Primary tabs

Irene & Inner Peace Time

ပြီးပြည့်စုံတဲ့ အသံချိုချိုလေးနဲ့
ဂီတချစ်သူတွေရဲ့ရင်ကို သာယာငြိမ်းချမ်း ခြင်းတွေပေးစွမ်းနိုင်တဲ့သူမ။
ဒီလို လှပလွန်းတဲ့ အသံပိုင်ရှင် အဆိုတော်မလေးရဲ့
သာယာပျော်ရွှင်ချိန်လေးတွေကလည်း ငြိမ်းချမ်းမှုတွေ အပြည့်နဲ့ရယ်..။
ဘယ်လိုအကြောင်းအရာလေးတွေကြားမှာ  သူမစိတ်ကလေးပျော်နေတတ်သလဲဆိုတော့...

"အိုင်ရင်းအတွက် စန္ဒယားတီးခြင်း၊ သီချင်းဆိုခြင်းကတော့ ပရိသတ်တွေ ကြိုသိပြီးသားလို့ ထင်ပါတယ်ရှင့်။
သီချင်းဆိုရတာ၊ Music နဲ့ပတ်သတ်လို့ သီချင်းတွေ နားထောင်ရတာ၊ စန္ဒယားတီးရတာ အိုင်ရင်းသဘောကျပါတယ်။
အိုင်ရင်းက ပရော်ဖက်ရှင်နယ်ကျကျ တီးတတ်တဲ့သူမျိုးတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ အိုင်ရင်းရဲ့စိတ်ငြိမ်းချမ်းဖို့အတွက် စိတ်ထွက်ပေါက်အနေနဲ့ စန္ဒယားတီးတယ်ဆိုတဲ့ အရာလေးက အိုင်ရင်းနှစ်သက်တဲ့ သဘောကျတဲ့ ချစ်တဲ့အရာလေး ဖြစ်ပါတယ်ရှင်"

"အိုင်ရင်း နောက်ထပ်ကြိုက်နှစ်သက်တဲ့ အိုင်ရင်းရဲ့စိတ်ကို ကြည်လင်ပျော်ရွှင်စေတဲ့ အရာကတော့ ကာတွန်းဖတ်ခြင်းပါ။
ကာတွန်းထဲမှာဆိုရင် ဆရာဆွေမင်းကို အရမ်းကြိုက်ပါတယ်။ အိုင်ရင်းက ဆရာဆွေမင်း ရဲ့ တွတ်ပီအမာခံပရိသတ်ပါ။ 
ဆရာ့စာအုပ်တော်တော်များ အိုင်ရင်းမှာရှိ သလို ဖုန်းထဲကနေလည်း ရှာဖတ်လေ့ရှိပါတယ်။ နောက်ပြီး အိုင်ရင်းက ဘိုဘို၊ ကိုတင့် နဲ့ မိမန်းလေးလည်းကြိုက်တယ်။ 
အိုင်ရင်းက အဲ့လိုအရုပ်ပါတဲ့ စာအုပ်တွေ ကြိုက်တယ်"

"အိုင်ရင်းအတွက် စိတ်ဖိစီးမှုတွေရှိနေတဲ့ အချိန်မျိုးမှာပဲ ဖြစ်ဖြစ်... အိုင်ရင်းပျော်ရွှင်နေချိန်မှာပဲဖြစ်ဖြစ် နေ့ရက်တိုင်းမှာ မလုပ်မဖြစ်အကြောင်းအရာတစ်ခုရှိပါတယ်။
အဲဒါကတော့ အိုင်ရင်း ဆုတောင်းတာပါ။ အိုင်ရင်းက ခရစ်ယာန်ယုံကြည်သူတစ်ယောက်ဖြစ်တဲ့အတွက် နံနက်မိုးလင်းတာနဲ့ ဆုတောင်းပါတယ်။ ညနေပိုင်းဆိုရင် မိသားစုဝတ်ပြုဆုတောင်း ရှိပါတယ်။ 
အကယ်၍ ခရီးသွားနေလို့ ညနေပိုင်းဝတ်ပြုမှာ မရှိဘူးဆိုရင်တောင် နံနက်ပိုင်းကတော့ အမြဲပုံမှန်ဆုတောင်းပြီး ဘုရားဝတ်ပြုချိန်ပေးပါတယ်။ အဲဒါကတော့ အိုင်ရင်းဘ၀နဲ့ချီပြီးတော့ အကောင်းဆုံး၊ စိတ်အေးချမ်းသာမှုအပေးဆုံးနဲ့ ဘ၀ရဲ့အဖြေကို အရရှိဆုံးအချိန်ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ ချစ်ပရိသတ်များအားလုံး ကျေးဇူးပါ"

Photo - Nay Min Tun (Amazing Grace)
Makeup - Arkar Kyaw