Primary tabs

ပိုပိုပျော်တဲ့အကြောင်း

ဂီတသံတွေနဲ့ လွှမ်းခြုံနေတဲ့အိမ်ဖြူလေး...
အိမ်ရှေ့မှာလည်း စိမ်းစိမ်းစိုစိုပန်းပင်လေးတွေ သီးပင်စားပင်လေးတွေနဲ့ အေးချမ်းလို့နေတာ
အဆိုတော် (တေးရေး/တေးဆို) ပိုပို့ရဲ့ အိမ်ဂေဟာလေးပါ။
People မဂ္ဂဇင်းက ဒီအိမ်လေးကို သွားရောက်ပြီး 
ပိုပိုပျော်တဲ့အကြောင်းလေးတွေကို ရိုက်ကူးခဲ့ကြပါတယ်။

သူမရဲ့အချိန်တချို့ကို စန္ဒယားသံလေးတွေကြားမှာ စိတ်ချမ်းသာစွာပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိတယ်...။

ဂစ်တာလေးတွေကလည်း သူမရဲ့မရှိမဖြစ် ပျော်ရွှင်ခြင်းအဖော်မွန်ပါ။


အရုပ်ကလေးတွေကလည်း သူမရဲ့ကမ္ဘာကို ပျော်ရွှင်စေတဲ့ အရာတစ်ခုဖြစ်လိမ့်မယ်။

သစ်ပင်လေးတွေကို ချစ်တတ်တဲ့ သူမကိုယ်တိုင် စိုက်ပျိုးထားတဲ့ အပင်လေးတွေကလည်း သီးပွင့်လို့ သဘာဝအရသာချိုမြမှုတွေကို ပေးစွမ်းပြန်တယ်။

စာဖတ်ခြင်းကလည်း သူမရဲ့စိတ်ခွန်အား... သူမရဲ့ ပျော်ရွှင်ခြင်း အကြောင်းတစ်ခု...။

ခုလို ပိုပိုပျော်တဲ့အကြောင်းလေးတွေကို People Magazine Website မှာလည်း ဗီဒီယိုဖိုင်နဲ့ ဖော်ပြထားတာမို့ www.people.com.mm မှာလည်း ၀င်ရောက်ကြည့်ရှုအားပေးပါဦးနော်။