Primary tabs

ထိရောက်ပြီး အကျိုးအာနိသင်ရှိတဲ့ အလှကုန် (၁၂)မျိုး

Allure မဂ္ဂဇင်းဆိုတာ U.S ရဲ့အမျိုးသမီးများအတွက် အလှအပနည်းလမ်း၊ အသုံးအဆောင်အားလုံးကို ဖော်ပြပေးတဲ့ နာမည် ကျော်တစ်ခုပေါ့။ သူ့ရဲ့သက်တမ်းက အခြားကမ္ဘာကျော်မဂ္ဂဇင်းတွေလို အကြာကြီးမရှိသေးပါ၊ ၉၁ ခုနှစ်ကမှစတင်ပြီး ထုတ်ဝေခဲ့ပေမယ့် အခုဆိုရင် စာဖတ်သူပေါင်း (၁)သန်းကျော်ခဲ့ပါပြီ။ သူ့ရဲ့ထူးခြားမှုကတော့ လစဉ်ထုတ်ဝေနေတဲ့ အလှအပပစ္စည်းတွေထဲကနေ အမြဲရွေး ချယ်ပြီး Annual Best of Beauty Awards တွေပေးတာပါ။ ဒီလိုရွေးချယ်ခံရပြီး တကယ့်ကိုထိရောက်တဲ့ အသားရေထိန်းသိမ်း အလှကုန် ပစ္စည်းလေး(၁၂)မျိုးကို People ရဲ့ (၁၂)နှစ်ပြည့်လေးမှာ အမှတ်တရဖော်ပြပေးလိုက်ပါတယ်။

အသားရေ စိုပြေစေပြီး အိုမင်းမှုကိုတားဆီးပေးတဲ့ မျက်နှာကပ်ခွါ Fresh Black Tea Instant Perfecting Mask က နံပါတ် (၁)

-           မျက်နှာအသားရေက ကြမ်းကြမ်းကြီး ဖြစ်နေမယ်၊ အလွှာလိုက်အဖတ်လေးတွေ ကွာကွာကျနေမယ် ဒီလိုဖြစ်နေဆဲဆို ကိုယ် သုံးနေတဲ့ခရင်မ်တွေကို ဆက်မသုံးပါနဲ့တော့။ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်တို့ ကြွယ်ဝစွာထည့်သွင်းထားပြီး မျက်နှာပြင်အရေပြားထဲ ထိစို ပြေလှပမယ့် Fresh Black Tea Instant Perfecting Mask ကအသားရေအတွက် ထိရောက်စွာ သက်သာစေသည်။

Ingredients-  Black tea (အသားရောင်ကိုညီမျှပေးခြင်း)၊ Lychee seed အဆီအနှစ် (တင်းရင်းမှုကိုဖြစ်စေခြင်း)၊ Polysacchrides  & Hyaluronic (မျက်နှာအရေပြားကို ပင့်တင် တင်းရင်းစေခြင်း)

Smells & Feels - သခွါးသီးနဲ့ နှင်းဆီရနံ့ကို ခံစားရပြီး ဂျဲလ် - ခရင်မ် ပုံစံဖြစ်သည်။

Why we like it - မျက်နှာပေါ်တွင် ကပ်ထားပါက အသားရေတွေသို့ စိမ့်ဝင်သွားသဖြင့် စပ်ဖျဉ်းဖျဉ်းခံစားရပြီး တစ်ဆစ်ဆစ် ဖြစ် လာစေသည်။ ကပ်ခွါအသားမှာ ထူးခြားပြီး ထူထဲအေးမြသည်။ မျက်နှာပေါ်တွင် (၁၀)မိနစ်ကပ်ထားပြီး ခွါချလိုက်ပါ၊ အသားရေအားအံ့ အားသင့်စဖွယ် နူးညံ့လှပခြင်းကို ချက်ချင်းခံစားရရှိမည်ဟု ဆိုထားသည်။

Awards : Best of Beauty 2012, 2009, and 2008

ဝက်ခြံနဲ့ အသားရေပျက်စီးခြင်းများအတွက် Zeno Heat Treat Blemish Prevention Kit  က နံပါတ် (၂)

-           ၀က်ခြံထွက်နေတဲ့သူတွေ အရေပြားပျက်စီးနေတဲ့သူတွေအတွက် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်စေတဲ့ ပစ္စည်းပါ။ salicylic acid ပါဝင်ပြီး ဖော်စပ်ထားတဲ့အရည်နဲ့ မျက်နှာအရေပြားအတွင်းက ပိုးမွှားတွေကို သန့်စင်ပေးမယ့် ကိရိယာတစ်ခုတို့ ပါဝင် သည်။

Ingredients-   Salicylic acid (၀က်ခြံပျောက်ကင်းသက်သာစေခြင်း)

Smells & Feels - ဗူးမှာပါဝင်တဲ့ အရည်ဟာ အသားရေပေါ်မှာ ထိတွေ့လိုက်တာနဲ့ ရေလိုပဲခံစားရမှာပါ၊ ကိရိယာကိုလက်ဖ၀ါးနဲ့ အနေတော်ဆိုဒ်လေးထုတ်ပေးထားပြီး မျက်နှာပြင်အနှံ့နှိပ်ပေးစဉ်မှာတော့ တုန်ခါတဲ့ပုံစံကို ခံစားရပါမယ်။

Why we like it - အဆင့် (၂)ဆင့်ဖြစ်ပြီး သုံးရလွယ်ပါတယ်။ျနမကာ အရည်ကို ဖြစ်ပေါ်ရာ နေရာတ၀ိုက် အစက်လေးများ ချလိုက်ပြီး vibratiing heater စက်လေးနဲ့ နှိပ်ပေးလိုက်ရုံဖြစ်လို့ ၉၉.၉ ရာခိုင်နှုန်းအထိ ၀က်ခြံဖြစ်စေတဲ့ ပိုးမွှားတွေကို သန့်စင်ပေးနိုင် တယ်။ အမွှေးနဲ့၊ အဆီတို့ လုံးဝမပါဝင်လို့ အနံ့မကြိုက်တဲ့သူတွေလည်း သုံးလို့ရတယ်။

ချွေးပေါက်များကို သိပ်သည်းကျစ်လစ်သွားစေသော  Dr. Brandt Pores No More Pore Refiner ကနံပါတ်(၃)

-           မှန်မှာမြင်နေရတဲ့ ချွေးပေါက်တွေကို သေးသွားချင်တဲ့ သူတွေအတွက်ပေါ့။ မိတ်ကပ်မလိမ်းခင် အောက်ခံအဖြစ် လိမ်းထားရင် မျက်နှာဟာချောမွေ့ပြီး အပြစ်ဆိုစရာမရှိ ဖြစ်သွားမှာပါ။

Ingredients- အဆီကိုလျော့နည်းသက် omapaom linseed (နှမ်းကြတ်စေ့အဆီအနှစ်) နှင့် Methyl methacrylate crosspolymer ၊ prodimethylsilanediol salicylate

            Smells & Feels - ၀ါညိုနု လို့ခေါ်တဲ့ သနပ်ခါးရောင် အရည်ပုံစံဖြစ်ပြီး အသားရေပေါ်တွင် သိပ်သည်းစွာ ကပ်နေစေသည်။

Why we like it - မျက်နှာပြင် တောက်ပတဲ့အလှကို ဖန်တီးပေးတဲ့ပစ္စည်းပါ။ အဆီပြန်နေတဲ့ နေရာတ၀ိုက်ကို ခပ်ပါးပါးလေး လိမ်းပွတ်လိုက်ရုံပါပဲ၊ တစ်နေကုန်တောက်ပပြီး လှပနေပါလိမ့်မယ်။

 

ကြည်လင်ရှင်းသန့်အောင် အပြီးသတ်ပေးမည့် Make Up For Ever HD High Definition Microfinish Powder ကနံပါတ်(၄)

-           အောက်ခံမိတ်ကပ် တစ်မျိုးတည်းနဲ့တော့ မျက်နှာပြင်က ချောမွေ့မှာမဟုတ်ပါဘူး၊ ဒီပေါင်ဒါကတော့ သေးငယ်လွန်းတဲ့ အမှုန့်ပုံစံ ဖြစ်တာကြောင့် မျက်နှာကိုလူးထားမှန်း မသိအောင်ကို ပေါ့ပါးလွန်းပါတယ်။ အလင်းမှုန်လေးရဲ့ တုန့်ပြန်မှုကြောင့် မျက်နှာပေါ်က အပြစ်အနာဆာတွေကိုဖုံးအုပ်ကာ လင်းပြီးလှပနေစေတယ်။

Smells & Feels - (၁၀၀)ရာခိုင်နှုန်း အပြည့် mineral ပေါင်ဒါမှုန့်ဖြစ်ပြီး နူးညံ့သော အထိအတွေ့နှင့် ချောမွေ့မှုကိုခံစားရပြီး ဖြူစင်လှပမှုကို ခံစားရမည်။

Why we like it - အပေါ့ပါးဆုံး ပေါင်ဒါမှုန့်အဖြစ် ရွေးချယ်ခံရပြီး မျက်နှာပြင်ရှိလိုင်းများအားပြေလျော့ပျောက်ကွယ် သိကိုမြင် တွေ့ရမည်။ မိတ်ကပ်အား အောက်ခံအဖြစ် မလိမ်းတတ်သူများအတွက်တော့ သုံးရအကောင်းဆုံးဖြစ်သည်။

AWARDS: Best of Beauty 2012, 2011, 2010, 2009, and 2008

အဆီကိုစုပ်ယူပြီး အလှမပျက်စေမယ့် Tacha Aburatorigami Japanese Beauty Papers ကနံပါတ်(၅)

-           T-zone နေရာရှိ အဆီများနဲ့ မိတ်ကပ်လိမ်းပြီးနောက် အဆီပြန်လာတဲ့အခါ အရမ်းကိုအသုံးဝင်တဲ့ ပစ္စည်းလေးပါ။ ပိုနေတဲ့ အဆီကိုသာ စက္ကူကစုပ်ယူသွားမှာဖြစ်ပြီး မိတ်ကပ်ကိုလုံးဝမထိပဲချန်ခဲ့လို့ အလှလုံးဝမပျက်ပါဘူး။

Ingredients- Abacus leaf (အဆီကိုစုပ်ယူနိုင်ခြင်း)

Smells & Feels - တစ်ရှူးစက္ကူကဲ့သို့ အထိအတွေ့ကိုခံစားရပြီး မျက်နှာပေါ်သို့ ရွှေရောင်အမှုန်လေးဖြင့် ကပ်ကျန်နေစေခဲ့ရန် ပြုလုပ်ထားသည်။

Why we like it - ပေါင်ဒါပါဝင်ထားပြီး စက္ကူဖြစ်ခြင်း၊ မိတ်ကပ်သားမပါပဲ အဆီသာစုပ်ယူပေးခြင်း၊ ဂျပန်နိုင်ငံမှ Handmade ဖြစ်အရည်သွေးမြင့် စက္ကူသားဖြစ်ခြင်းတို့ကြောင့် ရွေးချယ်ခံရခြင်းဖြစ်သည်။

(၁)ကြိမ်သုံးပြီး ထင်ရှားဖြူဖွေးလာစေတဲ့ Dr. Dennis Gross Skincare Extra Strength Alpha Beta Peel ကနံပါတ်(၆)

-           အသားရေဆဲလ်အသစ်များ ပြန်လည်မွေးဖွားစေပြီး တင်းရင်းနုပျိုစေသော antioxidants နှင့် vitamins ၊ collagen များအား ထည့်သွင်းဖော်စပ်ထားခြင်းဖြစ်သည်။ တစ်ခါသုံးစွဲလိုက်ရုံနှင့် အရင်နဲ့မတူ ပိုမိုဖြူဖွေးလာသည်ကို တွေ့မြင်ရပြီး ပုံမှန်သုံးစွဲသွားပါက (၂၈) ရက်အတွင်း တင်းရင်းဖြူစင်နုပျိုမှုကို ပြည့်ဝစွာပိုင်ဆိုင်နိုင်မည်ဟု ဆိုထားသည်။

Feels & Smells - ရှောက်သီးရနံ့ကဲ့သို့ ပါရှိပြီး သုံးစွဲပြီးပါက မျက်နှာပြင်ကိုနူးညံ့သော အထိအတွေ့ဖြင့် ကျန်ရစ်ပြီး တောက်ပြောင်နေစေသည်။

Why we like it - အသားရောင်အား ပို၍တောက်ပလာစေပြီး မှဲ့ခြောက်နှင့် အစက်အပျောက်များကို ရက်အနည်းငယ်အတွင်းမှာပင် မှေးမှိန်လျော့ပါးစေပြီး ချွေးပေါက်များကို ကျဉ်းသွားစေသည့် ထူးခြားသောအစွမ်းရှိသည်။

ကျီးကန်းခြေထောက်နှင့် မျက်လုံးအောက်ညိုမည်းနေသူများအတွက် Olay Definity Eye Illuminator Illuminating Eye Treatment က နံပါတ်(၇)

-           Anti – aging eye cream ဖြစ်သည့်အတွက် မျက်လုံးနားရှိ အရေပြားလျော့တွဲလာခြင်းနှင့် ပင်ပန်းသဖြင့် ပေါ်ပေါက်လာသော ဇရာသင်္ကေတများကို ပြန်လည်ထိန်းညှိပေးမည်ဖြစ်သည်။ မျက်လုံးအောက်အသားရေအား ကြည်လင်တောက်ပလာစေပြီး အစိုဓာတ် ဖြည့်တင်းပေးကာ ပြန်လည်ကျန်းမာလာစေမည်ဟု ဆိုထားသည်။

Feels & Smells - ပုလဲရောင်ဂျဲလ်ခရင်မ်မှာ ရနံ့မပါအောင် ပြုလုပ်ထားသည်။

Why we like it - မျက်လုံးနားတ၀ိုက်ကို အဆီပြန်ခြင်းမရှိပဲ လိမ်းလိုက်ပါက စိမ့်ဝင်ပြီးမျက်ကွင်းညိုခြင်းကို လျင်မြန်စွာ သက်သာစေသည်။

Awards - Best of Beauty 2010 and 2008; Breakthrough 2007

မျက်နှာအား တောက်ပပြီးထင်းသွားစေမည့်  Jemma Kidd Make Up School Dewy Glow All Over Radiance Crème ကနံပါတ်(၈)

-           မျက်နှာပေါ်ရှိ အစိတ်အပိုင်းများအား သူ့နေရာနှင့်သူ ထင်းပြီးတောက်ပကာ ဖူးနေသယောင် လှပနေစေရန် CREAMY HIGHLIGHTER အား အသုံးပြုရခြင်းဖြစ်သည်။ မိတ်ကပ်ပုံစံဖြစ်ပြီး မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်သကဲ့သို့ လင်းလက်ကာ လှပနေစေမည်ဟု ဆိုထားသည်။

Looks & Feels - ပါးလွှာသောကြည်လင်မှုနှင့် မျက်နှာအား အလွန်ခြယ်သထားခြင်း မရှိပဲလှပနေမည်။ အသားဖြူ သူများအတွက် Iced Gold ဆင်စွယ်ပုလဲရောင် ၊ ပုံမှန်နှင့် ညိုသူများအတွက်  Rose Gold  မက်မွန်ပန်းရောင်တို့ကို ရွေးချယ်နိုင်သည်။

Why we like it - ကြွေရောင်ကဲ့သို့ ဖိတ်ဖိတ်တောက်နေခြင်းမျိုးလည်းမဟုတ်၊ အလွန်အမင်း ဖြူဖွေးသွားခြင်းလည်းမဟုတ်ပဲ တောက်ပ၍ စိုပြေလှပနေသော သဘာဝဆန်သည့် ခရင်မ်ပုံစံဖြစ်သည်။

Awards - Best of Beauty 2009

အရွယ်တင် နုပျိုစေနိုင်စွမ်းရှိသော Shiseido Future Solution LX Daytime Protective Cream SPF 15 ကနံပါတ်(၉)

-           SPF ၊ green tea(antioxidands) ၊ vitamin © ၊ စောင်းလျားသီးနှင့် ရုံးပတီသီး( antioxidants) ၊ collagen  တို့ ပါဝင်ဖော်စပ် ထားသည့် anti-aging facial moisturizer ဖြစ်သည်။ မျက်နှာပြင်အရေပြားအတွင်းသို့ လိုအပ်သော စိုစွတ်မှုကို ဖြည့်တင်းပေးပြီး ပျက်စီးနေသော အရေပြားအား ထပ်မံ၍မဖြစ်စေရန် ထိန်းသိမ်းကာကွယ်ပေးသွားမည်။

Feels & Smells – ပန်းရောင်ခရင်မ်ပုံစံဖြစ် ပြီး ကတ္တီပါကဲ့သို့ ထိတွေ့မှုကိုခံစားရမည်။

Why we like it - Daytime ခရင်မ်ဖြစ်သော်လည်း night cream ကဲ့သို့ပင် အသုံးပြုနိုင်သည်။ အစိုဓာတ်အား ချက်ချင်းခံစားရပြီး လျင်မြန်စွာ စိမ့်ဝင်စေရန် ပြုလုပ်ထားသည်ကို တွေ့ရပြီး အသားရေပေါ်တွင် ချက်ချင်းဆိုသလို နူးညံ့မှု၊ စိုပြေမှုအား အချိန်အတော်ကြာသည်အထိ ခံစားရရှိစေမည်။

Awards - Best of Beauty Breakthrough 2009

ဆေးအစွမ်းသတ္တိပါဝင်သော Murad Acne Treatment Concealer ကနံပါတ်(၁၀)

-           ဒီ concealer က ထူးခြားပါတယ်။ မျက်နှာပေါ်မှာရှိတဲ့ အပြစ်အနာအဆာတွေကို ဖုံးအုပ်ပေးထားစဉ်မှာပဲ တစ်ချိန်တည်း အသားရေကို ကုသပေးမယ်လို့ ဆိုထားပါတယ်။ oil-free အမျိုးအစားဖြစ်ပြီး ပေါ့ပါးတဲ့ပုံစံနဲ့ပဲ မျက်နှာပေါ်မှာရှိနေမှာပါ။

Looks & Feels - ဒီဆေး concealer ကို(light , medium , dark) ဆိုပြီး ၃ ရောင်ထုတ်ထားပါတယ်။ ခရမ်မ်ဖြစ်ပြီး stick (အချောင်း)ပုံစံထုတ်ထားပြီး မျက်နှာပေါ်ကို တို့လိမ်းပေးရမှာပါ။

Why we like it - မျက်နှာပြင်နီရဲနေခြင်းများကိုလည်း ကောင်းမွန်စွာ ဖုံးအုပ်ပေးနိုင်ပြီး လူးထားစဉ် ခြောက်ကပ်နေခြင်း များ မရှိပါ။

Awards - Best of Beauty 2011, 2009, and 2008

 

စက္ကန့်(၆၀)မိနစ်အတွင်း စိုပြေပြီးလှပစေသော မျက်နှာသစ်  Sonya Dakar NutraSphere Flash Facial ကနံပါတ် (၁၁)

-           စက္ကန့်(၆၀)အတွင်း ဖြူစင်တောက်ပသော မျက်နှာပြင်အား မြင်တွေ့လိုလျှင် ၎င်းမျက်နှာသစ်အား သုံးစွဲရန်ပင်ဖြစ်သည်။ အသား ရေအားလုံးနှင့် သင့်တော်ရန်ထုတ်ထားပြီး မျက်နှာအား ဖြူစင်တောက်ပပြီး အစိုဓာတ်ဖြည့်တင်းပေးရန် ဖော်စပ်ထားသည်ဟု ဆိုထား သည်။

Feels & Smells - ကြည်လင်အေးမြသော ဂျဲလ်ပုံစံဖြစ်ပြီး အရက်ပြန်နှင့် ဂရိတ်ဖရုအသီး အနံ့အနည်းငယ် ပါဝင်ထားသည်။

Why we like it - စက္ကန့်(၆၀)အတွင်းသိသာသောရလာဒ်ကို မြင်ရခြင်းကြောင့်ဖြစ်သည်။ (၁)မိနစ်လိမ်းထားပြီးနောက် ဂျဲလ်အားပြန်၍ပွတ်သပ်လိုက်ပါက အဆီနှင့် ဆဲလ်သေများကြောင့် ညိုညစ်နေသော အလွှာအား အချပ်လိုက်မြင်တွေ့ရမည်။

အသားနီတတ်သူများအတွက် အထူးထုတ် Clinique Redness Solutions Instant Relief Mineral Powder ကနံပါတ် (၁၂)

-           ဆောင်းရာသီမှာပုံမှန် ပါးမို့နီတတ်သူများကို ဆိုလိုခြင်းမျိုးမဟုတ်ဘဲ အချိန်တိုင်း ပါးပြင်၊ နှာတံ စသဖြင့် အသားဖြူ၍ မျက်နှာ ပြင်နီနေတတ်သောသူများအတွက်ဖြစ်သည်။ အ၀ါရောင် mineral powdwer ဖြစ်ပြီး အသားရောင်ပေါ်တွင် နီနေခြင်းကို လျှော့ချထိန်း ညှိပေးကာ သဘာဝကျကျ လှပနေစေမည်။

Feels & Smells - အ၀ါဖျော့ Loose Powder မှုန့်ဖြစ်ပြီး မျက်နှာပေါ်တွင် ဘရပ်ရှ်ဖြင့်တင်လိုက်ပါက အရောင်မှာစိမ့်ဝင်ကာ ပျောက်ကွယ်သွားစေသည်။

Why we like it -  မျက်နှာပြင်နီရောင်သမ်းနေခြင်းအား ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားစေရန် ကူညီပေးမည့် အကောင်းဆုံးပေါင်ဒါဖြစ်သည်။ မျက်စိဖြင့်ကြည့်၍ မမြင်အောင်ပင် သိပ်သည်းကာ လှပနေစေသည်။

Awards - Best of Beauty 2011 and 2010