Primary tabs

၂၀၁၄ အတွင်းလူကြိုက်များသော လက်သည်းနီကာလာများ

    လက်ချောင်းတွေဟာ လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေး၊ အကျင့်ကိုဖော်ပြ အကဲခတ်နိုင်ဖို့ ကိုယ်စားပြုနေပါတယ်။ သန့်ရှင်းသပ်ရပ်နေဖို့က ပထမဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ဒုတိယအရေးကြီးတာကတော့ အမျိုးသမီးတွေ အတွက် ကျော့ရှင်းလှပနေဖို့ပါပဲ။ အမျိုးသမီး ငယ်ငယ်ကြီးကြီး အသက်အရွယ်မရွေး လက်သည်းနီကို နှစ်ခြိုက်ကြပါတယ်။ လက်သည်းနီရဲ့အရောင်ပေါ်လွင်မှုနဲ့ အရည်အသွေးကိုကြည့်ပြီး အမျိုးမျိုးရွေးချယ် ၀ယ်ယူလေ့ရှိကြပါတယ်။ အရေးကြီးဆုံးအချက်က တော့ အရည်အသွေးရှိတဲ့ Nail Polish Brand တွေကို ဂရုတစိုက်ဝယ်တတ်ကြဖို့ပါပဲ။ လူကြိုက်များပြီးကွာလတီကောင်းမွန်တဲ့ ရေပန်းစား လက်သည်းနီအမျိုးအစား (၁၀)မျိုးကို ရွေးချယ်ဖော်ပြပေးလိုက်
ပါတယ်။

နံပါတ်(၁၀)Revlon >> Cosmetic လောကကြီးကို ဦးဆောင်ခဲ့တဲ့ တံဆိပ်တစ်ခုဖြစ်သလို ရေမွှေးနဲ့ အလှအပပစ္စည်းတွေရဲ့ ထိပ်ဆုံးက တံဆိပ်လည်း ဖြစ်ပါတယ်။ ကာလာအရောင်သွေးစုံလင်ပြီး အရည်အသွေးမြင့် လက်သည်းနီတွေကို အမြဲတစေထုတ်လုပ်ရောင်းချပေးပါတယ်။ လက်ဖမိုးတစ်စုံပေါ်တင်လိုက်တာနဲ့ ချက်ချင်းဆိုသလို သစ်လွင်လှပသွားဖို့ ဖန်တီးပေးနိုင်ပါတယ်။

နံပါတ် (၉) L’oreal Paris >> ကောင်းမွန်တဲ့အရည်အသွေးမြင့် အလှအပပစ္စည်းများနဲ့ လက်သည်းနီကာလာများကို အထူးပြုထုတ်လုပ်ရောင်းချပေးပါတယ်။ ကြာရှည်ခံစွဲမြဲလှပနေခြင်း၊တောက်ပကြွရွစွာ လှပနေခြင်း၊ တန်ဖိုးမြင့်ခြင်း
တို့ဟာ သူ့ရဲ့ဂုဏ်ဒြပ်ပါပဲ။ အံ့အားသင့်စဖွယ် ကာလာဆန်းလေးများကြောင့် လူရဲ့ကိုယ်ရည်ကိုယ်သွေးကို တမုဟုတ်ချင်း တိုးမြှင့်သွားစေပါတယ်။

နံပါတ် (၈) Essie >> အလှအပဈေးကွက်ထဲမှာ အလွယ်တကူရှာဝယ်နိုင်ပြီး လှပတဲ့အရောင်အသွေးဆန်းတို့ကြောင့် လူကြိုက်များတဲ့ တံဆိပ်တစ်ခုပါပဲ။ ကာလာကိုလည်း အနုအရင့်၊ ခရင်မ်ရောင်နဲ့မိန်းကလေးအကြိုက် အရောင်စုံကို ထုတ်လုပ်ပေးပါတယ်။  Essie  Ridge Filling Base Coat ကတော့လက်သည်းလေးတွေကို အလွန်တရာ ချောမွေ့သွားစေလို့ နာမည်ကြီးတစ်ခုပါပဲ။

နံပါတ် (၇) Super Glow >> Nail Paint လုပ်တဲ့ နာမည်ကြီး တံဆိပ်တွေကြားမှာ အောင်မြင်ပြီး နာမည်ရှိပြီးသား တံဆိပ်တစ်ခုပါ။ နေ့ဘက်ပုံမှန်ချိန်မှာ ပုံမှန်လက်သည်းနီအရောင်ကိုပေးပြီး ညဘက်အချိန်မှာ တောက်ပလှပသောလက်သည်း
အဖြစ်သို့ ပြောင်းလဲဖန်တီးပေးသည့် magic လက်သည်းကပ်လေးများကိုလည်း ထုတ်လုပ်ပေးထားပါတယ်။

နံပါတ် (၆) RGB >> လက်သည်းအတွက် ကျန်းမာရေးကို အထူးဂရုစိုက်ပေးတဲ့ တံဆိပ်တစ်ခုဖြစ်ပြီး ကင်ဆာဖြစ်စေသော လက်သည်းထိခိုက်မှုများမဖြစ်စေရန် ဖော်မြူလာထည့်သွင်းပေးထားသည်။ လက်သည်းအား ဆိုးထားပြီးပါက ပဲ့ထွက်မှုမဖြစ်ပေါ်ခြင်း၊ အမြင့်ဆုံးအရောင် တောက်ပမှုပေးခြင်း၊ကာလာလှပမှု အချိန် (၁)ပတ်ခံခြင်း၊ သဘာဝဆန်ဆန်လှပခြင်းတို့ကို ဖြစ်စေသည်။

နံပါတ်(၅) Red Carpet manicure >> လက်သည်းနီအရောင်တင်ဆီ Gel Polish တွေထဲမှာ အကောင်းဆုံးနဲ့ အမိုက်စားလို့ ပြောရပါမယ်။ ဆိုးရတာ လွယ်ကူတယ်၊ ခြောက်တာလည်း မြန်ပါတယ်၊ ဒါ့အပြင်ကြာရှည်ခံနိုင်မှုကိုလည်း အမြင့်ဆုံးပေးစွမ်းပါတယ်။ အချိန်လည်းမရှိ၊ ဆိုင်လည်းမသွားနိုင် ဆိုရင်တော့ ဒီလက်သည်းအရောင်တင်ဆီကို ရွေးချယ်ပါလို့ အကြံပေးပါရစေ။ တစ်ခါဆိုးထားပြီးတာနဲ့ အချိန် (၁၄) ရက် အသားတင်ခံပါတယ်။ ဖျက်ချင်တဲ့အခါမှာလည်း လက်သည်းပျက်စီးမှုမရှိပဲ အလွယ်တကူ ပျက်ပြယ်သွားပါတယ်။
 
နံပါတ်(၄) China Glaze >> လက်သည်းကို နောက်(၁)ကြိမ် ထပ်ဆိုးစရာမလိုပဲ အရောင်ပေါ်လွင်ပြီး ကြာရှည်ခံစွဲမြဲစေတဲ့ တံဆိပ်တစ်ခုပါ။ အရည်အသွေးမြင့် လက်သည်းနီတံဆိပ်ဖြစ်ပြီး လက်သည်းပေါ်ဆိုးထားပြီး စက္ကန့်(၆၀)အတွင်းမှာ အခြောက်မြန်တဲ့ brand ပါ။

နံပါတ်(၃) O.P.I >> ဩစတြေးလျ တံဆိပ်တစ်ခုဖြစ်ပြီး  ယူအက်စ်မှ လက်သည်းအလှပြင်ဆိုင်များအတွက် အထူးထုတ်လုပ်ပေးထားတဲ့ တံဆိပ်ပါ။အခုလက်ရှိ လူကြိုက်များပြီး လူသိများတဲ့ တံဆိပ်လည်း ဖြစ်ပါတယ်။ လက်သည်းကို ထိခိုက်စေမယ့် အရာများကို ရှောင်ရှားထားပြီး လက်သည်းကျန်းမာရေးအတွက် အထောက်အကူပြု ပစ္စည်းများကိုသာထည့်သွင်းဖော်စပ်ထားပါတယ်။ ပါဝင်တဲ့ ဘရပ်ရှ်ကလည်း ကြီးမားတာကြောင့် လက်သည်းပေါ်တစ်ခါဆိုးတာနဲ့ အရောင်ပေါ်လွင်လှပြီး ကြာရှည်ခံပါတယ်။

နံပါတ်(၂) NARS >> ဖက်ရှင်ကျပြီး အရည်အသွေးအထူးကောင်းမွန်လှတဲ့ လက်သည်းနီတံဆိပ်ပါ။ ကွဲပြားခြားနားတဲ့ အရောင်များကို ထုတ်လုပ်လေ့ ရှိပြီး လက်သည်းနီ အမျိုးအစားကိုပဲ opaque nail polish , sheer nail polish , night series nail polish , shimmer nail polish , top coat & base coat ဆိုပြီး ထုတ်လုပ်ရောင်းချပါတယ်။

နံပါတ် (၁) Yves Saint Laurent La Laque >> လက်သည်းနီ အရောင်စုံတွေကြားမှာမှ သူကအကောင်းတကာ့ အကောင်းဆုံးလက်သည်းနီ  ဆိုးဆေးတံဆိပ်တစ်ခုပါ။ သဘာဝဆန်ဆန်အရောင်များ၊ ဆန်းသစ်လှပသော အရောင်များနဲ့ ကျက်သရေရှိတည်ငြိမ်သော အရောင်များကို စုံလင်စွာ ထုတ်လုပ်ပါတယ်။ လက်သည်းကို ကြွရွလှပသွားစေပြီး လက်ဖမိုးကိုပါ အရောင်ထင်ဟပ်ကာ နုပျိုသွားစေတယ်လို့ ဆိုပါတယ်။

၂၀၁၄ အတွင်းလူကြိုက်များသော Cosmetics များ....


    မိတ်ကပ်အရည်၊ ရေမွှေး၊ အသားရေထိန်းပစ္စည်းများ၊ ဆံသားဖြန်း စပရေး၊ လိုင်နာရည်၊ နှုတ်ခမ်းနီ စသဖြင့် အလှအပအတွက် ပစ္စည်းအမျိုးမျိုး ရှိကြပါတယ်။ ပြောလို့မကုန်အောင် များပြားလှတဲ့ cosmetic တွေကြားမှာ ရွာမလည်သွားစေဖို့ အမျိုးသမီးတို့ကြား ရေပန်းစားတဲ့ အလှအပတံဆိပ်ကောင်းများကို နားစွင့်ရွေးချယ်ရင်း ဖော်ပြပေးလိုက်ပါတယ်။

Maybelline >>  နိုင်ငံပေါင်း ၁၂၉ နိုင်ငံအထက် ဒီအလှကုန်ကိုသုံးစွဲကြပါတယ်။ ကမ္ဘာ့ cosmetic brand တွေကို ဦးဆောင်နေတဲ့ အမေရိကန်တံဆိပ်လည်း ဖြစ်ပါတယ်။ မျက်နှာအတွက် မိတ်ကပ်ပစ္စည်းများအပြင် နှုတ်ခမ်းနီ၊ မျက်လုံးအရောင်
ခြယ်ရှဲဒိုး၊ လိုင်နာ၊ လက်သည်းနီ၊ မျက်တောင်ကော့ဆေးတို့ကို များပြားစုံလင်စွာ ထုတ်လုပ်ဖြန့်ဖြူး ပေးပါတယ်။ ဒီတံဆိပ်နဲ့ပြင်ဆင်ခြယ်သလိုက်ရင်ကိုပဲ တင့်တယ်လှပတဲ့ အမျိုးသမီးတစ်ဦးအဖြစ် တမုဟုတ်ချင်း ပြောင်းလဲလှပသွားစေပါတယ်။

Revlon >>Cosmetic brand တွေကြားမှာ သူဟာသက်တမ်းအရင့်ဆုံး တံဆိပ်တစ်ခုပါ။ အမေရိကန် brand တစ်ခုဖြစ်ပြီး ခေါင်းစခြေအဆုံး အလှအပပစ္စည်း၊ ခန္ဓာကိုယ်ထိန်းသိမ်း ပစ္စည်းမျိုးစုံစွာ ထွက်ရှိပါတယ်။ ကုမ္ပဏီရဲ့သက်တမ်းကြာရှည် လာတာနဲ့အမျှ သုံးစွဲသူ customers ကလည်း ယုံကြည်မှုပိုမိုများပြားလာတဲ့ တံဆိပ်တစ်ခုပါ။ သူရဲ့ရည်ရွယ်ချက်က အမျိုးသမီးဆန်စွာ လှပကြော့ရှင်းနေဖို့ပါပဲ။
 
Urban Decay  >> ဒီတံဆိပ်က 5th Annual Best Cruelty Free Cosmetics Line Award  ဆုကိုရရှိခဲ့ ပါတယ်။ ဒီတံဆိပ်ရဲ့အလှအပပစ္စည်းများက hot & feminine ဖြစ်ပြီး ခပ်မိုက်မိုက်ဖြစ်စေတဲ့ အစွမ်းရှိ ပါတယ်။ ရောင်းအကောင်းဆုံး ပစ္စည်းကတော့ Naked Palettes (eyeshade kit) ပါ၊ လိုင်နာ၊ မျက်တောင်ကော့ဆေး၊ စပရေးနဲ့ အခြားပစ္စည်းတွေ မျိုးစုံပါပဲ။ ဈေးကွက်ထဲမှာ (၁၅)နှစ်ကျော်ကြာခဲ့ပြီဖြစ်ပေမယ့် ဈေးကတော့ ဈေးခပ်ကြီးကြီးထဲမှာ ပါပါတယ်။

Oriflame >>ဆွီဒင် cosmetic brand တစ်ခုပါ။ ခန္ဓာကိုယ်ထိန်းသိမ်းပစ္စည်းများ၊ အားဖြည့်အလှကုန်များနဲ့ အလှအပပစ္စည်းများကို ထုတ်လုပ်ဖြန်ဖြူးပါတယ်။ ဒီတံဆိပ်ဟာ နိုင်ငံပေါင်း (၆၀) ကျော်နီးပါးအထိ ကျယ်ပြန့်ရောက်ရှိနေပြီး နိုင်ငံ
တကာဈေးကွက်ကို ထိုးဖောက်နိုင်တဲ့ အနေအထားရှိတဲ့ ကွာလတီကောင်း အလှကုန်များပါ။ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်ကတော့ မနှစ်သက်လို့ ပစ္စည်ပြန်ပေးမယ်ဆိုရင် ပြန်ပြီးလက်ခံတယ်ဆိုတာပါပဲ။

Olay >>  လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက ဒီတံဆိပ်ဟာ skin care မှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ အမေရိကန် တံဆိပ်ဖြစ်ပြီး အသားရေအတွက် အလွန်ထိရောက်ပြီး ကောင်းတယ်လို့ ဆိုကြပါတယ်။ အသားရေနဲ့ပတ်သတ်တဲ့ အလှကုန်ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်ပြီး အသက်အရွယ်ထိန်းပစ္စည်း၊ မျက်နှာသန့်စင်ပစ္စည်းအမျိုးမျိုးတို့ကို ထုတ်လုပ်ပါသည်။

MAC >> မိတ်ကပ်အလှကုန် ပစ္စည်းတွေထဲမှာ ဒီနာမည်နဲ့တံဆိပ်ဟာ ကမ္ဘာနဲ့တစ်ဝှမ်း ယုံကြည်မှု အရှိဆုံးရထားတဲ့သူပါ။ မျက်လုံးအရောင်ခြယ်တာ ၊နှုတ်ခမ်းနီ၊ လက်သည်းနီနဲ့ မျက်နှာအတွက်ကို အမျိုးအစား(၁)ခုချင်းစီအလိုက် အရောင်ပေါင်း (၁၀၀)ကျော်စီ ထုတ်လုပ်ရောင်းချပေးပါတယ်။ တံဆိပ်ရဲ့နာမည်ကြီးမှုအရှိန်အ၀ါနဲ့အတူ မိတ်ကပ်အရည်အသွေး ကောင်းမွန်မှုကြောင့် နိုင်ငံတ၀ှမ်းက professional make-up artist တွေ အသုံးပြုဆုံးပစ္စည်းလည်းဖြစ်ပါတယ်။

Clinique >> ဈေးအကြီးဆုံး အလှကုန်အသားရေထိန်း ပစ္စည်းတွေထဲမှာ ပါဝင်တဲ့ brand တစ်ခုပါ။ Dermatological စမ်းသပ်မှုတွေ ပြုလုပ်ပြီးမှ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေဖြစ်တာကြောင့်  စိတ်အချရဆုံး အလှကုန်၊ ထိခိုက်လွယ်အသား
ရေပိုင်ရှင်များ အကြိုက်ဆုံး အလှကုန်လည်း ဖြစ်ပါတယ်။ product တွေကိုလည်း အမြဲတစေ တိုးမြှင့်ပြီး နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ထုတ်လုပ်ပေးပါတယ်။ နိုင်ငံတွေရဲ့ အခြေအနေပေါ် မူတည်ပြီး အသားရေနဲ့လိုက်ဖက်တဲ့ ပစ္စည်းတစ်ခု ချင်းစီကိုလည်း ထုတ်လုပ်ရောင်းချပေးတာကြောင့် consumers တွေအကြိုက် အမြဲဖြစ်နေခဲ့တာပါ။

Lancme >> အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ရောင်းချတဲ့ အလှကုန်ပစ္စည်းတွေထဲကမှ နိုင်ငံတကာအလှကုန် တံဆိပ်တစ်ခု ဖြစ်ပါတယ်။ သူ့ဆီကနေ ထုတ်လိုက်တဲ့ မိတ်ကပ်ပစ္စည်းတိုင်းဟာ မျက်နှာပေါ်မှာ သဘာဝနဲ့လိုက်လျောညီထွေ စွာ ပြေပြစ်ပေါ့ပါး လှပနေစေတယ်။ မိတ်ကပ်ကို လိမ်းလိုက်တာနဲ့ ကိုယ့်အသားရေနဲ့ လိုက်ဖက်သွားစေပြီး လက်သည်းနီအရောင်ပေါင်း သောင်းကျော်ထုတ်လုပ်ထားပါတယ်။ ပစ္စည်းတိုင်းရဲ့အရည်အသွေးပေါ်မှာ ၁၀၀ ရာခိုင်နှုန်း အာမခံပြီးရောင်းချတဲ့တံဆိပ်ပါ။
 
Avon >> အမေရိကန် တံဆိပ်တစ်ခုဖြစ်ပြီး ကမ္ဘာနဲ့တစ်ဝှမ်း နိုင်ငံပေါင်း ၁၄၀ အထက်ကို ဖြန့်ဖြူးရောင်းချပေးနေခဲ့တာပါ။ ဈေးကွက်အနေအထားအရ အကြီးမားဆုံး အလှအပကုမ္ပဏီနေရာမှာ(၅)နေရာရပ်တည်နေပြီး တိုက်ရိုက်ရောင်းချတဲ့
နေရာမှာ ရောင်းအကောင်းဆုံး လုပ်ငန်းအဖြစ် (၂)နေရာရှိပါတယ်။ beauty care , household & personal care ပစ္စည်းများကိုရောင်းချတဲ့ တံဆိပ်ဖြစ်ပါတယ်။ door-to-door စနစ်ကို အသုံးပြုပြီးစတင်ရောင်းချခဲ့ ရာမှာ ငွေကြေးအရဆုံး လုပ်ငန်းလည်း ဖြစ်ခဲ့ပါတယ်။

L’Oreal >> ဒီတံဆိပ်ကတော့ အလှကုန်ဈေးကွက်မှာ ကြားဖူးပြီးသား တံဆိပ်တစ်ခုပါ။ လက်ရှိမှာ ကမ္ဘာ့အကြီးမားဆုံး အလှကုန်တံဆိပ်အဖြစ်ရပ်တည်နေပြီး ဆံပင်ဆိုးဆေး၊ အသားရေထိန်း အလှကုန်၊ မိတ်ကပ်၊ ရေမွှေး၊ ဆံပင်ထိန်းသိမ်း
ပစ္စည်း အမျိုးစားစုံလင်စွာ ရောင်းချပေးပါတယ်။ “Because we’re worth it” လို့ ကြော်ငြာဆောင်ပုဒ်နဲ့အညီပဲ အလှကုန်နှစ်သက်သူများအားလုံးကို စိတ်ကျေနပ်မှု အကောင်းဆုံးရရှိစေဖို့ ကြော်ငြာအား၊ ၀န်ဆောင်မှုအား၊ ပစ္စည်းအရည်အသွေး
အားများဖြင့် အမြဲပုံဖေါ်ထားပါတယ်။

တစ်နှစ်အတွင်း လူကြိုက်များတဲ့ နှုတ်ခမ်းနီ Brand များ

Yves Saint Laurent  
    အသီးအနှံအဆီအနှစ်ပါဝင်ခြင်း၊ ဖက်ရှင်အား ဦးဆောင်နိုင်ခြင်း ၊ Antioxidants & Vitamins ဓာတ်သတ္တုများ ကြွယ်ဝစွာပါဝင် ဖော်စပ်ထားခြင်း တို့ကြောင့် နှုတ်ခမ်းသားအား ရေဓာတ် (၈)နာရီ ထောက်ပံ့ပေးထားနိုင်ပါတယ်။ နှုတ်ခမ်းသား အားချောမွေ့အိစက်သွားစေပြီး နေဒဏ်မှလည်း ကာကွယ်မှု ပြုပေးပါတယ်။

Bobbi Brown
    အမျိုးသမီးတိုင်းကို ယုံကြည်မှုရှိရှိနဲ့ အရင်ထက်ပိုပြီး လှပသွားစေအောင် ဖန်တီးပေးဖို့ ထုတ်လုပ်ထားတဲ့ တံဆိပ်ပါ။ နေ့ဘက်အတွက်၊ ညနေခင်းပွဲအတွက်၊ ရာသီအလိုက်ဆိုးနိုင်စေဖို့ များစွာသော နှုတ်ခမ်းနီပေါင်းများစွာကို အရောင်စုံလင်
စွာ ထုတ်လုပ်ရောင်းချပေးပါတယ်။ Bobbi ရဲ့ ဖော်မြူလာအရ ထုတ်လုပ်ထားတာကြောင့် နှုတ်ခမ်းသားများဟာ ဗီတာမင် (စီ) (အီး) ဖြည့်စွမ်းပေးပြီးအစိုဓာတ်ရရှိကာ သက်တောင့်သက်သာ ဖြစ်စေပါတယ်။

Guerlain
    နှစ်ပေါင်း ၁၇၅ နှစ်အထက်သက်တမ်းရှိပြီး အဆင့်တန်းမြင့် တံဆိပ်တစ်ခုအဖြစ် ခိုင်မာစွာရည်တည်နေတဲ့ တံဆိပ်ပါ။ အရောင်အသွေးအားဖြင့် အနီမှပန်းရောင်သို့ ကြားကာလာများစွာ၊ လိမ္မော် မှ အညိုဖျော့သို့ ကြားကာလာများစွာ ထုတ်
လုပ်ထားတာကြောင့် မိမိလိုချင်တဲ့ကာလာကို စိတ်ကြိုက်ရရှိနိုင်ပါတယ်။

Makeup Forever
    ဒီတံဆိပ်ကိုတော့ နာမည်ကျော် Parisian make up artist Dany Sanz က ဖန်တီးခဲ့တာပါ။ ကြာရှည်ခံ စွဲမြဲလှပနေစေပြီး နှုတ်ခမ်းသားပေါ်မှာ တဖိတ်လက်လက် တောက်ပနေအောင် ထုတ်လုပ် ထားပါတယ်။

Estee Lauder
    ၁၉၄၆ ကတည်းက နယူးရော့ခ်မှာ  EL စတင်ခဲ့တဲ့ Joseph Lauder နဲ့ သူ့ဇနီး Estee Lauder တို့ဟာ ရေမွှေး၊  အသားရေထိန်း အလှကုန်၊ မိတ်ကပ်နဲ့ ဆံသားပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။ ဒီတံဆိပ်ကထုတ်တဲ့ နှုတ်ခမ်း နီတွေဟာ အရောင်တောက်ပရွှန်းစိုလှပမှု၊ တစ်နေ့တာလုံး ကြာရှည်ခံစွဲမြဲမှုနဲ့ နှုတ်ခမ်းသားပေါ်မှာ နူးညံ့ချောမွေ့သော အထိအတွေ့ကိုပါ ဆိုးပြီးနောက်ပိုင်း ကျန်ရှိနေစေပါတယ်။

Dior
    ဒီတံဆိပ်လည်းပဲ နှစ်ပေါင်းကြာရှည် အောင်မြင်တဲ့တံဆိပ်ပါပဲ။ ၁၉၄၆ ခုနှစ်က Christian Dior ဆိုတဲ့ ဒီဇိုင်နာက စတင်တီထွင်ခဲ့ပါတယ်။ ဖက်ရှင်ပစ္စည်းတွေအပြင် အလှအပပစ္စည်းတွေမှာလည်း ထိပ်ဆုံးမှာရပ်တည်ပြီး ခေတ်ရဲ့လိုအပ်ချက်
ကို ဖြည့်ဆည်းပေးပါတယ်။ Dior ရဲ့နှုတ်ခမ်းနီတွေဟာဆိုရင် အဆင့်တန်းမြင့်မားတဲ့ ကာလာများဖြစ်တဲ့အပြင် နှုတ်ခမ်းသားပေါ်မှာ အစိုဓာတ်ဖြည့်တည်းပေးပြီး ကာလာဟာ ကြွရွတောက်ပပြီး လိုက်ဖက်လှပနေစေတယ်။

Chanel
    ကမ္ဘာနဲ့တစ်ဝှမ်းကို လွှမ်းခြုံထားပြီး အောင်မြင်နေတဲ့တံဆိပ်ဖြစ်လို့ သူ့ဆီကနေထုတ်တဲ့ အလှကုန်များကလည်း ဈေးနှုန်းကြီးမြင့်ပြီး အဆင့်တန်းမြင့်မားပါတယ်။ သိပ်သည်းပြီး ခပ်ခြောက်ခြောက် နှုတ်ခမ်းနီကအစ ပုလဲလိုတောက်ပ ရွှန်းစိုတဲ့ နှုတ်ခမ်းနီအထိ အရောင်အမျိုးအစား စုံလင်အောင် ထုတ်လုပ်ပေးပါတယ်။ နှုတ်ခမ်းသားပေါ်မှာ ပေါ့ပါးလွန်းပြီး စိုစွတ်ကာ နူးညံ့ချောမွေ့သော အထိအတွေ့များနဲ့  နှုတ်ခမ်းသားကျန်းမာရေးကိုပါ ဂရုစိုက်ထုတ်ထားပါတယ်။

NARS
    NARS  ကိုစတင်ခဲ့တဲ့သူကတော့ မိတ်ကပ်ပညာရှင်လည်းဖြစ်၊ ဓာတ်ပုံဆရာလည်းဖြစ်တဲ့ Francois Nars ပါ။ အထူးပြုထားတဲ့ နည်းပညာပိုင်းတွေနဲ့ သဘာဝဆန်စွာ ကျော့ရှင်းလှပစေဖို့အမျိုးသမီးသုံး အလှကုန်တွေကို ထုတ်လုပ်ထားပါ
တယ်။ နှုတ်ခမ်းနီအမျိုးအစားကိုပဲ ရုပ်ရှင်ရိုက်ကူး ရေးအတွက် ဆိုးသောအမျိုးအစား၊ ပါးလွှာပြီး ကြည်လင်လှပသော အမျိုးအစား၊ ဖဲသားပိုးပမာအိစက်သော အမျိုးအစားနဲ့ အခြားသော စိတ်ဝင်စားဖွယ်ရာ နှုတ်ခမ်းနီများကို ရရှိနိုင်ပါတယ်။

Lancme
    ပြင်သစ်အဆင့်တန်းမြင့် အလှကုန်ပစ္စည်း ပါ။ သူလည်း ၁၉၆၄ ခုနှစ်က L’oreal မှ ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ နှုတ်ခမ်းနီအမျိုးစုံစွာ ထုတ်လုပ်ရောင်းချပြီး L’Absolu Rouge နှုတ်ခမ်းနီကတော့ အမျိုးသမီးတွေရဲ့ သင်္ကေတတစ်ခု ဖြစ်ခဲ့ပါတယ်။
အရောင်(၃၁)ရောင် ဒီအမျိုးအစားထုတ်ခဲ့ပြီး အချိန်၈ နာရီကြာရှည်ခံပါတယ်။ နောက်ထပ်ပေါက်ခဲ့တာက Rouge in Love ပါ၊ ၂၄ ရောင်ရှိပြီးသဘာဝဆန်ဆန်ပုံစံ၊ ခေတ်မီမီဆန်းပြားတဲ့ ပုံစံကြိုက်သလို ပုံဖော်နိုင်တဲ့ အမျိုးအစားပါ။

MAC
    အမျိုးသမီးတိုင်းဆိုးချင်တဲ့ နှုတ်ခမ်းနီ အမျိုးအစားဆိုရင် MAC ပါပဲ။ အောင်မြင်ကျော်ကြားတဲ့ နိုင်ငံတကာသရုပ်ဆောင် အဆိုတော်တွေကို ကိုယ်စားပြုကြော်ငြာခိုင်းပြီး အမျိုးသမီးထုကြားပေါက်ထွက်ခဲ့တာပါ။ နှုတ်ခမ်းသားကျန်းမာရေးကို ဂရုပြုထုတ်ထားပြီး အရောင်တွေက ဟော့တယ်၊ ဆွဲဆောင်မှုရှိတယ် ပြီးတော့ နူးညံ့သိမ်မွေ့လိုတဲ့အခါမှာလည်း ပုံစံပြောင်းလို့ရအောင် အရောင်စုံထုတ်ထားပါတယ်။