Primary tabs

၂ဝ၁၈ မှာ ပိုင်ဆိုင်ထားရမယ့် အလှအပပစ္စည်းများ...

ပစ္စည်းအသစ်အဆန်းကိုမှ စိတ်ဝင်စားတဲ့ အလှအပချစ်သူတွေ ၂ဝ၁၈ မှာ ဘယ်လိုပစ္စည်းတွေ ပိုင်ဆိုင်ထားသင့်သလဲ…
Kat Von D ရဲ့ Alchemist Holographic Palette
တက်တူးပညာရှင်လည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ Kat Von D က သူမ နာမည်နဲ့ အလှကုန်ပစ္စည်းတွေထုတ်လာတာ ၂ဝဝ၈ ခုနှစ်ကတည်းကပါ။
Alchemits Holographic Palett ရဲ့ ဆန်းသစ်မှုဟာ အပြင်ပန်းထုတ်ပိုးမှုက စပါတယ်။ မြင်တွေ့နေကျ ကာလာကွက်တွေလို လေးထောင့်စပ်စပ်သဏ္ဍာန်နဲ့ပွဲထွက်မလာဘဲ တြိဂံသဏ္ဍန်နဲ့ ပွဲထွက်လာပါတယ်။
အထဲမှာပါတဲ့ အရောင်တွေကလည်း အမြဲသုံးဖြစ်နေမယ့် အစိမ်းရယ်၊ အပြာရယ်၊ ခရမ်းရယ်၊ ပန်းရောင်ရယ်ပါ။ 
အရောင်တွေက တစ်ချက်ဆွဲရုံနဲ့ သင့်မျက်ခွံပေါ်မှာ ထင်းနေပါလိမ့်မယ်။ မျက်ခွံထက်ပိုပြီး အသုံးပြုချင်သူတွေအတွက် နှုတ်ခမ်းနီပေါ် တစ်ထပ်ထပ်တာပဲဖြစ်ဖြစ်၊ ပါးနီအဖြစ်သုံးတာပဲဖြစ်ဖြစ် သုံးနိုင်ပါသေးတယ်။
La Roche-Posay ရဲ့ Toleriane Double Repair Moisturizer UV
ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးတဲ့ ဘက်တီးရီးယားတွေကို Probiotics လို့ ခေါ်ကြတယ်မလား။ အခု La Roche-Posay ကနေ ငါးနှစ်ကြာ သုတေသနလုပ်ပြီး Prebiotics ပါဝင်တဲ့ Skin Care လိုင်းအသစ်ကို ထုတ်လုပ်ထားပါတယ်။
ဒီနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Skin Care ကို လိမ်းထားခြင်းခြင်း သင့်အရေပြားရဲ့အပြင်ဘက်ဆုံးအလွှာမှာ အရေပြားအတွက် ကောင်းကျိုးဖြစ်စေမယ့် ဘက်တီးရီးယားတွေကို ရှင်သန်နေစေမှာပါ။
ဒီဘက်တီးရီးယားတွေ ရှင်သန်နေခြင်းဟာ သင့်အရေပြားကို ကာကွယ်ခြင်းဖြစ်တာကြောင့် အရေပြားကို ကျန်းမာနေစေမှာပါ။
Toleriane Double Repair Moisturizer UV ဟာ စေးကပ်ခြင်းမရှိဘဲ အရေပြားထဲ အလွယ်တကူစိမ့်ဝင်နိုင်တဲ့အပြင် နေရောင်ခြည်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
Becca ရဲ့ First Light Priming Filter
ပြစ်မျိုးမှည့်မထင်ဆိုတဲ့ အရေပြားကို ပိုင်ဆိုင်နိုင်ရမယ်ဆိုတဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရဖို့ Becca ဟာ တစိုက်မတ်မတ် အားထုတ်နေပါတယ်။
First Light Priming Filter ဟာ Becca က နောက်ဆုံးထုတ်ထားတဲ့ ထုတ်ကုန်ပါ။ 
သင့်အသားအရေ ပေါ်မှာရှိနေတဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ထားပြီး တောက်တောက်ပပလေးနဲ့ လှပနေအောင် စွမ်းဆောင်နိုင်ပါတယ်တဲ့။
မိတ်ကပ်တောင်လိမ်းစရာမလိုဘဲ သူ့တစ်ထပ်တည်းလိမ်းထားရုံနဲ့ အသားလေးက ညက်နေ တာပဲလို့ လူတိုင်းပြောကြလိမ့်မယ်လို့လည်း ညွှန်းထားပါသေးတယ်။
Cutex ရဲ့ BB Nail Concealer
သင့်ခြေသည်းလက်သည်းတွေကို Care မယ်ဆို Cutex ကို ချန်ထားခဲ့လို့မရပါဘူး။ 
BB cream ကို မျက်နှာမှာတင်မဟုတ်ဘဲ ခြေသည်းလက်သည်းအတွက်ပါ သုံးလို့ရအောင် Cutex က ထုတ်လုပ်ထား ပါတယ်။
ပျက်စီးနေတဲ့ ခြေသည်းလက်သည်းတွေကို ဒီအတိုင်းထားမယ်ဆို ကြည့်ရဆိုးတယ်မလား။ Cutex ရဲ့ BB Nail Concealer နဲ့ ဆိုးထားမယ်ဆို ခြေသည်းလက်သည်းကို ကုသပေးနိုင်သလို တစ် ဖက်ကလည်းအလှမပျက်စေဘူးပေါ့။
First Aid Beauty ရဲ့ Hello FAB 3 in 1 Super-fruit Color Correcting Cushion
သင့်အသားအရေဟာ sensitive ဖြစ်တယ်ဆိုရင် First Aid Beauty က ထုတ်တဲ့ပစ္စည်းတွေ ဘာအသစ်ထွက်လဲဆိုတာကို မပျက်သာလေ့လာ နေပါတော့။ 
အခု ပြောမယ့် Correcting Cushion မှာ ထည့်သွင်းထားတဲ့အရောင်တွေက သင့်မျက်နှာပေါ်မှာ လိုတဲ့အရောင်တွေချည်းပဲမို့ သူ့မှာပါတဲ့ Puff လေးနဲ့ Cushion လေးကို အသာဖိ မျက်နှာပေါ်မှာ အရောင်ရှိစေချင်တဲ့ နေရာတွေကို လိမ်းခြယ် 
ပေးရုံပါပဲ။
တစ်ရောင်ချင်းစီပါတဲ့ ပစ္စည်းတွေကို သုံးမယ်ဆို နီလွန်းသွားလို့ အရောင်ပြန်ဖြေရတာနဲ့၊ ပန်းရောင်ရင့်ရင့်ကြီးဖြစ်သွားလို့ ပြန်ဖြေရတာနဲ့ သင့်မနက်ခင်းတွေကို အချိန်ကုန်စေမှာ။ Hello FAB 3 in 1 Superfruit Color Correcting Cushion ကို စူပါအသီး စာရင်းဝင် နဂါးမောက်သီး၊ ကီဝီသီး နဲ့ ဘလူးဘယ်ရီ အဆီအနှစ်တွေကနေ ထုတ်လုပ်ထားတာမို့ သင့်မျက်နှာ အသားအရေကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။
Living Proof ရဲ့ Restore Perfecting Spray
Living Proof ဆိုတာ ကမ္ဘာကျော် ဆံပင် ပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေပေါင်းပြီး အဆင့်မြင့်နည်းပညာတွေသုံးလို့ အလှအပရေးရာ ပြဿနာတွေကို ဖြေရှင်းပေးမယ့် ပစ္စည်းတွေထုတ်လုပ်ခဲ့တာသက်တမ်းတော်တော်ကြာခဲ့ပါပြီ။ ဒီတံဆိပ် အောက်က ထွက်လာတဲ့ ပစ္စည်းတွေက ဆုတွေလည်းအကြိမ်ကြိမ်ရခဲ့ဖူးပါတယ်။
ဒီ Restore Perfecting Spray ကို ဆံပင်အဖြောင့်၊ ကောက်သားပါတဲ့ဆံပင်၊ ကောက်ထားတဲ့ဆံပင်၊ ဖြောင့်ထားတဲ့ ဆံပင်၊ ဆေးဆိုးထားတဲ့ဆံပင် အားလုံးအတွက် သုံးနိုင်ပါတယ်။
သူ့အားသာချက်က ဓာတုပစ္စည်းတွေကြောင့် ခြောက်သွေ့ပြီး ပျက်စီးနေတဲ့ဆံသားတွေကို သဘာဝကျကျလေး တောက်ပနေစေပြီး အချိန် ကြာကြာ ပျော့ပျောင်းစေနိုင်တာပါ။
ခေါင်းလျှော်ပြီးတဲ့နောက် ရေမခြောက်တခြောက် ဆံသားပေါ်မှာ ဆံပင်အရင်းကနေ အဖျားထိ Spray ဖြန်းပြီး ဘီးလေးနဲ့ ဖြီးချလိုက်ရုံပါပဲ။
Milk Makeup ရဲ့ Blur Stick
မျက်နှာမှာ အနာအဆာလေးတွေရှိမယ်၊ အရေးအကြောင်းလေးတွေရှိမယ်ဆိုရင်တော့ ဒီ Blur Stick လေးကို သင့် မိတ်ကပ်အိတ်ထဲ ထည့်ထားလိုက်ပါတော့။
သူ့အရောင်က ဝါညိုရောင်လေးဖြစ်ပေမဲ့ မျက်နှာပေါ်မှာ ထင်းထင်းကြီးဖြစ်မနေပါဘူး။ အနာအဆာတွေကို ဖျောက်ပေး တဲ့နေရာမှာတော့ ဆရာကျပါတော့ Snapchat လေး သုံးပြီး ဓာတ်ပုံရိုက်သလိုကို ချောမွတ်နေစေမှာပါ။
အောက်ခံမိတ်ကပ်အဖြစ် သုံးလို့ရသလို၊ မိတ်ကပ်အပြည့်အစုံလိမ်းပြီးမှ Primer အနေနဲ့ သုံးလည်းရပါတယ်။
Urban Decay ရဲ့ Vice Liquid Lipstick
နှုတ်ခမ်းနီ ဆိုးထားတဲ့ နှုတ်ခမ်းနဲ့ ရေမသောက်ရဲ၊ ကော်ဖီမသောက်ရဲ မဖြစ်ရလေအောင် Urban Decay ရဲ့ Vice Liquid Lipstick လေး ဆောင်ထားပါ။
ရေစိုခံ၊ အရောင်မပေကျံဘဲ ကြာရှည်စွဲမြဲစေမယ့် ဖော်မြူလာကို သုံးထားတယ်လို့ဆိုပါတယ်။
သင့်နှုတ်ခမ်းပေါ်မှာ တာရှည်ခံဖို့ ဘယ်လိုဆိုးရမလဲဆိုရင် ပထမဦးစွာ နှုတ်ခမ်းကို ကိုယ်လိုချင်တဲ့ ပုံစံနဲ့ လိုင်းဖော် လိုက်ပါ။ ပြီးရင် Vice Liquid Lipstick ကို ကိုယ်လိုချင်တဲ့အရောင်ရအောင် ပထမတစ်ထပ်ဆိုးပါ။ နှုတ်ခမ်း နှစ်လွှာကို ဖိကပ်ပြီး အရောင်ညှိတာမျိုးလုံးဝမလုပ်ပါနဲ့။ ကိုယ်လိုချင်တဲ့ အရောင်အနေအထားနဲ့ နှုတ်ခမ်းနီ ခြောက်သွားအောင် ခဏစောင့်ပါ။ ပြီးမှ နောက်တစ်ထပ် ထပ်ဆိုးပါ။ နှုတ်ခမ်းပေါ်မှာ ခြောက်သွေ့မနေဘဲ စိုနေတဲ့ အရောင်လေးနဲ့ တခြားနေရာ
တွေကိုလည်း အရောင်မပေကျံဘဲ သင့်နှုတ်ခမ်းလေးလှနေမှာပါ။
L’Oreal Paris ရဲ့ Extraordinary Clay Pre-Shampoo Mask
ရွှံ့နဲ့ လုပ်ထားတဲ့ Facial Mask တွေဆိုတာ အလှအပ ချစ်သူတွေနဲ့ အသားကျနေပြီးသား ပစ္စည်းတွေပါ။ အခုတော့ သင့်ဆံသားတွေအတွက် သုံးဖို့ ရွှံ့နဲ့ လုပ်ထားတဲ့ Pre- Shampoo Mask တွေ L’Oreal Paris  က ထုတ်လုပ်ထားပါပြီ။
အဆီပြန်တဲ့ ဆံသားရင်းမြစ် ရှိနေသူတွေ မရှိမဖြစ်ကို ဆောင်ထားသင့်တဲ့ ပစ္စည်းပါပဲ။
အသုံးပြုပုံကလည်း အရမ်းလွယ်ပါတယ်။ Extraordinary Clay Pre-Shampoo Mask မှာပါတဲ့ ခရင်မ်ကို ဦးရေပြားမှာ ပွတ်လူးပြီး အနည်းငယ် နှိပ်နယ်ပေးပါ။ (၅) မိနစ်လောက်ထားပြီးတဲ့ နောက်ရေဆေးချလိုက်ရင် ဦးရေပြားပေါ်မှာ ပိုနေ
တဲ့ အဆီတွေကို သူ့မှာပါဝင်တဲ့ ရွှံ့က အကုန်ယူသွားတာမို့ အဆီကင်းတဲ့ ဆံသားကို ပိုင်ဆိုင်ရမှာပါ။