Primary tabs

ရင်းနှီးနွေးထွေးတဲ့ မိသားစုလေး

ပျော်စရာကောင်းပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီး၊ နွေနွေးထွေးထွေးရှိတဲ့ တေးသံရှင် ဖြိုးကြီးနဲ့ ယုဇနတို့ရဲ့ မိသားစု Life Style လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ဂီတစာဆို ဟင်္သာတမြင့်ငွေ
သားတွေ၊ သမီးတွေက အရွယ်တွေ ရောက်လာကြပြီ။ မိဘတွေဆိုတော့ သားသမီးတွေ စုံတဲ့အချိန်ကို အမြဲတမ်း မျှော်လင့်နေတာ။ အဲဒီအချိန်က မိဘတွေအတွက် အပျော်ရွှင်ဆုံးအချိန်တွေပေါ့။ တစ်ယောက်တည်းဆိုရင်တော့ အခန်းထဲမှာ စာ
ဖတ်ရင်ဖတ်နေတယ်၊ သူတို့အသံတွေ ကြားနေရပြီဆိုရင်တော့ အပြင်ထွက်လာတယ်။ သားသမီးတွေရဲ့ အသံကိုကြားနေရတဲ့အချိန်က စိတ် အချမ်းသာဆုံးအချိန်ပေါ့။


ယုဇန
မိသားစု Family Life က တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးကြတယ်။ မောင်နှမတွေဆိုပေမဲ့လည်း သူငယ်ချင်းတွေလိုပဲ။ ကိုယ်က အိမ်ထောင်ကျသွားပေမဲ့လည်း မိဘတွေအိမ်ကို တစ်ပတ်မှာ ၃၊ ၄ရက်လောက် အမြဲလာတယ်။ အဖေနဲ့ အမေနဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ အမြဲတမ်း တွေ့ဖြစ်ကြတယ်။ 


ဖြိုးကြီး
တစ်ယောက်ချင်းစီက အလုပ်တွေက အမြဲတမ်းရှိနေကြတယ်။ အဖေဆိုလည်း ဒီအသက်အရွယ်အထိ လုပ်စရာအလုပ်က အမြဲတမ်းရှိနေတယ်။ အမေဆိုလည်း အိမ်မှုကိစ္စနဲ့ ဘုရား၊ တရား အလုပ်တွေရှိတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ တွေ့ ဖြစ်တယ်။ ကိုယ့်အခန်းက အိမ်ရှေ့ဧည့်ခန်းနဲ့ နီးတယ်ဆိုတော့ အိမ်ရှေ့ကအသံတွေကြားလို့ ထွက်ကြည့်လိုက်ရင် အိမ်ရှေ့မှာ ညီမတွေနဲ့ လူတွေက စုံနေပြီ။


မောင်နှမလေးယောက် ရှိတယ်။ ယုဇနနဲ့က အထက်အောက် ၁ နှစ်ကျော်လောက်ပဲကွာတယ်ဆိုတော့ မောင်နှမလိုရော သူငယ်ချင်းလိုရောပဲ။ ငယ်ငယ်တုန်းကဆို သိပ်မတည့်ဘူး။ ကိုယ်ကလည်း ခပ်မာမာ၊ သူကလည်း ထောင့်မကျိုးတာနဲ့ ခဏခဏရန်ဖြစ်တယ်။


Photo & Retouch - Arkar Win Htut (Samsara)