Primary tabs

Beauty Review

Skin 79 Seoul Girl’s Beauty Secret Mask
ရေဓာတ်ခမ်းခြောက်နေတဲ့ အသားအရေပိုင်ရှင်တွေ၊ မဲညစ်နေတဲ့ မျက်နှာပိုင်ရှင်တွေ၊ မျက်နှာကို ဖြူစင်ဝင်းမွတ်ချင်တဲ့သူတွေအတွက် အထူးအဆင်ပြေသင့်လျော်တဲ့ Mask လေးပါ။
ထူးခြားတဲ့အားသာချက်တွေက - မျက်နှာကို ရေဓာတ်အပြည့်ဝပေးပြီး ဖြူစင်တောက်ပစေတဲ့ Brightening Care ပါဝင်ခြင်း၊ မျက်နှာအသားရေနီမြန်းပြီး မညီညာဖြစ်နေတဲ့သူတွေအတွက် Sooty လုပ်ပေးသော Soothing Care ပါဝင်ခြင်း၊ အသားရေမွဲခြောက်ပြီး ရေဓာတ်ကို ပြန်လည်ဖြည့်တင်းလိုသူတွေအတွက် Moisturizing Care ပြန်လည်ဖြည့်တင်းလိုသူတွေအတွက် Moisturizing Care ပါဝင်ခြင်းတွေကြောင့်  ကျန်းမာလှပတဲ့ မျက်နှာကိုပိုင်ဆိုင်ရမှာပါ… ပုံမှန်အသား အရေအတွက်လည်း လိုအပ်တဲ့ အဟာရဓာတ်တွေ ကိုလည်း ဖြည့်တင်းပေးနိုင်တဲ့ Vital Care ဆိုပြီး (၄)မျိုး ထုတ်ထားပါတယ်။
Facial Cleasing လုပ်ပြီး Tonar အသုံးပြုပြီးနောက် မျက်နှာ Shape အတိုင်းကပ်ပေးရပါမယ်။ (၁ဝ-၁၅)မိနစ်ထားပြီးပါက မျက်နှာပေါ်ကျန်နေသော Essence များကို အသားထဲစိမ့်ဝင်အောင်လိမ်းပြီးအိပ်စက်နိုင်ပါတယ်။
အသုံးပြုရလွယ်ကူပြီး အသားအရေအတွက် ထိရောက်မှု အရှိဆုံး Mask လေးပါ။


Wet & Wild Matte Lip Stick
ရှားပါးတဲ့ အရောင်အဆန်းလေးတွေနှင့် နှုတ်ခမ်းသားကို မပျက်စီးစေပဲ တစ်နေကုန် အရောင်မပြောင်းလဲတဲ့ Wet & Wild  matte lip stick လေးတွေရဲ့ အားသာချက်ကတော့ Glossy ပါတဲ့ lip stick ကိုမကြိုက်ကြတဲ့ မိန်းကလေးတွေအတွက် wet & wild ရဲ့  Megalast Liquidf Catsuit matte lipstick က dramatic look lip colour လေးတွေနဲ့ ဖြည့်ဆည်းပေးလိုက်ပါတယ်။
နှုတ်ခမ်းသားနဲ့လည်း ဆိုးထားရင် တစ်ထပ်တည်းကျနေတဲ့ အရသာကို ခံစားရမှာပါ။
Gloosy type ကို ပုံစံပြောင်းထားတဲ့ High-pigmented matte finish လေးတွေက အရောင်ထွက်မှန်ကန်စေပြီး နှုတ်ခမ်းလေးတွေကို ဖူးဖူးလေးလှစေမှာပါ။
Light weight formula နဲ့ ပြုလုပ်ထားလို့ စေးကပ်ကပ် မဖြစ်ပဲ အရောင်စိုစို Vivid colour လေးများဖြစ်ခြင်း၊ နှုတ်ခမ်းအပေါ်မှာ ခြောက်သွ့ပြီး colour လှပစွာပေးခြင်း၊ နှုတ်ခမ်းနှင့် တသားတည်းလို့ ထင်ရလောက်အောင် comfortable wear ဖြစ်ခြင်း၊ wet n wild brand ကတော့ အမေရိကန် နိုင်ငံ Los Angeles မြို့ အခြေစိုက် Brand တစ်ခု ဖြစ်ပြီး Comestic Award ဆုကိုရရှိထားတဲ့ Brand ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ ဆိုးနိုင်ပါတယ်။


Wet n Wild Photo Focus Pressed Powder
Photo Focus Pressed Powder ကတော့ အဆီပြန်တတ်တဲ့ မျက်နှာအသားအရေတွေအတွတ် အဆင်ပြေစေမယ့် Presed Powder လေးပါ။ Photo Focus Powder ကို အိတ်ဆောင်ထား ခြင်းဖြင့် တစ်နေကုန် အဆီပြန်ခြင်းကို  ကင်းဝေးစေပြီး သဘာဝအတိုင်း နူးညံ့ညက်ညောတဲ့ အသားအရေကိုရရှိစေတဲ့အပြင် photo snap shot လေးတွေရိုက်တဲ့အခါ စိတ်တိုင်းကြတဲ့ မျက်နှာလေးကို ရရှိစေမှာပါ။ 
Light-diffusing pigments လေးကတော့ သဘာဝဆန်တဲ့ ဖြူစင်ဝင်းပမှုကိုပေးပြီး ပြည့်စုံတဲ့ အလှကို ရရှိစေပါတယ်။ လိမ်းထားရင်လည်း ညီညာချောမွတ်ပြီး Photo focus foundation လေးနှင့် တွဲဖက်အသုံးပြုနိုင်ပါတယ်။ ထူးခြားချက်တွေကတော့ နူးညံ့ချောမွတ်သော အသားအရေကို ပေးစွမ်းခြင်း၊ အဆီပြန်ခြင်းမှ တစ်နေကုန်ကင်းဝေးခြင်း၊ အသားအရောင်အတိုင်း ညက်ညော လှပစေပြီး တင်းတိပ်၊ မှဲ့ခြောက်တို့ကိုဖုံးအုပ်နိုင်ခြင်းကြောင့် ယုံကြည်မှုရှိစေတဲ့ pressed powder လေးဖြစ်ပါတယ်။

Wet n Wild Photo Focus Concelar
Selife tested creamy and luminous concelar လေးဖြစ်လို့ လိုအပ်ချက်များကို ဖြည့်ပေးကာ photo ရိုက်စဉ် ဖြစ်ပေါ်စေတတ်သော ရောင်ပြန် ခုနှစ်မျိုးမှကင်းလွတ်စေပါတယ်။
High coverage effect ပါဝင်သောကြောင့် skin ပေါ်ရှိ အမာရွတ် အမဲစက်တွေကို ထိရောက်စွာ ဖုံးအုပ်ပေးနိုင်ပါတယ်။ နေရောင်အောက်မှာ ရိုက်သောအခါ၊ ညနေခင်းအမှောင်ရီချိန် ရိုက်သောအခါ၊ မီးရောင်အောက် အလင်းပြန်ခြင်း၊ night out ထွက်တဲ့အခါတွေမှာ အတောက်ပဆုံး ပြေပြစ်ဆုံးဖြစ် အောင် Luminous concelar လေးက ပေးစွမ်းနိုင်ပါတယ်။


Wet & Wild Coloricon Bronzer
ညိုဝင်းပြီးဆွဲဆောင်မှုရှိတဲ့ bronzer လေး ကို သုံးကြည့်ချင်ရင်တော့ wet & wild coloricon bronzer လေးက ဝင်းဝင်းလေးနှင့် ဆွဲဆောင်မှုရှိစေမှာပါ။
Bronzer လောကမှာ နာမည်ကြီးပြီး bronzer တွေရဲ့ ဖခင်အဖြစ် တင်စားရတဲ့ Hunky guy က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ (Oil free) Fomula နဲ့ wet & wild ရဲ့ colour icon bronzer လေးကိုထုတ်ထားပါတယ်။ Oprah Magazine O-Ward ရဲ့ ဆုတံဆိပ် ရ အကောင်းဆုံး bronzer ဖြစ်ပြီး UVB ဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။


OPPEN ORANG EIR SKIN CARE
Oppen Orang Eir Skin Care ကတော့ အသားအရေတိုင်းနှင့်အဆင်ပြေစေနိုင်တဲ့ Clear up water ဖြစ်ပါတယ်။ အရောင် (၃)ရောင်နှင့် ထုတ်လုပ်ထားပါတယ်။ တစ်ရောင်ခြင်းဆီရဲ့ အားသာချက်တွေကတော့... No(1) - အပြာရောင် (Blue) Oppen Orang Eir ကတော့ အသားအရေကို ကြည်လင်စေပြီး စိမ့်ဝင်မှု အားကောင်းစေသောကြောင့် ဆဲလ် အဟောင်းများကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်များ ပြန်လည် ဖြစ်ပေါ်စေသောကြောင့် အသားအရေကို ပိုမို ကြည်လင်ဝင်းမွတ်စေပါတယ်။ No(2) - အဝါရောင် (Yellow) Oppen Orang Eir ကတော့ အသားအရေပျက်စီးခြင်းကို ကာကွယ်တားဆီးပေးပါတယ်။ အစိုဓာတ်ကို ရရှိစေပြီး အသားအရေခြောက်သွေ့ ကြမ်းတမ်းမှုကို လျော့နည်းစေပြီး စိုပြည်ချောမွတ်လာစေပါတယ်။ No(3) - အနီရောင် (Red) Oppen Orang Eir ကတော့ Alcohol မပါဝင်တဲ့အတွက် အသားအရေ ပူစပ်မှာမစိုးရိမ်ရဘဲ အမဲစက်များဖြစ်ပေါ်မှု အသားအရေညစ်နွမ်းမှုကို အဓိက ကာကွယ်ပေးနိုင်လို့  ဖြူစင်ဝင်းမွတ်လာစေပါတယ်။

မိမိအသားအရေနှင့် လိုက်ဖက်ရှိတဲ့ အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်ပြီး သဘာဝအသီးများကရရှိတဲ့ အာနိသင်တွေကြောင့် ယုံကြည်စိတ်ချစွာသုံးစွဲခြင်းဖြင့် လှပချောမွတ်စေနိုင်ပါတယ်။ မျက်နှာသစ်ပြီးနောက် Cotton တွင် 2~2.5cm လောက်ဆွတ်ပြီး နေရာအနှံ့သုတ်လိမ်းပေးပါ။