Primary tabs

My Dream Wedding

စူပါဆယ်လီတွေရဲ့ ရင်ထဲက Dream တွေကို ဒီစာမျက်နှာလေးမှာ စုစည်းဖော်ပြပေးထားပါတယ်။

ဖြူဖြူကျော်သိန်း

ဖြူဖြူရဲ့ စိတ်ကူးထဲက မင်္ဂလာပွဲပုံစံကို ပြောပါဆိုရင်...

ခု People ရဲ့ မေးခွန်းလေးတွေကို ဖတ်ကြည့်ရင်းနဲ့မှ သဘောပေါက်သွားတာက ကိုယ့်မှာ ဒါနဲ့ပတ်သက်ပြီး ရေရေရာရာစဉ်းစားထားတာ မရှိသေးဘူးဆိုတာပါပဲ။ ဘယ်လိုဖြေရမှန်းတောင် မသိဘူး။

ဒါပေမယ့် People နဲ့အတူ ကြိုးစားစိတ်ကူးယဉ်ပြီး ဖြေကြည့်ပါမယ်နော်!

Pre-wedding Photography idea ဆိုရင် ခင်တဲ့ ဓာတ်ပုံဆရာတွေက အများသားဆိုတော့ ကာ...

Studio တစ်ခုကို theme တစ်ခုရိုက်မယ် ထင်တယ်... အဟဲ

ဘုရားကျောင်းမှာတော့ လက်ထပ်ချင်တယ်။ Reception, Decoration, Wedding gift တွေကိုတော့ စဉ်းစားလို့မရသေးဘူး...

Dress & Gown ကိုတော့ အဖြူရောင် (သို့) နို့နှစ်ရောင်လေးပေါ့။

အခမ်းအနားမှာ လစ်လီအဖြူ၊ နှင်းဆီအဖြူ သုံးချင်တယ်၊ ကြိုက်လို့ပါ။

ဖြူဖြူကိုယ်တိုင် ရွေးချယ်ဖြစ်မယ့် သီချင်းနဲ့ တေးသံတွေဆိုရင် Pino only, guitar only, violin only တီးပေးတာမျိုး။

ကိုယ့်ရဲ့အခမ်းအနားမှာ မရှိမဖြစ်ရှိစေချင်တဲ့သူတွေကတော့ “သတို့သား”ပေါ့ရှင်။

စိတ်ကူးထဲက Honeymoon Destinations က တကယ်ကို စဉ်းစားလို့မရတာပါလား။ အင်း... လာဗန်ဒါပန်းတွေရှိတဲ့ဆီ ပြန်သွားရင်ကောင်းမယ် ထင်တယ်နော်။

ဟီး ဟီး... လောလောဆယ် မင်္ဂလာကို မဆောင်ချင်သေးတာ... ခစ်ခစ်... ခုလိုက်စဉ်းစားနေရတာတောင် ဦးနှောက်ခြောက်ပြီး ချွေးပြန်နေပြီ။

ကျန်တာကိုတော့ တကယ်မင်္ဂလာဆောင်ခါနီးကျမှ ထပ်ပြောပြတော့မယ်နော်။

x x​ x x x

ရွှေထူး
“စိတ်ကူးထဲက မင်္ဂလာဆောင်ပုံရိပ် ပြောပါဆိုရင်...

ဘုန်းကြီးကျောင်းမှာပဲ လုပ်လိုက်တာမျိုး၊ ကိုယ့် သူငယ်ချင်းမိတ်ဆွေ၊ အမျိုးတွေနဲ့ပဲ ကျင်းပတာမျိုး လုပ်ချင်တယ်။ ကျွန်တော်က ကြီးကြီးကျယ်ကျယ်တွေ လုပ်ရတာမကြိုက်ဘူး။ ဘုန်းကြီးကျောင်းလေးမှာပဲ လူအနည်းအကျဉ်းလေးနဲ့ ဆောင်ချင်တာ။

ကျွန်တော် မကြိုက်တာဆိုရင်တော့ လူများများနဲ့ ပွဲအကြီးကြီးလုပ်တာကို မလုပ်ချင်တာ။ ရိုးရိုးရှင်းရှင်းလေးပဲ လုပ်ချင်တယ်။

ဓါတ်ပုံတွေ အလှရိုက်ဖို့ဆိုရင်တော့ နိုင်ငံခြားသွားပြီး ရိုက်ချင်တယ်။ ဟန်းနီးမွန်းထွက် ဖြစ်မယ်ဆိုရင် ပဲရစ်ကိုတော့ကြိုက်တယ်။

ဒါပေမယ့် အခုထိမင်္ဂလာဆောင်ဖို့ အစီအစဉ် ကျွန်တော့်မှာ မရှိသေးပါဘူးလို့”

x x​ x x x

နန်းခင်ဇေယျာ

စိတ်ကူးထဲက မင်္ဂလာပွဲပုံစံဆိုရင် ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ပွဲလေးလုပ်ချင်တယ်။ ဆွေမျိုးသာချင်းတွေ၊ ဒီက သူငယ်ချင်းတွေရော၊ နယ်က သူငယ်ချင်းတွေကိုရော ဖိတ်ပြီး မင်္ဂလာပွဲဆိုတာထက် တွေ့ဆုံပွဲလို ပုံစံမျိုးလေး လုပ်ချင်တယ်။ အဲလိုလေး စိတ်ကူးယဉ်ထားတယ်။ ကမ်းခြေတစ်ခုခုမှာပေါ့။ ကမ်းခြေတစ်ခုလုံးကို ကိုယ့်ရဲ့မင်္ဂလာပွဲအတွက် Decoration တွေ ပြင်ဆင်ပြီး မင်္ဂလာပွဲလုပ်ချင်တယ်။

Pre-wedding Photography ကတော့ ဒီပုံတွေက တစ်ချိန်မှာ ကိုယ့်ရဲ့သားသမီးတွေကို ပြန်ပြရမယ့် အမှတ်တရပုံတွေပေါ့။ မြန်မာလူမျိုးတစ်ယောက်အတွက်တော့ မင်္ဂလာဆောင်တယ်ဆိုတာ ကိုယ့်ဘ၀မှာ၊ တစ်သက်မှာ တစ်ကြိမ်သာရှိပြီး ဒီမင်္ဂလာကိုပဲ အလေးအနက်ထားကြရတာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့နေရာတွေမှာ လှလှပပရိုက်ထားတဲ့ ကိုယ့်ရဲ့ပုံတွေကို ပွဲလာတဲ့သူတွေကို မြင်စေချင်တယ်။ နိုင်ငံခြားမှာဆို ရင်တော့ ကျောက်နံရံကြီးတွေရဲ့ရှေ့မှာ စွန့်စွန့်စားစားနဲ့ ရိုက်ချင်တယ်။ Pyramid တွေ၊ မြန်မာထိုင်မသိမ်းနဲ့ ရိုက်တာမျိုးလည်း ရိုက်ချင်တယ်။ ဒါကတော့ ကိုယ့်ရဲ့စိတ်ကူးပေါ့လေ။ ဖြစ်ချင်လည်း ဖြစ်လာမှာပေါ့။

နန်းခင်ကို ထိုင်မသိမ်းနဲ့လိုက်တယ်လို့ ပြောကြတယ်။ ကိုယ့်ရဲ့တိုင်းရင်းသား ၀တ်စုံလေးလည်း ၀တ်ချင်တယ်။ ဒါကတော့ ကိုယ်စိတ်ကူးထဲက သတို့သမီးလေးပေါ့။

အခမ်းအနားမှာ လီလီ၊ နှင်းဆီ နဲ့ စံပယ်တွေ သုံးချင်တယ်။ အဖြူ သို့မဟုတ် ပန်းရောင်ဖျော့ဖျော့ ပန်းမျိုးနဲ့ အနံ့မွှေးတဲ့ ပန်းမျိုးတွေပေါ့။ ကိုယ့်ရဲ့ ပွဲကိုလာလိုက်တာနဲ့ ပန်းနံ့တွေနဲ့ မွှေးကြိုင်နေတာမျိုး ဖြစ်စေချင်လို့ပါ။
သီချင်းသံကိုတော့  ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ သီချင်းအေးအေးလေးတွေကို ရွေးချင်တယ်။ ကိုယ့်ရဲ့အခမ်းအနားမှာ မရှိမဖြစ်ရှိစေချင်တဲ့ သူတွေကတော့ “သတို့သား” ရှိရမယ်။ သူမရှိလို့ မရဘူး။ နှစ်ဖက်အသိုင်းအ၀ိုင်းနဲ့ သူငယ်ချင်းတွေပေါ့။

စိတ်ကူးထဲက Honeymoon ဆိုရင်တော့ သဘောင်္ပေါ်မှာ နှစ်ယောက်တည်းပေါ့။

x x​ x x x

မိစန္ဒီ

“ပိုက်ဆံအများကြီးကုန်ပြီး ခမ်းခမ်းနားနားကြီးထက် ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ် အဲလိုလေးပဲဆောင်ချင်တယ်။ မိစန္ဒီ နှမြောလို့ပါ။


Pre Wedding အတွက် ဓါတ်ပုံကိုတော့ မြန်မာ့ဓလေ့လေးတွေ ပါအောင်ရိုက်ချင်တယ်။ တောရွာလေးတွေမှာပဲဖြစ်ဖြစ် သွားရိုက်ချင်တယ်။ ရိုက်နေကြတွေနဲ့ မတူအောင်လို့ ထူးထူးခြားခြားလေးတွေတော့ရိုက်ချင်တယ်။ နောက် dress လှလှကြီးတွေဝတ်ပြီး အတည်အခန့်လည်း ရိုက်ချင်သေးတယ်”

x x​ x x x

နန်းခေးမား

“ Dream wedding ပုံစံက ရှင်းရှင်းလေးနဲ့ ကဗျာဆန်ဆန်လေး ဖြစ်ချင်တယ်... ကိုယ့်ပွဲကို လာတဲ့သူတိုင်း အဖြူရောင်ဝတ်စုံလေး ဝတ်ခိုင်းမယ်... ပြီးတော့ ကိုယ်တကယ်ခင်တဲ့လူတွေ ကိုယ့်ကိုလည်း တကယ်ခင်တဲ့လူတွေကို လာစေချင်တယ်။

ပြီးတော့ decoration ကို အဖြူရောင်လေးတွေ ပန်းဆိုရင်လဲ အဖြူရောင်လေးတွေနဲ့...  ပြီးတော့ ပျော်ပျော်ပါးပါး စားသောက်မယ်၊ ရင်းရင်းနှီးနှီးစကားတွေပြောကြမယ်၊ သီချင်းတွေ ဆိုကြမယ်...။ မကြိုက်တဲ့ဝတ်စုံက အနက်တော့
မဖြစ်စေရဘူး... အရောင်တောက်တောက်တွေ မကြိုက်ဘူး... ရှုပ်ရှုပ်ရှပ်ရှပ်တွေ မဝတ်ချင်ဘူး... မိတ်ကပ်တို့ ဆံပင်တွေလည်း heavy ကြီး မပြင်ချင်ဘူး... သဘာဝဆန်ဆန်ပဲ ပြင်ချင်တယ်... ကြည့်လိုက်တာနဲ့ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ်ဖြစ်ချင်တယ်...။ Wedding လုပ်ချင်တဲ့နေရာက Church မှာလည်းဆာင်မယ်၊ Beach မှာလည်း ဆောင်ချင်တယ်။ သဘောင်္ကို စင်းလုံးငှားပြီး သဘောင်္ပေါ်မှာလည်းဆောင်ချင်တယ်...။ ဓါတ်ပုံရိုက်ချင်တဲ့နေရာက beach မှာလည်း ရိုက်ချင်တယ်၊ ပုဂံမှာရှိတဲ့ air ballon စီးပြီးလဲ ရိုက်ချင်တယ်... သဘာဝဆန်ဆန် တောတောင်တွေမှာလည်း ရိုက်ချင်တယ်...။ လူအများကြီး မလိုဘူး၊ ကိုယ့်မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်း၊ အနုပညာရှင် ကိုယ့်ကိုတကယ်ခင်တဲ့ လူတွေကို ဖိတ်မယ်... ကိုယ့်ပွဲကို အားနာလို့လာရမှာကို မလိုချင်ဘူး... ကိုယ့်ကိုစိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ ဂုဏ်ပြုချင်တဲ့သူတွေ လိုချင်တယ်...။ ကိုယ်မရောက်ဖူးတဲ့နေရာဒေသ ပြည်တွင်း၊ ပြည်ပ အကုန်သွားချင်တယ်... တကယ် အမှတ်တရဖြစ်စေမယ့်နေရာတွေပေါ့...”