Primary tabs

မျက်ဝန်းအလှအတွက် ဖတ်ပါ.....

လူတစ်ကိုယ်လုံးမှာ မျက်လုံးဆိုတဲ့ နေရာက အရမ်းကိုနုနယ်လွန်း၊ ထိခိုက်မခံလွန်း နေရာဖြစ်ပါတယ်။ မျက်လုံးအောက်တ၀ိုက် ညိုမည်းနေတာ၊ အိပ်ရေးမ၀လို့ အိုက်ကျနေတာ၊ ခြောက်ကပ်နေတာ၊ မျက်တွင်းချိုင့်တာ လူတော်များများကြုံဖူးပြီး
သားဖြစ်မှာပါ။ နောက်ပိုဆိုးတာက အရွယ်ကြောင့် မဟုတ်ဘဲ အရေးကြောင်းလေးတွေ (ရီလိုက်ရင် မျက်လုံးအပြင်ဘက်ထောင့်စွန်းမှာ) ပေါ်လာတာမျိုးပါပဲ။ 

ဒါဆိုရင် အရည်အသွေးကောင်းမွန်တဲ့ မျက်လုံးလိမ်းခရင်မ်သုံးပေးဖို့ အလျင်အမြန်လိုအပ်နေပါပြီနော်။ ကဲ... မယုံနိုင်အောင် အာနိသင်ကောင်း မွန်ထိရောက်တဲ့ မျက်လုံးလိမ်းခရင်မ်လေးတွေ ဆီသွားကြစို့...

Eye Cream လိမ်းဖို့ လိုသလား.....
လိုပါတယ်၊ eye cream ကို ဘာလို့ လိမ်းရသလဲဆိုရင် လူတစ်ကိုယ်လုံးမှာ အပါးလွှာဆုံးအရေပြားနေရာဖြစ်တာကြောင့်ပါ။

လူ့ရဲ့ တံခါးပေါက် စိတ်ဝိဥာဉ်လို့ခေါ်ကြတာ ဒါကြောင့်ပါ။ အရမ်းထိခိုက်လွယ်ပါတယ်။ ကိုယ် မအိပ်ရင် မအိပ်သလို၊ ကိုယ် အာဟာရပြည့်ဝအောင်မစားရင် မစားသလို၊ စိတ်ပင်ပန်းနွမ်းနေရင် နွမ်းနေသလို ပြန်ပြီး တုန့်ပြန်မှုလေးတွေ၊ နောက် အရွယ်မတိုင်မီ အရေးကြောင်းလေးတွေကို ထုတ်ပြတတ်တာကြောင့်ပါ။ 

အသက်အရွယ်လိုမလား.....
တကယ်တမ်းတော့ eye cream လိမ်းဖို့ အသက်ကန့်သတ်ချက်မရှိဘူးလို့ မြင်ပါတယ်။ မျက်ဝန်းတဝိုက်မှာ စောစီးစွာပေါ်လာတတ်တဲ့ အရေးကြောင်းမျှင်မျှင်လေးတွေ၊ မျက်ဝန်းနား အညိုမည်း၊ အသားရေခြောက်သွေ့အက်ကွဲတာတွေက အသက်အရွယ်မရွေးဖြစ်လာတတ်တာကြောင့်ပါ။ ရေသောက်နည်းတာ၊ စိတ်ဖိစီးတာ၊ အစားအသောက်မမှန်တာ၊ မျိုးရိုး အစရှိသဖြင့် အကြောင်းကြောင်းကြောင့် မျက်ဝန်းနားတဝိုက် ညိုမည်းနေတတ်ပါတယ်။

Eye cream လိမ်းနည်း (၅)ချက်
နံပါတ် (၁) အချက် လက်သူကြွယ် (လက်စွပ်ဝတ်တတ်သောလက်ချောင်း) ထိပ်လေးနဲ့ လိမ်းပေးပါ၊ 
နံပါတ် (၂)အချက် မျက်ဝန်းနားတလျှောက်ကို ခရင်မ် အစက်လေးတွေ အရင်ချလိုက်ပါ၊
နံပါတ် (၃) အချက် မျက်ဝန်းနားကို massage (နှိပ်နယ်ခြင်း) မလုပ်ပါနဲ့၊
နံပါတ် (၄)အချက် နှာခေါင်းရဲ့ အတွင်းဘက်ကနေဆွဲယူပြီး အပေါ်မျက်ခုံးမွှေးအရင်းထိ ပတ်ပတ်လည်လိမ်းပေးပါ၊
နံပါတ် (၅) အချက်ကတော့ မျက်လုံးအောက် (under eye area) မျက်တောင်လေးတွေနဲ့ အရမ်းကြီးကပ်မလိမ်းပါနဲ့၊ မျက်ဝန်းညိုနေတဲ့ နေရာတလျှောက်လိမ်းပေးရင်ရပါပြီ၊

Right Eye Cream ဘယ်လိုရွေးမလဲ.....
မိမိအသားအရေရဲ့ အမျိုးအစားကို သေချာလေးရှင်းရှင်းလင်းလင်းသိမှ ခရင်မ်ကိုလည်း ရွေးရတာအဆင်ပြေမှာပါ။

ကိုယ်က ခြောက်သွေ့အသားရေဆိုရင် မျက်ဝန်းနားအရေပြားလေးတွေက ပိုပြီးခြောက်ပါလိမ့်မယ်၊ ရေဓါတ် Hydrate ဖြည့်ပေးတဲ့ ခရင်မ်က သင့်တော်ပါတယ်။ အဆီပြန်တဲ့ အသားအရေဆိုလည်း ပိုလျှံနေတဲ့ အရေပြားက အဆီတွေကို စုပ်ယူပြီး အရေပြားထဲစိမ့်ဝင်ပျော်နိုင်တဲ့ ခရင်မ်က သင့်တော်ပါတယ်။ 

Anti-aging ခရင်မ်တွေ ဘယ်လောက် သုံးပေးသုံးပေး၊ မျက်ဝန်းနားအရေးကြောင်းတွေနဲ့ တွန့်နေခဲ့ရင် ဘယ်လိုမှ နုပျိုမှုကို မရရှိနိုင်ပါဘူးဆိုတာ အမျိုးသမီးအတော်များများက မေ့လျော့နေတတ်ကြပါတယ်။ ဒါဟာ သတိပြုစရာအချက်ပါ။ 
Eye cream ကောင်းကောင်းတစ်ခုဆိုတာ မျက်ဝန်းနားအသားအရေတောက်ပပြီး ပြည့်တင်းစိုပြေ နေစေဖို့ ထိန်းသိမ်းပေးနိုင်တာမျိုးကို ခေါ်တာပါ။ လူအတော်များများလည်း ပြောကြပါတယ်။ မျက်လုံးဟာ လူတစ်ယောက်ရဲ့ စိတ်တံခါးပေါက်ဆိုတဲ့ စကားလေးကို။ ဟုတ်ပါတယ် မျက်နှာအတွက် ခရင်မ်အမျိုးမျိုးကိုတော့ ပြောင်းလဲပြီး သုံးပေးကြပေမယ့်၊ မျက်ဝန်းအတွက် လိမ်းဖို့ခရင်မ်ကိုတော့ ပြောင်းပြီး သုံးပေးဖို့မေ့လျော့နေကြတယ်။ ဒီတော့ ကိုယ့်အတွက်အဆင်ပြေမယ့် right eye cream ရွေးဖို့ tips လေးတွေနဲ့ လမ်းညွှန်ပြပေးပါမယ်နော်။

ဘာအသားအရေလဲ သိအောင်လုပ်
မိမိရဲ့ မျက်နှာအသားအရေဟာ ဘယ်လိုအမျိုးအစားလဲဆိုတာ သေချာကွဲပြားအောင်သိဖို့ လိုတာပေါ့။ ခရင်မ်အမျိုးအစားတိုင်းဟာ အမျိုးသမီးတိုင်းနဲ့တော့ သင့်တော်မှာမဟုတ်ပါဘူး။ ကိုယ့်အသားအရေက ခြောက်သွေ့နေတယ်ဆိုရင် hydrate (ရေဓါတ်)ဖြည့်ပေးတဲ့ ခရင်မ်လိုပါပြီ။ တကယ်လို့ ကိုယ့်အသားအရေက oily skin ဆိုရင်တော့ အဆီတွေကိုစုပ်ယူပြီး ပျော်ဝင်စေမယ့်  ခရင်မ်အမျိုးအစားလိုပါပြီ။ ပေါင်းစပ် ဒါမှမဟုတ် ထိခိုက်လွယ် အသားအရေဆိုရင်တော့ တတ်ကျွမ်းတဲ့ အရေပြားအထူးကုဆရာဝန်နဲ့ တွေ့ဆုံပြီးမှ သုံးကြည့်ဖို့အကြံလေးပေးချင်ပါတယ်။

မျက်တွင်းကျနေခဲ့သော် 
စိတ်ဖိစီးတဲ့ ဘ၀နေထိုင်မှုကြောင့်လည်းကောင်း ၊ အခြားသော အကြောင်းရင်းများကြောင့် မျက်လုံးအောက်ဘက်ကို (ပ)ပုံစံမျိုးမျက်တွင်းကျတဲ့ပုံစံ အမျိုးသမီးအတော်များများမှာ ဖြစ်လေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မျက်တွင်းကျတာကို ကုစားပေးနိုင်တဲ့ ingredient list ပါဝင်တဲ့ ခရင်မ်တစ်ခုခုလိမ်းပေးဖို့ လိုနေပါပြီ။ သခွါးသီး / ကဖင်း ဒီအရာတွေ ပါဝင်ဖေါ်စပ်ထားတဲ့ မျက်လုံးလိမ်းခရင်မ်တွေက ဒီအချိန်မှာ လိမ်းပေးသင့်တဲ့ အမျိုးအစားပါ။ နောက် မျက်ရည်အိတ်ဖေါင်းနေသလိုဖြစ်နေတဲ့ (အစ်တစ်တစ်)ပုံစံကိုလည်း သက်သာပျောက်ကင်းစေသေးတယ်။ 

မျက်ဝန်းညိုနေခဲ့ရင်
ဒီ ပြဿနာကတော့ အမျိုးသမီးအတော်များများ နေ့တိုင်းဖြစ်နေတဲ့ကိစ္စပါပဲ။ မျက်လုံးလိမ်းခရင်မ်တိုင်းကတော့ ဒီလိုမျက်ကွင်းညိုနေတာ၊ မည်းနေတာကို မသက်သာစေနိုင်ပါဘူး။ ဒီနေရာမှာတော့ ကိုယ်တိုင် သင့်တော်မယ့် eye cream ကို ရှာဖွေဖို့လိုအပ်လာပါပြီ။ ကိုယ်ကကျန်းမာလန်းဆန်းနေခဲ့ရင်တောင်မှ၊ မျက်ဝန်းက ကိုယ့်ရဲ့မျက်နှာအသွင်ကို ပင်ပန်းသလိုဖြစ်နေတာ၊ နေမကောင်းသလို ဖြစ်နေတာဖြစ်နေစေပါတယ်။ ဗီတာမင် (C) (K) ပါဝင်တဲ့ ခရင်မ်အမျိုးအစား ကို ဗူးမှာရှာဖွေဖတ်ရှုပြီးမှ သုံးပေးပါ။ ဒီ ဗီတာမင်တွေရဲ့အကျိုးကတော့ မျက်ဝန်းအောက်ညိုမည်းနေတာတွေကို လျော့နည်းလာစေပြီး အရေပြားကို တောက်ပကြည်လင်လာစေပါတယ်။

မျက်ဝန်းခြောက်သွေ့နေခဲ့သော်
မျက်ဝန်းအောက်အရေပြားက အလွန်တရာခြောက်သွေ့နေခဲ့ရင် အစိုဓါတ်ပေးတဲ့ ခရင်မ်ကို သုံးပေးရပါမယ်။ အလှကုန်ဈေးကွက်ထဲမှာ   Hydrating cream အမျိုးအစားကတော့ အများကြီးရှိနေပါပြီ။ ဒါကြောင့် ကိုယ်ရွေးချယ်မယ်ဆို olive အဆီ ပါဝင်ဖေါ်စပ်ထားတဲ့ ခရင်မ်ဆိုတာလေးကို ရွေးသုံးပေးမယ်ဆိုရင်တော့ ထိရောက်တဲ့ အာနိသင်ကို ပိုပြီးရရှိစေနိုင်ပါတယ်။ 

Anti-aging cream
အသက် (၄၀)ကျော် အမျိုးသမီးများအတွက်ကတော့ Anti-aging cream အမျိုးအစားကို နေ့တိုင်းသုံးပေးဖို့လိုပါပြီ။ ဒါမှမျက်ဝန်းအောက်က လိုင်းနဲ့ တွန့်နေတာတွေကို သက်သာလျော့နည်း စေမှာဖြစ်လို့ပါ။ အခုလိုအချိန်မှာတော့ ဈေးကွက်ထဲမှာ anti-aging cream တွေ အများကြီးတွေ့နိုင်ပါတယ်။ ဒါကြောင့် မျက်လုံးလိမ်းခရင်မ်ဝယ်ခါနီးမှာ ကိုယ်ဝယ်မယ့် အမျိုးအစားမှာ ပါဝင်ဖေါ်စပ်ထားတဲ့ အမျိုးအမည်တွေကို သေချာဖတ်ပါ၊ ဘယ်လိုအာနိသင်ရှိမလဲဆိုတာကို မေးပါ၊ မသိသေးဘူးဆိုရင် ချက်ချင်းမ၀ယ်ပါနဲ့အုံး၊ ကျွမ်းကျင်တဲ့ အသားအရေ ထိန်းသိမ်းကုသပေးသူဆီမှာ ထပ်မေးပါ။ အသက် (၂၀)ကနေစပြီး မျက်လုံးနားတလျှောက်ကို ဂရုစိုက်ပြီး၊ ခရင်မ်တွေ စသုံးပေးနေမယ်ဆိုရင်တော့ အရမ်းကိုကောင်းမွန်တဲ့ အိုင်ဒီယာပါလို့။ 

ညလိမ်းခရင်မ် 
အမျိုးသမီးတိုင်းသိနေပါပြီ၊ ညလိမ်းခရင်မ်ဟာ ဘယ်လောက် အစွမ်းထက်ကြောင်းကို။ သူ့ကို မှန်မှန်လိမ်းပေးမယ်ဆိုရင် မျက်ဝန်းညိုတာတွေ၊ အိပ်ရေးမ၀ခြင်းကြောင့် မျက်တွင်းကျနေတာတွေ၊ လိုင်းတွေ မဖြစ်ပဲ သိသိသာသာကို တင်းရင်းလှပစေပါတယ်။ ဗီတာမင်တွေပါဝင်တဲ့၊ သဘာဝအဆီအနှစ်တွေနဲ့ ပေါင်းစပ်ဖေါ်ထုတ်ထားတဲ့ night cream ကိုသာ ရွေးချယ်သုံးပေးဖို့လိုတာပါ။

အရေးကြောင်းကင်းစင်တဲ့ မျက်ဝန်းအတွက် ကုသရေး(၈)ချက်
လွယ်လွယ်ကူကူ လိုက်လုပ်နိုင်မယ့် အိမ်တွင်းပစ္စည်းလေးတွေနဲ့ မျက်ဝန်းကုသရေး စတင်ကြစို့။

ကုသရေး နည်းလမ်း (၁) အာလူး


ပါးပါးလေးလှီးထားတဲ့ အာလူးကို ရေခဲသေတ္တာထဲ ခဏထည့်လိုက်ပါ။ အချိန်ခဏကြာရင် ပြန်ထုတ်ပြီး ပိတ်ထားတဲ့မျက်ဝန်းပေါ်ကို တင်ထားလိုက်။ (၁၅ - ၂၀ )မိနစ်လောက် တင်ထားလိုက်ပါ။ အရမ်းကိုသိသာတဲ့ မျက်ဝန်းလန်းဆန်းမှု၊ မျက်ကွင်းညိုခြင်းများ သက်သာမှုကို ခံစားရမယ်။

ကုသရေးနည်းလမ်း (၂)  နို့


နို့ကတော့ မျက်ကွင်းညိုနေတဲ့ သူတွေအတွက် ထိရောက်တဲ့ကုထုံးပါပဲ။ cotton pads လေးကို နို့ရည်ထဲခဏစိမ်ပေးပြီး ပိတ်ထားတဲ့ မျက်ဝန်းပေါ် (၂၀-၃၀)မိနစ်လောက် တင်ထားလိုက်။ ပြီးမှ ရေအေးလေးနဲ့ ပြန်သစ်ပေးပါ။

ကုသရေးနည်းလမ်း (၃) Oil


ခွက်တစ်ခုထဲမှာ ဗီတာမင် (E) အဆီ တစ်မျိုးကို ရေနဲ့ နည်းနည်းစီရောလိုက်၊ cotton pad လေး ခဏစိမ်ပြီး ပိတ်ထားတဲ့ မျက်ဝန်းအပေါ်အုပ်ပေးထား။ (၂၀-၃၀) မိနစ်လောက်ပေါ့။ မျက်ရည်အိတ်ဖေါင်းနေတာကို သက်သာပျောက်ကင်းစေတဲ့ အစွမ်းရှိပါတယ်။

ကုသရေးနည်းလမ်း (၄) သခွါးသီး


သဘာဝအစွမ်းထက်တဲ့ သခွါးသီးပါပဲ။ ပါးပါးလှီးထားတဲ့ သခွါးသီး (၂)ချပ်ကို ရေခဲသေတ္တာထဲခဏထည့်ထား။ ပြီးမှထုတ်ယူပြီး ပိတ်ထားတဲ့ မျက်ဝန်းပေါ် (၂၅)မိနစ်ခန့် တင်ထားလိုက်ပါ။ အအေးပျောက်ကွယ်ပြီး သခွါးသီးချပ် ပျော့လာ
တာကိုခံစားရပြီဆိုမှ ခွါထုတ်လိုက်ပါ။ မျက်ဝန်းအတွက် စိုပြေအေးမြမှုကို ခံစားရမယ်၊ မျက်ဝန်းကြည်လင်သွားတာကို လက်တွေ့ခံစားရပါလိမ့်မယ်။ သခွါးသီးမှာပါဝင်တဲ့ anti-inflammatory properties ဆိုတာက မျက်ဝန်းညိုနေတာတွေကိုကုစားပေးပါတယ်။

ကုသရေး နည်းလမ်း (၅) Tea bags


ရေနွေးသောက်ပြီး ကျန်တဲ့ tea bags လေးတွေကို ပြန်အသုံးချလို့ ရပါတယ်။ tea bag (၂) အိတ်ကို ရေခဲသေတ္တာထဲခဏထည့်ပြီးမှ ပြန်ထုတ်။ ပိတ်ထားတဲ့ မျက်ဝန်းပေါ် (၂၅-၃၀) မိနစ်လောက် တင်ထားပြီးအုပ်ထားပေး။ ပြီးမှ ရေအေးနဲ့ မျက်ဝန်းကို ပြန်ပြီးသန့်စင်လိုက်မယ်ဆိုရင် ပြန်လည်နိုးထလာတဲ့ အမြင်အာရုံကြည်လင်မှု၊ လန်းဆန်းမှုကိုခံစားရပါတယ်။

ကုသရေးနည်းလမ်း (၆) ရေခဲဇွန်း


မျက်ရည်အိတ်ဖေါင်းနေတာကို သိသိသာ သာလျော့ချပေးတဲ့ နည်းလမ်းပါပဲ။ စတီးဇွန်း (၄)ချောင်းလိုပါတယ်။ ရေခဲရေထည့်ထားတဲ့ ခွက်တစ်ခုထဲမှာ ဇွန်းတွေကိုစိမ်ထား၊ ဒါမှမဟုတ် ရေခဲ သေတ္တာထဲထည့်ထား။ ပြီးရင် မျက်ဝန်းပေါ်ကို တစ် 
ချောင်းစီကပ်ထားပေး။ ၂ ချောင်းပူသွားရင် နောက်၂ချောင်းကိုထပ်ကပ်ပေးပါ။ မျက်လုံးဖေါင်း နေတာကို သိသိသာသာလျော့သွားပါတယ်။

ကုသရေးနည်းလမ်း (၇) အိပ်တဲ့ အနေအထား


တစ်ခါတလေမှာ ကိုယ်အိပ်နေတဲ့ အနေအထားက ဗိုက်ကိုဖိအိပ်တဲ့ ပုံစံမျိုး၊ တစ်ဘက်ပဲ စောင်းပြီး အိပ်တတ်တဲ့ပုံစံမျိုး ဖြစ်နေရင်လည်း မျက်လုံးအောက်ကို ဖေါင်းနေတတ်ပါတယ်။ ဒါကြောင့် ခေါင်းအုံးအပိုတစ်ခုထားပြီး ခေါင်းအောက်မှာ ထားအိပ်တာမျိုး၊ ပက်လက်လှန်ပြီး သက်တောင့်သက်သာအနေအထားနဲ့ အိပ်တာမျိုး ပြောင်းလုပ်ပေးသင့်ပါတယ်။

ကုသရေးနည်းလမ်း (၈) Concealer
ဒါကတော့ အရေးပေါ်လိုအပ်လာတဲ့ အခါမျိုးမှာ သုံးဖို့လိုအပ်တဲ့ ပစ္စည်းပါပဲ။ မိတ်ကပ်မပြင်ခင်မှာ မျက်ဝန်းအောက်ကို မိမိအသားအရေထက် ဖျော့တဲ့အရောင် အပြစ်အနာဆာဖုံး concealer ကိုသုံးပြီး ဖုံးအုပ်ပေးလိုက်ပါ။ အခုဆိုရင် Dark Circle Eraser ဆိုပြီး မျက်ဝန်းအောက်လိမ်းဖို့ ခရင်မ်တွေ ၀ယ်လို့ရနေပါပြီ။

သင့်အိတ်ထဲရှိကိုရှိသင့်တဲ့ Eye Creams (၁၀)မျိုး

marieclaire.co.uk ကနေ ဒီနှစ်အထိ ထွက်ရှိထားတဲ့ Eye Cream တွေထဲကနေ လူကြိုက်များပြီး အာနိသင် ထိရောက်ကောင်းမွန်တဲ့ ခရင်မ်တံဆိပ်တွေကို (၁၀)မျိုးအထိ ရွေးချယ်ပေးထားပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့ ခရင်မ်တစ်ခုကိုတော့ Must Have အဖြစ် ၀ယ်ယူရွေးချယ်သင့်ပါတယ်။

Shiseido Suncare Sun Protection Eye Cream SPF25, £28.50 - နေရောင်ကနေ မျက်လုံးနားအရေးကြောင်း ထိခိုက်မှုကို ကာကွယ်ဖို့အတွက် ဒီခရင်မ်က ကာကွယ်ကုသပေးနိုင်ပါတယ်။ နွေရာသီအချိန်တွေနဲ့ နေရောင်ပူပြင်းတဲ့ ရက်တွေမှာရော၊ ပုံမှန်နေ့ရက်များမှာပါ လူးပေးသင့်ပါတယ်တဲ့။

Origins GinZing Refreshing Eye Cream to Brighten and Depuff, £23 - ကဖင်းဓါတ်ကို ထည့်သွင်းဖေါ်စပ်ထားတဲ့အတွက် မျက်ဝန်းတ၀ိုက် ပင်ပန်းနွမ်းနယ်မှုကို ပြန်ပြီးလန်းဆန်းအားဖြည့်ပေးနိုင်တယ်။ အထူးသဖြင့် Monday morning တွေမှာ လိမ်းဖို့ must have item တစ်ခုပါပဲ။

Eve Lom Eye Cream, £48  -  မျက်ရည်အိတ်တွဲကျနေသလို မျက်လုံးအောက်ဘက်တလျှောက် အကွင်းကြီးဖြစ်နေတတ်တဲ့သူတွေအတွက် ထိရောက်တဲ့ ဖေါ်မြူလာကိုထည့်သွင်းထုတ်လုပ်ထားတာပါ။ ပေးရတဲ့ဈေးနှုန်းထက် အရည်အသွေးက ပိုသာတယ်လို့ ညွှန်းထားပါတယ်။

Elizabeth Arden Flawless Future Powered by Ceramide Eye Gel, £29.75  - ကိုယ့်ရဲ့အဘွား၊ အမေတွေ လက်ထက်ကတည်းက နာမည်ကြီး အသားအရေထိန်း အလှကုန်တံဆိပ်ဆိုမှတော့ အခု မျက်ဝန်းအတွက်ထုတ်ထားတဲ့ ဒီ eye gel ကလည်း နုပျိုမှုကို ပြန်လည်ခေါ်ဆောင်လာပေးမယ့် ပစ္စည်းပဲပေါ့။ အသက် (၂၀)အရွယ်ကနေစပြီး အသုံးပြုထားရင်တော့ နောင်နှစ်ပေါင်းများစွာအတွက် အာမခံချက်သေချာတယ်လို့ ညွှန်းထားပြန်ပါတယ်။

Benefit Puff-Off, £22.50 - မျက်ဝန်းနားအစိုဓါတ်နဲ့ အေးမြမှုကိုပေးဖို့ ထုတ်လုပ်ထားပါတယ်။ နောက် လိုင်းတွေနဲ့ အရေးကြောင်းတွေကို သိသာလျော့နည်းစေဖို့ အထူးထုတ်ထားပါတယ်။ Applicator ပုံစံလေးက သံလိုက်ဓါတ်ပါဝင်ပြီး လူးရတာလည်း မျက်ဝန်းနားကို အရမ်းအဆင်ပြေအောင် ထုတ်ထားတဲ့ ဒီဇိုင်းမျိုးပါ။

Estee Lauder Advanced Night Repair Eye Synchronized Complex II, £40 - Victoria’s Secret ရဲ့ မော်ဒယ်လ်တွေကြော်ငြာမှုနဲ့အတူ တစ်ကမ္ဘာလုံးသိတဲ့ Eye Cream တစ်မျိုးပါ။ Dull Eyes လို့ခေါ်တဲ့ တောက်ပမှုမှေးမှန်ပျောက်ကွယ်နေတဲ့ မျက်ဝန်းကို ကြည်လင်စိုပြေလှပလာအောင် ပြန်ပြီးကုသပေးနိုင်ပါတယ်။

Darphin Ideal Resource Anti-Dark Circle Eye Illuminator, £44 - skin care & make up ကြားထဲက illuminator လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးပါ။ မိတ်ကပ်အရည်လို အရောင်ရှိပြီး မျက်ဝန်းနားအသားအရေကိုစိုစွတ်ကာ လိုင်းလေးများပျောက်ကွယ်ပြီး တောက်ပလှပလာစေနိုင်တဲ့ အစွမ်းရှိပါတယ်။ မနက်စောစောထရတဲ့ အိပ်ရေးပျက်နေ့တွေနဲ့ဆို အရမ်းအသုံးဝင်ပါတယ်တဲ့။

Clinique All About Eyes, £42 - မျက်ဝန်းနားတ၀ိုက် အကွင်းလိုက်ညိုမည်းနေတာ၊ မျက်လုံးနားလိုင်းထင်းနေတာတွေ၊ မျက်တွင်းကျတာတွေကို သိသာလျော့နည်းစေမယ့်ခရင်မ်ပါ။ နောက် သူ့ကို Primer အဖြစ် မျက်ဝန်းနားကို လိမ်းပေးလို့ ရပါသေးတယ်တဲ့။ မိတ်ကပ်ကိုတာရှည်ခံပြီး စွဲနေစေတယ်လို့ ညွှန်းထားပါတယ်။

Olay Anti-Wrinkle Aqua Physics Anti-Ageing Eye Cream, £10.45 - အရမ်းကို ပါးလွှာနုနယ်လွန်းတဲ့ မျက်လုံးအရေပြားတ၀ိုက်ကို လိမ်းပေးဖို့ ထုတ်ထားတဲ့ ခရင်မ်ပါ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်များပါ အသုံးပြုနိုင်ပါတယ်။

DIOR HYDRA LIFE Pro-Youth Sorbet Eye Creme, £31 - Dior ကနေ ထုတ်ထားတဲ့ မျက်လုံးလိမ်းခရင်မ်ကတော့ ရေဓါတ်ကို အပြည့်အ၀ဖြည့်ပေးမှာပါ။ နောက် ဒီပစ္စည်းလေးက အကောင်းဆုံး မျက်လုံးလိမ်းခရင်မ်အဖြစ် အနိုင်ရရှိဖူးပါတယ်တဲ့။ လိမ်းရတာ အရမ်းပေါ့ပါးပြီး အသားထဲကို အမြန်ဆုံးစိမ့်ဝင်နိုင်ပါတယ်။ မျက်ဝန်းအောက်ဘက်တွေကို အသာအယာလိမ်းပေးမယ်ဆိုရင် အကျိုးထူးတဲ့ ခရင်မ်လို့ညွှန်းထားပါတယ်။