Primary tabs

“မိသားစုဟာအရာရာ”

သားလေးနှစ်ယောက်ရယ် ပါရမီဖြည့်ဖက် ဇနီးရယ်နဲ့ ပျော်ရွှင်ဖွယ်ရာ အိမ်ဂေဟာလေး

ဒီအိမ်လေးထဲမှာ ချစ်ခြင်းတွေ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ မိသားစုလေး ရှိနေပါတယ်။

မိသားစုကို ချစ်တတ်တဲ့သူ သွားလေရာမှာ ချစ်တဲ့သူတွေကိုခေါ်သွားတတ်သူ အတွဲညီတဲ့ ချစ်ကြသူနှစ်ဦးကနေ စတင်ခဲ့တဲ့ ဟဲလေးနဲ့ မြတ်သီရိလင်းတို့ မိသားစုဘဝလေးဆီကို People အဖွဲ့တွေ ရောက်ဖြစ်ခဲ့ပါတယ်။ မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်။ ပရိသတ်တွေသိရှိပြီးသား ကိုကိုဟဲ ညီညီဟဲ တို့ရဲ့ အကြိုက်လေးတွေ မိသားစုတွေရဲ့ အိမ်ထဲက အချစ်တွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

မိသားစုဆိုတာ ကျွန်တော့်အတွက် ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းတွေ အကုန်လုံးနဲ့ သက်ဆိုင်နေတဲ့အရာ အရာရာဟာ မိသားစုပါ။

ပါရမီဖြည့်ဖက် ဇနီးကောင်းတစ်ယောက်၊ သားနှစ်ယောက်နဲ့ ကျွန်တော်ချစ်တဲ့ အနုပညာနဲ့ နေနေရတဲ့ ဘဝဟာ ပြည့်စုံတယ်လို့ ခံစားရတယ်။


အနုပညာရှင်တစ်ယောက်ဖြစ်တော့ ခရီးထွက်ရတာများပြီးသားတွေနဲ့ နေချိန်ကနည်းတော့ အိမ်ပြန်လာရချိန်မှာဆို သားတွေနဲ့ အိမ်မှာနေဖြစ်တာ ပိုများတယ်။ နှစ်ယောက်လုံးက အနုပညာတော့ ဝါသနာပါကြတဲ့ပုံပါပဲ ကလေးတွေဆိုတော့ သေချာတော့ မမှန်းနိုင်သေးဘူး။


သားငယ် ညီညီဟဲက ဘောလုံးဝါသနာပါတယ်။ သူ့ကို ရပ်ကွက်ထဲမှာပဲ ဘောလုံးကန်ချင်ရင် ပေးကန်ထားတယ်။ မြေကြီးနဲ့ ထိတွေ့စေချင်လို့လေ။ သားကြီး ကိုကိုဟဲကတော့ သီချင်းဆိုရတာ ကြိုက်တယ်။


မိသားစုတွေဆုံရင် လုပ်ဖြစ်တာက စားမယ်။ Device တစ်ခုစီနဲ့ ငြိမ်နေကြမယ် အဲသလိုပဲ။


မိသားစုအကုန်စုံပြီဆိုရင် သားတွေလည်း ကျောင်းပိတ်တယ်ဆိုရင် အိပ်ကြတာကတော့ ကျွန်တော်တို့မိသားစု အကြိုက်ဆုံးအလုပ်ပါ။

Photo - Zaw Win Tun