Primary tabs

Beauty Review

What :    Divine Youth Oil
Who :    အိုမင်းရင့်ရော်မှု၊ စိတ်ဖိစီးမှုနှင့် အခြားမမြင်နိုင်သော အရာတွေဟာ ဆဲလ်ပေါက်ဖွားနှုန်းကို နှေးကွေးစေပြီး အသားအရေကို အကာအကွယ်ဖြစ်စေမည့် အရာများကို အားနည်းစေသောကြောင့် ဇရာလက္ခဏာ များကို စောစီးစွာတွေ့မြင်ရပါလိမ့်မည်။  Divine Youth Oil ကို အသုံးပြုခြင်းဖြင့် အသားအရေကို ချောမွေ့စွာ သိသာထင်ရှားစွာခံစားမြင်တွေ့နိုင်ပါသည်။ အသားအရေတင်းရင်းချောမွေ့မှုနှင့် ပိုးသားကဲ့သို့ ပျော့ပျောင်းမှုကို ခံစား
ရမည်။ အဆီပြန်ခြင်း ကင်းဝေးစေပြီး အသားထဲသို့ လွယ်ကူစွာစိမ့်ဝင်စေနိုင်ကာ သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။ အသားအရေ၏ ပိုးသားကဲ့သို့ ချောမွေ့မှု 84 % တစ်နေ့တာလုံး ထိန်းထားပေးနိုင်ခြင်း၊ အသားအရေ ချောမွေ့တင်းရင်းမှု 75 % ရရှိနိုင်ခြင်း၊ အသားအရေ 85%ကြည်လင်တောက်ပမှုကို ရရှိစေနိုင်သည်။
When :    မျက်နှာသန့်စင်ပြီးနောက် Moisturizer သို့မဟုတ် Day/ Night Cream မလိမ်းခင် အသုံးပြုနိုင်သည်။
How :    Divine Youth Oil ကိုလိမ်းထားပြီး တဘက်နွေးကို (၁၀)မိနစ်ကြာတင်ထားလျှင် အသားအရေထဲတွင် ကျန်ရှိနေသောအဆီများကိုပါ ဖယ်ရှားပေးနိုင်ပါသည်။ အသုံးပြုပြီးနောက်တွင်အရေးကြောင်းများကို ပျောက်ကင်းစေခြင်း ၊ လျော့
ရဲပျော့တွဲနေသော မျက်နှာပြင်အသားအရေအား ချောမွေ့ကျစ်လစ် တင်းရင်းစေခြင်းစတဲ့ အကျိုးရလာဒ်များကို ချက်ချင်းသိသာစွာ ခံစားရမည်ဖြစ်သည်။
Where :    L’OCCITANE Shop ( Pearl Condo Boutique) တွင် ၀ယ်ယူရရှိနိုင်ပါသည်။

 

What :    3W Clinic Snail 2 step Kit Basic Skin Care Products (For Man)
Who:        အမျိုးသားများအတွက် ထုတ်လုပ်ထားပြီး အသားရေ၏ရေဓာတ်ကို ထိန်းညှိပေးကာ နူးညံ့စေပါသည်။ ခရုမှရသောပစ္စည်းများနှင့် ပေါင်းစပ်ပြုလုပ်ထားသောကြောင့် စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်သော အသားအရေ အပြစ်အနာအဆာများကို သက်သာပျောက်ကင်းစေနိုင်သည်။ ပုံမှန်လိမ်းပေးပါက အပြစ်အနာဆာကင်းပြီး ချောမွေ့သော မျက်နှာအသားရေပိုင်ရှင် ဖြစ်စေမည်။
When :    မျက်နှာသန့်စင်ပြီးနောက်တွင် Toner နှင့် Lotion ကိုလိမ်းပေးပါ။
How :    အရည်ပုံစံဖြစ်သောကြောင့် မျက်နှာပေါ်သို့ အသာအယာပွတ်လိမ်းပေးပါ။
Where :    အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင်များတွင် ၀ယ်ယူနိုင်သည်။

 

What :    SK Advanced Acne Clearing Body Scrub (25g)
Who : ထူးခြားကောင်းမွန်သော ဖော်မြူလာဖြင့် ဖော်စပ် ထားသောကြောင့် ကျော ကုန်းတွင် ၀က်ခြံများ မဖြစ်လာစေရန် ကာကွယ်ပေးသည်။ အဆီပြန်သော အသားအရေ အတွက် ၀က်ခြံအထူး ပျောက်ကင်းစေသော ကိုယ်ပွတ်တိုက်ဆေး ဖြစ်
သည်။ ဆေးဖက် ၀င်အမှုန့်နှင့် သတ္တုဓာတ်များ၊ နနွင်း ၊ သနပ်ခါး ၊ ဘင်္ဂါလီသစ်မြစ် ၊ မင်းကွတ်သီးအခွံ၊ မြေစေး ၊ ကုလားဇီးဖြူသီး ၊ Tiger Herval ဆေးဖက်ဝင် သဘာဝသစ်ရွက်တို့ကို ထည့်သွင်းဖော် စပ်ထား သည်။ ချွေးပေါက်ငယ် များအတွင်းမှ အညစ်အကြေးများကို ရှင်းလင်းဖယ်ရှားပေးနိုင်ခြင်း၊ အဆီပြန်ခြင်းကို လျော့ကျစေပြီး ၀က်ခြံဖြစ်ပွားမှုကို လျော့နည်းစေကာ ထပ်မံမဖြစ်လာစေရန် ကာကွယ်တားဆီးပေးပါသည်။
When :    ကိုယ်တိုက်ပွတ်ဆေး ဖြစ်သဖြင့် ရေချိုးသည့်အခါတွင် အသုံးပြုပါ။ ရာနှုန်းပြည့်သဘာဝဆေးဖက်ဝင် ပစ္စည်းများနှင့်သာ ပြုလုပ်ထားသောကြောင့် အလွန်ထိခိုက်ပျက်စီးလွယ်သော အသားအရေပိုင်ရှင်မျိုးပင်လျှင် အသုံးပြုရန် သင့်လျော်ပါသည်။
How :    ဆေးကိုရေ (သို့) ဒိန်ချဉ်နှင့်ရောစပ်ပါ။ စိုစွတ်နေသော အရေပြားပေါ်သို့လိမ်း၍ ၅ မိနစ်မှ ၁၀ မိနစ်အထိထားပြီးပါက ရေဖြင့်ဆေးပါ။ ၀က်ခြံများ လျော့ပါးသက်သာ ပျောက်ကင်းစေရန် တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်ထိအသုံးပြုပါ။
 

What :    PON PON  Body Cleanser (Whitening Rose) 720ml
Who :    ထိုင်ဝမ်နိုင်ငံမှ ထုတ်လုပ်သော နံပါတ် (၁) ရောင်းအားအကောင်းဆုံး ရေချိုးဆပ်ပြာဖြစ်ပြီး အသားအရေ ဖြူစင်ဝင်းပလိုသူများအတွက် မရှိမဖြစ်သော ရေချိုးဆပ်ပြာရည်ဟု ဆိုထားသည်။ ရှား ပါးဆန်းကြယ်သော နှင်း ဆီပန်းမျိုးနွယ်စိတ်များကို မျိုးပေါင်းစပ်၍ ရရှိသောနှင်းဆီပန်းမျိုးမှ  Organic Rosa Hybrid Flower Water ၊ သဘာ Hyaluronic Acid Serum နှင့် အဖိုးတန်ပုလဲမှုန်တို့ကို ပေါင်းစပ်ထုတ်လုပ်ထားပြီး ဗီတာမင်(စီ)ပါထည့်သွင်း
ထားသဖြင့် အသားရေကို ပိုမိုဖြူစင်စေကာစိုပြေတင်းရင်းမှု အပြည့်အ၀ရရှိစေသည်။
When :    ရေချိုးသည့်အချိန်တွင် အသုံးပြုရန်ဖြစ်သည်။
How :    ဆပ်ပြာရည်ဖြစ်သောကြောင့် ရေနှင့်ရောစပ်ကာ ခန္ဓာကိုယ်အနှံ့သို့ ပွတ်တိုက်နှိပ်၍ သန့်စင်ပေးပါ။
Where :    Best 149 (ဗိုလ်ချုပ်ဈေး၊ Junction 8 center) ၊ United Living Mall ၊ Super One Shopping Center တွင်ဝယ်ယူရရှိနိုင်သည်။

 

What :    Holika Holika Heart Ful Moisture Lipstick
Who :    နှုတ်ခမ်းသားအား အစိုဓာတ်ဖြည့်တင်းပေး သဖြင့် ဆောင်းရာသီ လို အေးချမ်းနေသော အချိန်တွင် နှုတ်ခမ်းခြောက်တတ်သူ အမျိုးသမီးအတွက် အထူးသင့်တော် သည်။ နှုတ်ခမ်းနီထိပ်အား အသဲပုံစံဖန်တီးထားသဖြင့် အသွင်သစ်ဖြင့်
ခံစားရမည်။ နှုတ်ခမ်းသားပေါ်တွင် ဆိုးထားပါက လိုချင်သည့်အရောင်တိုင်း စိုပြေရွှန်းစိုလှပနေစေမည်။
When :    နှစ်သက်ရာအချိန်တွင် ဆိုးပါ။
How :    ပုံမှန်နှုတ်ခမ်းနီကဲ့သို့ပင် နှုတ်ခမ်း၏ အနားသတ်လိုင်းအတိုင်း ဆိုးပေးရုံပင်ဖြစ်သည်။
Where :    Holika Holika ကောင်တာတိုင်းတွင် ၀ယ်ယူနိုင်သည်။

 

What :    Enprani Super Aqua Capture
Who :    Crystal ခရစ္စတယ်ကဲ့သို့ အသားရေကို ကြည်လင်လှပလိုသောသူများအတွက် အထူးထုတ်လုပ်ခြင်း ဖြစ်သည်။ ရေခဲတောင်ဒေသမှ စိမ့်စမ်းရေ၊ သုံးရောင်ခြယ်ပန်းတို့မှ ပရိုတင်းဓာတ်များစွာ ပါဝင်သောကြောင့် အဆီပြန်လွန်းသော အသားအရေများကို ချောမွေ့ပြီး အေးမြလန်းဆန်း ကြည်လင်စေသည်။
When :    နံနက် (၁)ကြိမ်၊ ညအိပ်ရာမ၀င်မှီ (၁) ကြိမ်အသုံးပြုပါ။
How :    မျက်နှာသန့်စင်ခြင်းမှ စတင်ကာ အခြေခံအဆင့်မှစတင်ပြီး လိမ်းရန် Serum ၊ Toner  ၊  Emulsion  ၊ Cream  အဆင့်(၄)ဆင့်ထုတ်ထားသည်။
Where :    Uniq Han (ပင်လုံထိပ်ထားအိမ်ရာ၊ အရင် Blazon) ၊ Junction Square ၊ Junction Mawtin ရှိ Enprani ကောင်တာများတွင် ၀ယ်ယူနိုင်သည်။ ဖုန်း - ၀၁ - ၅၆၆၆၀၉ ၊ ၅၆၆၆၂၁ သို့ ဆက်သွယ်မေးမြန်း ၀ယ်နိုင်သည်။

 

What :    Catrice Nude Illusion Makeup
Who :    နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်သော UVA / UVB ပါဝင်သဖြင့် နေရောင်ကာကွယ်လိုသောသူများ၊ တစ်နေ့တာလုံး အဆီပြန်ခြင်းမရှိ သိပ်သည်းလှပ လိုသောသူများအတွက် အထူးသင့်တော်သည်။ အစိုဓါတ် Moisture ပါဝင်မှုကြောင့်ရေဓာတ်ကို ဖြည့်တင်းပေးနိုင်သဖြင့် အသားထဲသို့  အလွယ်တကူစိမ့်ဝင်နိုင်ပြီး သဘာဝအတိုင်း လှပနေစေသည်။
When :    မျက်နှာသန့်စင်ပြီး skin care အဆင့်များလိမ်းပြီးပါက စတင်လူးပါ။
How :    မိတ်ကပ်ရည်ကို နဖူး၊ နှာခေါင်း၊ ပါးရိုးနှင့် မေးစေ့မှစတင်ကာ အတွင်းမှအပြင်သို့ အသာအယာပုတ်ပြီး လိမ်းပေးပါ။
Where :    အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင်များတွင်ဝယ်ယူနိုင်သည်။

 

What :    EUSHIDO & INSIN  Body Wash (700,120ml)
Who :    လာဗန်ဒါပန်း ပါဝင်မှုကြောင့် စိတ်တည်ငြိမ်အေးချမ်းမှုကို ရရှိစေပြီး အသားရေကို ချောမွေ့လာစေသည်။ အရေပြားတွင် တင်ကျန်နေသော အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး လိုအပ်သော ရေ ဓာတ်များကို ပါ ပြန်လည်ဖြည့် ဆည်းပေးနိုင်သည်။ ပန်းရနံ့ကြောင့် ပင်ပန်းနွမ်းနယ်မှုများ လျော့နည်းစေပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေသည်။ Crystal Formual နှင့် Cream Formula (၂)မျိုး ထုတ်ထားသည့် အတွက် နှစ်သက်ရာရွေးချယ်နိုင်သည်။
When :    ရေချိုးဆပ်ပြာနေရာတွင် အစားထိုးသုံးနိုင်ပါသည်။
How :    Body Wash မှာ အရည်ပုံစံဖြစ်သောကြောင့် ရေနှင့်ရောစပ်ကာ ခန္ဓာကိုယ်အား ပွတ်တိုက်၍လူးပါ။ ပြီးမှ ရေနှင့်ပြန်လည် ဆေးကြောသန့်ပေးပါ။
Where :    အမြို့မြို့အနယ်နယ်ရှိ အလှကုန်အရောင်းဆိုင်များနှင့် EUSHIDO & INSIN ဆိုင်များတွင်ဝယ်ယူနိုင်သည်။