Primary tabs

Beauty Review

What :    Kerasys Hair Care Products (DarkColor, Bright Color, Damage Color) 600ml
Who :    ကိုရီးယားနိုင်ငံထုတ် အလှကုန်များကိုသာ သုံးစွဲလိုသော ပရိသတ်အတွက် ရည်ရွယ်ပါသည်။ ဆံပင်မကြာဆေးဆိုးတတ်သူများ အတွက် Dark Color Angelring Shampoo ကိုထုတ်ထားသည်။ ခေါင်းခဏခဏလျှော်ပြီးနောက် ဆံပင်အရောင်မှိန်ခြင်း၊ အရောင်ပြောင်းသွားခြင်း များကို တားဆီးကာကွယ်ပေးနိုင်စွမ်း ၇၂ ရာခိုင် နှုန်းရှိသည်။ Anti-Color Fading System ဖြင့် ဦးရေပြားကျိန်းစပ်ထိခိုက်ခြင်းများ ကိုကင်းရှင်း စေကာ ဆံသားများကို ဆေးဆိုးထားသကဲ့ သို့ တောက်ပလှပနေစေမည်။ Bright Color Sham-poo မှာ အရောင်နုနုဆိုးထားသည့် ဆံသားများအ တွက် ရည်ရွယ်ပါသည်။ ဆိုးထားသည့်မူလကာလာများ ကွယ်ပျောက်ခြင်းမှ ကာကွယ်ပေးနိုင်စွမ်း ၄၈ရာခိုင်နှုန်းရှိသည့် ခေါင်းလျှော်ရည် ဖြစ်
သည်။ ဆံပင်ကာလာအနုအရင့် ဆေးအမျိုးမျိုး ဆိုးခြင်းကြောင့် ပျက်စီးနေသော ဆံသားများ ပရိုတင်းဓါတ်များ အမြန်ဆုံးအားဖြည့်ပေးနိုင်ရန်အ တွက် Damage Color Shampoo ကို ထုတ်လုပ်ထားသည်။ ဆံသားပျက်စီးခြင်းနှင့် အရောင်ပြောင်း ခြင်းကို တားဆီးနိုင်စွမ်း ၇၅ ရာခိုင်နှုန်းရှိသည်။
When :    ခေါင်းလျှော်လိုသည့်အချိန်များတွင် မိမိနှင့်သင့်တော်ရာအမျိုးအစားအား ရွေးချယ်အသုံး ပြုပါ။
How :    ခေါင်းလျှော်ရည်အား ပမာဏအနည်းငယ်ယူ၊ လက်ထဲထည့်၍ စိုနေသောဆံသားများ ပေါ်တွင် အမြှပ်များဖြင့် နှိပ်နယ်ပွတ်တိုက်ပြီး ရေ များများဖြင့်ဆေးချပါ။
Where :    Kerasys ကောင်တာများတွင် ၀ယ်ယူ နိုင်သည်။

What :    Face it Collagen EX Skin Cover
Who :    အသက်ကြီးရင့်ခြင်းကို အထူးကာကွယ် ပေးမည့် အလှကုန်ဖြစ်ပြီး တင်းရင်းနုပျိုခြင်းကိုနှစ်သက်သော အမျိုးသမီးတိုင်းအတွက် ရည်ရွယ် ထုတ်ထားသည်။ SPF30 PA++ ပါဝင်ပြီး Collagen Cake တွင် အဖိုးတန်ရတနာ ရွှေ နဲ့ collagenထည့်သွင်းဖော်စပ်ထားခြင်းဖြစ်သည်။ ဗီတာမင်(E)၊ သလဲသီးအဆီအနှစ်၊ ငှက်သိုက်၊ Hyaluranic Acid တို့ကို အဓိကထားအသုံးပြုထားသဖြင့် အသက်အရွယ်ကြီးရင့်မှုကြောင့် လျော့ရဲလာသော အသားရေ အား ပြန်လည်စိုပြေတောက်ပကာနုပျို စေမည်ဟုဆိုထားသည်။
When :    မျက်နှာသန့်စင်ပြီးနောက်တွင် စတင် လိမ်းနိုင်သကဲ့သို့ skincare အသုံးပြုပြီးနောက် တွင်လည်း လိမ်းနိုင်ပါသည်။
How :    မျက်နှာပေါ်သို့ ခရင်မ်အားနေရာ အနှံ့ လိမ်းပြီး အသာအယာညှိပေးပါ။
Where :    The Face Shop (Juction Square) ကောင်တာတွင် ၀ယ်ယူနိုင်သည်။

What :    Herd Day365 Cleansing Foam
Who :    ရေဓါတ်ဖြည့်တင်းကာ အဆီပြန်ခြင်းမရှိအသားရေစိုပြေလှပလိုသော သူများအတွက် ဖြစ်သည်။ သဘာဝအသီးအနှံ (၅)မျိုးနှင့် ထုတ်လုပ် ထားပြီး Aloe (ရှားစောင်းလက်ပတ်)မှာ အသားရေ အားလုံးအတွက် သင့်တော် ပြီး ရေဓါတ်ကိုအဓိကထားဖြည့်တင်းပေးသည်။ Peach (မက်မွန်) မှာအသားရေမွဲခြောက်နေသေးများအတွက် အထူးသင့်လျော်သည်။ Lemon (သံပရာ)အမျိုးအစား မှာ အဆီပြန်သူများအတွက်ဖြစ်သည်။ Acerola(ဘယ်ရီ) မှာ အသားရေအားလုံးအတွက် သင့် တော်ပြီး သန့်ရှင်းကြည်လင်မှုကိုပေးသည်။ Spearment အမျိုးအစားမှာ အမျိုးသားများအ တွက်ဖြစ်ပြီး ဆားဝက်ခြံနှင့် ချွေးပေါက်ကျယ်ခြင်းများကိုအထူးသက်သာစေသည်။
When :    မျက်နှာသန့်စင်လိုသည့်အခါတွင် အ သုံးပြုနိုင်သည်။
How :    ပုံမှန်မျက်နှာသန့်စင်သကဲ့သို့ပင် ဗူးအတွင်းမှာ ပမာဏအနည်းငယ်အားယူ၍ ရေနှင့်ရောစပ်ကာ မျက်နှာပေါ်သို့ သုတ်လိမ်းပါ။ နှိပ်နယ်ပြီးနောက် ရေဖြင့် ပြန်လည်ဆေးကြောပေး ပါ။
Where :    The Face Shop (Juction Square) ကောင်တာတွင် ၀ယ်ယူနိုင်သည်။

What :    Hope Girl Triple Action Multi BB
Who :    (၃)မျိုးပေါင်းကာ Multi BB ခရင်မ် အဖြစ် ထုတ်ထားသောကြောင့် အချိန်တိုအတွင်းပြီးပြည့်စုံလှပလိုသောသူများနှင့် အထူးအဆင်ပြေ သည်။ မိတ်ကပ်အောက်ခံအဖြစ် လိမ်းနိုင်ခြင်း၊ နေလာင်ခံကာကွယ်နိုင်ခြင်း၊ စိုပြေ၀င်းပခြင်း၊ ၀က်
ခြံ တင်းတိပ်နှင့် မှဲ့ခြောက်များကိုမဖြစ်အောင် ကာ ကွယ်ပေးပြီး ချွေးပေါက်ကျဉ်းစေသည်။ တစ်နေ့တာလုံးကြာရှည်ခံစွဲမြဲစေပြီး အဆီပြန်ခြင်းမရှိစေ ရန် ထုတ်ထားသည်။
When :    မျက်နှာသန့်စင်ပြီးနောက်တွင် စတင်အ သုံးပြုနိုင်သည်။
How :    သင့်တင့်သော ခရင်မ်အနည်းငယ်ယူ၍ မျက်နှာပေါ်သို့ ညင်သာစွာပုတ်လိမ်းပေးပါ။
Where :    အမြို့မြို့ အနယ်နယ်ရှိ Hope Girl ကောင်တာများနှင့်  Paing Phyo Thiha Trading Co.,Ltd ဖုန်း - ၀၁-၅၅၉၂၀၄၊ ၀၁-၅၅၈၄၆၃၊ ၀၉ ၆၈၁၇၅၈၅ သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။