Primary tabs

Beauty Review

What :    COW Beauty Soap (Red) ( Blue)
Who :     ဂျပန်နိုင်ငံပြည်တွင်းဖြစ် အရည်အသွေး မြင့် သဘာဝပစ္စည်းများကိုသာ အသုံးပြုပြီး လွန် ခဲ့သော နှစ်ပေါင်း (၁၀၀)ကျော်ကတည်းက ထုတ် လုပ်ရောင်းချခဲ့သော အသားရေထိန်း ပစ္စည်းများ ဖြစ်သည်။ ဂျပန်ပြည်တွင်း၌ ထွက်ရှိသော နွားနို့နှင့် Squalane ပါဝင်သောကြောင့် အစိုဓာတ်ကို ထိန်း သိမ်းပေးပြီး အသားရေကို ချောမွေ့လှပစေပါ သည်။ အနီရောင်- red ဆပ်ပြာသည် နှင်းဆီရနံ့ ပါဝင်ထုတ်ထားသဖြင့် စိတ်ကြည်လင်လန်းဆန်းမှုကို ပေးစွမ်း ပြီး ခြောက်သွေ့အသားအရေပိုင်ရှင် များအတွက် သင့်လျော်ပါသည်။ အပြာရောင် - blue ဆပ်ပြာသည် ပုံမှန်အသားအရေ ပိုင်ရှင်များအ တွက် အထူးသင့်လျော်ပြီး စံပယ်ပန်းရနံ့ ပါဝင်သဖြင့် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်သည်။
When :    ရေချိုးသည့်အချိန်တွင် အသုံးပြုပါ။
How :    ပုံမှန်ဆပ်ပြာသုံးသကဲ့သို့ပင် ဖြစ်သည်။
Where :    အမှတ်(၁၃၅) ဓမ္မစေတီလမ်း၊ ရွှေ တောင်ကြား ၂ ရပ်ကွက် ။ ဖုန်း - ၀၉၅၁၁ ၅၃၃၆၊ ၀၉၇၉၉၆၀၁၀၉၁ သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

What :    Celeb Facial Pack Foam
Who :    နွားနို့နှင့် ကြက်ဥအကာ ပါဝင်ဖော်စပ် ထုတ်ထားသဖြင့် အသားအရေပေါ်ရှိ အမည်းစက် များနှင့် အဆီအညစ်အကြေးများကို ထိရောက်စွာ ပျောက်ကင်းဖယ်ရှားပေးသည်။ မျက်နှာအသား အရေကို ကြည်လင်ဝင်းပလိုသူများအတွက် အထူး ထုတ်ထားသည်။ နူးညံ့သော အမြှပ်လေးများမှ မျက် နှာပြင် အရေပြားအပေါ်ယံလွှာကို သန့်စင်စေရုံသာ မက ချွေးပေါက်အတွင်းသို့ နက်ရှိုင်းစွာ စိမ့်ဝင်ပြီး အဆီအညစ်အကြေးများကို သန့်စင်စေသည်။
When :    မျက်နှာသန့်စင်သည့်အခါတွင် အသုံးပြုပါ။
How :    စိုစွတ်နေသော မျက်နှာပြင်ပေါ်သို့ (၂) မိနစ်ခန့် လိမ်းထား၍ ရေဖြင့်ပြန်လည်ဆေးကြော ပေးပါ။ ပေါင်းတင်ထားသကဲ့သို့ ထိရောက်စေပြီး အသားရေအား နူးညံ့ချောမွေ့စေသည်။
Where :    အမှတ်(၁၃၅) ဓမ္မစေတီလမ်း၊ ရွှေ တောင်ကြား (၂)ရပ်ကွက် ။ ဖုန်း - ၀၉၅၁၁ ၅၃၃၆၊ ၀၉၇၉၉၆၀၁၀၉၁ သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

What :    Dr.IN Icy Deep Clean Shampoo (500ml / 1000ml)
Who :    ဆံသားအဆီပြန်သဖြင့် စိတ်ရှုပ်နေသူ များအတွက် အထူးသင့်တော်သည်။ Oil Control & Refreshing အား အထူးသီးသန့် ဖော်စပ်ထားသဖြင့် ဆံသားများအတွင်း အဆီထွက်မှုကို ထိန်းသိမ်းပေး နိုင်သည်။ ဆံသားများအတွင်းရှိ ကပ်ငြိနေသော ဖုန်နှင့်ဓာတုအမှုန်များကို နက်ရှိုင်းစွာ သန့်စင်ပေး နိုင်သည်။ ဦးရေပြားယားယံခြင်း မရှိစေဘဲ ဘောက် စသော အမှုန်အမွှားများကို ထိရောက်စွာ ဖယ်ရှား ပေးသဖြင့် အသုံးပြုပြီးချိန်တွင် ပြန်လည်လန်းဆန်း တက်ကြွသော ခံစားမှုကိုရရှိစေသည်။
When :    ခေါင်းလျှော်လိုသည့် အချိန်များတွင် အသုံးပြုပါ။
How :    ပုံမှန်ခေါင်းလျှော်သကဲ့သို့ လက်ဖ၀ါး ထဲတွင် ရေနှင့် shampoo အားရောစပ်ကာ ဦးရေ ပြားအတွင်းသို့ လက်ချောင်းလေးများဖြင့် နှိပ်နယ်ပေးပါ။ ပြီးမှ ရေဖြင့်ပြန်လည်ဆေးကြော သန့်စင်ပါ။
Where :     Fei Co.,Ltd အမှတ်(၁၁) စမ်းချောင်း လမ်း၊ စမ်းချောင်းမြို့နယ်။ ဖုန်း - ၀၁-၂၃၀ ၄၈၁၅၊ ၀၉၂၅၄၁၂၆၆၅၉ သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

What :    Coreana Entia Aqua Plus White Cream(60ml)
Who :    အသားအရေ အတွင်းပိုင်းအထိ ၀င် ရောက်ကာ ပါဝင်ဖော်စပ်ထားသော အနီရောင် ဘယ်ရီသီး၏ အဆီအနှစ်များက အားဖြည့်ပေးသ ဖြင့် မျက်နှာအသားအရေကို ဖြူဝင်းလှပစေသည်။ သဘာဝမှရယူထားသော Natural Moisturizing Ingredients များမှ လိုအပ်နေသော ရေဓာတ်ကို အပြည့်အ၀ ဖြည့်တင်းပေးသဖြင့် စိုပြေလန်းဆန်း စေသည်။ Translucent Gel Type ဟု ဆိုထား သဖြင့် မျက်နှာပြင် အသားအရေအား သိသာထင်ရှားစွာ ကြည်လင်တောက်ပ လာစေမည်။
When :    Eye Cream & Emulsion လိမ်းပြီး နောက်ဆုံးအဆင့်တွင် အသုံးပြုပါ။ နံနက်နှင့် ည လိမ်းပါ။
How :    ခရင်မ်ပုံစံဖြစ်သောကြောင့် မျက်နှာပြင် နေရာအနှံ့သို့ အစက်ချ၍ ညင်သာစွာလိမ်းပါ။ စိုပြေမှု အပြည့်အ၀ခံစားလိုပါက ညဘက်လိမ်း သည့်အခါတွင် ပုံမှန်ထက် ၂ ဆပိုပြီး အသုံးပြုပေးပါ။
Where :    ရှော့ပင်းစင်တာများရှိ Coreana ကောင် တာများတွင် ၀ယ်ယူနိုင်သည်။

What :    Dr.Somchai Sunblock ( SPF 50 PA +++)
Who :    နေရောင်ခြည်ဒဏ်ကြောင့် အသားအရေ ပျက်စီးမှာကို စိုးရိမ်ပူပန်နေသူများအတွက် နေရောင်အောက်တွင် ပျော်ရွှင်စိတ်ချစွာ သွားလာနိုင်ရန်ထုတ်ထားသည်။ Physical Sunblock ဖော်မြူလာဖြစ်သဖြင့် သာမန်နေရောင်ကာ လိမ်း
များကဲ့သို့ နေရောင်ခြည်နှင့် မထိတွေ့မီ မိနစ်(၂၀) ကြိုတင်လိမ်းရန် မလိုပါ။ White Tea & Mulberry သီး အဆီအနှစ်များပါဝင်သောကြောင့် အိုမင်းရင့် ရော်မှုကို အပြည့်အ၀ကာကွယ်ပေးသည်။ Concealer ပါဝင်သောကြောင့် မျက်နှာပေါ်ရှိ ၀က်ခြံ အမာရွတ်များ၊ အမည်းစက်၊ တင်းတိပ်၊ မှဲ့ခြောက် များအား ဖုံးကွယ်ဖျောက်ဖျက်ပေးနိုင်စွမ်းရှိသည်။ သဘာဝကုန်ကြမ်းများဖြင့်သာ ဖော်စပ်ထုတ်လုပ် ထားသဖြင့် ဘေးထွက်ဆိုးကျိုး ဖြစ်စေသော ဓာတုပစ္စည်းများ လုံးဝမပါဝင်ကြောင်း အာမခံထားသည်။
When :    Makeup Base အနေဖြင့်သော်လည်း ကောင်း၊ sunblock အဖြစ်သော်လည်းကောင်း နှစ် သက်သလို အသုံးပြုနိုင်သည်။
How :    White , Beige ကာလာနှစ်မျိုးရှိသဖြင့် မိမိအသားရောင်နှင့် လိုက်ဖက်သည်ကို ရွေးချယ် အသုံးပြုနိုင်သည်။
Where :    Sein Gay Har ဆိုင်ခွဲများအားလုံး၊ Spirit (စမ်းချောင်း)၊ Fair Mart (Corner of 35th Street)၊ High Great Top Mini Mart ( ဗဟိုလမ်း )၊ Super One (တော်ဝင်စင်တာ)၊ Oo Mar Store ( လှည်းတန်း)တွင် ၀ယ်ယူနိုင်သည်။

What :    DABO Face Powder SPF 35
Who :    မိတ်ကပ်လိမ်းတိုင်း မညီမညာဖြစ်သူ များ၊ အဆီပြန်၍ စိတ်ညစ်သူများအတွက် အထူး သင့်တော်သည်။ မျက်နှာပြင် အသားအရေအလိုက် ရွေးချယ်နိုင်ရန် (၄)ရောင်ထုတ်ထားပြီး အဆီပြန် ခြင်းကို ထိန်းညှိပေးကာ တစ်နေ့တာလုံး သဘာဝ ကျကျ လှပနေစေသည်။ မိတ်ကပ်သားကွက်ခြင်း၊ အသားရောင် မညီမညာဖြစ်ခြင်းများကို ချောမွေ့ ပြေပြစ်စေသည်။ နေရောင်ခြည် ဒဏ်မှလည်း ကာကွယ်ပေး ထားပြီး အသားရေ ထိခိုက်ခြင်း မရှိစေရန် ထိန်းသိမ်းပေးနိုင်သည်။
When :    အောက်ခံမိတ်ကပ် အသုံးပြုပြီးနောက် တွင် စတင်လိမ်းပါ။
How :    ပေါင်ဒါအသွင် ဖြစ်သောကြောင့် မျက် နှာပြင်ပေါ်တွင် puff ဖြင့် အသာအယာ ပုတ်လိမ်းပေးပါ။
Where :    အမြို့မြို့အနယ်နယ်ရှိ အရောင်းကောင်တာများနှင့် ရှော့ပင်းစင်တာများတွင် ၀ယ်ယူနိုင်သည်။

What :    DABO Argan Essential Body & Hand (4set)
Who :    ကိုယ်ခန္ဓာနှင့် လက်အသားအရေအား စိုပြေနူးညံ့လိုသူများအတွက် DABO မှ ပျားရည် ထည့်သွင်းကာ ဖော်စပ်ထားသည်။ သဘာဝပျား ရည်နှင့် Royal Jelly ပါဝင်မှုကြောင့် အသားအရေ၏ လိုအပ်သော ရေဓာတ်ကိုအပြည့် အ၀ ဖြည့်ဆည်းပေးနိုင်သဖြင့် စိတ်ကိုလန်းဆန်းတက်ကြွစေသည်။
When :    နှစ်သက်ရာအချိန်တွင် လိမ်းနိုင်သည်။
How :    ခရင်မ်ပုံစံဖြစ်သောကြောင့် မိမိလိမ်းလို သောနေရာများသို့ ပမာဏအသင့်အတင့်ယူကာ အသားအရေတွင်း စိမ့်ဝင်စေရန် လိမ်းပေးပါ။
Where :    အမြို့မြို့အနယ်နယ်ရှိ အရောင်းကောင် တာများနှင့် ရှော့ပင်းစင်တာများတွင် ၀ယ်ယူနိုင်သည်။

What :    BEYOND THE TREE For Men Moisture Series
Who :    အမျိုးသားများ၏ မျက်နှာပြင် အသား အရေ ချောမွေ့စိုပြေစေပြီး အရေပြား လျော့တွဲ မှုကို တင်းရင်းစေရန်  အာဖရိကရှိ ရေဓာတ်သို လှောင်မှု အများဆုံးအပင်ဖြစ်သော Baobab Tree ၊ အသားအရေ တင်းရင်းစိုပြေမူကို ပေး စွမ်းနိုင်သော Low Molecular Hyaluronic Acid  အစရှိသော အစွမ်းထက် ပါဝင်ပစ္စည်းများနှင့်  အထူးထုတ်ထား သော The Tree အသားအရေထိန်း ပစ္စည်းများ ဖြစ်သည်။ Deep Facial Foam , Toner ,Essence ,Emulsion , Cream ,Sun Shield , Master CC (၆)မျိုး ထုတ်လုပ်ထားသည်။ Facial Foam တွင် အနက်ရှိုင်းဆုံး အလွှာထိ ၀င်ရောက်သန့်စင်ပေး နိုင်ရန် ဖော်စပ်ထားပြီး Toner မှ ရေဓာတ်ဖြည့် တင်းပေးခြင်းနှင့် အရေပြားလျော့တွဲမှုကိုကာကွယ်ပေးခြင်း၊ Essence မှ shaving မကြာခဏ လုပ်ခြင်းကြောင့် ခြောက်သွေ့ကြမ်းတမ်းလာသော အသားအရေအား စိုပြေကာ အရေကြောင်းများ ကို လျော့ပါးသက်သာစေသည်။ Tree Emulsion နှင့် Cream တွင်အသားအရေအား နူးညံ့စိုပြေစေ
ခြင်း၊ Sun Shield တွင် SPF 50 PA+++ ပါဝင် ထားခြင်းကြောင့် နေရောင်ခြည်ဒဏ်ကို အပြည့် အ၀ ကာကွယ်ပေးပြီး တစ်နေ့တာလုံး စေးကပ်မှု မရှိခြင်း၊ Master CC မိတ်ကပ်မှာမူ အမျိုးသား များအတွက် အထူးထုတ်ထားခြင်းကြောင့် အမည်းစက်နှင့် ချွေးပေါက်များအား လိမ်းထားမှန်းမသိအောင် သဘာဝကျကျ ဖုံးအုပ်ပေးနိုင်သည်။
When :    မျက်နှာသန့်စင်သည့် အဆင့်မှစတင်ကာ Facial Foam , Emulsion , Essence , Cream, Sun Shield , CC cream တို့ကို အဆင့်ဆင့် သုံးစွဲ သွားရန်ဖြစ်သည်။
Where :    တော်ဝင်စင်တာ-ပထမထပ်ရှိ cosmetic zone ၊ Junction (Mawtin) (Naypyitaw) နှင့် Parkson ရှိ Just Beyound ကောင်တာ တွင် ၀ယ်ယူနိုင်သည်။