Primary tabs

ဟိတ်ဟန်ကြီးတဲ့ အိမ်ကြီးရခိုင်လား? နွေးထွေးတဲ့ အိမ်လေးလား?

ဒီတစ်လမှာတော့ အမေရိကန် ဘောလုံးက စားသမားဟောင်းလည်းဖြစ်၊ ဘေ့စ်ဘောကစား သမားဟောင်းလည်းဖြစ်တဲ့ Deion Sanders ရဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်ဖူးတဲ့ တက္ကဆက်ပြည်နယ်က ဟိတ်ဟန်ကြီးတဲ့ အိမ်ကြီးရခိုင်နဲ့ ဟောလီးဝုဒ်က ထုတ်လုပ်သူ Will Packer ရဲ့ နွေးထွေးတဲ့ အိမ်လေးကို လှည့်ပတ်ကြည့်ရှုကြမယ်နော်။ 

ဟိတ်ဟန်ကြီးတဲ့ အိမ်ကြီးရခိုင်

၁၉၉၉ မှာ စတင်ဆောက်လုပ်ခဲ့တဲ့ ဒီအိမ်ကြီးဟာ တက္ကဆက်ပြည်နယ်ထဲက Prosper မြို့လေးမှာတည်ရှိပြီး အီတာလျံ၊ စပိန်နဲ့ ဂရိ အိမ်ကြီးများရဲ့ ဗိသုကာလက်ရာများ ပေါင်းစည်းထားတဲ့ Mediterranean-style အိမ်ပုံစံမျိုးပါ။

စတုရန်းပေပေါင်း (၃) သောင်းကျယ်ဝန်းတဲ့ အိမ်ကြီးအပြင် (၆) ဧကကျယ်ဝန်းတဲ့မြေပေါ်မှာ ရေကူးကန် (၂) ခု ထည့်သွင်းထားပြီး သဲခင်းထားတဲ့ ဘောလီဘောကစားကွင်းတစ်ခုလည်း ပါဝင်ပါသေးတယ်။

မြေပေါ်မှာတူးထားတဲ့ (၁၀) ဧကကျယ်တဲ့ ကန်တစ်ခုလည်းပါဝင်ပြီး အဲဒီ့ကန်ဘေးမှာ အပန်းဖြေဖို့ မီးဖိုပစ္စည်းအပြည့်အစုံ၊ မီးလှုံနိုင်တဲ့နေရာတွေပါ သေချာစီစဉ်ထားတဲ့ အိမ်သေးတစ်လုံးလည်း ဆောက်ထားပါတယ်။ 

ဒီလို ဟိတ်ဟန်ကြီးတဲ့ အိမ်ကြီးရခိုင် ရဲ့ တန်ကြေးကတော့ အမေရိကန်ဒေါ်လာ (၁၂.၇၅) သန်းလို့ ဆိုပါတယ်။

    အိမ်ကြီး ရဲ့ အပြင်ဘက် မြင်ကွင်း။
    ခမ်းနားတဲ့ အ၀င်ခန်းမ နဲ့ စကျင်ကျောက် လှေကား။
    ကြမ်းခင်းကနေ မျက်နှာကျက်အထိ မိုးထိုးကျယ်ပြန့်လှတဲ့ ပြတင်းပေါက်ကျယ်ကျယ်။
    ကျယ်ကျယ်ပြောပြော မီးဖိုချောင်နဲ့ ထမင်းစားခန်း။ 
    ချောင်ချောင်ချိချိ ဧည့်ခန်း။ 
    ကျယ်ကျယ်လွင့်လွင့် အိပ်ခန်း။ 
    အိမ်အတွင်းထဲက ဘတ်စကတ်ဘောကွင်း။ 
    ဆံသခန်း။ 
    နှစ်ထပ်ရေကူးကန်။ 

နွေးထွေးတဲ့အိမ်လေး
ဒီအိမ်လေးကတော့ ဟောလီးဝုဒ်က ထုတ်လုပ်သူ Will Packer ပိုင်ဆိုင်တဲ့ အတ္တလန်တာက အိမ်လေးပါ။
“ကျွန်မက အရောင်တွေကို သိပ်စွဲစွဲလန်း လန်းမရှိဘူး။ အိမ်ထဲမှာ ရှိတဲ့အရောင်တွေက ကျွန်မတို့ မိသားစုရဲ့ အကြိုက်တွေ ပြောလို့တော့ သိပ် မရဘူး။ ကျွန်မတို့ မိသားစုက ပျော်ပျော်ရွှင်ရွှင်နဲ့ တက်ကြွဖျတ်လတ်နေတဲ့ လူအုပ်ပဲရှင့်” လို့ အိမ်ကြီးရှင်မဖြစ်သူ Heather က ဆိုတယ်။
“ကျွန်မတို့ရဲ့ မိသားစု ဂေဟာလေးက သက်တောင့်သက်တာနဲ့ ခေတ်မီမီ စတိုင်လ်လည်း ကျတဲ့နေရာလေးပါ။ ပြတိုက်ကြီးတွေလိုတော့ ကြီးကျယ်ခမ်းနား မနေဘူးပေါ့လေ။ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေ အချိန်မရွေး ဝင်ထွက် ပျော်ရွှင်ကြတဲ့နေရာလေးပါ။ ကျွန်မတို့အားလုံးလည်း ဘယ်ကိုရောက်ရောက် နောက်ဆုံးတော့ ဒီအိမ်လေးကိုပဲ ပြန်လာချင်တာပါပဲ” တဲ့။ 


    ဒါက လိမ္မော်နဲ့ ကရင်မ်ရောင်ကို ခပ်များများသုံးထားတဲ့ နွေးနွေးထွေးထွေး ဧည့်ခန်း။
    အပြာလွှမ်းတဲ့ ထမင်းစားခန်း။
    နံရံကပ်ဒီဇိုင်းခပ်ဆန်းဆန်းနဲ့ အမျိုးသမီး သန့်စင်ခန်း။
    ဒါက သဘာဝအလင်းရောင်လေးနဲ့ နံနက်စာ စားတဲ့အခန်း။
    အိမ်ကြီးရှင်နှစ်ယောက် အကြိုက်ဆုံးမြို့ဖြစ်တဲ့ မိုင်ယာမီကို သက်ဝင်ခံစားထားတဲ့ အိပ်ခန်း။
    ဒါကတော့ အိမ်ခန်းရဲ့ နောက်ထပ် မျက်နှာစာတစ်ခု။
    ရင်းနှီးတဲ့မိတ်ဆွေတွေကို ပါတီပေးလေ့ရှိတဲ့ နေရာ။
    ဇိမ်ကျကျ ရုပ်ရှင်ကြည့်တဲ့အခန်း။