Primary tabs

Beauty Review

What : EVELINE White Prestige 4D Facial Wash Gel Who : မျက်နှာသစ်ဂျဲလ် အမျိုးအစားဖြစ်ပြီး တစ်မျိုးသုံးရုံဖြင့် အသား အရေ ပေါ့ပါးကြည်လင်ခြင်း၊ အသားရောင် ညီညာခြင်း ၊ ဖြူစင်ချောမွေ့ခြင်းအပြင် တစ်နေ့တာလုံး အစိုဓာတ်အား အချိန်(၄၈)နာရီကြာ ထိန်းသိမ်းပေးခြင်းတို့ကြောင့် အချိန်တိုအတွင်း လျှင်မြန် စွာ ထိရောက်လိုသူများအတွက် အထူးအသုံးဝင်သည်။ အထပ်တစ်ရာ ပန်း၏အဆီများကို ထည့်သွင်းဖော်စပ်ထားသဖြင့် အသားရေအား သန့်စင်ကာ ဒဏ်ရာအမာရွတ်များကို လျော့နည်းသက်သာစေပြီး နေလောင်မှုဒဏ်မှ ကာကွယ်ပေးသည်။ When : မျက်နှာသန့်စင်လိုသော အချိန်များတွင် အသုံးပြုပါ။ How : စွတ်စိုပြီးသော မျက်နှာပြင်ပေါ်တွင် ဂျဲလ်အားလိမ်းပြီး နူးညံ့စွာနှိပ်နယ်ပေးပါ၊ ပြီးလျှင်ရေနှင့်ပြန်လည် ဆေးကြောသန့်စင်ပါ။ Where : အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်သည်။

What     : Himalaya Dental Cream

Who      : သွားနှင့်ခံတွင်း အနံ့အသက်ကင်းကာ တစ်နေ့တာလုံး ယုံကြည်မှုရှိစွာ လှုပ်ရှားပြောဆိုလိုသူများအတွက် ထုတ်ထားသည်။ တမာ၊ တလည်းသီးမှ ထုတ်ယူဖော်စပ်ထားခြင်းကြောင့် သွားနှင့်သွားဖုံးကြား ကပ်ငြိနေသော စားကြွင်းစားကျန်များအား ထိရောက်စွာ ဖယ်ရှားသန့်ရှင်းပေးပြီး ခံတွင်းကျန်းမာရေးအား ကောင်းမွန်စေသည်။ Toothache Tree နှင့် Indian Gum-Arabic Tree တို့မှလည်း သွားဖုံးရောင်ရမ်းခြင်းနှင့် သွေးယိုခြင်းမဖြစ်စေရန် ကာကွယ်တားဆီးပေးသဖြင့် ပုံမှန်သုံးစွဲပေးပါက ဖြူစင်တောက်ပသော သွားများအား ပိုင်ဆိုင်နိုင်မည်။

When    : သွားတိုက်သည့်အခါ အစားထိုးသုံးစွဲနိုင်သည်။

How      : သွားတိုက်ဆေးပုံစံ ခရင်မ်ဖြစ်သောကြောင့် နေ့စဉ်ပုံမှန် သွားတိုက်သည့်အတိုင်းပင် ဖြစ်သည်။

Where   : အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင်များတွင် မေး၍၀ယ်ယူပါ။

 

What     : Holika Holika Black Caviar Wrinkle Recovery Cream (50ml)

Who      : အရွယ်တင်နုပျိုကာ ပြည့်တင်းဝင်းမွတ်သော အသားရေကို ပြန်လည်ဖန်တီးလိုသော သူများအတွက် အသစ်ထပ်မံ ထုတ်လုပ် ထားခြင်းဖြစ်သည်။ Caviar နှင့် Pearl တို့၏အဆီအနှစ်များဖြင့် ဖော်စပ်ထားပြီး ပျက်စီးပြိုလဲလာသော ဆဲလ်နံရံများအား မပျက်စီးစေရန် ထိန်းသိမ်းပေးနိုင်သည်။ Pure Gold အား ထည့်သွင်းထားသဖြင့် အရေပြားမျက်နှာပြင်အား စိမ့်ဝင်ကာ အသားအရေကို သက်သာ ကောင်းမွန်လာစေရန်၊ စိုပြေပြည့်တင်းလာစေရန် ထိရောက်စွာကူညီပေးသည်။

When    : Skin Care လိမ်းခြင်း၏ နောက်ဆုံးအဆင့်တွင် ခရင်မ်အားလိမ်းပါ။

How      : ခရင်မ်ပမာဏ အသင့်အတင့်ယူပြီး မျက်နှာပြင်ပေါ် နူးညံ့ညင်သာစွာ ပွတ်လိမ်းပေးပြီးနောက် အရေပြားထဲသို့ စိမ့်ဝင်စေရန် အသာအယာ ပုတ်ပေးပါ။

Where   : Holika Holika ကောင်တာများတွင် ၀ယ်ယူနိုင်သည်။

 

What     : Green teaco Natural Balancin Homme Skin

Who      : ချွေးပေါက်ကျဉ်းလိုသူများနှင့် ၀က်ခြံထွက်ခြင်းကို ကာကွယ်လိုသူများအတွက် သဘာဝလက်ဖက်စိမ်းမှ ထုတ်ယူကာ ဖော်စပ် ထားခြင်းဖြစ်သည်။ မျက်နှာပြင်ရှိ မလိုလားအပ်သော အဆီပိုနှင့် အညစ်အကြေးများကို ထိရောက်စွာ ဖယ်ရှားသန့်စင်ပေးသည်။ သဘာဝ လက်ဖက်ကို အခြေခံထားသောကြောင့် အသားရေကို ကြည်လင်တောက်ပကာ စိုပြေစေသည်။

When    : နံနက်နှင့်ည မျက်နှာသစ်ပြီးတိုင်း အသုံးပြုပါ။

How      : မျက်နှာပေါ်သို့ ခရင်မ်အားယူပြီး နေရာအနှံ့သို့ ပွတ်သပ်လိမ်းပေးပါ။

Where : အမှတ်(၅၂၀)၊ ဒီ(၇)၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေတောင်ကြား၊ ဗဟန်း။ ဖုန်း-၀၉ ၆၈၁၇၅၈၅၊ ၀၉၉၁၀၀၀၀၂၀၊ ၀၁-၅၅၈၄၆၃ သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

 

What     : Gogung Jin ၊ Gogung Seon ၊ Gogung Mi Perfume

Who      : ဓာတုပစ္စည်းများ မပါဝင်သဖြင့် အသားအရေ ထိခိုက်လွယ်သူများနှင့် ပုံမှန်အသားရေ ပိုင်ရှင်အားလုံး သုံးစွဲနိုင်သည်။ သဘာဝ ပန်းပေါင်းစုံရနံ့နှင့် ထုတ်လုပ်ထားခြင်း၊ ချစ်စဖွယ်ဗူးပုံစံနှင့် ထုတ်လုပ်ထားခြင်းတို့ကြောင့် အသက်အရွယ်မရွေး အမျိုးသမီးအားလုံး သုံးစွဲနိုင်သည်။ မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် လန်းဆန်းတက်ကြစေပြီး စွဲမက်ဖွယ်ရနံ့များမှ သင့်ရဲ့အလှအပအား ပံ့ပိုးပေးမည်။

When    : နှစ်သက်ရာ အချိန်တွင်သုံးစွဲပါ။

How      : သွေးခုန်နှုန်းရှိသော နေရာများနှင့် လည်ပင်းနားတ၀ိုက်သို့ ဆွတ်ပေးပါ။

Where   : ပိုင်ဖြိုးသီဟ ထရိတ်ဒင်းကုမ္ပဏီ၊ အမှတ်(၃၃) ၊ (၇၈)လမ်း၊ (၃၄)လမ်းနှင့် (၃၅)လမ်းကြား၊ မန္တလေး၊ ဖုန်း- ၀၂-၃၃၄၈၈၊ ၀၉၉၁၀၀၀၁၁၃ သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

 

What     : L’ABBELL 60 Seconds Rich Repair Mask (For Hair)

Who      : (၆၀) စက္ကန့်ဖြင့် ဆံသားအား ပိုးသားအသွင် ချောမွေ့တောက်ပြောင် နူးညံ့လိုသူများအတွက် အထူးထုတ်လုပ်ထားသော ပေါင်း တင်ဆေးဖြစ်သည်။ ဂျာမဏီနိုင်ငံမှ အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားသောကြောင့် အချိန်ကုန်သက်သာစေသည့် ဆံသားပေါင်း တင်ဆေးဖြစ်ပြီး မည်သည့်ဆံသားနှင့်မဆို အသုံးပြုနိုင်ရန် ထုတ်ထားသည်။

When    : ခေါင်းလျှော်ပြီး ပေါင်းတင်ပေးရန် ဖြစ်သည်။

How      : မည်သည့်ဆံသားကိုမဆို ရှန်ပူနှင့်ခေါင်းလျှော်ပြီးနောက် အချိန် (၁)မိနစ်ကြာ ပေါင်းတင်ပေးရုံပင်ဖြစ်သည်။

Where   : L’ABBELL  ဖုန်း- ၀၉၄၂၁၁၆၃၀၆၇၊ ၀၉၇၃၂၂၂၀၄၀ သို့ ဆက်သွယ်ဝယ်ယူနိုင်သည်။

 

What     : Holika Holika Prime Miracle Snail Hand Cream

Who      : လက်၏အရေပြားအား အံ့အားသင့်စဖွယ် နူးညံ့ချောမွတ်ကာ၊ သိမ်မွေ့သော အထိအတွေ့ကို ပေးစွမ်းစေရန် ခရုအဆီမှ ဖော် စပ်ထားခြင်းဖြစ်သည်။ ခရုအဆီ၏ ထူးခြားချက်မှာအမာရွတ်များအား သက်သာပျောက်ကင်းစေခြင်း၊ အသားရေမျက်နှာပြင်အား တင်းရင်း စေခြင်း၊ အရွယ်တင်စေသည့် အစွမ်းသတ္တိတို့ ပါဝင်သည်။

When    : နှစ်သက်ရာအချိန်တွင် အသုံးပြုပါ။

How      : ခရင်မ်အမျိုးအစားဖြစ်သဖြင့် လက်အရေပြားနှင့် တံတောင်ဆစ်နှင့် လက်ချောင်းများပေါ်တွင် ပမာဏအနည်းငယ်ယူ၍ ညင် သာစွာပွတ်လိမ်းပေးပါ၊ လက်ဖမိုးအရေပြားမှာ လွန်စွာနူးညံ့သဖြင့် နေ့စဉ်လိမ်းပေးပါ။

Where   : Holika Holika ကောင်တာများတွင် ၀ယ်ယူနိုင်သည်။

 

 

 

 

 

What     : Silkpro  Hair Tonic Concentrate (50ml)

Who      : ဆံကေသာ မွှေးညှင်းပေါက်လေးများအား အားပြည့်လာစေရန်၊ သက်တမ်းမတိုင်မီ ဆံပင်ကျွတ်ခြင်း လျော့နည်းစေရန် ကာ ကွယ်ပေးမည်ဖြစ်သောကြောင့် ဦးရေပြားခြောက်သွေ့သဖြင့် ဆံပင်ကြောင့် ဒုက္ခရောက်နေသူများနှင့် အထူးသင့်တော်သည်။ အရှေ့တိုင်း နှင့်အနောက်တိုင်းတို့မှ ဆေးဖက်ဝင်အပင်(၁၁)မျိုးနှင့် အစွမ်းထက်သော ဂျင်စင်း(၃)မျိုးကို ပေါင်းစပ်ထုတ်ထားပြီး ကိုရီးယား၊ အမေရိ ကားနှင့် ဆိုက်ဘေးရီးယားတို့မှ ဂျင်စင်းမြစ်များ ပါဝင်ထားသည်။

When    : ဆံသားခြောက်သွေ့သည့် အချိန်များနှင့် ခေါင်းလျှော်ပြီးနောက်တွင် အသုံးပြုပါ။

How      : Hair Tonic ဖြစ်သောကြောင့် ဦးရေပြားအနှံ့သို့ ဆွတ်ဖြန်းပြီး လိမ်းပေးပါ။

Where   : အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်သည်။