Primary tabs

Beauty Review

What:   Ma’suri  Acerola Berry Series (Facial Foam , Toner , Emulsion , Cream)

Who :   အသားအရေကိုအမြန်ဆုံး ဖြူစင်ဝင်းပလှပကာ စိုပြေလိုသူများအတွက် အထူးထုတ်ထားခြင်းဖြစ်သည်။ Amazon အမဇုန်သစ် တောတွင်တွေ့ရသော အနီရောင်ဘယ်ရီသီးတို့၏ အဆီအနှစ်များဖြင့်သာ ထုတ်လုပ်ထားခြင်းကြောင့် ရေဓာတ်ကို ထိန်းသိမ်းပေးပြီး အသားအရေကို စိုပြေလှပလာစေသည်။ ဘယ်ရီသီးတွင် ဗီတာမင်(စီ) ၊ Anti oxidant နှင့် အခြားအစွမ်း ထက် သတ္တိများပါဝင်သော ကြောင့် တစ်လ အတွင်းအသားကို ဖြူစင်လာစေပြီး တင်းတိပ်၊ မှဲ့ခြောက်၊ အမဲစက်များ အားပျောက်ကင်းကာ အသက် အရွယ်ကြောင့် ဖြစ် ပေါ်လာသော အစက်များအားလည်း ပျောက်ကင်းလျော့နည်းစေသည်။

When :  မျက်နှာသန့်စင်လိုသည့်အခါ Facial Foam ကိုအသုံးပြုနိုင်သည်။ ပြီးလျှင် Toner ၊ Emulsion နှင့် Cream တို့အား အဆင့်ဆင့် သုံးသွားရုံပင် ဖြစ်သည်။

Where :                        Aung Kaung Oo Trading Co.,Ltd  ဖုန်း - ၀၁-၂၂၈၆၈၀ ၊ ၀၁-၂၂၅၀၄၄ သို့ ဆက်သွယ်ဝယ်ယူနိုင်သလို Beauty Credit ကောင်တာများတွင်လည်းဝယ်ယူနိုင်သည်။

 

What :  Nature’s Secrets  Series

Who :   မျက်နှာသန့်စင် Face Wash တွင် Lotus နှင့် Gotukola (၂)မျိုးရှိပြီး ထည့်သွင်းထားသော ကော်လာဂျင် Collagen ကြောင့် အသားအရေအား တင်းရင်းလှပစေပြီး မျက်နှာပေါ်ရှိအရေးကြောင်းများအား ပျောက်ကင်းစေသည်။ အသားအရေမညီညာမှုကို ပြန် လည်ထိန်းညှိပေးပြီး အသားအရေ အားခြောက်သွေ့ခြင်းမှ ကာကွယ်ပေး သည်။ မျက်နှာလိမ်း Face Cream တွင် ဆန်လုံးညို ၊ အုန်းအဆီ များပါဝင်ပြီး ရှားစောင်းလက်ပတ် အထူးပါဝင်ဖော်စပ်ထားသဖြင့် ပျက်စီးနေသော ဆဲလ်များအား ပြန်လည်ကောင်းမွန်ပြီး အရေး ကြောင်းများ လျော့ကျသက် သာကာ နေလောင်ကွက်များကို တားဆီးပျောက်ကင်းစေသည်။ Body Lotion တွင်လည်း ရှားစောင်း ထည့် သွင်းထားသဖြင့် နူးညံ့ချောမွေ့သော အသားအရေကိုပိုင်ဆိုင်စေမည်။ ခြေထောက်လိမ်းခရင် Foot Care Cream သည် ခြေထောက်မှ အနံ့ဆိုးထွက်သော သူများ အထူးအဆင်ပြေစေရန် ထုတ်ထားသည်။ ပုံမှန်သုံးစွဲပါက ခြေဖနောင့်ကွဲခြင်းကို ပျောက်ကင်းစေပြီး ခြေဖ၀ါး ခြောက်သွေ့ခြင်းကို နူးညံ့စိုပြေစေသည်။ ဆောင်းရာသီ တွင်ဖြစ် ပွားသော ခြေဖ၀ါးယားယံခြင်းများကို နှစ်ပတ်အတွင်း သိသာစွာ သက်သာစေသည်။

When :  မျက်နှာသန့်စင်သည့်အခါ Face Wash ကိုသုံးပါ၊ မျက်နှာခြောက်သွေ့သွားပြီးနောက် Face Cream အားလိမ်းပေးနိုင်သည်။ ခန္ဓာကိုယ်အား စိုပြေလှပလိုသော အချိန်တိုင်း Body Lotion အားအသုံးပြုပါ။

Where :                        Aung Kaung Oo Trading Co.,Ltd  ဖုန်း  - ၀၁ ၂၂၅၀၄၄ ၊ ၀၁ ၂၂၈၆၈၀ သို့ဆက်သွယ်ဝယ်ယူနိုင်သည်။  

 

What :  ENPRANI COSMETICS (Delicate Radiance Shadow , Blusher , Lipstick , Lipgloss)

Who :   စွဲမက်ဖွယ်ကောင်းသော မျက်ဝန်း အလှ၊ နှုတ်ခမ်း အလှနှင့် ပါးမို့မို့တို့အား ဖန်တီးလိုသော သူများအတွက် နောက်ဆုံး ထုတ် လုပ်ထားသော ပစ္စည်း များဖြစ် သည်။ နူးညံ့သော ပိုးသား အသွင် ထိတွေ့ခံစားရရှိစေ ရန် ရှဲဒိုးနဲ့ပါးနီ တို့အား ပြုလုပ်ထားပြီး လင်းလက် လှပစေမည်ဖြစ်သည်။ နှုတ်ခမ်း နီနှင့် အရောင်တင်ဆီ တွင် နေကြာစေ့၏အဆီအနှစ်များ၊ ဗီတာမင်(E) နှင့် ပုလဲမှရရှိသော ပရိုတင်း ဓာတ်များကို ထည့်သွင်းဖော်စပ်ထားသဖြင့် အချိန် (၁၂)နာရီကြာအောင် စိုပြေရွှန်း လဲ့နေစေမည်။ နှုတ်ခမ်းသားအား စေးကပ်ခြင်းမရှိ ညီညာလှပနေစေမည်ဟု ဆိုထားသည်။

When: နှစ်သက်ရာအချိန်တွင်အသုံးပြုပါ။

Where:တော်ဝင်စင်တာ ၊ Juction Square နှင့် အမြို့မြို့အနယ်နယ်ရှိ စတိုးဆိုင်ကြီးများတွင် ၀ယ်ယူနိုင်သည်။

 

What :  Coreana  Premium Wrinkle Solution Neck Cream

Who :   လှပကျော့ရှင်းတင်းရင်းသော လည်ပင်းအလှကို ပိုင်ဆိုင်လိုသူများ အတွက်ဖြစ်သည်။ မဲလ်နင် Melanin ရောင်ခြယ်ဆဲလ် များ ထွက်ရှိမှုကို တားဆီးပေးနိုင်ခြင်း၊ အရေး အကြောင်းများ ကွယ်ပျောက်စေပြီး အသားအရေအား တလက်လက်တောက်ပစေသော ခရင်မ်ဖြစ်ခြင်း၊ ခြောက်သွေ့ညိုမဲနေသော လည်ပင်းအသားအရေကို ၀င်းပသွားသော Tone Up လည်ပင်းလိမ်း သီးသန့် ခရင်မ်ဖြစ်ခြင်း တို့ကြောင့် အကျိုးအာနိသင်များစွာ ပါဝင်ပါသည်။

When :  နံနက်(၁)ကြိမ် နှင့် ညအိပ်ရာမ၀င်မီ(၁)ကြိမ်လိမ်းပေးပါ။

How :   ခရင်မ်ဖြစ်သောကြောင့် အနည်းငယ်ယူ၍ လည်ပင်းအား အောက်မှမေးရိုးအပေါ်သို့ ဆွဲယူသောပုံစံဖြင့် အသားထဲ စိမ့် ၀င်စေရန် အသာအယာလိမ်းပေးပါ။

Where :            Uniq Han(ဦးဝိစာရလမ်း) ၊ Best 149 ၊ Juction Square ၊ Junction Mawtin ၊ တော်ဝင်(Blazon) ရှိ Coreana ကောင်တာ များနှင့် အမြို့မြို့အနယ်နယ်ရှိ စတိုးဆိုင်ကြီးများတွင် ၀ယ်ယူနိုင်သည်။

 

What :  Bewitched Makeup Base – Peal Shine

Who :   ကြွေရုပ်ကလေးကဲ့သို့ ၀င်းမွတ်တောက်ပသော မျက်နှာအလှကို ပြင်ဆင်ခြယ်သလိုသူများအတွက် အထူးထုတ်ထားသည်။ တောက်ပသေးငယ်သော Mineral Particle ပုလဲများစွာ ပါဝင်ထည့်သွား ထားသဖြင့် အသား အရေပေါ်တွင် ကြည်လင်နူးညံ့စွာ တောက်ပ နေ မည်ဖြစ်သည်။ အလင်းပြန်နှုန်း များသောကြောင့် အသားအရေမညီညာမှုနှင့် အမည်းစက်လေးများကို ကောင်းမွန်စွာဖုံးအုပ်ပေးနိုင် သည်။

When :  မိတ်ကပ်အောက်ခံအဖြစ်သော်လည်းကောင်း ၊ Highlighter အဖြစ်သော်လည်းကောင်း ၂မျိုးစလုံးအသုံးပြုနိုင်သည်။

How :   အရည်ဖြစ်သောကြောင့် မျက်နှာပေါ်သို့ အစက်ချ၍ဖြစ်စေ၊ မိတ်ကပ်လိမ်းသောဖော့နှင့်ဖြစ်စေ အသာအယာ ပွတ်သပ်လိမ်းပေး ပါ။ လက်ချောင်းထိပ်လေးများဖြင့် တို့ထိ၍ မျက်နှာအားညှိပါ။

Where :            Aung Kaung Oo Trading Co.,Ltd  ဖုန်း  - ၀၁ ၂၂၅၀၄၄ ၊ ၀၁ ၂၂၈၆၈၀ သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။ 

 

What :  Coreana Premium Set ( BB cream , Sun Solution , BB cream Pact)

Who :   ပူပြင်းသောနေရောင်ခြည်ကို ကာကွယ်လိုသူများ၊ အသားအရေကို မပျက်စီးအောင် ထိန်းသိမ်းလိုသူများနှင့် ဖြူစင်လှပ လိုသူများအတွက် အထူးသင့်တော်သည်။ Sun Solution Leports IRF 25 တွင် နေရောင်ခြည်ဒဏ် ကာကွယ်စွမ်းအား အဆ ၅၀ ပါဝင် ပြီး PA +++ ဟုဆိုထားခြင်းကြောင့် ထိရောက်စွာ ကာကွယ်ပေးနိုင် သည်။ နေရောင်ကာ ခရင်မ်ဖြစ်သော် လည်း ပေါင်ဒါ အစွမ်း ပေါင်းစပ် ထားခြင်းကြောင့် အဆီနှင့်ချွေး များကို ပျောက်ကွယ် ကာ စေးကပ်ခြင်းမရှိပဲ နူးညံ့လှပစေသည်။ ခရမ်း လွန်ရောင်ခြည်နှင့် အနီအောက် ရောင်ခြည်များကို တပြိုင်နက်ထဲ ကာကွယ်ပေးနိုင်သည်။ Vital Recovery BB Cream သည် SPF 27 PA ++ ပါဝင်ပြီး အသားအရေအား ထိန်းသိမ်းပေးသည့် Skin Care နှင့် Makeup ၂မျိုးပေါင်းစပ် ထားသည်။ ပုံမှန်သုံးစွဲပါက အရေးကြောင်းကင်းစင်ကာ မျက်နှာအလှကို ဖြူဝင်းလှပပြီးနုပျိုစေသည်။ Vital Recovery BB Cream Pact IRF 35 တွင် SPF 50 PA +++ ပါဝင်ပြီး ခရမ်းလွန်ရောင်ခြည်နှင့် အနီအောက်ရောင်ခြည်များကို ကာကွယ်ကာ အသားအရေကို စိုပြေနူးညံ့စွဲကပ်၍ တစ်နေ့တာလုံး သိပ်သည်းကာလှပနေစေသည်။

When :  Sun Solution အား အပြင်သို့မထွက်မီ အချိန်များနှင့် မျက်နှာအောက်ခံအဖြစ် လိမ်းနိုင်သည်။ BB Cream အား နောက်တစ်ဆင့်အဖြစ် လိမ်းနိုင်ပြီး၊ နောက်ဆုံးမှ BB Cream Pact အားအသုံးပြုပါ။

How :   နေရောင်ကာလိမ်းရည်သည် ပေါင်ဒါအစွမ်းပါရှိသဖြင့် မျက်နှာပေါ်သို့အစက်ချ၍အသာ အယာပွတ်လိမ်းပေးပါ။ BB Cream အား ပေါင်ဒါမသုံးမီ မိတ်ကပ်အောက်ခံလိမ်းနေကျအတိုင်း ညီညာစွာလိမ်းပေးပါ။ BB Pact အား ပါရှိသော မိတ်ကပ်ဖော့ဖြင့်တို့ယူပြီး မျက်နှာပြင်အနှံ့ အသာအယာလိမ်းပေးပါ။

Where :            Uniq Han(ဦးဝိစာရလမ်း) ၊ Best 149 ၊ Juction Square ၊ Junction Mawtin ၊ တော်ဝင်(Blazon) ရှိ Coreana ကောင်တာ များနှင့် အမြို့မြို့အနယ်နယ်ရှိ စတိုးဆိုင်ကြီးများတွင် ၀ယ်ယူနိုင်သည်။

 

What :  Fraiche All in One Man Series ( Whitening ,Pore Control & Anit-Acne)

Who :   နေ့စဉ်အလုပ်များနေသော အမျိုးသားများ အတွက် အချိန်ကုန်သက်သာပြီး ကျန်းမာလှပသော အသားအရေရရှိစေရန် ထုတ် ထားသည်။ အဆင့် (၂)ဆင့်ထဲသာသုံးရပြီး All – in – one skin care series ဖြစ်သဖြင့် အချိန်ကုန် သက်သာစေသည်။ Triple Function Effects ဟုဆို ထားခြင်းကြောင့် အသားကိုဖြူစင်ကြည် လင်စေခြင်း၊ ချွေးပေါက်များ ထိန်း သိမ်းပေးခြင်းနှင့် ၀က်ခြံပျောက် ကင်းခြင်း တို့ကိုရရှိစေပါသည်။ Essence ၊ Toner နှင့် Emulsion ပါဝင်ပြီးဖြစ်သောကြောင့် တစ်မျိုးတည်းသုံးရုံနှင့် လုံလောက်သော အသားရေ ထိန်း သိမ်းမှုကိုဖြစ်စေသည်။

When :  Facial Foam & All in one Essence ဖြစ်သောကြောင့် မျက်နှာသန့်စင်လိုသည့်အခါနှင့် မျက်နှာသန့်စင်ပြီးနောက်တွင် သုံးရန် ဖြစ်သည်။

How :   ပုံမှန်မျက်နှာသန့်စင်လိုသောအခါ Facial Soothing Foam နှင့်သန့်စင်ပြီး ခြောက်သွေ့စပြုလာသောအခါ မျက်နှာပေါ်သို့ Essence အား အသာအယာလိမ်ပးပေးရန်ဖြစ်သည်။

Where: Aung Kaung Oo Trading Co.,Ltd ဖုန်း  - ၀၁ ၂၂၅၀၄၄ ၊ ၀၁ ၂၂၈၆၈၀ သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။ 

 

What :  Revlon Colorstay Shadow &  Nait Art Sun Candy

Who :   Revlon မှ နောက်ဆုံးပေါ်ထုတ်လုပ်ထားသော ရှဲဒိုးလေးများဖြစ်သည်။ နှစ်သက်ရာအရောင်တစ်ကန့်ချင်း စိတ်ကြိုက်ရွေးချယ် နိုင်သလို အခြားအရောင်များကိုလည်း အတပ် အဖြုတ်လုပ်ပြီး တွဲစပ်အသုံးပြုနိုင်ရန် စီစဉ်ပေးထားသည်။ အရောင်(၃၀)ထုတ်ထားသဖြင့် မိမိစိတ်ကြိုက် လွတ်လပ်စွာခြယ်သနိုင်ပါသည်။ ဆန်းသစ်သောကာလာနှင့် သကြားခဲလေး များကဲ့သို့တောက်ပသော လက်သည်းအလှ ကို ပေးစွမ်းနိုင်ရန်အတွက် Revlon Nail Art နှင့်ဖန်တီးနိုင်ပါပြီ။ အရောင်(၉)မျိုးထုတ်ထားသည်။

When :  နှစ်သက်ရာအချိန်တွင် အသုံးပြုပါ။

Where :            Revlon ကောင်တာများနှင့် အမြို့မြို့အနယ်နယ်ရှိ စတိုးဆိုင်ကြီးများတွင် ၀ယ်ယူနိုင်သည်။

 

What :  CYCLAX  Series( Face Mask , Body Scrub , Bath & Shower Gel , Hand & Body Lotion ,  Face & Neck Cream)

Who :   အသားအရေအား မျက်နှာမှစ၍ စိုပြေချောမွေ့လှပလိုသူများအတွက် Cyclax nature pure  မျက်နှာကပ်ခွါပေါင်းတင်တွင်   (Vitamin E & Cucumber , Grapeseed Oil )၊ Body Scrub တွင် ( Cocoa Butter & Walnut ) ၊ Bath & Shower Gel တွင် (Oik of Evening Primrose for sensitive skin) ၊  Hand & Body Lotion တွင် လာဗင်ဒါပန်းရနံ့နှင့် လက်ဖက်စိမ်း မျက်နှာ၊ လည်ပင်း လိမ်း ခရင်မ်တို့ကို ထုတ်လုပ်ထားသည်။ မျက်နှာပေါင်း တင်ကပ်ခွါကို အသုံးပြုခြင်းဖြင့် အသားအရေအား တင်းရင်းကျစ် လစ်စေပြီး တစ်ခါသုံး လျှင် သိသာစွာအကျိုးထူးစေသည်ဟု ဆိုထားပါသည်။ Scrub အားအသုံးပြုခြင်းဖြင့် ပျက် စီးနေသော ဆဲလ် အသေများ၊ ကြမ်းတမ်းနေ သော အသားအရေများနှင့် နေလောင်ဒဏ်ကြောင့် ထိခိုက်ထားသော အသားအရေများ အား ပြန်၍ ကြည် လင်တောက်ပစေမည်။ ရေချိုးဆပ်ပြာရည်တွင် ရနံ့မကြိုက်သောသူများနှင့် အသားရေထိခိုက်လွယ်သူများအတွက် လိုအပ်သော အာဟာရဓာတ်များကို ဖြည့်တင်း ပေးမည်ဖြစ်သည်။ Body Lotion တွင် လာဗင်ဒါပန်းရနံ့ ထည့်သွင်းဖော်စပ်ထား သဖြင့် သွေး လည် ပတ်မှုကိုကောင်းရုံသာမက အသားအား ချောမွေ့လှပစေသည်။ လက်ဖက်စိမ်းပါဝင်သော မျက်နှာနှင့်လည်ပင်းလိမ်းခရင်မ်သည် လျှင်မြန်သော တင်းရင်းမှုကိုရရှိစေနိုင်မည်။

When :  မိမိနှစ်သက်ရာအချိန်တွင်အသုံးပြုပါ။

Where :            Shwe Myo Shwe Nwe San Co.,Ltd ဖုန်း - ၀၁ ၂၁၁၆၈၈ ၊ ၀၉၇၃၂၂၇၉၀၃ သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။