Mask Sheet ဟု ဆိုထားခြင်းကြောင့် မျက်နှာပြင်အတွက် ကပ်ခွါ ၂ ခုပါဝင်သည်။ တစ်ခုသည် (T Zone) နဖူးနှင့်နှာတံနေရာရှိ အဆီခဲများကို အဆီမထွက်စေရန် ထိန်းချုပ်ပေးမည်ဖြစ်ပြီး နောက်တစ်ပိုင်းမှာမူ (U Zone) ပါးနှစ်ဖက်နှင့် မေးစေ့တွင်လိုအပ်သော အစို ဓာတ်နှင့် အာဟာရဓာတ်များကို ဖြည့်စွမ်းပေးမည်ဖြစ်သည်။

When : မျက်နှာသန့်စင်ပြီးမှ အသုံးပြုပါ။

How : အပေါ်ပိုင်းကပ်ခွါအား နဖူး ( T Zone) တွင် ကပ်ပါ။ အောက်ပိုင်းအား ပါးနှစ်ဖက် (U Zone) တွင်ကပ်ပါ။ အချိန် ၁၅ မိနစ်မှ ၂၀ မိနစ်ခန့်ထားပြီးပါက ကြည်လင်တောက်ပသောအသားအရေကိုရရှိမည်။

 

What :  Longiderm

Who : ၀က်ခြံ၊ တင်းတိပ်နှင့် မှဲ့ခြောက်ဖြစ် နေသူများအတွက် လောင်ဂျီဒန်မှ အထူးထုတ်လုပ်လိုက်ခြင်းဖြစ်ပါသည်။ Longiderm တွင် azelaic acid ပါဝင်သဖြင့် သဘာဝဒြပ်ပေါင်းအဖြစ် အသားအရေထိန်းသိမ်းမှုအတွက် မျက်နှာအရေပြားမှ အနက်ရောင်ခြယ်များကို ထိန်းညှိပေးသည်။ တင်းတိပ်ဖြစ်နေသော အသားအရေများကို မူလအသားအရောင်ဖြစ်အောင် ပြန်လည်ပြုပြင်ပေးပြီး  ၀က်ခြံဖြစ်စေသော ဘက်တီးရီးယားများကိုလည်း ထိရောက်စွာသေစေသည်။ ၀က်ခြံအကြီးအသေး နှစ်မျိုးလုံးအတွက်သုံးနိုင်ပြီး အမည်းစက်များကို လျော့ နည်းပျောက်ကင်းစေသည်။ FDA ခွင့်ပြုချက်ရရှိထားသည်။

When : မျက်နှာသန့်စင်ပြီးနောက်  အသုံးပြုနိုင်သည်။

How : ခရင်မ်အား အနည်းငယ်ယူပြီး အမည်းစက်နှင့် ၀က်ခြံဖြစ်သော နေရာတ၀ိုက်အား လိမ်းပေးပါ။

Where :            Knowledge House Trading Co.,Ltd  ဖုန်း - ၀၉၄၉၂၁၃၉၅၉၊ ၀၉၇၃၀၉၃၂၄၁ သို့ ဆက်သွယ်၍ ၀ယ်နိုင်ပါသည်။

 

What :  Bio-essence Bio-Energy Snail Repair Serum

Who : ပျက်စီးသွားသော အသားအရေကို မူလအခြေအနေ သို့ ပြန်လည်ရောက်ရှိ လိုများအား အသားအရေကို အသစ်တဖန်ပြန် လည် မွေးဖွားပေး မည်ဖြစ်သည်။ နောက်ဆုံးပေါ် နည်းပညာဖြင့် Bio-essence မှ ထုတ်လုပ်လိုက်ခြ င်းဖြစ်ပြီး အရေပြားအတွင်း လိုအပ်သော အာဟာရဓာတ်များကို ဖြည့်တင်းပေးမည်။ ပုံမှန်သုံးစွဲပါက အသားအရေအား တင်းရင်း လှပစေပြီး အရေးကြောင်းများ လျော့နည်းသက်သာ လာမည်ကို တွေ့ရှိရမည်။

When : မျက်နှာသန့်စင်ပြီးနောက်တွင် သုံးနိုင်ပါသည်။

How : အရည်ပုံစံဖြစ်သောကြောင့် မျက်နှာပြင်အနှံ့သို့ ပမာဏအနည်းငယ်ယူ၍ အသာအယာပွတ်လိမ်းပေးပါ။

Where : Bio-essence ကောင်တာနှင့် အမြို့မြို့အနယ်နယ်ရှိ အလှကုန်ကောင်တာများတွင်ဝယ်ယူနိုင်သည်။

 

What : ENPRANI UV Essence Covering Cushion (SPF 50 PA++)

Who : အသားအရေအားလုံးနှင့် သင့်တော်ရန်ထုတ်လုပ်ထားပြီး သန့်စင်သော Mineral water (ဓာတ်သတ္တုရည်) ၃၀ ရာခိုင်နှုန်းပါဝင် ခြင်း၊ White Gold ၊ Caviar ၊ Green Tea နှင့် ပုလဲ၊ သန္တာစသော သဘာဝပစ္စည်းများဖြင့် ဖော်စပ်ထားသည်။  HD Micro Cover နည်း ပညာကြောင့် အသားရေကိုညီညာစေပြီး ပင်ပန်းနေသော အသားအရေအား အေးမြကြည်လင်စေသည်။ Caviar နှင့် ပျားရည်အဆီအနှစ် များက အသားရေကိုတောက်ပလှပစေပါသည်။

When : မျက်နှာသန့်စင်ပြီးနောက် နှစ်သက်ရာ အောက်ခံခရင်မ်တစ်ခုလိမ်းပြီးမှ နောက်တစ်ဆင့် အဖြစ်အသုံးပြုပါ။

How : ပါဝင်သော puff နှင့် အသာအယာဖိ၍ သင့်တော်သောပမာဏကိုယူပြီး မျက်နှာပြင်ပေါ်သို့ အသာအယာပုတ်ရိုက် လိမ်းပေးပါ။

Where : ENPRANI နှင့် Coreana ကောင်တာများတွင် ၀ယ်ယူနိုင်ပါသည်။

 

What :  Essence Beauty Accessory

Who : မျက်နှာမိတ်ကပ်ခြယ်သရာတွင် လိုအပ်သော အလှပြင်ပစ္စည်းများအား Essence မှ ထုတ်လုပ်ရောင်းချပါသည်။ ပါးနီခြယ်ရာတွင် လိုအပ်သော Blush Brush  ၊ မျက်တောင်တုတပ်ရာတွင် လိုအပ်သော Fancy Lashes ၊ မျက်လုံးအိုင်းလိုင်နာဆွဲရာတွင် လိုအပ်သော Gel Eye Liner Brush ၊ ပေါင်ဒါလိမ်းရာတွင် လိုအပ်သော Powder Brush ၊ ရှဲဒိုးခြယ်ရာတွင် လိုအပ်သော Smokey Eye Brush ၊ နှုတ် ခမ်းနီ ချွန်ရာတွင် လိုအပ်သော ချွန်စက်များ၊ ဘရပ်ရှ်မျိုးစုံပါသော Brush Set များကို ၀ယ်ယူနိုင်ပါသည်။

When :နှစ်သက်ရာအချိန်တွင် အသုံးပြုပါ။

Where :တော်ဝင်စင်တာ (မြေညီထပ်)၊ City Mart (Junction Mawtin) ၊ ဂမုန်းပွင့် (ဘိုကလေး) ၊ ကျိုက္ကဆံစူပါဝမ်း ၊ Diamond Palza (MDY)  နှင့် ဖုန်း - ၀၉၄၃၁၃၈၈၆၈ သို့ ဆက်သွယ်ဝယ် ယူနိုင်ပါသည်။

 

What :  EVELINE Pure Control Specialized Moisturizing Cream

Who : ချွေးပေါက်ကျယ်၍ စိတ်ညစ်နေသူများနှင့် အသားအရေကျိန်းစပ် တတ်သူများအတွက် သင့်တော်သည်။ အမည်းစက်ဖြစ် ပွားခြင်းနှင့် အစက်အပျောက်များကို လျော့နည်းပျောက် ကင်းစေပြီး ချွေးပေါက်များကို သိသာစွာ ပုံမှန်အဖြစ်သို့ ရောက်ရှိစေမည်။ ရေ ဓာတ်ပါဝင် ထုတ်ထားသဖြင့် မျက်နှာကို အစိုဓာတ်ကောင်းစွာပေးပြီး အသားရောင်ကို ညီညာစေခြင်း၊ အသားအရေအား အဆီမပြန်ပဲ တစ်နေ့တာလုံး ကြည်လင်စေပြီး လန်းဆန်းတက်ကြွနေစေသည်။

When : မျက်နှာသန့်စင်ပြီးနောက် တိုနာသုံးပြီးအသုံးပြုပါ။ နံနက်နှင့် ည ၂ ကြိမ်သုံးနိုင်ပါသည်။

How : ခရင်မ်ပုံစံဖြစ်သောကြောင့် သင့်တင့်သော ပမာဏအနည်းငယ်ယူပြီး မျက်နှာပြင်ပေါ် သို့ လိမ်းပေးပါ။

Where : အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင်များနှင့် ရှိုင်းခန့်ကုမ္ပဏီ ဖုန်း - ၃၉၉၀၈၁၊ ၃၉၉၁၇၆ သို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။