ချစ်စရာကောင်းတဲ့ သားသားလေး Lawr-ence Htwar Kyaw နဲ့ မေမေဆုပန်ထွာတို့ရဲ့ ပုံ ရိပ်လေးတွေကို People စာဖတ်ပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။
၉ လပိုင်း ၁၅ ရက်နေ့ဆိုရင် သားသား Roar Kyaw က တစ်နှစ်ပြည့်သွားပြီ။ သူ့ရဲ့မွေးနေ့လေးနဲ့ တိုက်တိုက်ဆိုင်ဆိုင်နဲ့ People Magazine အတွက် သားအမိနှစ်ယောက် ဆင်တူလေးဝတ်ပြီး ရိုက်ဖြစ်ပါတယ်။ ကုတ်အင်္ကျီလေးက ဒီဇိုင်နာ မပုံ့(My Favourite) က ချုပ်ပေးထားပါတယ်။
မြန်မာဝတ်စုံလေးကိုတော့ ဒီဇိုင်နာ မေမြတ်ဝါဆိုက သားအမိနှစ်ယောက်ကို ဆင်တူလေး ချုပ်ပေးထားပါတယ်။
သားသားရဲ့ အမူအကျင့်လေးတွေက သားသားရဲ့စိတ်ကလေးက အေးချမ်းတယ်။
ငယ်ငယ်လေးကတည်းက ဂျီကျတယ်၊ ငိုတယ်၊ ယိုတယ်ဆိုတာ မရှိဘူး။
သူအိပ်ချင်ပြီဆို သူ့ကို ကုတင်လေးပေါ်တင်ပေးလိုက်ရင် အေးအေးဆေးဆေး အိပ်သွားရော။ နိုးရင်လည်း ဂျီကျတာ မရှိဘူး။ အဲဒီတော့ သူ့ကိုထိန်းရတာ သူ့အတွက် အရမ်းကြီးလုပ်ပေးစရာမလိုဘူး။
ပြီးတော့ သူ့ရဲ့အနားမှာ ဆရာမတွေရှိတယ်။ Day ဆရာမတွေ၊ Night ဆရာမတွေရှိတယ်ဆိုတော့ သူတို့ကလည်း သားသားအတွက်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးကြတယ်ဆိုတော့ အဆင်ပြေတယ်။ သားသားကလည်း တစ်နှစ်ပြည့်တော့မယ်ဆိုတော့ ဗွီဒီယိုကားတွေ၊ ရုပ်ရှင်ကားတွေလည်း ပြန်ရိုက်ဖြစ်တယ်။
ဒီနေ့ဆိုရင် ဒါရိုက်တာ ကိုမျိုးထူးရိုက်နေတဲ့ ပွဲစားဆိုတဲ့ ကားလေးရိုက်နေတာ ရှူတင်ကနေ နေ့တစ်ဝက်ခွင့်တောင်းပြီးတော့ သားသားလေးနဲ့ ဓာတ်ပုံလေး ရိုက်ပေးဖြစ်တာပါ။ အနုပညာအလုပ်ရော၊ သားသားလေးအတွက်ရော မျှပြီးတော့ အချိန်ပေးကြိုးစားပြီး လုပ်ဖြစ်ပါတယ်။