Hello လေးက မနှစ်က April မတိုင်ခင်လောက်က မြနှင်းဆီကိုရောက်လာတာ။ လသားအရွယ် လက်ဖ၀ါးလောက်လေးကတည်းက မွေးတာဆိုတော့ ကိုယ်ကမွေးလိုက်တဲ့ သမီးလေးလို ဖြစ်နေတယ်။
ထူးထူးခြားခြားဖြစ်တဲ့ Hello ရဲ့ အကျင့်လေးက မြနှင်းနဲ့ ကိုမျိုးသွင်နဲ့ စကားများကာနီးဆို၊ မြနှင်းစကားသံ နည်းနည်းလေးကျယ်သွားပြီဆိုတာနဲ့ သူက ရင်ဘတ်ပေါ်ကိုတက်ပြီး မြနှင်းနှုတ်ခမ်းကို လျက်လိုက်ပြီး ဖျန်ဖြေတဲ့ပုံစံမျိုးလေးတွေ လုပ်တတ်တယ်။
Hello လေးနဲ့ ကစားဖော်ဆိုပြီး အမလေးတစ်ကောင် အဖော်ထားပေးတာ ခေါ်လာလာချင်းပဲ သူကလုံးဝကို လက်မခံဘဲ အမောဖောက်သလိုမျိုးဖြစ်တော့ သူ့ကိုစိတ်ပူပြီး အဲဒီအမလေးကို မြနှင်းမိတ်ဆွေတစ်ယောက်က သေချာလေးမွေးတဲ့သူဆိုတော့ သူ့ကိုပေးလိုက်တယ်။
သူက အိပ်ပြီဆို ဘယ်တော့မှခြေရင်းမှာ မအိပ်ဘူး။ မြနှင်းရဲ့ ခေါင်းရင်းမှာအိပ်တာ။ အိပ်ရင် လူလိုပဲ ပက်လက်ကြီးနဲ့ လုံးဝမထဘဲ တောက်လျှောက်အိပ်တာ သူ့ရဲ့ထူးခြားတဲ့ အကျင့်လေးတွေပါ။
Model - Mya Hnin Yee Lwin
Makeup & Hair - Ye Ye
Photo & Retouch - Nay Min Tun