Primary tabs

Spa in YANGON

“တစ်ခါလာရင် နောက်တစ်ခါလာချင်အောင် ၀န်ဆောင်မှုကောင်းတဲ့နေရာ၊ မိတ်ဆွေသူငယ်ချင်းတွေ ကိုယ့်ရဲ့ချစ်ခင်သူတွေကိုပြန်ပြီးညွှန်းပေးချင်တဲ့နေရာ၊ လွတ်လပ်ပေါ့ပါးပြီး စိတ်ချမ်းသာမှုကိုခံစားရတဲ့နေရာ”

Finest Spa in Yangon ဆိုတဲ့ အတိုင်းပဲ Yangon Sanctuary Spa ရဲ့ အပြင်အဆင်တွေ၊ ဆိုင်ရဲ့လူကြိုက်အများဆုံး ၀န်ဆောင်မှုတွေကို မေးမြန်းပြီး တင်ဆက်ပေးလိုက်ရပါတယ်။

ဆိုင်ရဲ့အရှေ့ကို ရောက်ပြီဆိုတာနဲ့ Lemongrass ရဲ့ရနံ့သင်းပျံ့မှုက လူကို လန်းဆန်းသွားပါတယ်။ ဆိုင်အရှေ့မှာ အသင့်ရပ်စောင့်နေတဲ့ ဆိုင်ဝန်ထမ်းတစ်ယောက်က အပြုံးချိုချို အေးအေးလေးနဲ့ စတင်စီးကြိုနှုတ်ဆက်ပါပြီ။ ကဲ... ဆိုင်ရဲ့ဝန်ဆောင်မှုတွေအကြောင်း စတင်ပြီး လေ့လာကြည့်ကြစို့နော်.....

ဆိုင်ရဲ့ အရင်နာမည် Shangri-La Spa ကနေ ယခု Yangon Sanctuary Spa ပြောင်းလဲသွားပုံကနေစပြီး ဒုတိယဆိုင်ကို Myanmar Plaza မှာဖွင့်လှစ်ဖြစ်တဲ့အကြောင်း

“ဒီဆိုင်က ရန်ကုန်ဆိုင်ခွဲပါ၊ စကာင်္ပူမှာလည်း ဖွင့်ထားပါသေးတယ်။ ဆိုင်ခွဲအဖြစ် ရန်ကုန်မှာလာဖွင့်ချင်တယ်ဆိုပြီး ဆိုင်ရှင်တွေစဖွင့်ဖြစ်ခဲ့ပါတယ်။

၂၀၁၃ စက်တင်ဘာ (၁၅)ရက်မှာ တော်ဝင်စင်တာ (၃)လွှာမှာ ဆိုင်ပြင်ဆင်နေရင်းနဲ့ပဲ အစ်မတို့ စဖွင့်ဖြစ်တယ်။ အခုဆို (၃)နှစ်ပြည့်ပြီပေါ့။ ဒုတိယဆိုင်ခွဲကို Myanmar Plaza မှာ အစ်မတို့ ဒီနာမည်နဲ့ပဲ ဖွင့်ဖြစ်တယ်။ သွားလာရလွယ်ကူအောင်လို့ပါ။ စကာင်္ပူကနေပဲ ပစ္စည်းတွေကို တိုက်ရိုက်တင်သွင်းပြီး သုံးပါတယ်။ စဖွင့်ဖွင့်ချင်းမှာ ခြေသည်းလက်သည်း Treatment / သန့်ရှင်းရေးနဲ့စလုပ်ခဲ့တယ်။ နောက်ဆိုင် Decoration ပြီး သွားတဲ့အချိန်မှာ Body Spa / Hair Spa တွေပါ အားလုံးလုပ်ပေးခဲ့တယ်။ Spa နဲ့ ပတ်သတ်လာရင် ခေါင်းအစခြေအဆုံးအားလုံးရပါတယ်”

ဆိုင်တစ်ဆိုင်မှာ သန့်ရှင်းသပ်ရပ်မှုက အဓိကပါ၊ ဒီတော့ Yangon Sanctuary Spa ရဲ့ အနေအထားကို လေ့လာကြည့်မိတဲ့အခါမှာတော့ ဆိုင်ရဲ့မီးအလင်းအမှောင်ပေးထားပုံ၊ ရနံ့မွှေးပျံ့မှု၊ ပစ္စည်းအထားအသိုတို့က တကယ့်ကို International Standard မှီနေတာကိုတွေ့ရပါတယ်။ ဆိုင်က မန်နေဂျာအစ်မကလည်း သူတို့ဆိုင်ရဲ့ သန့်ရှင်းသပ်ရပ်မှုနဲ့ပတ်သက်ပြီး အခုလိုအသေးစိတ်လေးရှင်းပြပါသေးတယ်။

“ခြေသည်းလက်သည်း Tools လေးတွေကို မသုံးခင်မှာ ပိုးသတ်ဆေးရည်ဖြန်းထားတယ်၊ တစ်ခါသုံး အိတ်ထဲသေချာပြန်သိမ်းတယ်။ နောက် UV Sterilizer machine box (ရောင်ခြည်နဲ့ ပိုးသတ်တဲ့ဆေးဗူး)ထဲ တနေကုန်ထည့်ထားပေးတယ်။ ဧည့်သည်လာမှ တစ်ခုချင်းစီထုတ်ပြီး သုံးပေးတယ်။ ပြီးသွားရင် ပြန်ပြီးပိုးသတ်မယ်၊ UV Sterilizer machine ထဲထည့်မယ်။

နောက် ခြေဆေးကန်တွေဆိုလည်း ပိုးသတ်ဆေးနဲ့ သုံးပြီးဆေးမယ်။ ရေမရှိအောင် ခြောက်သွေ့နေအောင် သန့်ရှင်းသပ်ရပ်အောင် အမြဲထားတယ်။ လေသလပ်အောင်ထားထားတယ်၊ Hygiene ကဆိုင်မှာ နံပါတ်(၁)အရေးကြီးဆုံးအရာဖြစ်ပါတယ်”

(ဆိုင်မှာအသုံးပြုတဲ့ Brand တွေ)
OPI / CUCCIO / Gelish(Manicure, Pedicure & Spa Manicure & Pedicure) /  L’OREALProfessional (Hair spa) (Hair Treat-ment) / Dermalogica  (Facial Treatments) / USA Made Brand တွေ၊ Spa Organic ၊ OPI & Dermalogica  ပစ္စည်းတွေကို body spa & treatment မှာ အစ်မတို့ သုံးပေးပါတယ်။ 

Customer Feedback..... စကားသံလေးများ

“အတော်များများက ဆိုင်က အနံ့လေးတွေကိုကြိုက်လို့၊ ဒီအနံ့လေးရလိုက်ရင်ကို လာချင်စိတ်ပေါက်တယ်လို့ပြောကြတယ်”

“သန့်ရှင်းသပ်ရပ်နေလို့ ကြိုက်ကြတယ် လို့ပြောတယ်”

“ပြထားတဲ့ Brand အစစ်အမှန်ကို၊ သုံးတဲ့အခါလည်း အမှန်အကန်သုံးပေးတဲ့အတွက် ကြိုက်ကြတယ်”

“၀န်ဆောင်မှုနဲ့ ဈေးနှုန်းကို သေချာရှင်းပြပေးလို့၊ ဧည့်သည်စိတ်တိုင်းကျ ရွေးချယ်ခွင့်ပြုပြီးမှ လုပ်ပေးလို့ကြိုက်ကြတယ်”

“၀န်ထမ်းတွေရဲ့ဝန်ဆောင်မှုကို ကြိုက်ကြတယ်။ လူမျိုးဘာသာမရွေးကို တူညီတဲ့ နွေးထွေးမှုနဲ့ အစ်မတို့ ဂရုစိုက်ပြုလုပ်ပေးလို့ ကြိုက်ကြတယ်...”

Yangon Sanctuary Spa’ Collection Treatment
Body treatment
၃မျိုးပေါင်း package ကို အတော်ကြိုက်ကြတယ်။ အသားအရေရော၊ ဘော်ဒီအတွက်ရော၊ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ Sanctuary Day Spa ဆိုတာလေးကို အစ်မညွှန်းပေးချင်တယ်။ Scrub / Mask / Massage ပါတယ်။ ဈေးနှုန်းကိုပျှမ်းမျှအားဖြင့် (၃သောင်းခွဲ မှ ၉သောင်းအထိ) အမျိုးမျိုးရှိပါတယ်။ အချိန်က (၂)နာရီကြာပါမယ်။

Dermalogica  Facial  treatment

Gold Facial ဆိုတာရှိပါတယ်။ ဈေးနှုန်းကတော့ နည်းနည်းလေးကြီးပါတယ်။ ဒါပေမယ့် သုံးရတဲ့ပစ္စည်းလည်းအတော်များတယ်၊ အဆင့်တွေလည်း အရမ်းများတယ်။ တကယ်လည်း ထိရောက်တယ်။ Customer တွေရဲ့ feedback ကို ပြန်မေးကြည့်ထားတာပါ။ မျက်နှာအသားအရေက ၀င်းအိသွားတာ။ အသက် (၂၅)နှစ်ကနေစပြီး လုပ်လို့ရပါတယ်။ အသားအရေခြောက်တဲ့သူတွေရှိတယ်၊ လျော့ရဲနေတဲ့သူတွေရှိမယ် ဒါတွေ အားလုံးသက်သာပြီး အသားအရေကို သိသိသာသာကောင်းမွန်လာတာပါ။ Dermalogical နဲ့ပဲသေချာလုပ်ပေးတာပါ။ 

မျက်နှာရဲ့ ဇုန် (၁၄)မျိုးကိုခွဲပြီး တစ်ပိုင်းစီကိုကြည့်ပြီး လုပ်ပေးတာမျိုးပါ။ ပါး ၂ဖက်ခြောက်နေတာ၊ T zone က အဆီပြန်နေတာ ဒါမျိုးဆို Mask က အစခွဲပြီး ကပ်ပေးတယ်။ နောက် အထိမခံတဲ့ အသားအရေပိုင်ရှင်တွေလည်း ဒီ Gold 
Facial ကိုလုပ်နိုင်ပါတယ်။ ဈေးနှုန်းက (၁သိန်းခွဲမှ ၂သိန်းခွဲ)အထိရှိပါတယ်။ ၁ကြိမ်လုပ်ပြီးရင်ကို ၃ ၊ ၄ လလောက်အထိကို effect က သိသာကောင်းမွန်နေတာပါ။

Dermalogica facial မှာ သူ့အမျိုးအစားအလိုက် သူခွဲခြားပြီးရှိနေတာမို့ အသားအရေကို ကြည့်ပြီး လုပ်ပေးတာမျိုးပါ။ ဈေးနှုန်းက (ခြောက်သောင်းခွဲမှ ရှစ်သောင်းခွဲအထိ)ရှိကြပါတယ်။

Customer တွေ ကြိုက်ကြတဲ့ Body & Facial Treatment တွေက ဘာတွေဖြစ်မလဲဆိုတော့...

“Body scrub နဲ့ Mask ကို အတော်များများလုပ်ကြတယ်။ အသားအရေကို ပေါင်းတင်ပေးတာက ဆဲလ်အသေတွေကိုဖယ်ရှားတယ်။ အသစ်ပြန်လည် ဖြစ်ပေါ်လာတယ်။ အသားကြည်လင်ပြီး ချောမွေ့တယ်။ အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ် ပြီးတော့ သွေးလည်ပတ်မှုလည်းကောင်းတော့ ဧည့်သည်တွေ အတော်များများ နှစ်သက်ပြီးလုပ်ကြတယ်။ အသက်(၁၃)နှစ်နဲ့အထက်ဆိုလုပ်လို့ရတယ်။

နောက်ဒီမှာက family / couple စသဖြင့် မိသားစုလိုက်၊ သူငယ်ချင်းလိုက် တစ်ခါတည်းတွဲပြီး ပြုလုပ်ပေးတယ်။ အခန်းလေးတွေလည်း ခွဲထားပေးတယ်။ single / couple စသဖြင့် စောင့်နေစရာမလိုပဲ တစ်ခါတည်းအတူတူတွဲပြီးပြုလုပ်ပေးတယ်။  လွတ်လပ်ပေါ့ပါးတာ၊ စိတ်ချမ်းသာစေဖို့ကို အစ်မတို့ ဦးစားပေးတာပါ။

(၃)ပတ်ကို ၁ ကြိမ်လုပ်ပေးရင်တော့ အရမ်းသိသာတဲ့ treatment ပေါ့။ ဒါပေမယ့် အချိန်မရှိတဲ့ သူတွေအတွက်ဆို ၁ လတော့ ၁ ကြိမ်လုပ်ပေးရင်လည်းရပါတယ်”

Mini facial - Gold facial အပိုင်းပိုင်းခွဲလုပ်လို့ ရတယ်။ အချိန်မပေးနိုင်ရင် နာရီဝက်လောက်ကို mini facial ရှိတယ်။ ၁နာရီခွဲရှိတယ်။ ၂နာရီ ရှိတယ်။ customer ရဲ့ အချိန်ပေါ်မူတည်ပြီး အစ်မတို့ လုပ်ပေးတယ်။

နောက် customers များ အကြိုက်ဆုံး service တစ်ခုကတော့ Yangon Sanctuary Spa ရဲ့ manicure & pedicure ပဲဖြစ်ပါတယ်။ လက်သည်းနီအရောင် ၂၀၀ ကျော်ရှိတယ်။ ဆိုင်က ၀န်ထမ်းတွေအားလုံးကို စကာင်္ပူကနေ Trainer က အမြဲလာရောက်ပြီး ခေတ်မီနည်းပညာတွေ သင်ကြားပေးပါတယ်။ customers တွေကလည်း ရန်ကုန်မှာ အကောင်းဆုံး  manicure / pedicure ဆိုင်လို့တောင် ပြောကြပါတယ်။

ဆိုင်ရဲ့ချစ်စရာကောင်းတဲ့ ခံယူချက်

“ဒီနေရာမှာ အစ်မထပ်ပြောပြချင်တာလေးက ဆိုင်က၀န်ထမ်းတွေအားလုံးရဲ့ ခံယူချက်လေးပါ၊  ကိုယ့်ဆိုင်ကိုလာပြီး အားပေးတဲ့ customers တွေ အားလုံးကို တစ်ကျပ်ဖိုးပဲအားပေးပေး၊ တစ်သိန်းဖိုးအားပေးပေးပါ တူတူညီညီပဲဆက်ဆံပေးကြပါတယ် ဆိုတာလေးပါ”

Lemongrass ရနံသင်းသင်းဆိုင်လေးကနေ ထွက်ခွာလာတဲ့အချိန်မှာတော့ People စာဖတ်ပရိသတ်တွေအတွက် ရန်ကုန်မြို့ရဲ့အကောင်းဆုံးနားခိုစရာ Spa တစ်ဆိုင်ကို ရွေးချယ်ဖေါ်ပြပေးနိုင်လို့ စိတ်ချမ်းသာမှုများနဲ့......

ဆိုင်ကို အရောက်သွားချင်တဲ့ လေဒီနဲ့ အပေါင်းအဖေါ်များကို လမ်းညွှန်ပေးရမယ်ဆိုရင်တော့ တော်ဝင်စင်တာ Level (3) 4022-4023 / ပြည်လမ်း ၊ဒဂုံမြို့နယ် မှာ (၁)ဆိုင်ရှိပြီး Myanmar Plaza Level (2) 203 ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်တို့မှာ ဖွင့်လှစ်ထားပါတယ်။