Primary tabs

Beauty Review

What :    Passion  SPA Rejuvenation Shower Scrub (Green Tea) 750ml    
Who :    ဒူး၊ တံတောင်နှင့် ညိုမည်းကြမ်းတမ်း နေသော အသားအရေပိုင်ရှင်များ စိတ်မညစ်စေရ အောင် အထူးထုတ်လုပ်လိုက်သော ရေချိုးဆပ်ပြာ scrub အမျိုးအစားဖြစ်သည်။ အဆင့်မြင့် ဇိမ်ခံ ရေချိုးဆပ်ပြာရည်ဖြစ်ပြီး လက်ဖက်စိမ်း ပါဝင်ထား သောကြောင့် အသားရေအား အေးမြသောခံစားမှု ကိုရရှိပြီး နူးညံ့ဖြူဖွေးသန့်စင်သွားစေသည်။
When :    ရေချိုးသည့်အချိန်တွင် ဆပ်ပြာအ စားထိုး သုံးစွဲနိုင်ပါသည်။
How :    ဆပ်ပြာရည် အမျိုးအစားဖြစ်သော ကြောင့် ရေချိုးသည့်အခါ Bubble Sponge တွင် ရေနှင့်ရောစပ်ပြီး ခန္ဓာကိုယ်အနှံ့သို့ ပွတ်တိုက်သန့် စင်ပေးပါ။ ပြီးမှ ရေနှင့်ပြန်လည်ဆေးကြောပါ။
Where :    Sky Holding Co.,Ltd မှ ဖြန့်ဖြူးပြီး အမြို့မြို့အနယ်နယ်ရှိ အလှကုန်ဆိုင်များတွင် ၀ယ် ယူနိုင်သည်။

What :    LUNA Wonder Essential BB Founde Set
Who :    သဘာဝကျကျ ကျန်းမာလှပသော တောက်ပသည့် အသားရေကို ဖန်တီးလိုသူများ အတွက် ထုတ်ထားပါသည်။ ဗီတာမင်(စီ) ပါဝင် ခြင်း၊ လိမ္မော်သီးထက်အဆ ၁၀၀ သာသည့်  ဆီးသီးအဆီအနှစ်နှင့် ရှားစောင်းလက်ပက် အဆီအ
နှစ်များမှ လိမ်းထားပါက အသားရေအား ကျိန်း စက်ခြင်းမရှိစေဘဲ ရေဓာတ်အပြည့်အ၀ ဖြည့်တင်း ပေးသည်။ Natural Pigment ၏ soft cover effect နည်းပညာဖြင့် အသားရေကို ထင်ရှား တောက်ပစေကာ အထစ်အငေါ့မရှိ လိမ်းခြယ်နိုင် ရန် ပြုလုပ်ထားသည်။ BB Cream & Foundation (၂)မျိုးပေါင်းစုံမှုဖြင့် တောက်ပသည့် အသားရေကို ပုံဖော်ဖန်တီးနိုင်မည်။
When :    မျက်နှာသန့်စင်ပြီး နောက်တွင် skincare အသုံးပြုနောက် တစ်ဆင့်တွင် စတင်လိမ်းပါ။
How :    သင့်တင့်သော ပမာဏအား မျက်နှာပေါ် နေရာအစက်ချ၍ ပုတ်လိမ်းပေးပါ။ မိတ်ကပ်မလိမ်းမီနှင့် လိမ်းပြီးနောက်တွင် Vita- water fixer / setting spray (နှစ်သက်ရာ)အားဖျန်းပက် လိမ်းပေးပါက တစ်နေ့တာလုံး လှပစွဲမြဲနေစေ
သည်။
Where :    Uniq Han နှင့် တော်ဝင်စင်တာရှိ Coreana ကောင်တာများတွင်ဝယ်ယူနိုင်သည်။

What :    Dr.SOMCHAI  Acne Foaming Facial Cleanser  (150ml)
Who :    အဆီပြန်ခြင်းကြောင့် စိတ်ညစ်နေသူ များ ၊ ၀က်ခြံဖုများထွက်ခြင်းကြောင့် စိတ်ညစ်နေ သူများအတွက် အထူးထုတ်လုပ်ထားသည့် မျက် နှာသစ်ဆပ်ပြာဖြစ်သည်။ အသားအရေအား မျက် နှာသစ်ရာတွင် အလွန် ခြောက်သွေ့သွားခြင်း မရှိစေဘဲ၊ အဆီအားထိန်းညှိကာ အဆီပြန်မှုအား ရပ်တန့်ပေးနိုင်သည့် အမျိုးအစားဖြစ်သည်။ Salicylic Acid (BHA) မှ မွှေးညင်းပေါက်အတွင်းသို့ အဆီ ပိတ်ဆို့ခြင်းအား လျှော့ချပေးခြင်း၊ ၀က်ခြံဖြစ် ပေါ်စေသော ဘက်တီးရီးယားပိုးများကို ဖယ်ရှား ပေးခြင်း၊ ၀က်ခြံများထပ်မံပေါက်ဖွားခြင်း မရှိစေ ရန် ကာကွယ်ပေးခြင်း၊ Sodium PCA မှ အသား အရေအတွင်းသို့ ရေဓာတ်ဖြည့်တင်းပေးကာ စို ပြေကြည်လင်စေခြင်း ၊ Green Tea မှ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းအား ကာကွယ်ပေးခြင်း အမာ ရွတ် အမည်းစက်များကိုေ လျာ့ပါး စေပြီး အေးမြ စေခြင်းတို့ ရရှိစေသည်။
When :    မနက် (၁)ကြိမ်၊ ညအိပ်ရာမ၀င်မီ (၁) ကြိမ်သုံးပါ။
How :    ခရင်မ်ဖြစ်သောကြောင့် ပမာဏအနည်း ငယ်အားယူပြီး မျက်နှာပြင်နေရာအနှံ့သို့ ပွတ်သပ် နှိပ်နယ်၍ ရေဖြင့်ပြန်လည် ဆေးကြောသန့်စင် ပေးပါ။
Where :    Ruby Mart (ရန်ကုန်၊ ပြင်ဦးလွင်)၊ Orange (လသာ၊ တာမွေ၊ သန်လျင်)၊ စူပါဝမ်း (ကျိုက္ကဆံ၊ ရွှေဘုံသာ)၊ Victoria (ရွှေဂုံတိုင်၊ ဘုရင့်နောင်၊ လှိုင်သာယာ)နှင့် အမြို့မြို့အနယ် နယ်ရှိ စတိုးဆိုင်ကြီးများတွင် ၀ယ်ယူရရှိနိုင်ပါသည်။

What :    MAYBELLINE Clear Smooth All In One (+++ SPF 32)
Who :    တစ်မျိုးတည်းသုံးရုံနှင့် အကျိုးရလာဒ် (၈)ချက်အား ခံစားရရှိမည့် 2 way ပေါင်ဒါဖြစ် သောကြောင့် အလုပ်များသော အမျိုးသမီးများနှင့် အထူးသင့်တော်သည်။ အဆီပြန်ခြင်းအား (၅)ဆ ပိုမိုကာကွယ်ပေးနိုင်သည်ဟု ဆိုထားသောကြောင့် အဆီပြန်ခြင်းမရှိ တစ်နေ့တာလုံး လှပစိုပြေနေစေ မည်။ (၁၂)နာရီကြာအောင်  လှပနေခြင်း၊ အသားရေ ချက်ချင်း ဖြူဝင်းလှပလာစေခြင်း၊ ချောမွတ်ခြင်း၊ ညီညာလှပခြင်း၊ အနာဆာများအား လုံးဖုံးအုပ်ပေး နိုင်ခြင်း၊ UVA & UVB အားကာကွယ်ပေးနိုင်ခြင်း၊ SPF 32 PA +++ ပါဝင်ခြင်း စသည့် အကျိုးထူးများ ရရှိမည့် ပစ္စည်းသစ်ဖြစ်ပါသည်။
When :    skincare သုံးပြီး နောက်တစ်ဆင့်တွင် စတင်အသုံးပြုနိုင်သကဲ့သို့ မိတ်ကပ်ဖောင်ဒေးရှင်းလိမ်းပြီးနောက်တွင်လည်း အသုံးပြုနိုင်ပါသည်။
How :    ပေါင်ဒါဗူးတွင်ပါသော puff  ဖြင့် မျက်နှာ ပြင်အနှံ့သို့ ညီညီညာညာလိမ်းပေးပါ။
Where :    အမြို့မြို့အနယ်နယ်ရှိ Maybelline ကောင်တာများတွင် ၀ယ်ယူနိုင်သည်။

What :    L’OREAL Mega Volume Waterproof Mascara
Who :    မျက်တောင်အောက်ခြေမှ ထိပ်ဖျားအ ထိ အလုံးစုံကော့ညွတ်လှပလိုသော အမျိုးသမီးများ အတွက် အထူးထုတ်ထားခြင်းဖြစ်သည်။  ရေစိုခံ ထူထူထဲထဲလေးနှင့် ထင်ရှားပေါ်လွင်နေစေရန် ပြု လုပ်ထားသည်။ (၂၄)နာရီ တိုင်အောင် ရေမှုန်မျှပင် မထင်ပဲ ကြီးမားဖျာထွက်နေသော မျက်တောင် တစ်စုံအဖြစ် ပုံဖော်ဖန်တီးနိုင်ပါသည်။ Mega Volume ဟု ဆိုထားခြင်းကြောင့် မျက်တောင်များ အား တစ်မျှင်ချင်းစီ ထူထဲလှပနေစေမည် ဖြစ်သည်။
When :    နှစ်သက်ရာအချိန်တွင် အသုံးပြုပါ။
How :    မျက်တောင်ကော့တံအား ဗူးအတွင်းမှ လှည့်ထုတ်ကာ မျက်တောင်အောက်ခြေမှ အပေါ်သို့ ပင့်တင်ပြီးဆွဲပေးပါ။ ၂ ကြိမ်မျှ အသုံးပြု ပြီး ကော့ပေးပါ။
Where :    အမြို့မြို့အနယ်နယ်ရှိ L’oreal ကောင် တာများတွင် ၀ယ်ယူနိုင်သည်။

What :    NOREVA Exfoliac Global 6 (Paris)
Who :    ၀က်ခြံဖြစ်ပေါ်ပြီး အသားရေအားပြန် လည် ကြည်လင်ချောမွေ့လိုသောသူများအတွက် အထူးထုတ်လုပ်ထားပါသည်။ တစ်မျိုးတည်း သုံးရုံ နှင့် အစွမ်းရလာဒ်(၆)မျိုးအား ခံစားရရှိမည်ဟု ဆို ထားသည်။ ၀က်ခြံထွက်ရှိထားသော အရေပြား တ၀ိုက်တွင် အနာရွတ်အနာဖေးများနှင့် ဆဲလ်အ သေများအား ဖယ်ရှားပေးနိုင်ခြင်း၊ ၀က်ခြံဖြစ်နေ စေသော ပိုးမွှားများအား ထိရောက်စွာတိုက်ထုတ် ပေးနိုင်ခြင်း၊ ၀က်ခြံကြောင့် ရောင်ရမ်းကျန်ရစ် နေသော အသားရေအား သက်သာစေခြင်း၊ မျက်နှာ ပြင်တ၀ိုက်ရှိ အဆီထွက်ခြင်းအား ထိန်းညှိပေးနိုင် ခြင်း၊ ကျန်ရှိခဲ့သော အမာရွတ်များအား အရေပြား လှုံ့ဆော်မှု အားကောင်းစွာ ထိန်းချုပ်ပေးနိုင်ခြင်း၊ အမည်းစက်များအား ထိထိရောက်ရောက်ဖယ် ရှားပေးနိုင်ခြင်းတို့ကို ခံစားရရှိစေမည်။
When :    တစ်နေ့(၂)ကြိမ် အသုံးပြုနိုင်သည်။
How :    မျက်နှာအား သေချာသန့်စင်ပြီးနောက် တွင် ၀က်ခြံဖြစ်ပြီး နေရာတ၀ိုက်တွင် လိမ်းပေးပါ။
Where :    Zwe Zarmani Group Co.,Ltd အမှတ် (၂၀၆)၊ ငုဝါလမ်း၊ အလုံမြို့နယ်၊ ဖုန်း - ၀၉၂၅၀၀၀ ၄၁၇၂၊ ၀၉၄၄၈၀၀ ၈၂၇၉ သို့ ဆက်သွယ်ဝယ် ယူနိုင်ပါသည်။

What :    PRAEL World’s First Marine Collagen Bio-Luxury
Who :    အရေးကြောင်းများ လျင်မြန်စွာပျောက် ကင်းကာ လှပနုပျိုသော ပြီးပြည့်စုံသည့် အလှ တရားကို ပိုင်ဆိုင်လိုသူများအတွက် ထုတ်လုပ် ထားခြင်း ဖြစ်ပါသည်။ စတင်သုံးစွဲသည့် အချိန် (၂) ပတ်အတွင်း သိသာထင်ရှားသော ကောင်းကျိုးရ
လာဒ်ကို မြင်တွေ့ရမည်။ PRAEL တွင်ပါဝင်သော ကော်လဂျင်သည် လူသားခန္ဓာကိုယ်အတွင်းရှိ ကော်လာဂျင်နှင့် ထပ်တူနီးပါးတူညီရုံမျှမက အရေ ပြားအတွင်းပိုင်းသို့ အပြည့်အ၀ ထိုးဖောက်ဝင် ရောက် အားဖြည့်ပေးနိုင်သည်။ ရာနှုန်းပြည့်
သဘာဝထွက်ကုန် စစ်စစ်ကိုသာ သုံးစွဲထားပြီး တာ ရှည်ခံ ဓာတုဆေးဝါးများ လုံးဝမပါခြင်းကြောင့် မည်သည့်အသားအရေမဆို သုံးစွဲနိုင်ပါသည်။
When :    မျက်နှာသန့်စင်ပြီးနောက်တွင် စတင် အသုံးပြုနိုင်သည်။
How :    Serum အား မျက်နှာသန့်စင်ပြီးချိန် တွင်လိမ်းပါ၊ Revitalising Day Solution အား နေ့အချိန်တွင် လိမ်းပြီး Night Solution အား ည ဘက်အိပ်ရာမ၀င်မီ မျက်နှာသန့်စင်ပြီး လိမ်းပေးပါ။
Where :    www.PraelSkincare.com  & Facebook: PraelSkincare တွင် ၀င်ရောက်လေ့ လာနိုင်ပြီး ဆက်သွယ်ဝယ်ယူလိုပါက ဖုန်း - ၀၁ ၅၅၃၈၂၈ သို့ စုံစမ်းနိုင်သည်။

What :    BEYOND  Blooming Magnolia & Gardenia Body Lotion
Who :    စေးကပ်မှုမရှိပဲ အရေပြားအတွင်းသို့ လွယ်ကူစွာ စိမ့်ဝင်နိုင်သော Lotion အား နှစ်သက်သူ များအတွက် Beyond မှ ထုတ်လုပ်လိုက်သည်။ မွှေးပျံ့သောရနံ့နှင့်အတူ အသားအရေအားအစိုဓာတ်ဖြည့်တင်းပေးနိုင်သည့် ကိုယ်ခန္ဓာလိမ်း lotion အမျိုးအစားဖြစ်သည်။  ရေမွှေးထပ်မံအသုံးပြုရန် မလိုအောင်ပင် နူးညံ့သင်းပျံ့သောရနံ့မှ တစ်နေ ကုန် ပန်းရောင်စုံဖူးပွင့်နေသော ဥယျာဉ်ထဲတွင် လမ်းလျှောက်နေရသကဲ့သို့ လန်းဆန်းတက်ကြွ နေစေသည်။ ဇီဇ၀ါရနံ့နှင့် စကားဝါပန်းရနံ့ (၂)မျိုး အား ရွေးချယ်ဝယ်ယူနိုင်သည်။
When :    နှစ်သက်ရာအချိန်တွင် အသုံးပြုနိုင်ပါသည်။
How :    ခရင်မ်ပုံစံအရည် ဖြစ်သောကြောင့် ဗူးမှ ပမာဏအနည်းငယ်အားယူပြီး ခန္ဓာကိုယ်နေရာ အနှံ့သို့ လိမ်းပေးပါ။
Where :    အမြို့မြို့အနယ်နယ်ရှိ Beyond ကောင်တာများတွင် ၀ယ်ယူနိုင်သည်။