Primary tabs

Beauty Review

What :    Doaru Super Dry Eye Liner
Who :    နဂိုထက်ပိုမိုကျယ်ဝန်းသော မျက်ဝန်း အလှနှင့် ပြီးပြည့်စုံမည်းနက်သော မျက်ဝန်းအလှ ကို ဖန်တီးပိုင်ဆိုင်လိုသူ အမျိုးသမီးများအတွက် ထုတ်ထားသည်။ တစ်နေ့တာလုံးစွဲမြဲစွာ လှပနေ စေပြီး ရေစိုခံရန်ဖန်တီးထားသဖြင့် မျက်ဝန်း တွင် ဆွဲထားပါကအခြောက်မြန်စေပြီး ပြန်လည်ဖျက် ရာတွင် လွယ်ကူစေရန်ပြုလုပ်ထားသည်။
When :    နှစ်သက်ရာအချိန်တွင်သုံးနိုင်သည်။
How :    မျက်ဝန်း၏အပေါ်နှင့် အောက်နှစ်ခု စလုံးအသုံးပြုနိုင်ပါသည်။
Where :    အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင် ကြီးများတွင် ၀ယ်ယူနိုင်သည်။

 

What :    Doaru Lash 5X Mascara
Who :    ရှိရင်းစွဲမျက်တောင်များထက် (၅)ဆ ပိုမိုရှည်လျား ကော့ညွတ်စေသောကြောင့် ဆွဲ ဆောင်မှုရှိသော မျက်တောင်အလှကို လိုချင်သော သူများနှင့် အထူးအဆင်ပြေစေသည်။ နဂိုမူလ မျက်တောင်ပေါ်သို့ သုံးစွဲလိုက်ပါက ပိုမိုထူထဲမည်း နက်ကာ မျက်ဝန်းအလှကို ထူးခြားစွာပေါ်လွင်လာ စေမည်။
When :    နှစ်သက်ရာအချိန်တွင်သုံးနိုင်သည်။
How :    မျက်တောင်အား အရင်းမှအထက်သို့ ကော့ပေးရန်ဖြစ်သည်။
Where :    အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင် ကြီးများတွင်ဝယ်ယူနိုင်သည်။

 

What :    Catrice Liquid Metal Eyeshadow
Who :    ကြယ်ပွင့်တစ်ပွင့်လို့ တောက်ပသော မျက်ဝန်းအလှကို တစ်နေ့တာလုံးစွဲမြဲစွာ လှပလို သောသူများအတွက် ထုတ်ထားသည်။ ချောမွတ် နူးညံ့ပြီး ကြာရှည်ခံသော ပေါင်ဒါသားဖြစ်ပြီး 3D ဖေါင်းကြွရှဲဒိုးဖန်တီးထားသဖြင့် မြင်သူတိုင်းငေး ရ သည်အထိ လှပသောမျက်ဝန်းကို ဖန်တီးနိုင်မည်။ Metallic shades (၉)ရောင် စိတ်ကြိုက်ရွေးချယ် ၀ယ်ယူနိုင်ပါသည်။
When :    နှစ်သက်ရာအချိန်တွင်သုံးစွဲနိုင်သည်။
How :    ရှဲဒိုးမခြယ်မီ eye primer အား အရင် အောက်ခံလိမ်းပြီး ခြယ်ပါက အရောင်ထွက်အား ပိုတောက်ပစေပါသည်။
Where :    ရန်ကုန်မြို့တွင် Orange (တာမွေ၊ မ/ဥ၊ သာကေတ)။ စိန်ဂေဟာ (ပါရမီ)။ ဂမုန်းပွင့် (မြေ နီကုန်း ၊ ဘိုကလေး)။ Best 149 ။ Junction Maw-tin (Citymart) တို့တွင် ၀ယ်ယူနိုင်ပြီး မန္တလေးမြို့တွင် ပတ္တမြားစတိုး (၇၅ လမ်းနှင့် ၃၄ လမ်း ထောင့်) ။ Orange (ဂရိတ်ဝေါ၊ လမ်း ၈၀) ။ Blazon (Sky walk) တို့တွင် ၀ယ်ယူနိုင်သည်။

What :    Catrice  Ultimate Colour Lip Colour
Who :    နှုတ်ခမ်းအစိုဓါတ်ကို ထိန်းသိမ်းပေးနိုင် ပြီး ကြာရှည်ခံစွဲမြဲသော နည်းပညာကိုထည့်သွင်း ဖေါ်စပ်ထားသဖြင့် တစ်နေ့တာလုံး စိုပြေရွှန်းလဲ့ နေသော နှုတ်ခမ်းအလှကို လိုချင်သူများအတွက် ဖြစ်သည်။  အရောင်(၁၆)ရောင် အနု၊ အရင့် ကာ လာမျိုးစုံရှိပြီး နှုတ်ခမ်းသားပေါ်တွင် ထပ်တူကျအ ရောင်ပေါ်စေသည်။
When :    နှစ်သက်ရာအချိန်တွင်အသုံးပြုပါ။
How :    နှုတ်ခမ်းနီမှာ ခရင်မ်ကဲ့သို့ နူးညံ့သ ဖြင့် နှုတ်ခမ်းသားပေါ်တွင် အသာအယာပွတ်ဆိုး ပေးပါ။
Where :    ရန်ကုန်မြို့တွင် Orange (တာမွေ၊ မ/ဥ၊ သာကေတ) ။ စိန်ဂေဟာ (ပါရမီ) ။ ဂမုန်းပွင့် (မြေနီကုန်း၊ ဘိုကလေး) ။ Best 149 ။ Junction Mawtin (Citymart) တို့တွင် ၀ယ်ယူနိုင်ပြီး မန္တလေးမြို့တွင် ပတ္တမြားစတိုး (၇၅လမ်းနှင့် ၃၄လမ်း ထောင့်) ။ Orange (ဂရိတ်ဝေါ၊ လမ်း ၈၀) ။ Blazon (Sky walk) တို့တွင် ၀ယ်ယူနိုင်သည်။

What :    Passion  SPA Rejuvenation Shower Scrub (Green Tea) 750ml    
Who :    ဒူး၊ တံတောင်နှင့် ညိုမည်းကြမ်းတမ်း နေသောအသားအရေပိုင်ရှင်များ စိတ်မညစ်စေရ အောင် အထူးထုတ်လုပ်လိုက်သော ရေချိုးဆပ် ပြာ scrub အမျိုးအစားဖြစ်သည်။ အဆင့်မြင့် ဇိမ်ခံ ရေချိုးဆပ်ပြာရည်ဖြစ်ပြီး လက်ဖက်စိမ်းပါဝင် ထားသောကြောင့် အသားရေအား အေးမြသော ခံစားမှုကိုရရှိပြီး နူးညံ့ဖြူဖွေးသန့်စင်သွားစေ သည်။
When :    ရေချိုးသည့်အချိန်တွင် ဆပ်ပြာအစား ထိုး သုံးစွဲနိုင်ပါသည်။
How :    ဆပ်ပြာရည် အမျိုးအစားဖြစ်သော ကြောင့် ရေချိုးသည့်အခါ Bubble Sponge တွင် ရေနှင့်ရောစပ်ပြီး ခန္ဓာကိုယ်အနှံ့သို့ပွတ်တိုက် သန့် စင်ပေးပါ။ ပြီးမှ ရေနှင့်ပြန်လည်ဆေးကြောပါ။
Where :    Sky Holding Co.,Ltd မှဖြန့်ဖြူးပြီး အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင်များတွင် ၀ယ် ယူနိုင်သည်။

What :    Passion Hand Wash (Lavender / Apple / Sunflower (500ml)
Who :    လက်အရေပြားတွင် တွယ်ကပ်ငြိနေ တတ်သော မမြင်နိုင်ပိုးမွှားအန္တရယ်များကို ၂၄ နာရီ ကာကွယ်ပေးနိုင်သည်။ အစိုဓါတ် Moisture ပါဝင်သောကြောင့် သုံးစွဲပွတ်လိမ်းပြီးနောက်တွင် အသားအရေခြောက်သွေ့ခြင်းမရှိဘဲ လန်းဆန်း အေးမြမှုခံစားရရှိမည်။ လက်တွင်စွဲကပ်တတ်သော အနံ့ဆိုးများမှလည်း ဖယ်ရှားပေးကာ လတ်ဆတ်သော ပန်းရနံ့များနှင့် စိတ်ကိုကြည်နူးစေပါသည်။
When :    ပစ္စည်းများကိုင်တွယ်ပြီးချိန်နှင့် လက်မှ အနံ့ဆိုးများကို ဖယ်ရှားလိုသည့်အချိန်တွင် သုံးနိုင် သည်။
How :    အရည်ပုံစံဖြစ်သောကြောင့် ပမာဏ အနည်းငယ်အား ဗူးမှညှစ်ယူကာ လက်ဖ၀ါး ၂ ဖက်အား အချင်းချင်းပွတ်တိုက်သန့်စင်ပေးပါ။
Where :    Sky Holding Co.,Ltd မှ ဖြန့်ဖြူးပြီး အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင်များတွင် ၀ယ် ယူနိုင်သည်။

What :    Parisvally Perfumes
Who :    အမျိုးသမီးများအကြိုက် ရနံ့များဖြစ် သော Parisvally Perfumes မှ ယခုနှစ်အတွက် မိတ်ဆက်လိုက်ခြင်းဖြစ်သည်။ USA နိုင်ငံမှ ထုတ် လုပ်ထားသော ရနံ့များဖြစ်ပြီး ဆွတ်ဖြန်းထားပါ က တစ်နေ့တာလုံးစွဲမြဲနေစေကာ တက်ကြွ လန်းဆန်း နေစေမည်။
When :    နှစ်သက်အရာအချိန်တွင်သုံးစွဲပါ။
How :    သွေးကြောနေရာများနှင့် လည်ပင်းနား တ၀ိုက်နေရာများအား ဆွတ်ဖြန်းထားပါက တနေ့ တာလုံးရနံ့စွဲနေစေမည်။
Where :    တော်ဝင်စင်တာ - ပထမထပ် အမှတ် (၂၂၀၀)၊ စိန်ဂေဟာ စူပါဝမ်း မခင်အေးစတိုး၊ City Mart ၊ Capital ၊ Day to Day ၊ Ruby Mart ၊ ကိန္ဒရီစတိုး ၊ ဥမ္မာစတိုး(လှည်းတန်း) တို့တွင် ၀ယ် ယူနိုင်ပါသည်။ ဖုန်း - ၀၉၇၃၀၅၈၆၁၄ ။

What :    ENPRANI  Super Aqua Capture
Who :    Crystal (ခရစ္စတယ်) ကဲ့သို့ ကြည်လင် တောက်ပစေသော အသားအရေကိုပိုင်ဆိုင်နိုင်လိုသည့်သူများအတွက် အထူးအဆင်ပြေစေမည့် အသားရေထိန်းပစ္စည်းဖြစ်သည်။ ရေခဲတောင်ဒေသမှ စိမ့်စမ်းရေနှင့် သုံးရောင်ခြယ်ပန်းတို့၏ ပရိုတင်းဓါတ်များစွာ ပါဝင်သောကြောင့် အဆီပြန်လွန်းသော အသားအရေများကိုချောမွေ့ပြီး အေးမြလန်းဆန်းစေမည်။ မျက်နှာသန့်စင်ပြီး နောက်တွင် အဆင့်ဆင့်သုံးသွားခြင်းဖြင့် ကြည် လင်သန့်စင်သော မျက်နှာအလှကိုပိုင်ဆိုင်နိုင် စေမည်။
When :    မျက်နှာသန့်စင်ပြီးနောက်တွင် စတင်သုံးစွဲပါ။ နံနက်နှင့် ညတစ်နေ့ ၂ ကြိမ်သုံးနိုင် သည်။
Where :    Uniq Han (ပင်လုံထိပ်ထားအိမ်ရာ၊ ဦးဝိဇာရလမ်း) / Junction Square , Junction Mawtin ရှိ Enprani ကောင်တာများတွင် ၀ယ်ယူ နိုင်သည်။ www.facebook.com/Aqualand Myanmar တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

What :    DABO Waterfull Aqua Cream
Who :    မျက်နှာအရေးကြောင်း ကင်းဝေးကာ ရေဓါတ်အပြည့်အ၀ ဖြည့်စွမ်းပေးသဖြင့် မျက်နှာ အသားအရေ အား နူးညံ့ချောမွေ့စေသည်။ Snail Secretion Filtrate နှင့် Collagen ပါဝင်မှုကြောင့်  အသားအရေအား သိသာစွာအိစက်သွားပြီး မျက်နှာ ပြင်ပေါ်ရှိ အဆီကျိတ်ကလေးများကို ဖယ်ရှားပေး နိုင်သည်။
When :    မျက်နှာသန့်စင်ပြီး နံနက်နှင့် ည တစ်နေ့(၂) ကြိမ်လိမ်းပါ။
How :    ခရင်မ်ပုံစံထုတ်ထားသောကြောင့် မျက်နှာပြင်ပေါ်သို့ ပမာဏအနည်းငယ်စီယူ၍ လက် ချောင်းလေးများဖြင့် ညင်သာစွာပွတ်လူးပေးပါ။
Where :    အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင် များတွင် ၀ယ်ယူနိုင်သည်။