Primary tabs

Beauty Review

What :    THEFACESHOP  Artist Touch Lipstick
Who :    ရင်ခုန်ချင်စရာအပြုံးတိုင်းကို ဖန်တီးလိုသူများအတွက်ရည်ရွယ်၍ ထုတ်ထားပါသည်။ နှုတ်ခမ်းသားအတွက် လိုအပ်သော moisture (အစိုဓာတ်)အား ထည့်သွင်းဖော်စပ်ထားသဖြင့် နှုတ်ခမ်းသား ချောမွေ့စေရန် ကူညီပေးနိုင်သည်။ တစ်နေကုန်ခံစေရန်ပြုလုပ်ထားပြီး lip balm ထပ်ဆိုးစရာမလိုအောင် စိုပြေချောမွေ့နေစေမည်။ အရောင်(၈)ရောင်ထုတ်ထားသည်။
When :    နှစ်သက်ရာအချိန်တွင် အသုံးပြုနိုင်သည်။
How :    ပုံမှန်နှုတ်ခမ်းနီ ဆိုးသကဲ့သို့ပင်ဖြစ်သည်။
Where :    THEFACESHOP ဆိုင်ခွဲတိုင်းတွင်ဝယ်ယူနိုင်သည်။

 

What :    Dr. SOMCHAI Beauty Cream (skin renewal system)
Who :    သင့်အသားအရေ မယုံနိုင်လောက်အောင်  သိသိသာသာ ပြုပြင်ပြောင်းလဲသွားသည်ကို လက်တွေ့ မြင်တွေ့ နိုင်သော beauty cream ဖြစ်သည်။ နေလောင်ကွက်၊ တင်းတိပ်၊ မှဲ့ခြောက်များရှိခြင်း၊ အသားအရေညစ်ညမ်း၍ အသားအ
ရောင်မညီခြင်း၊ ရေဓာတ်ဆုံးရှုံးမှုကြောင့် အသားအရေ မွဲခြောက်ညှိုးနွမ်းခြင်း၊ အသားညိုခြင်း အစရှိသည့် ပြဿနာများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်သည်။ အရွယ်မတိုင်မီ အရေးအကြောင်းများ ထွက်ပေါ်လာခြင်းမှလည်း ကာကွယ်ပေး ပါသည်။
When :    မျက်နှာသန့်စင်ပြီးနောက်တွင် လိမ်းနိုင်ပါသည်။
How :    ခရင်မ်ဖြစ်သောကြောင့် ပမာဏအနည်းငယ် လက်ပေါ်ယူပြီး မျက်နှာအနှံ့သို့ အသာအယာ ပွတ်လိမ်းပေးပါ။
Where :    စိန်ဂေဟာ ဆိုင်ခွဲတိုင်းတွင် ၀ယ်ယူရရှိနိုင်ပါသည်။

What :    PON PON (REFRESHING& HYDRATING) / (NOURISHING& SHINING)  /(SUPER MOISTURIZING) /(WHITENING ROSE) BODY CLEANSER (720ml)
Who :    ထိုင်ဝမ်နိုင်ငံမှ ထုတ်လုပ်ပြီး နံပါတ် ၁ ရောင်းအားအကောင်းဆုံး ရေချိုးဆပ်ပြာရည် ဖြစ်သည်။ အသားအရေကို စိုပြည်နူးညံ့စေပြီးအစိုဓာတ် ကို ၂၄ နာရီ ကြာ ထိန်းထားပေးနိုင်သော ရေချိုးဆပ်ပြာရည် ဖြစ်သောကြောင့် အသားရေ
လှပလိုသော အမျိုးသား၊ အမျိုးသမီးတို့အတွက်အဆင်ပြေသင့်တော်သည်။ ရှားပါးဆန်းကြယ် သော နှင်းဆီပန်းမျိုးနွယ်စိတ်များကို  မျိုးပေါင်းစပ်၍ ရရှိသောနှင်းဆီပန်းမျိုးမှ ရရှိသည့် Organic Rosa Hybrid Flower Water ၊သဘာဝ HYALURONIC ACID SERUM နှင့် အဖိုးတန်ပုလဲမှုန်တို့ ပေါင်းစပ်ထုတ်လုပ်ထားသည်။
    REFRESHING& HYDRATING  အမျိုးအစားကရေဓာတ်အဓိက ဖြည့်တင်းပေး၍ ခြောက်သွေ့ သော အသားအရေများတွင် ဖြစ်ပေါ်တတ်သော အရေပြားတွန့်ခြင်းများကို ကာကွယ်ပေးနိုင်သဖြင့် ခန္ဓာကိုယ်၏ စိုပြည်နူးညံ့မှုကို အပြည့်အ၀ခံစားရမှာပါ။ လတ်ဆတ်သောမွှေးရနံ့က တစ်နေ့တာ လန်းဆန်းတက်ကြွမှုကို ပေးစွမ်းနိုင်ပါတယ်။
    NOURISHING& SHINING အမျိုးအစားကအစိုဓာတ် အပြည့်အ၀ဖြည့်ပေးကာ PEARL POWDER ပါဝင်သောကြောင့် သင့်အရေပြားအား ပုလဲလုံးလေးများကဲ့သို့ ဖြူဝင်းတောက်ပစေနိုင်ပါတယ်။
    SUPER MOISTURIZING  အမျိုးအစားက အစိုဓာတ်ထိန်း ပစ္စည်း r PGA ထပ်ပေါင်းပါဝင်မှုကြောင့် ရေဓာတ်ကို ပိုမိုဖြည့်တင်းပေးနိုင်၍ အရေပြား ဆန့်ကျုံ့နိုင်အား (Elasticity) ကောင်းစေပြီး စိုပြည်တင်းရင်းကာ ကျန်းမာသော အသားအရေကို ပိုင်ဆိုင်နိုင်စေနိုင်ပါတယ်
    WHITENING ROSE  အမျိုးအစားက Vitamin C ထပ်ပေါင်းပါဝင်သောကြောင့် သင့်အသားအရေကို ပိုမိုဖြူစင်ဝင်းပစေနိုင်ကာ စိုပြည်တင်းရင်းမှုကို အပြည့်အ၀ပေးစွမ်းနိုင်ပါတယ်။
When :    ပုံမှန်ရေချိုးဆပ်ပြာရည် သုံးသည့်အတိုင်းပင်ဖြစ်သည်။
How :    ရေချိုးဆပ်ပြာရည်အား ပမာဏအနည်းငယ်ယူပြီး ရေဖြင့်ရောကာ ခန္ဓာကိုယ်အနှံ့သို့ ပွတ်လိမ်းပေးပါ။ ပြီးလျှင် ရေဖြင့်ပြန်လည် သန့်စင်ရုံပင်ဖြစ်သည်။
Where :    Best 149 ( ဗိုလ်ချုပ်ဈေး, junction 8 shopping center)၊ United Living Mall, Super One shopping center တို့တွင် ၀ယ်ယူရရှိနိုင်သည်။

What :    y.e.t Frickle Eyebrow
Who :    ထက်မြက်သော မိန်းကလေးတစ်ယောက်အသွင်သို့ ဖန်တီးပေးနိုင်သည့် မျက်ခုံးဆွဲခဲတံဖြစ်သည်။ သဘာဝဆန်သော အရောင်များဖြင့် ဇင်ယော်တောင်ပံလေးများအသွင် ပြုပြင်နိုင်ရန်ထုတ်ထားပါသည်။ မျက်ခုံးမွှေးပါးသူများပင် နဂို
ရှိသောပုံထက် လှပပေါ်လွင်သော မျက်ခုံးအလှကိုလွယ်ကူစွာပုံဖော်နိုင်ပါသည်။
When :    မျက်ခုံးမွှေးပုံဖော်လိုသည့် အခါတွင် အသုံးပြုနိုင်သည်။
How :    မျက်ခုံးဆွဲရန် ခဲတံနှင့်ပုံဖော်ရန် ဘရပ်ရှ်ပါရှိသဖြင့် လိုသလိုညှိ၍ ဆွဲပါ။
Where :    အမြို့မြို့အနယ်နယ်ရှိ ဆိုင်တိုင်းနှင့်စိန်ဂေဟာ(ပါရမီ) ၊ ဒဂုံစင်တာ ၊ ဂမုန်းပွင့် (ဘိုကလေးဈေး)၊ Capital (သာကေတ) ၊ AKK (သင်္ဃန်းကျွန်း)တို့တွင် ၀ယ်ယူရရှိနိုင်သည်။