Primary tabs

အပျင်းထူတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်း ၁၂ သွယ်

မိတ်ဆွေရဲ့ လုပ်ငန်းခွင်မှာ နေ့လယ်စာ စားချိန်ဟာ ၂ နာရီလောက်ကြာတတ်ပြီး ကိုယ်ရေးကိုယ်တာ ဖုန်းခေါ်ဆိုမှုတွေ ဒါဇင်ချီအောင် ခေါ်တတ်တဲ့အပြင် သူတို့ရဲ့ အလုပ်စားပွဲပေါ်မှာ တစ်ရေးတမော မှောက်အိပ်နေတတ်တဲ့ လုပ်ဖော်ကိုင်ဖက်မျိုးနဲ့ အလုပ်လုပ်နေရပါသလား။ ကိုယ့်အနေနဲ့ နေ့စဉ်လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေကို အပူတပြင်း ဆောင်ရွက်လုပ်ကိုင်နေတဲ့အချိန်မှာ သူတို့ကတော့ သန့်စင်ခန်းကို မကြာခဏ သွားမယ် ဒီလိုမှ မဟုတ်ရင် ဝက်ဘ်ဆိုဒ်တွေမှာဘဲ တစ်နေ့တာလုံး အချိန်ကုန်ဆုံးနေတတ်ပါသေးတယ်။ အခုဖော်ပြခဲ့တဲ့ အချက်တွေက အပျင်းထူတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ ပြုမူတတ်တဲ့ အမူအကျင့်တွေ အကုန်တော့ မဟုတ်သေးပါဘူး။ နောက်ပြီး သူတို့တွေနဲ့ အဆင်ပြေပြေ အလုပ်လုပ်နိုင်ဖို့ဆိုတာကလည်း အမြဲတမ်း လွယ်ကူနေတာတော့ မဟုတ်ပါဘူး။ 

တခြားသူရဲ့ အမှားကို ရှာဖွေဖို့နဲ့ အမှားကို ထောက်ပြပြောဆိုဖို့ဆိုတာ နေရာတိုင်းမှာတော့ မဖြစ်နိုင်ဘူးဆိုပေမဲ့ အထက်မှာ ဖော်ပြခဲ့သလို ကြုံတွေ့နေရပြီဆိုရင် နည်းနည်းခံသာစေဖို့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတချို့တော့ ရှိပါတယ်။ စီးပွားရေးဆိုင်ရာ ဒီဂျစ်တယ် အသံဖိုင် (podcast) တွေကို တင်ဆက်ပေးနေတဲ့ ထိပ်တန်း ၁၀ ဦးထဲက တစ်ဦးအပါအဝင်ဖြစ်သူ Stever Robbins ရဲ့ အပျင်းထူတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်း ၁၂ သွယ်ကို ပြန်ဆိုဖော်ပြပေးလိုက်ပါတယ်။

၁။ သူကြောင့် ကိုယ့်အာရုံကို မပြောင်းမိပါစေနဲ့
ကိုယ့်နံဘေးက အပျင်းထူထူ လုပ်ဖော်ကိုင်ဖက်ဟာ တစ်နေ့တာလုံး Facebook သုံးနေတယ်၊ လူမှုကွန်ယက်က မိတ်ဆွေတွေနဲ့ အပြန်အလှန် စာတိုပေးပို့နေတယ် ဒါမှမဟုတ် ကိုယ့်နံဘေးက အလုပ်စားပွဲပေါ်မှာဘဲ မှောက်အိပ်နေရင်းကနေ ဟောက်သံပါထွက်နေတယ်ဆိုတာတွေကို အာရုံစိုက်နေရင်းနဲ့ ကိုယ့်ရဲ့ တစ်နေ့တာကို မကုန်ဆုံးမိပါစေနဲ့။ သူတို့ကို တတ်နိုင်သမျှ အာရုံမထားဘဲနဲ့ ကိုယ့်အလုပ်ကိုသာ အာရုံစူးစိုက်ပြီး လုပ်ဆောင်ပါ။ ‘လူတွေက နည်းနည်းတော့ ရယ်ရတယ်ဗျ၊ ကိုယ့်အလုပ်ကို ကိုယ့်ဘာသာလုပ်နေဖို့ဆိုတာထက် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်က သူတို့အလုပ်ကို သူတို့ လုပ်မနေဘူးဆိုတဲ့ အချက်မှာ အာရုံစိုက်နေရင်းနဲ့ အချိန်ကုန်ဆုံးကြတယ်လေ’ ဆိုပြီးတော့ Robbins ကတော့ ပြောထားပါတယ်။ 

၂။ သာတူညီမျှရှိမှုဆိုပြီး တန်းတူညီမျှ ဖြစ်ဖို့အတွက်ပဲ ကြိုးစားမနေပါနဲ့
ဘဝဆိုတာက မမျှတပါဘူး။ ‘လူတွေက မကြာခဏဆိုသလိုပါဘဲ ကိုယ်တိုင်ကတော့ ဘာအရာကိုမှ အောင်မြင်အောင်ပြုလုပ်ဖို့ မကြိုးစားပါဘဲနဲ့ ဒါကတော့ မတရားပါဘူးကွာ ဆိုပြီး ပြောလေ့ ရှိကြပါတယ်။ အဆုံးသတ်တော့ ဘာမှ ပြောင်းလဲ မသွားပါဘူး’ လို့ Robbins က ပြောပါတယ်။ ‘ဒါက မမျှတဘူးလို့ ထောက်ပြနေတာဟာ ကျွန်တော်တို့ဘာသာ ဆိုးရွားစွာခံစားရဖို့ လုပ်သလိုဖြစ်နေကြပြီး အခြေအနေတွေကတော့ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။’ အဲ့ဒီအစား ကိုယ်လုပ်နိုင်တဲ့ အရာတစ်ခုကို အကောင်းဆုံး လုပ်နိုင်ဖို့ကိုသာ အာရုံစိုက်ထားသင့်ပါတယ်။

၃။ ကိုယ်က ဘယ်လိုလူမျိုး ဖြစ်ချင်သလဲဆိုတာကို ဆုံးဖြတ်ထားပေးပါ
အခုဖော်ပြမယ့်အချက်တွေက တကယ်တော့ အမူအကျင့်တွေရဲ့ အကြောင်းတွေပါဘဲ။ ဒါပေမဲ့ ဒီနေရာမှာ ပိုပြီးတော့ အရေးကြီးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်ရဲ့ဘဝမှာ ဘယ်လိုလူမျိုးအဖြစ် ပုံဖော်နေထိုင်လိုသလဲ ဆိုတာပါဘဲ။ ကိုယ်တကယ်ဘဲ လေးစားအားကျရတဲ့ လူပုဂ္ဂိုလ်တွေရဲ့အကြောင်းနဲ့ ပြီးတော့ ဘယ်လိုမျိုး ကိုယ်ရည်ကိုယ်သွေးတွေကြောင့် သူတို့ကို အားကျရတာလဲဆိုတာကို တွေးကြည့်ပါ။ ကိုယ့်ရဲ့ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ လက်တွေ့မှာ သေချာသဘော မပေါက်ဘဲ ရှုပ်ထွေးနေတယ်ဆိုရင် ကိုယ့်ရဲ့ စံနမူနာပုံစံက ဘယ်လိုလဲဆိုတာကို ကိုယ့်ဘာသာ ပြန်မေးပြီး လက်ရှိအခြေအနေကို ဖြေရှင်းလိုက်လို့ရပါ တယ်။ ကိုယ့်ရဲ့ စံပြပုဂ္ဂိုလ်က Chunk Norris လည်းဖြစ်မယ် Ghandi လည်း ဖြစ်နေမယ်ဆိုရင်တော့ သိပ်ကို ကွဲပြားခြားနားတဲ့ အပြုအမူတွေကို ပြုမူဆောင်ရွက်မိနေပါလိမ့်မယ်။ တစ်ခါတရံမှာ   ခဏတာမျှသာ ကြာမြင့်တဲ့ အခြေအနေတစ်ခုအပေါ်မှာ ပါဝင်ပတ်သက်နေမှုထက်  လူတစ်ဦးတစ်ယောက်အနေနဲ့ ကိုယ်ဟာ ဘယ်လိုလူမျိုးလဲဆိုတာဟာ ကိုယ့်ရဲ့ ပြုမူဆောင်ရွက်ချက်တွေ မူတည်ပြီး ဆုံးဖြတ်တာက ပိုအရေးကြီးပါတယ်။ 

၎။ ဒီလိုအခြေအနေတွေက ကိုယ့်ရဲ့ ခံယူချက်အပေါ် သက်ရောက်မှုမရှိပါစေနဲ့
တကယ်လို့ ကိုယ်က အချိန်နဲ့ စွမ်းအားကို အပျင်းထူတဲ့ လုပ်ဖော်ကိုင်ဖက်အပေါ်မှာ စိတ်ဆိုးဒေါသထွက်ခြင်း ဒါမှမဟုတ် စိတ်အနှောင့်အယှက်ဖြစ်ခြင်းတို့နဲ့သာ ဖြုန်းတီးပစ်မယ်ဆိုရင် ကိုယ့်ရဲ့အလုပ်အပေါ်မှာ ဆောင်ရွက်ချက်တွေဟာ စတင်
ပြီး တလွဲတချော်တွေ ဖြစ်လာပါမယ်၊ ပြီးတော့ ပတ်ဝန်းကျင်မှာလည်း နှစ်သက်ပျော်ရွှင်တော့မှာ မဟုတ်ပါဘူး။ ရန်လိုတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကတော့ အပျင်းထူတတ်တဲ့သူထက် ပိုပြီးတော့ ဆိုးတယ်ဆိုတာ သတိပြုမိစေလိုပါ တယ်။

၅။ အတင်းမပြောပါနဲ့
အတင်းပြောတယ်ဆိုတာက တစ်ဦးတစ်ေ ယာက်ကို အရေးတကြီးနေရာပေးပြီး မြောက် စားနေတာနဲ့ တူပါတယ်။ ဒါကြောင့် အတင်းမပြော ပါနဲ့။ ဒါပေမဲ့ ဒါဟာ ကိုယ့်ရဲ့ အထင်အမြင် အယူအဆတွေကိုတောင် လူကြားထဲမှာ မပြောပါတော့
နဲ့လို့ဆိုလိုတာ မဟုတ်ပါဘူး။ ‘အတင်းပြောတယ်ဆို တာက မရိုးသားတာပါ ပါတယ်။’ ဆိုပြီး Robbins  က သတိပေးထားပါတယ်။ ‘ဒါက အခြေအနေနဲ့ ကိုယ့်ရဲ့အထက်အရာရှိ အပေါ်မှာလည်း မူတည်ပါတယ်။ တချို့သော အထက်အရာရှိတွေကတော့ “အခုလို အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်/ကျွန်မ စုံစမ်းစစ်ဆေးလိုက်ပါမယ်” ဆိုပြီး ပြောပါလိမ့်မယ်။ ဒါပေမဲ့ တချို့ကတော့ “ဒါက ခင်ဗျားရဲ့ အလုပ်မဟုတ်ပါဘူး။ ခင်ဗျားလုပ် ဖော်ကိုင်ဖက်ရဲ့ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ မစိုးရိမ်ပါနဲ့” ဆိုပြီး ပြောတာမျိုးလည်း ရှိတတ် ပါတယ်။ ဒီလိုပြောခံရတဲ့အခါ ကိုယ်ကဘဲ ဆိုးသလို ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်က အထက်အရာရှိဆီကိုသွားပြီး ‘လက်ရှိလုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ နေရာတစ်ခုမှာ ဆက်လုပ်လို့ မရဖြစ်နေပါတယ်။ ကျွန်တော် Bill (လုပ်ဖော်ကိုင်ဖက်) ရဲ့ အပိုင်းလေးပြီးအောင် စောင့်နေရလို့ပါ။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာတွေများလုပ်လို့ ရဦးမလဲ။ ဆိုပြီး သွားပြောခဲ့မယ်ဆိုရင် အတင်းအဖျင်း ပြောရာမရောက်ဘဲ လိုချင်တဲ့ အချက်ကို ကျော်ဖြတ်လို့ရသွားပါပြီ။ သူတို့အနေနဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း တိတိကျကျ ပြန်လည်သုံးသပ် မေးမြန်းလာခဲ့တယ်ဆိုရင် ကိုယ်ကလည်း ရိုးရိုးသားသား ဖြေကြားဖို့ လိုအပ်တဲ့အကြောင်း Robbins ကတော့ အကြံပြုထားပါတယ်။ 

၆။ သူတို့ရဲ့နည်းလမ်းတွေကို ကိုယ်က လိုက်ပါ ပြုလုပ်မိတာမျိုး မဖြစ်ပါစေနဲ့
၂ နှစ်ရီကျော်ကြာ ရှည်ကြာတတ်တဲ့ နေ့လယ်စာစားချိန်နဲ့ သန့်စင်ခန်းကို အခေါက်ပေါင်း မရေနိုင်အောင်သွားတာ ဒါမှမဟုတ် ရေအေးစက်ဆီမှာ ခဏခဏ ရေသွားခပ်တာ စတဲ့ သူတို့ရဲ့ တစ်နေ့တာ လည်ပတ်နေတဲ့ ပုံစံကို ကိုယ့်ဆီ ကူးစက်ခွင့် မပြုမိအောင် ကြိုးစားပေးပါ။ သူတို့က ကိုယ်နဲ့ ထွေရာလေးပါး အကြောင်းတွေလာပြီး ပြောတယ်ဆိုရင်လည်း ကိုယ်အလုပ်ရှုပ်နေတယ်ဆိုတဲ့ အကြောင်း သူတို့ သိပါစေ။ Robbins ကတော့ ‘ဒါဟာ သူတို့လုပ်သလို လုပ်ပါလုပ်ဆောင်လာစေဖို့ ကြိုးစားလမ်းခင်းတာပါဘဲ။ ဒါပေမဲ့ သူတို့ရဲ့ ထောင်ခြောက်ထဲကို မဝင်မိပါစေနဲ့’ လို့ ပြောထားပါတယ်။ 

၇။ သူတို့ရဲ့ အလုပ်တွေကို ကိုယ်တာဝန်ယူ ဆောင်ရွက်ရတာမျိုး မဖြစ်ပါစေနဲ့ 
တကယ်လို့ ကိုယ်က အပျင်းထူတဲ့သူတွေနဲ့ တစ်ဖွဲ့တည်းဖြစ်ပြီး တာဝန်တွေကို ခွဲဝေယူရတယ်ဆိုရင် သူတို့လုပ်ရမယ့် အလုပ်တွေ လုပ်မပေးပါနဲ့။ သူတို့ လုပ်ရမယ့် တာဝန်တွေနဲ့ နောက်ဆုံး အပြီးသတ်ရမယ့် ရက်ကိုလည်း သတိပေး ပြောကြား 
ပေးပါ။ ဒါပေမဲ့ အပျင်းထူသူတွေကို ကလေးငယ်ထိန်းကျောင်းနေသလိုမျိုး ဆောင်ရွက်ပြီး သင့်ရဲ့ အဖိုးတန်အချိန်တွေကို များစွာအကုန်မခံမိစေဖို့လည်း သတိပြုပေးပါ။ 

၈။ ကိုယ့်ရဲ့ အောင်မြင်မှုအပေါ်မှာ ထိခိုက်စေ မှာမျိုးကို ခွင့်မပြုပါနဲ့ 
အပျင်းထူတဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်က ကိုယ်လုပ်ဆောင်နေတဲ့ အဆင့်ဆင့်သော ဆောင်ရွက်မှုတွေမှာ ကန့်သတ်ချက်တွေ ဖြစ်လာစေဖို့ ဆောင်ရွက်လာနိုင်ပါတယ်။ တကယ်လို့ ကိုယ့်အထက်အရာရှိက အလုပ်မပြီးတာကို သတိပြု
မိလာပြီဆိုရင် ကိုယ့်အပေါ်မှာ အပြစ်တင်မခံပါနဲ့။ ဒီလိုအခြေအနေက ကိုယ်လုပ်ရမယ့် အလုပ်တွေ ပြီးစီးနေပြီးသား ဖြစ်နေတယ်ဆိုရင် လက်ရှိအခြေအနေနဲ့ ယူဆချက်တွေကို ဖော်ထုတ်ပြောဆိုရမယ့် အချိန်ဘဲဖြစ်ပါတယ်။

၉။ ဦးဆောင်သူတစ်ယောက်ဖြစ်လာဖို့အတွက် အခွင့်အလမ်းကို အသုံးပြုပါ။ 
ဒီလိုအခြေအနေက ပိုပြီးမြင့်တဲ့ တစ်နေရာကို တက်လှမ်းဖို့အတွက် အခွင့်အရေးလည်း ဖြစ်နိုင်ပြီးတော့ ကိုယ်ဟာ ခက်ခဲတဲ့ အခြေအနေတွေမှာတောင် ကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုတာကို ပြသလို့ ရပါမယ်။ ‘ကိုယ့်ရဲ့ အထက်အရာရှိဆီကို သွား
တဲ့အခါမှာ သူ ဒါမှမဟုတ် သူမကို ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟာ ဒီလိုတွေသာ လုပ်နေမယ်ဆိုရင် လုပ်ငန်းပြီးမြောက်စေဖို့ မဖြစ်နိုင်တာကို သတိပြုမိတဲ့အကြောင်း ပြောပြပါ။ ဒါကြောင့် သင့်အနေနဲ့  ဒီလုပ်ငန်းနဲ့ပတ်သက်လို့ ဦးဆောင်ခွင့်လိုချင်တဲ့အကြောင်း ရှင်းပြပေးပါ။ ပြီးရင်တော့ လုပ်ဖော်ကိုင်ဖက်ကို ချဉ်းကပ်ပြီး သူ့ရဲ့ ရည်ရွယ်ချက်တွေနဲ့ အချိန်မီပြီးစီးရမယ့် အလုပ်တွေကို အပြီးသတ်ရမယ့်ရက်အမီ ပြီးစီးသွားစေဖို့ ကူညီပေးမယ့်အကြောင်း ပြောပါ။ ဒါကတော့ ကိုယ်ဟာ ဦးဆောင်သူတစ်ဦး ဖြစ်နိုင်မယ့် နည်းလမ်းပါဘဲ။ 

၁၀။ အခြားသော လုပ်ဖော်ကိုင်ဖက်တွေကို ဆင်ြေ ခတက်တာမျိုး အတင်းပြောတာမျိုး မလုပ်ပါနဲ့
ဒီလိုလုပ်တာက ပရိုမဆန်ပါဘူး။ နောက်ပြီး ‘အထင်အမြင်လွဲမှားမှုတွေနဲ့ နာကျင်ခံစားရတာတွေတောင် ဖြစ်ပေါ်နိုင်ပါသေးတယ်’ ဆိုပြီး Robbins ကတော့ ဆိုထားပါတယ်။ 

၁၁။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်ဆောင် ရွက်ပါ
သူ ဒါမှမဟုတ် သူမဟာ အပျင်းထူတာမျိုးလည်း ဟုတ်ချင်မှ ဟုတ်ပါမယ်။ သူတို့ဟာ သူတို့ ရဲ့ တာဝန်တွေနဲ့ ပြီးစီးရမယ့် အချိန်တွေကို နားမလည်တာ၊ မရှင်းလင်းတာလည်း ဖြစ်နိုင်ပါတယ်။ ‘သူတို့ လုပ်ဆောင်ရမယ့် ရည်ရွယ်ချက်၊ ပြီးစီး
ရမယ့်အချိန်နဲ့ တာဝန်ယူရမယ့် အရာတွေကို ရှင်းရှင်းလင်းလင်း သိထားပါစေ’ ‘တစ်ခါတရံမှာတော့ သူတို့ဟာ ပျင်းတာမဟုတ်ပါဘူး။ ဖြစ်နိုင်တာကတော့ သူတို့အလုပ်တွေကို ကောင်းကောင်း မစီမံနိုင်တာ ဒါမှမဟုတ် သူတို့အချိန်ကို ကောင်း ကောင်းမခန့်ခွဲတာလည်း ဖြစ်နိုင်ပါတယ်။ ပုဂ္ဂိုလ် ရေးဆိုင်ရာ အရေးကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ပူပင်သောကရောက်နေခဲ့ရင် အမြဲလိုလို အခွင့်အရေးတစ်ခုရှိပါတယ်။ ဘဝဆိုတာ ဒီလိုမျိုးတွေလည်း ဖြစ်တတ်တယ်ဆိုတာ သတိရဖို့ လိုပါတယ်။ 
သူတို့ဟာ မိသားစု အရေးကိစ္စတွေ ဒါမှမဟုတ် ကျန်းမာရေး ပြဿနာတွေကို အာရုံစိုက်နေရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

၁၂။ ကိုယ့်လုပ်ဖော်ကိုင်ဖက်က စွမ်းဆောင်ရည် ပြည့်နဲ့ လုပ်ဖို့ လိုအပ်နေတဲ့ စီမံကိန်းတွေမှာ ကိုယ်ကလုပ်ဆောင်ပေးပါမယ်လို့ မပြောမိပါစေနဲ့
‘တကယ်လို့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟာ ဘာကြောင့်၊ ဘယ်သူ့အတွက်ကြောင့်မှ မဟုတ်ဘဲ ဆိုးဆိုးရွားရွားကို အပျင်းထူနေတယ်ဆိုရင်တော့ ကိုယ်တိုင်သာမဟုတ် ကိုယ့်ရဲ့ အထက်အရာရှိကလည်း ကွဲပြားခြားနားမှုတွေ လုပ်ဆောင်ပေးနိုင်မှာမဟုတ်ပါဘူး။ ကိုယ်စီမံထားတဲ့ ကိစ္စရပ်တွေအပေါ်မှာလည်း ပြောင်းလဲဆောင်ရွက်နိုင်မှာလည်း မဟုတ်ပါဘူး။’ ဆိုပြီး Robbins က ပြောပါတယ်။ ‘အပျင်းထူတဲ့ လုပ်ဖော်ကိုင်ဖက် အပေါ်မှာသာ မှီတည်နေတဲ့ စီမံကိန်းတစ်ခုကို ပေးအပ်ခံရပြီဆိုရင် သတိပြုရမယ့် အချက်က သူဘယ်လောက်ထိ အချိန်ဆွဲ အပျင်းထူနေနိုင်မလဲဆိုတာကို ကိုယ့်ရဲ့အချိန်ဇယားထဲမှာ တွက်ချက်ပြီး ထည့်သွင်းထားပါ။ သူတို့ ပြီးမယ်လို့ ပြောမယ့်အချိန် အကန့်အသတ်တစ်ခုအပေါ်မှာ အလွယ်သဘော မတူ
လိုက်ပါနဲ့’ လို့ သူက ဖြည့်စွက်ပြောဆိုထားပါတယ်။ နောက်ပြီး ကိုယ့်အနေနဲ့  အရင်းအမြစ်တွေ ပိုမိုရရှိနိုင်ဖို့အတွက် ဒီအခွင့်အရေးကို အသုံးပြုနိုင်ပါသေးတယ်။ ဥပမာအားဖြင့် ကိုယ့်အနေနဲ့ အထက်အရာရှိကို ကျွန်တော့်အထင်တော့ ဒီစီမံကိန်းကို လက်ရှိအရင်းအမြစ်တွေနဲ့ ဆောင်ရွက်ရရင်တော့ ဇွန်မှာပြီးဖို့တော့ မဖြစ်နိုင်လောက်ပါဘူး။ အဲ့ဒီအခါကျ အထက်အရာရှိက ခင်ဗျားနဲ့အတူ Bob လည်း လုပ်မှာဘဲ မဟုတ်လား။ သူ့ကိုလည်း ပြောလေ။ ဆိုပြီး တုန့်ပြန်လာလိမ့်မယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ Bob ကို ပေးထားတဲ့ အလုပ်တွေကို ကျွန်တော်တို့ ပြီးဖို့လိုအပ်တဲ့အချိန်အတိုင်း၊ လိုအပ်တဲ့ ပုံစံအတိုင်း ပြီးနိုင်မယ် မထင်ပါဘူး။ ဒီလိုပြောတဲ့အခါ အကောင်းဆုံးအနေအထားကတော့ ကိုယ်လိုအပ်တဲ့ အရင်းအမြစ်တွေ အားလုံးကို ရခြင်းဖြစ်ပြီး အဆိုးရွားဆုံး ဖြစ်နိုင်တာ ကတော့ Bob ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အထက်အရာရှိကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ သိမြင်ခွင့် ပေးနိုင်လိုက်ခြင်းဘဲ ဖြစ်ပါတယ်။ 

Robbins ရဲ့ အကြံပြုလမ်းညွှန်ချက်တွေကို ဖတ်ပြီးတော့ လုပ်ငန်းခွင်ထဲမှာလည်း လုပ်ဖော်ကိုင်ဖက်ကောင်းများရရှိပြီး နေ့ရက်တိုင်းကို အဆင်ချောချောနဲ့ ဖြတ်ကျော်နိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်နော်။ 
Ref: 12 Tips For Dealing With A Lazy Co-Worker
By Jacquelyn Smith