Primary tabs

လတ်ဆတ်တဲ့ Retro Makeup

အားလုံးသိထားပြီးတဲ့ အတိုင်းပါပဲ။ Beauty Trend ဆိုတာ အလွန်သက်တမ်းတိုတောင်းတဲ့ အရာပါ။  ဒါပေမဲ့  ဒီလို သက်တမ်းတိုတောင်းတာက အဲဒီ Makeup အပြင်အဆင်တွေ လုံးဝ ပျောက်ဆုံးသွားတာမျိုးကိုဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီ Makeup Trend များဟာ ခေတ်နဲ့အညီ တစ်ဖန်ဆန်းသစ်ထားပြီး အလွန်ဆန်းပြား ထူးခြားတဲ့ပုံစံ  များနဲ့ တစ်ကြော့ပြန်လည်လာလေ့ရှိပါတယ်။ ဒါကြောင့် ဒီလ အတွက်တော့ ၂၀၁၆ ဘက်မှာ ပြန်လည်ခေတ်စားလာမယ့်  Retro Inspired Makeup Trend များအကြောင်း တီးမိခေါက်မိသလောက် တင်ဆက်ပေးလိုက်ရပါတယ်။ 

နီရဲတဲ့နှုတ်ခမ်းနဲ့ ခပ်ဖြူဖြူ Makeup
Eyeshadow တွေ ၊ Blush တွေ မပါတာ ကြောင့် အရောင်ဖျော့နေတဲ့ မျက်နှာပေါ်မှာ နှုတ်ခမ်းနီရဲရဲ တစ်မျိုးတည်းဆိုးထားတဲ့ မိတ်ကပ်အပြင်အဆင်မျိုးလည်း ပြန်လည်ခေတ်စားလာပါတယ်။ ဒီ Makeup Trend က Hollywood ရဲ့ ရွှေခေတ် လို့ တင်စားရမယ့် ၁၉၅၀ လောက်မှာ Marilyn Monroe ၊ Debbie Reynolds ၊ Audrey Hepburn ၊ Grace Kelly နဲ့ Elizabeth Taylor တို့ရဲ့ ထင်ရှားခဲ့တဲ့ Makeup အပြင်အဆင်မျိုး ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ Gwen Stefani တို့ ၊ Christina Aguilera တို့လို Pop အကျော်အမော်တွေရဲ့ ထင်ရှားတဲ့ Make Up အပြင်အဆင်အဖြစ် လူသိများပါတယ်။

ရောင်စုံ Eyeshadow
၁၉၆၀ လောက်တုန်းက ခေတ်စားခဲ့တဲ့ ရောင်စုံ Eyeshadow တွေကလည်း ဒီနှစ်ထဲ တစ်ကျော့ပြန်လည်လာမယ့် Make Up Trend တစ်ခုဖြစ်တယ်လို့ အလှအပဆရာကြီးများက ခန့်မှန်းထားကြပါတယ်။ ဒီလို အရောင်တောက်တောက် ကာ
လာစုံစုံ Eyeshadow ချယ်တဲ့ Trend က ၁၉၉၀ ပြည့်နှစ်လောက်မှာ တစ်ခါ ခေတ်စားခဲ့ဘူးပါသေး တယ်။ Blogger တွေများလာတာက တစ်ကြောင်း၊ ဈေးကွက်ထဲမှာ အပြိုင်အဆိုင် ကြဲကြမယ့် Cosmestic ကုမ္ပဏီတွေကလည်း အရောင်စုံ Platte တွေကို အပြိုင်အဆိုင် ထုတ်လုပ်ကြမှာက တစ်ကြောင်း၊ ဖက်ရှင်နဲ့အလှအပအမြင် အလွန်ရှိတဲ့ Celebrities တွေကလည်း သူ့ထက်ငါဆိုသလို လက်စွမ်းပြကြမှာက တစ်ကြောင်းကြောင့်  ဒီ Make Up Look က အလွန်စိတ်ဝင်စားစရာ ကောင်းမှာ အသေအချာပါပဲ။

Metallic Winged Shadow
၁၉၆၀ ခုနှစ်လောက်က ခေတ်စားခဲ့တဲ့ အ တောင်ပံပုံသဏ္ဍာန် ခပ်ကော့ကော့ ဆွဲထားတဲ့ Eye Liner နဲ့ ၁၉၉၀ ခုနှစ်လောက်မှာ လူကြိုက်များခဲ့တဲ့ သတ္တုဆန်ဆန် ပြောင်လက်လက် အရောင် Eye-shadow ကို တွဲဖက်ပြီး ခြယ်သတဲ့ Makeup ပုံစံကို တွဲထားတဲ့ Trend လည်း တစ်ခေတ်ပြန်လည် ဆန်းသစ်လာဖို့ ရှိပါတယ်။ New York Fashion Week 2016 တုန်းက Runway မှာ ထင်ပေါ်ခဲ့တဲ့ Makeup လည်း ဖြစ်ပါတယ်။ 

အဖြူရောင် Eyeliner
အဖြူရောင် Eyeliner ။ ဒီ Makeup Trend က ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတဲ့ Trend တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ Eyeshadow ခြယ်နည်း အဆင့်ဆင့်မှာ အဖြူရောင် Eyeliner မပါမဖြစ် နာမည်ကြီးခဲ့တဲ့ အချိန်အခါမျိုးရှိခဲ့သလို မပါလည်း ရလို့ချန်ထားခဲ့တဲ့ အချိန်ကာလလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဖြူရောင် Eyeliner ဆိုတာက သင့်ရဲ့မျက်ဝန်းတွေကို ပိုမိုဝိုင်းစက်သွားစေ သယောင်ယောင်ဖြစ်စေတဲ့ Makeup Trick တစ်ခုဖြစ်တာကြောင့် နှစ်ရှည်လများ မေ့ထားလို့ရတဲ့ Makeup Trend တစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ Makeup လို့တင်စားရခြင်းဖြစ်ပါတယ်။ ဒီ အဖြူရောင် Eyeliner Trend ကလည်း ဒီဘက်နှစ်တွေမှာ တွင်တွင်ကျယ်ကျယ် လူကြိုက်များလာဖို့ ရှိတယ်လို့ ခန့်မှန်းရမှာပါပဲ။ 

Glitter Eye Shadow
Bling Bling ဖြစ်နေတဲ့ Eyeshadow ။ တစ်လက်လက် ဖြစ်နေတဲ့ အမှုန်တွေပါတဲ့ Eye-shadow ကို မမြင်ရတော့တာ ဆယ်စုနှစ်တစ်ခု နီးပါးရှိပြီလို့ ဆိုရမလိုပါပဲ။ Matte မှ Matte ၊ Nude မှ Nude ဖြစ်နေတဲ့ ခေတ်ကုန်ပြီး တစ်လက်လက်တောက်ပတဲ့ Glitter တွေ ပါတဲ့ Eyeshadow အရောင်နုနုလွင်လွင်တွေ ခေတ်ကို တစ်ခါ ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။