Primary tabs

Beauty Chat Box

အံ့မခန်း စပျစ်သီးရဲ့အစွမ်း Natural news တစ်ခုမှာ စာရေးသူ Luella May ရဲ့ ရေးသားထားတဲ့ အကြောင်းအရာလေးကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

လူတွေသတိထားဖို့ မေ့လျော့နေတဲ့ အသီးအနှံတစ်ခုရဲ့ အံ့မခန်းအစွမ်းများ အကြောင်းပါ။ စပျစ်သီးပါ။ စပျစ်သီးရဲ့ အဆီအနှစ် တွေ အထူးသဖြင့်တော့ စပျစ်သီးအစေ့ကနေ ကောင်းကျိုးတွေကို ရှာဖွေတွေ့ရှိသွား ကြပါပြီ။ အခုကိုယ့်အနီးအနားမှာ သေချာရှာကြည့် မိရင်တော့ စပျစ်သီးအစေ့ ပါဝင်ဖော်စပ်ထားတဲ့ hand lotin eye cream skin firming cream တို့မှာ တွေ့နိုင်မှာပါ။ သူ့ရဲ့ကောင်းကျိုးက ဘာတွေလဲဆိုတော့ Oligomeric Proanthocyanidins(OPC’s)တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် Antioxidant တွေ အားကောင်း တာကို တွေ့ရတာပါ။ ဒီသဘောကတော့ လူခန္ဓာကိုယ်အတွက် အရွယ်တင်နုပျိုစေတာ၊ အသားအရေ အဆီကျကျစ်လစ်စေတာအပြင် သွေးအားကောင်းတာ၊ မျက်လုံးအားကောင်းတာစတဲ့အကျိုးရလာဒ်တွေပါပဲ။ အခုနောက်ဆုံး တွေ့ရှိထားတာကတော့ ကင်ဆာရောဂါ ကုသဖို့အထိပါပဲ။ အအရွယ်တင် နုပျိုစေတဲ့ အစွမ်းထက်မှုကို ရှာဖွေတွေ့ရှိပြီးတဲ့ နောက်မှာတော့ စပျစ်သီးအစေ့ရဲ့ အဆီအနှစ်တွေကို anti-aging အလှကုန်တွေမှာ ထည့်သွင်းဖော်စပ်လာကြတာပါပဲ။ အရေပြားအတွက် လိုအပ်တဲ့အစိုဓာတ်ကို ဖြည့်တင်းပေးနိုင်တာကြောင့် အသားရေဟာ ကောင်းမွန်လာပြီး ပျက်စီးဆဲလ်များကို ပြန်လည်ထိန်းပေးပါတယ်။ နေရောင်ခြည်ရဲ့ UV လှိုင်းများကိုလည်း ကာကွယ် ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အများစုသိထားတဲ့ စပျစ်သီးရဲ့ ကောင်းကျိုးက စပျစ်သီးစားရင် လည်ချောင်းနာ သက်သာမယ်ဆိုတာ လောက်ပါပဲ၊ အခုတော့ လုံးဝမဟုတ်တော့ပါဘူး၊ စပျစ်သီးရဲ့အစွမ်းဟာ အတိုင်းအဆမဲ့တဲ့ နေရာကိုရောက်သွားပါပြီ။ ဒါကြောင့် ကိုယ့်ရဲ့အနီးအနားမှာရှိနေတဲ့ စပျစ်သီးလေးတွေကို နေ့စဉ်စားသုံးပေးကြပါဦး။

လူနေမှုပုံစံမမှန်ခြင်း၊ အလွန်အမင်းအစားရှောင်ခြင်း၊ ဆေးလိပ်၊ အရက်နှင့်ဆေးဝါးများအလွန်သုံးစွဲခြင်းစတာတွေဟာ အမျိုးသမီးတွေရဲ့အိုမင်းလွယ်တဲ့ အချက်တွေပါပဲ။ မျက်နှာအသားအရေ တွေ တင်းရင်းမှုလျော့လာတာ၊ အရေးအကြောင်း ထင်းလာတာ တွေ ဖြစ်လာပြီဆိုရင် anti-aging အလှကုန်တွေကို အလျင်အမြန် သုံးစွဲရပါတယ်။ စပျစ်သီးရဲ့အစေ့ကတော့ ၎င်းအကျိုးဆက်များကို ကာကွယ်တားဆီး လျော့ချနိုင်ပါတယ်လို့ ဆိုထားပါတယ်။

မထင်မှတ်ထားပဲ လူတွေကိုဆွဲဆောင်မှုပေးနိုင်တဲ့ နှုတ်ခမ်းနီအရောင်ဆန်းများ

တစ်ချို့သော ကာလာတွေက ကြည့်လိုက်ရင် မလိုက်ဖက်ဘူး၊ ငါနဲ့တော့ဖြစ်မှာ မဟုတ်ဘူးဆိုပြီး ရှောင်ဖယ်ထားခဲ့တာတွေ ရှိပါတယ်။ နှုတ်ခမ်းနီ ရွေးချယ်တဲ့နေရာမှာတော့ သိပ်ပြီး ချေးမများသင့်ပါဘူး၊ ဘာလို့ဆိုတော့ လက်မှာစမ်းတာက လက်ပေါ်ကအရောင် ပါပဲ၊ နှုတ်ခမ်းမှာ စမ်းသပ်မှသာ အရောင်ရဲ့ကိုယ့်နှုတ်ခမ်း၊ သွား စတာတွေကို ပံ့ပိုးပေးနိုင်၊ သို့မဟုတ် မပံ့ပိုးနိုင်ဆိုတာ သိရမှာပါ။

မိုးပြာရောင် Shu Uemura Gloss Shimmery Sky-Blue နှုတ်ခမ်း

အရောင်ထဲမှာ အပြာဆိုတာဆိုးဖို့မပြောနဲ့ ပုံမှန်အရောင်တောင် မဟုတ်ပါဘူး။ တကယ်တမ်း နှုတ်ခမ်းပေါ်ကိုရောက်တော့ ထင်း လင်းကြွရွပြီး လှပသွားလိုက်တာ ငေးစရာတောင်အတော်ကောင်း။ သွားတွေကိုလည်း ပိုတောင်ဖြူသွားစေတယ်။ ဈေးနှုန်းက ၃၃ဒေါ်လာ။

VDL Festival Sparkle Gloss Purple

ခရမ်းရောင်ဆို မျက်လုံးရှဲဒိုးလောက်ပဲပြေးမြင်တာ၊ နှုတ်ခမ်းပေါ်တင်ဖို့တော့ မော်ဒယ်လ်တွေနဲ့ပဲ လိုက်မှာပဲလို့ တွေးကြတာပါ။ နှုတ်ခမ်းပေါ်ရောက်တဲ့အခါမှာတော့ အရောင်ရဲ့ဆွဲဆောင်အားက ကောင်းမှကောင်းပဲ။ ဈေးနှုန်းက ၂၄ ဒေါ်လာ။

Make Up Forever Lab Shine Metal Collection Black Gloss

အမည်းရောင်နှုတ်ခမ်းနီ...အိုးသွားစမ်းပါ၊ ဘာတွေလာပြောနေတာလဲ၊ ရုပ်ရှင်ရိုက်ဖို့လားလို့မပြောလိုက်နဲ့တော့။ ဒီနှုတ်ခမ်းနီအ ရောင်တင်ဆီက အနီရောင်နှုတ်ခမ်းပေါ်ကို အရောင်တင်ဖို့ပါ။ နှုတ်ခမ်းကပဲလူကို sexy ဖြစ်သွားစေတာ သေချာပါတယ်။ ဈေးနှုန်းက ၃၉.၉ ဒေါ်လာ။

Clinque Chubby Stick Moisturising Lip Colour Balm Voluptuous Violet

ခရမ်းရောင် အရောင်တောက်တောက် နှုတ်ခမ်းနီပါပဲ၊ ဒါပေမဲ့ ဆိုးလိုက်တော့ အရောင်လည်းသိပ်မထင်းပဲ နှုတ်ခမ်းပုံကို ပေါ်လွင် သွားတယ်၊ နှုတ်ခမ်းကို အစိုဓာတ်ပေးတာပါလို့ နေ့တိုင်းအတွက် ဆိုးမယ်ဆိုရင်တောင် သင့်တော်တယ်။ ဈေးနှုန်းက ၂၆ ဒေါ်လာ။

Make Up Store Lipstick Black Orchid

Black Orchid လို့ ဆိုထားတာကြောင့် အမည်းရောင်နီးပါးပါပဲ ကာလာကတော့။ ညပွဲအတွက် ဆိုးမယ်ဆိုရင်တော့ အရမ်း ကိုမိုက်ပြီး လူတိုင်းဂရုစိုက်မယ့် လူတိုင်းလည်ပြန်ငေးမယ့် ကာလာပါပဲ။ ဈေးနှုန်းက ၂၉ ဒေါ်လာ။

ပါတီသွားဖို့ကောင်းတဲ့ လက်သည်းနီတောက်တောက်လေးတွေ

၂၀၁၃ ရဲ့ အလယ်မှာကတည်းက shimmer ဖြစ်တဲ့ အရောင် ဆန်းဆန်းလေးတွေ bling bling ကာလာလေးတွေက လူတွေကြားမှာ အတော်ရေပန်းစားခဲ့ပါတယ်။ အခုလည်း အလှကုန်ထုတ်လုပ်တဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီးတွေက လက်သည်းနီ အရောင်ဆန်းတွေကို ဈေးကွက်ထဲရောင်းချလိုက်ပါပြီ။ ချစ်စရာကောင်းတဲ့ အရောင်လေး တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Nail Varnish in Benjamin (Wild about Beauty)

၉ ပေါင်

Nail Lacquer in Embarca-Dare Ya!(OPI)

၁၁.၅ပေါင်

Vernis Nail Polish in Destin(Dior)

၁၈ ပေါင်

Nail Apparel in Moonstone Luxe ( Rococo)

၁၂ ပေါင်

Nail Lacquer in Kaleidoscope( Giorgio Armanni)

၂၀ ပေါင်

Nail Polish in Disco Inferno(Nars)

၁၄.၅ ပေါင်

Le Vernis Nail Colour in Taboo( Chanel)

၁၈ ပေါင်

Nail Lacquer in Haven’t The Foggiest( OPI)

၁၁.၅ ပေါင်

Le Vernis Nail Colour in Alchimie(Chanel)

၁၈ ပေါင်

Textured Nail Paint in Majesty(Barry M)

၃.၉၉ ပေါင်

Textured Nail Paint in Princess(Barry M)

၃.၉၉ ပေါင်

Laser Nail Lacquer in Psychedelic Blue(Kiko)

၎.၉ ပေါင်

Galaxy Effect Nail Lacquer in Knightsbridge Road(Nails Inc)

၁၂ ပေါင်