Primary tabs

ယားယံနေတဲ့ ဦးရေပြားအတွက် သဘာဝနည်းလမ်းများ

ဦးရေပြား ယားယံတဲ့ ကိစ္စဟာ အတော်စိတ်အနှောင့်အယှက်ဖြစ်စေတာပါ။ အပြင်သွားတဲ့ အခါ လူကြားထဲ မကုတ်ဘဲ မနေနိုင်အောင် ယားလာတဲ့အခါ၊ အရေးကြီးကိစ္စမို့ အာရုံစိုက်ရပါမယ်ဆိုမှ ခေါင်းက တဗြင်းဗြင်းကုတ်ချင်လောက်အောင် ယားလာတဲ့အခါ အော်ဟစ်ပေါက်ကွဲပစ်ချင်စရာပါ။ ယားတော့ ကုတ်တယ်၊ ကုတ်တော့ ဗောက်တွေ ပိုထလာနိုင်ပါတယ်။ ဦးရေပြား ခြောက်သွေ့လို့၊ ဘက်တီးရီးယားဝင်လို့ စတဲ့ အကြောင်းရင်းတွေေ  ကြာင့် ဦးရေပြား ယားယံ လာရတာပါ။ ဦးရေပြား ယားယံတဲ့အခါ ဆံပင်လည်း ပိုကျွတ်စေပါတယ်။
အဲဒီ့ပြဿနာကို ကုသပေးနိုင်တဲ့ သဘာဝနည်းလေးတွေက စိတ်ဝင်စားစရာပါ။ အချိန်လေးတစ်ချက်ပေးပြီး ဖတ်ကြည့်လိုက်ပါဦး။

၁။ မုန့်ဖုတ် ဆိုဒါ
မုန့်ဖုတ်ဆိုဒါမှာ မှို နဲ့ ဘက်တီးရီးယားကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းရှိတာကြောင့် ဦးရေပြားမှာ မှိုစွဲလို့၊ ဘက်တီးရီးယားဝ င်လို့ဖြစ်တဲ့ ယားယံခြင်းကို ကောင်းကောင်းကုသပေးနိုင်ပါတယ်။

အသုံးပြုရမယ့်ပုံစံကလည်း လွယ်လွန်းလှတယ်။ ပန်းကန်လုံးတစ်ခုထဲမှာ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း (၂) ဇွန်း ဒါမှမဟုတ် (၃) ဇွန်းကို ရေ နဲ့ ပျစ်နေအောင် ဖျော်ပါ။ ပြီးတာနဲ့ ဦးရေပြားအနှံ့ကို သုတ်လိမ်းပေးပါ။ (၁၅) မိနစ်ထားပါ။ ပြီးတာနဲ့ ရေဆေးချပြီး လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။ ဦးရေပြားယားတာ သိသိသာ သာသက်သာသွားမှာပါ။


၂။ သံလွင်ဆီ
သံလွင်ဆီမှာ အရေပြားကို ကာကွယ်ပေးမယ့် သဘာဝ ပစ္စည်းတွေပါဝင်တဲ့အပြင် ရောင်ရမ်းတာကိုလည်း ကုသပေးနိုင်တာကြောင့် ဦးရေပြား ပိုးဝင်တာနဲ့ ဦးရေပြား ယားယံတာအတွက် သူ့ကို သုံးနိုင်ပါတယ်။

အသုံးပြုရမယ့်ပုံစံကတော့ သဘာဝ သံလွင်ဆီစစ်စစ်ကို မိုက်ခရိုဝေ့ထဲမှာ (၇) စက္ကန့်လောက်အပူပေးလိုက်ပါ။ ပြီးရင် ဦးရေပြားအနှံ့လိမ်းပြီး တစ်ညအိပ်ပါ။ နောက်နေ့ မနက်မှာ ခေါင်းလျှော်ချ လိုက်ပါ။ ရက်သတ္တပတ်ကို (၂) ကြိမ်လောက် လုပ်ပေးဖို့လိုပါတယ်။


၃။ Tea Tree oil
Tea Tree Oil ရဲ့ အစွမ်းကလည်း မသေးလှတာကြောင့် ခုနောက်ပိုင်း အလှကုန်ပစ္စည်းအတော်များများမှာ သူ့ကို အသုံးပြုလာကြပါတယ်။ သူ့မှာ မှို နဲ့ ဘက်တီးရီးယားကို တိုက်ဖျက်ပေးနိုင်ပြီး ဦးရေပြားကို ရေဓာတ်နဲ့ အာဟာရ ဖြည့်ပေးနိုင်တာ ကြောင့် သုံးတာပါ။

Tea Tree Oil (၅) စက်ကနေ (၇) စက်လောက်အထိ လက်ဖ၀ါးထဲထည့်ပြီး ဦးရေပြားအနှံ့လိမ်းပါ။ ပြီးရင် ဦးရေပြားကို မိနစ်အနည်းငယ်လောက်နှိပ်နယ်ပေးပြီး စိမ့်ဝ  င်ပါစေ။ ညအိပ်ခါနီးတိုင်း လုပ်ပေးမယ်ဆို ယားယံတာ သက်သာသွားမှာပါ။


၎။ အုန်းဆီ
အုန်းဆီ ထိထားတဲ့ ဦးရေပြားဟာ ရေဓာတ်ကို ထိန်းထားကြောင့် ဦးရေပြားမှာ မှိုမစွဲနိုင်တော့ပါဘူး။ ဒါကြောင့် မှိုစွဲခြင်းကြောင့် ယားယံနေတဲ့ ဦးရေပြားကို အုန်းဆီ နဲ့ ကုသနိုင်ပါတယ်။ 

အုန်းဆီနည်းနည်းကို (၁၀)စက္ကန့်လောက် အပူပေးပါ။ ပြီးရင် ဦးရေပြားအနှံ့လိမ်းပြီး (၁၅) မိနစ်လောက် ထားလိုက် ပါ။ ပြီးမှ ခေါင်းလျှော်ပါ။ ဘယ်လောက်မှမခက်ဘဲ သင့်ဦးရေပြား ယားယြံ ခင်းသက်သာသွားမှာပါ။


၅။ ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ဟာ ရေဓာတ်ထိန်းပေးနိုင်တဲ့ အစွမ်းထက် သဘာဝပစ္စည်းပါ။ ဒါ့အပြင် သူက ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ကုသမှုလည်းပေးနိုင်တာကြောင့် သူ့ကို မေ့မထားသင့်ဘူး။

သဘာဝ ရှားစောင်းလက်ပပ် အနှစ်စစ်စစ်ကိုယူပြီး ဦးရေပြားကို တိုက်ရိုက် လိမ်းလိုက်ရုံပါပဲ။ ပြီးရင် မိနစ် (၂၀) လောက်ထားပြီး ကြက်သီးနွေး ရေလေးနဲ့ ဆေးချလိုက်ပါ။ ရက်သတ္တပတ်မှာ (၂) ကြိမ်လောက်လုပ်သွားကြည့်ရင် ထူးခြားတဲ့ ရလဒ် ကို ရလာမှာပါ။

ရိုးရှင်းလွယ်ကူတဲ့ သဘာဝနည်းတွေနဲ့ အဆင်ပြေပြီး ဦးရေပြားယားယံခြင်းကို အပြီးတိုင် နှုတ်ဆက်နိုင်ကြပါစေ။
Ref : 5 Simple Home Remedies For Itchy Scalp by Natasha Chopra