Primary tabs

Beauty Review

What     : Nature’s Secrets Men’s Anti Wrinkle Night Cream(60ml)

Who      : အသားအရေကို ဂရုစိုက်ကာ နုပျိုမှုကို မြတ်နိုးသော အမျိုးသားများအတွက် အထူးထုတ် ထားခြင်းဖြစ်သည်။ Virgin Coconut Oil မှရရှိသော Sodium Hyaluronate ပါ ၀င်ခြင်းကြောင့် အမျိုးသားများ ၏ မျက်နှာပြင်ပေါ်ရှိ အရေး ကြောင်းများကို မြန်ဆန်စွာသိ သာပျောက်ကင်းစေသည်။ အသားအရေကို နူးညံ့ချောမွေ့လာကာ စိုပြေကောင်းမွန်လာစေ ပါသည်။

How      : ခရင်မ်အား မျက်နှာသန့်စင်ပြီးနောက် အဆင့်တွင် မျက်နှာပြင်အနှံ့သို့ လက်ချောင်းထိပ်လေးများဖြင့် ဆွဲယူကာ ပင့်တင်သည့်ပုံစံဖြင့် လိမ်းပါ။

When    : မျက်နှာသန့်စင်ပြီးနောက် လိမ်းပါ။

Where   : www.amethystcoltd.comamethystmyanmar@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး ဖုန်း - ၀၁-၅၄၄၆၇၈၊ ၀၉၄၄၄၀၁၆၂၆၉ သို့ ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

 

What     : LISANGE MX  TIME STOP CREAM SET

Who      : မျက်နှာပြင်အသားအရေကို တင်းရင်းကာ အိုမင်းခြင်းကို ရပ်တန့်စေနိုင်ရန် အထူးထုတ်ထားခြင်းဖြစ်သည်။ Time Stop Cream ဟု ဆိုထားခြင်းကြောင့် အပေါ်ယံ အရေပြားလွှာမှသည် အောက်ခြေထိ ထိုးဖောက်စိမ့်ဝင်ရောက်စေ ရန် နည်းပညာသစ်ဖြင့် တီထွင်ဖေါ် စပ်ထားပြီး အရေပြားကို အကောင်းဆုံး အကျိုးသက်ရောက်စေ သည်။ ပုံမှန်သုံးစွဲပေး ခြင်းဖြင့် အရေပြားတွန့်ခြင်းကို ကာကွယ်နိုင်ပြီး သုံးစွဲသူ၏ အသက်အရွယ်ကို လက်တွေ့ထက် ငယ်ရွယ်နုပျိုစေ သည်။ တစ် ကြိမ်သုံးစွဲပြီးသည်နှင့် အရေပြားတင်းရင်း လာမှုကို သိသာစွာလက်တွေ့ခံစားရပြီး ထိခိုက်လွယ်သော အသားရေပိုင်ရှင်များ ပင် စိတ်ချစွာအသုံးပြုနိုင်သည်။

How      : ခရင်မ်အား မျက်နှာနေရာအနှံ့သို့ ပွတ် သပ်လိမ်းပေးပါ။

When    : Toner ၊ Essence နှင့် Emulsion ကို အသုံးပြုပြီးနောက် Time Stop Cream ကို အသုံးပြု ရပါမည်။

Where   : Lisange ကောင်တာများတွင် ၀ယ်ယူ နိုင်သည်။

 

What     : Ma’suri "Bewitched Make - up foundation" - Color Stay Creamy foundation

Who      : အချိန်တိုအတွင်း ပြေပြစ်လှပသော မျက်နှာအလှကို ဖန်တီးလိုသောသူများ အတွက် အဆင်ပြေစေသည်။ မျက်နှာအား မည်သည့် ရှုထောင့်မှမဆို လှပစေရန် Minerall Particle လေးများနှင့် ခရင်မ်ပုံစံပေါင်းစပ် ထုတ်လုပ်ထား သည်။ နေရောင်မှ ကာကွယ်နိုင်စွမ်း SPF 25 PA +++ ပါဝင်သဖြင့် နေလောင်ဒဏ်မှ လည်း ကာကွယ်ပေးနိုင်သည်။

How      : မိတ်ကပ်မှာ အချိန်ကြာကြာခံစေရန် ထုတ်လုပ်ထားသဖြင့် မျက်နှာပေါ်တွင် ဖေါင်ဒေးရှင်းအား အနည်းငယ်စီ တင်၍ နေရာအနှံ့သို့ လိမ်းပေးပါ။

When    : မျက်နှာအားသန့်စင်ပြီးနောက် စတင်လိမ်းနိုင်ပါသည်။

Where   : AungKaungOo Trading Co.,Ltd  (ဖုန်း - ၀၁ -၂၂၅၀၄၄၊ ၀၁- ၇၀၅၈၇၈) သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

What     : Ma’suriBewitched long lasting 2 way

Who      : အပြစ်အနာဆာအားလုံးနှင့် အဆီပြန်ခြင်းကို တစ်နေ့တာလုံးကာကွယ်ပေးပြီး အသားရေကို လင်းလက်တောက် ပလိုသောသူများအတွက် ဖြစ်သည်။ ပါးလွှာပြောင်လက်သော အလင်းပြန်ပေါင်ဒါမှုန့်လေးများနှင့် မိတ်ကပ်သားအား ပေါင်းစပ် ထားခြင်းကြောင့် တစ်မျိုးထဲသုံးရုံနှင့် သိပ်သည်းလှပစေသည်။ မိတ်ကပ်အပေါ်မှ ထပ်လိမ်းလျှင်လည်း မျက်နှာ အားပြေပြစ်ကာ ချောမွေ့စေသည်။

How      : ပေါင်ဒါတူဝေး ပုံစံဖြစ်သောကြောင့် ပက်ဖ်ဖြင့် မျက်နှာအားအသာအယာပုတ်လိမ်းရုံပင်ဖြစ်သည်။

When    : တစ်မျိုးထဲ လိမ်းလျှင်သော်လည်း ကောင်း၊ ဖေါင်ဒေးရှင်း လူးပြီးမှ အပေါ်မှ ထပ်မံ၍လူးခြင်းဖြင့် လည်းကောင်း အမျိုးမျိုးအသုံးပြုနိုင်ပါသည်။

Where   : AungKaungOo Trading Co.,Ltd  (ဖုန်း - ၀၁ -၂၂၅၀၄၄၊ ၀၁- ၇၀၅၈၇၈) သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

 

What     : essence CIRCUS CIRCUS Cosmetics

Who      : လင်းလက်တောင်ပသော ပုံစံသစ်၊ မွှေးပျံ့သောရနံ့သစ်တို့ဖြင့် ပုံစံတစ်မျိုး ဆန်းစွာ ထုတ်လုပ် ထားခြင်းကြောင့် အသစ်ကိုနှစ်သက်သော ပျိုမေများအတွက် သင့်တော်သည်။ လင်းလက်သော အမှုန်လေးများဖြင့် ထူးခြား လှပစေသည့် အိုင်းရှဲဒိုး၊ အိုင်းလိုင်နာ၊ ရေမွှေးနှင့် လက်သည်းနီ၊ နှုတ်ခမ်းနီတို့အား ထုတ်လုပ်ထားပါသည်။

How      : နှစ်သက်ရာအချိန်တွင်အသုံးပြုပါ။

Where   : တော်ဝင်စင်တာ (မြေညီထပ်)၊ City Mart (Junction Mawtin) ၊ ဂမုန်းပွင့် (ဘိုကလေး)၊ ကျိုက္ကဆံစူပါဝမ်း၊ Diamond Palza (MDY) နှင့် ဖုန်း - ၀၉၄၃၁၃၈၈၆၈ သို့ ဆက်သွယ်ဝယ်ယူ နိုင်ပါသည်။

 

 

What     : Coreana Premium Vital Recovery BB Cream Pact SPF 50 PA +++(12 g)

Who      : ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်လိုပြီး တနေ့တာလုံး အဆီပြန်ခြင်းမရှိ လှပကာ ၀င်းမွတ်လိုသောသူများ အတွက်ဖြစ်သည်။ နေရောင်မှလာသော ခရမ်းလွန်ရောင်ခြည်နှင့် အနီအောက်ရောင်ခြည်များကို လိမ်းထား စဉ်တပြိုင်နက် တည်း အသားရေကို မထိစေရန် ကာ ကွယ်ပေးထားသည်။ စိုပြေနူးညံ့သောအထိအတွေ့နှင့် မျက်နှာပေါ်တွင် စွဲအား ကောင်းစေရန် နောက်ဆုံးပေါ် နည်းပညာများဖြင့် ပြုလုပ် ထားသော BB Cream Pact ဖြစ်သည်။

How      : ခရင်မ်ပဖ်အား မျက်နှာနေရာအနှံ့သို့ ညီညာစေရန် ခပ်ဖွဖွတို့ထိ၍လိမ်းပေးပါ။

When    : မျက်နှာသန့်စင်ပြီး ဖေါင်ဒေးရှင်းလူးပြီးနောက်တွင် စတင်အသုံးပြုနိုင်သည်။

Where   : Coreana ကောင်တာများတွင် ၀ယ်ယူ နိုင်သည်။

 

What     : MIZON  London holic Fitting Foundation  SPF 30 PA++

Who      : မျက်နှာအသားရေအား သဘာဝကျကျဝင်းမွတ် လှပကာ တစ်နေ့တာလုံးပေါ့ပါး လန်းဆန်းလှပလိုသောသူများ အတွက် Mizon မှ ထုတ်ထားခြင်းဖြစ်သည်။ ပူပြင်းလာသော နေရောင်ခြည်ဒဏ်အား ကာကွယ်နိုင်ရန် SPF 30 ထည့်သွင်း ထားပြီး အသားရေပေါ်တွင် စွဲကပ်အား ကောင်းစွာတာ ရှည်ခံစေရန် ဖေါ်စပ်ထား သည်။

How      : အောက်ခံ မိတ်ကပ်ရည်ဖြစ်သဖြင့် မျက်နှာပေါ်သို့ ပမာဏအနည်းငယ် စီယူပြီး အသာအယာပွတ်လိမ်းပေးပါ။

When    : မျက်နှာသန့်စင်ပြီးနောက်တွင် Toner တို့အသုံးပြုလိုလျှင်သုံးပြီး၊ မိတ်ကပ်ရည်အား စတင်လူးနိုင်သည်။

Where   : Mizon ကောင်တာများတွင် ၀ယ်ယူနိုင် သည်။

 

What     : THE FACE SHOP Artist Touch Lipstick

Who      : အသည်းယားချင် စရာကောင်းအောင် လှပသော အပြုံးတစ်ပွင့်ကို ပီပြင်စွာဖန်တီးလို သောသူများအတွက် ထုတ်ထား သည်။ နှုတ်ခမ်း အား ရေဓါတ်အပြည့်အ၀ဖြည့်တင်းပေးနိုင်ရန် Moisture ထည့်သွင်းပေး ထားသည်။ နှုတ်ခမ်း သားအောက်ခံ အစိုလိမ်းစရာမလိုဘဲ တစ်မျိုးတည်းနှင့် ပြီးပြည့်စုံ လှပစေသည်။ နှုတ်ခမ်းသားအား အိထွေးစိုပြေလှပနေသ ဖြင့် အရေးကြောင်းနှင့်ခြောက်သွေ့ခြင်း များ၊ အဖတ်များ မဖြစ်စေပါ။

When    : နှစ်သက်ရာအချိန်တွင် အသုံးပြုနိုင်သည်။

How      : ပုံမှန်နှုတ်ခမ်းနီဆိုးသည့်အတိုင်းပင်  နှုတ်ခမ်းပေါ်တွင် အသာအယာပွတ်ဆွဲပြီး ဆိုးရုံပင်ဖြစ်သည်။

Where   : The Face Shop ဆိုင်ခွဲတိုင်းတွင် ၀ယ်ယူနိုင်သည်။