Primary tabs

ဆားဝက်ခြံကို ဖယ်ရှားပေးမယ့် သဘာဝ နည်းလမ်းများ

မျက်နှာပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားပစ်ရမယ့်အရေးက ထင်သလောက် မလွယ်ဘူးဆိုတာ ဖြစ်ဖူးသူတိုင်းသိကြပါတယ်လေ။ မျက်နှာသစ်ဆေးနဲ့ မှန်မှန်သစ်မယ်ဆိုတာလောက်နဲ့မရဘဲ ကံမကောင်းရင် အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူရတဲ့အထိတောင်ဖြစ်တတ်ပါသေးတယ်။

ဆားဝက်ခြံဆိုတာ အရေပြားပေါ်က အပေါက်လေးတွေမှာ တစ်ခုခုပိတ်ဆို့ပြီး အပြင်ကို စူထွက်လာတဲ့အရာလေးတွေပါ။ အဲဒီ့ ပိတ်ဆို့ နေတဲ့နေရာလေးတွေရဲ့ အပြင်ဘက်အပိုင်းလေးတွေဟာ ပြင်ပက ရေလေနဲ့ ထိတွေ့ပြီးတဲ့အခါ ဓာတ်ပြုပြီး အမည်းရောင်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ အဲဒီလိုနဲ့ မျက်နှာမှာ အရုပ်ဆိုးတဲ့ ဆားဝက်ခြံခေါ် အမည်းဆံပြူပြူလေးတွေ ဖြစ်လာရတာပါ။

သင့်မျက်နှာဟာ အဆီပြန်တတ်တဲ့ အရေပြားရှိတယ်ဆိုတော့ ဆားဝက်ခြံဖြစ်စေနိုင်တဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ပဲပြောပါရစေ။ အဆီပြန်တတ်တဲ့ အသားအရေတွေဟာ အသားခြောက်သွေ့ခြင်းကို ကာ ကွယ်ပေးနိုင်ပေမဲ့ တစ်ဖက်မှာလည်းအဆီပြန်လို့ မျက်နှာမှာမကြာမကြာ ဝက်ခြံထွက်တတ်ပါသေးတယ်။ ဆားဝက်ခြံက ဝက်ခြံနဲ့ မတူဘူးဆိုပေမဲ့ အချို့သောဆားဝက်ခြံတွေကတော့ အရေပြားမှာ ဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားရှိတာ ကြောင့်ဖြစ်တတ်တာလို့ ဆိုပါတယ်။ အရေပြားပေါ်မှာရှိနေတဲ့ ဆဲလ်အသေတွေကြောင့်လည်း ဆားဝက်ခြံဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် အရေပြားကို အပေါ်ယံတင်မဟုတ်ဘဲ အတွင်းထဲထိ သန်စင်ပေးဖို့ အလွန်အရေးကြီးပါတယ်။ နောက်ပြီး ခန္ဓာကိုယ်မှာ ဖြစ်လာတဲ့ ရောဂါဝေဒနာတစ်ခုခု ကြောင့် သောက်နေကျမဟုတ်တဲ့သောက်ဆေး တွေသောက်ရတဲ့အခါ ဟိုမုန်းအပြောင်းအလဲ ဖြစ်ပြီး ဆားဝက်ခြံထွက်တတ်ပါသေးတယ်။

ဒါပေမဲ့ဆားဝက်ခြံထွက်လို့ စိတ်မညစ်ပါနဲ့။ ဆားဝက်ခြံတွေကို ကိုယ့်အိမ်မှာပဲ သဘာဝနည်းလေးတွေသုံးပြီး ဖယ်ရှားပစ်လို့ ရနိုင်ပါတယ်။ သင့်မီးဖိုချောင်ထဲ အသင့်ရှိနေတဲ့ပစ္စည်းတွေကို သုံးရုံပါပဲ။ ဝေးဝေးလံလံလိုက်ရှာနေစရာမလိုပါဘူး။ နည်းလမ်း က (၅) ခုမို့ အလွယ်ကူဆုံးရနိုင်တဲ့ပစ္စည်းလေးနဲ့ပဲ အခုလုပ်ကြည့်ပါ။

၁။ ပျားသံပရာ
သံပရာသီးရဲ့ စွမ်းပကားကို အထင်တော့ မသေးလိုက်ပါနဲ့။ သူ့ကို ပျားရည်နဲ့ပေါင်းပြီး သင့်မျက်နှာပေါ်က အရုပ်ဆိုးနေတဲ့ ဆားဝက်ခြံတွေကို ဖယ်ပစ်လို့ရပါတယ်။ သံပရာမှာပါတဲ့ အဖန်သတ္တိက ပိတ်ဆို့နေတဲ့ အရေပြားမွေးညှင်းပေါက်တွေကို ပွင့်စေနိုင်တဲ့အပြင် ပျားရည်မှာပါတဲ့ ပိုးသတ်နိုင်တဲ့အစွမ်းသတ္တိက ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဆားဝက်ခြံကို အမြစ်ဖြတ်ပေးနိုင်ပါတယ်။
ပြုလုပ်ပုံ - သံပရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း နဲ့ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရောစပ် ပါ။ ပြီးရင် ဆားဝက်ခြံ ဖြစ်နေတဲ့ နေရာကိုလိမ်းပါ။ (၁၅) မိနစ်လောက်အချိန်ပေးပြီး ခြောက်သွေ့သွား ပါစေ။ ပြီးရင် ကြက်သီးနွေးရေလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်မှာ (၃) ကြိမ်ကနေ (၄) ကြိမ်အထိတော့ ရအောင်လုပ်ကြည့်ပါ။


၂။ မုန့်ဖုတ် ဆိုဒါနဲ့ သံပရာ
မုန့်ဖုတ်ဆိုဒါဟာ အရေပြားရဲ့ ဟိုးအတွင်းပိုင်းအထိ သန့်စင်ပေးနိုင်တဲ့ သဘာဝပစ္စည်းဖြစ်တာကြောင့် အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပစ်ဖို့တာဝန်ယူနိုင်ပါတယ်။ ဒါ့အပြင် သံပရာက အရေပြားမွေးညှင်းပေါက်တွေမှာ ပိတ်နေတဲ့ အရာတွေကို ဖယ်ပေးနိုင်တဲ့အတွက် မုန့်ဖုတ်ဆိုဒါနဲ့ သံပရာအတွဲအစပ်ကတော့ ဆားဝက်ခြံကို ဖယ်ပေးနိုင်တဲ့ အကောင်းဆုံးတိုက် ကွက်ဖြစ်လာပါတယ်။
ပြုလုပ်ပုံ - မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကို သံပရာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရောစပ်ပါ။ ပြီးရင် ဆားဝက်ခြံဖြစ်နေတဲ့နေရာကို လိမ်းပါ။ ခြောက်သွေ့သွားအောင်ခဏထားပြီး ကြက် သီးနွေးရေနဲ့ ဆေးချလိုက်ပါ။


၃။ ကြက်ဥအကာ
ကြက်ဥအကာဟာ အာဟာရပြည့်တဲ့ အစားအစာတစ်ခုဖြစ်ရုံတင်မက အရေပြားအတွက်လည်း အရေးပါတဲ့ ပစ္စည်းတစ်ခု ဖြစ်နေပြန်ပါတယ်။ သူ့ရဲ့ စေးကပ်ကပ်အစွမ်းသတ္တိကြောင့် အရေပြားပေါ်မှာ အလွယ်တကူနေရာယူပြီး စွဲစွဲမြဲမြဲတွယ်ကပ်နေတဲ့ ဆားဝက်ခြံတွေကို ဖယ်ပစ်နိုင်ပါတယ်။ ဒါ့အပြင် အရေပြားမွေးညှင်းပေါက်ကိုကျဉ်းစေပြီး ဆားဝက်ခြံနောက်ထပ် ဖြစ်မလာအောင်လည်းကာကွယ်ပေးနိုင်ပါသေးတယ်။
ပြုလုပ်ပုံ- ကြက်ဥအကာထဲကို သံပရာရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထည့်ပြီး ညက်နေအောင်ခေါက်ပါ။ ပြီးရင် ဆား ဝက်ခြံပေါက်နေတဲ့နေရာကို လိမ်းပါ။ ပထတစ်ထပ်ခြောက်သွားရင်၊ ဒုတိတစ်ထပ်ထပ်လိမ်းပါ။ ပြီးရင် မိနစ် (၂ဝ) လောက် ထားပြီး ရေဆေးချလိုက်ပါ။ ကြက်ဥအကာက ညှီနံ့ရှိတာကြောင့် အနံ့ပျောက်အောင်တော့ အထပ်ထပ်ဆေးဖို့လိုပါလိမ့်မယ်။


၎။ အုတ်ဂျုံမှုန့်
အုတ်ဂျုံကို မနက်စာအဖြစ်ပဲ စားလို့ရတယ်လို့ ထင်နေပါသလား။ သင့်အရေပြားအတွက်လည်း သုံးလို့ရကြောင်း ဝမ်းသာစွာ အသိပေးပါရစေ။ အုတ်ဂျုံဟာ အရေပြားမှာရှိနေတဲ့ မွေးညှင်းပေါက်မှာ ပိတ်ဆို့နေတဲ့အရာတွေကို ဖယ်ရှားပေးနိုင်သလို အရေပြားအတွင်းပိုင်းအထိ သန့်စင်ပေးနိုင်ပါတယ်။ ဒါကြောင့် အုတ်ဂျုံကိုသုံးပြီးသန့်စင်ထားတဲ့မျက်နှာဟာ ဝင်းမွတ်ကြည်လင်နေပါလိမ့်မယ်။
ပြုလုပ်ပုံ - အုတ်ဂျုံ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း သုံးဇွန်း နဲ့ သံပရာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို သမအောင်ရောစပ်ပါ။ ပြီးရင် ဆားဝက်ခြံဖြစ်နေတဲ့ နေရာအနှံ့ လိမ်း ပေးပြီး (၁၅) မိနစ်ခန့်ထားပါ။ ပြီးရင် ရေနွေးလေး နဲ့ ဆေးချလိုက်ပါ။


၅။ သကြား
သကြားနဲ့ Jojoba oil နှစ်မျိုးကိုသုံးပြီး မျက်နှာပေါ်က ဆားဝက်ခြံတွေကို နှိမ်နင်းလို့လည်းရပါသေးတယ်။ အဲဒီ့နှစ်မျိုး ရောစပ်ပြီးသုံးမယ်ဆို အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေးတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဆားဝက်ခြံထပ်မဖြစ်အောင် ဟန့် တားပေးနိုင်ပါတယ်။
ပြုလုပ်ပုံ - သကြား တစ်ခွက်ကို Jojoba oil လက်ဖက်ရည်ဇွန်း သုံးဇွန်း နဲ့ ခပ်ပျစ်ပျစ်လေး ဖြစ်လာတဲ့အထိ ရောမွှေပါ။ အကယ်၍များ Jojoba oil အလွယ်တကူမရှိရင် သံလွင်ဆီ သို့မဟုတ် alomond oil ကိုလည်း သုံးလို့ရပါတယ်။ ပြီး
ရင် ဆားဝက်ခြံထွက်နေတဲ့နေရာကို လိမ်းပြီး နှိပ်နယ်ပေးပါ။ မိနစ်အနည်းငယ်ကြာ ထားပြီးရင်တော့ ကြက်သီးနွေးရေနဲ့ဆေး ချလိုက်ပါ။ တစ်ပတ်မှာ (၂) ကြိမ်လောက်လုပ်ပေးရင် လုံလောက်ပါတယ်။ အချိန်လည်းသိပ်မကုန်ဘဲ သင့်မျက်နှာပေါ်က ဆားဝက်ခြံတွေကို သဘာဝနည်းလေးတွေနဲ့ ဖယ်ရှားနိုင်တာမို့ နည်းလမ်း (၅) မျိုးထဲက တစ် မျိုးမျိုးကိုတော့ စမ်းကြည့်လိုက်ပါဦး။

Ref: How to Remove Blackheads from Nose: 5 Natural Masks and Scrubs by Sushmita Sengupta