Primary tabs

The Revenant မင်းသားကြီးရဲ့ လျှို့ဝှက်ချက်များ

သိပ်မကြာသေးခင်လေးကမှ အချိန်အကြာကြီး မျှော်လင့်စောင့်စားခဲ့ရတဲ့ အော်စကာဆုကို ရရှိသိမ်းပိုက်သွားနိုင်ခဲ့သူ ကမ္ဘာကျော် မင်းသားကြီး Leonardo ရဲ့ အော်စကာဆုနဲ့ သက်ဆိုင်တဲ့ သတင်းတွေအပြင် အခြားအခြားသောသူ့ရဲ့ သတင်းတွေနဲ့ သူ့ရဲ့အကြောင်းတွေ တော်တော်များများကို ပရိသတ်ကြီးသိရှိထားပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဟောလိဝုဒ်ရဲ့ ရွှေမင်းသားလေး အကြောင်းကို ပရိသတ်ကြီးသိထားတာအားလုံးဘဲလားဆိုတာ သေချာသွားစေဖို့ အခုပြောပြမယ့် လူသိနည်းတဲ့ Leo ရဲ့ လျှို့ဝှက်အကြောင်းအရာလေးတွေနဲ့ တိုက်ဆိုင်ကြည့်ကြရအောင်နော်။ 

သူဟာတကယ်တော့ မင်းသမီး Kate Winslet ရဲ့ အဖေပါ
အားလုံးသိထားကြတဲ့အတိုင်း Leo နဲ့ Kate ဟာ သိပ်ကိုရင်းနှီးကြတဲ့သူတွေပါ။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်မှာတုန်းက Ned Rocknroll နဲ့ လက်ထပ်တဲ့ Kate ရဲ့ မင်္ဂလာပွဲမှာ Leo က Kate အဖေနေရာကနေပြီးတော့ တွဲလျှောက်ပေးခဲ့တယ်ဆိုတာ အတော်များများ မသိလိုက်ကြပါဘူး။ Kate ရဲ့ မိဘတွေတောင်မှ သူမအိမ်ထောင်ပြုတယ်ဆိုတာကို မသိလိုက်ကြပါဘူးတဲ့။ 

အင်တာနက်ကြီးတောင် ပျက်သွားလုမတတ်ဖြစ်ခဲ့ရတဲ့ အော်စကာမင်းသား
The Revenant ဇာတ်ကားနဲ့ ရရှိခဲ့တဲ့ သူ့ရဲ့ ပထမဆုံးအော်စကာရရှိမှုကြောင့်  Twitter မှာဆိုရင် တစ်မိနစ်မှာအကြိမ်ပေါင်း ၄၄၀,၀၀၀ တောင် tweet ကြပါသတဲ့။ အော်စကာဆုပေးပွဲ ကျင်းပလာတဲ့ သက်တမ်းတစ်လျှောက်မှာ အကြိမ်ရေအများဆုံး tweet လုပ်ကြခြင်းလည်း ဖြစ်ပါတယ်။ 

လူလိမ္မာလေး Leo
Leo ဟာ ဆေးတွေဘာတွေ သုံးစွဲရင်း ဘဝကို ဟော့ဟော့ရမ်းရမ်း ဖြတ်သန်းလာခဲ့သူလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ သူဟာဘဝတစ်လျှောက်မှာ ဆေးသုံးတာမျိုး လုံးဝကိုမရှိခဲ့ပါဘူး။ The Wolf Of Wall Street ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးစဉ်က ဆေးသုံးစွဲတာကို ကျွမ်းကျင်တဲ့သူ တွေက ဘယ်လိုသုံးစွဲပြုမူကြတယ်ဆိုတာကို Leo က သင်ကြားခဲ့ဖူးသတဲ့။ 

Titanic အပေါ် အလေးထားတဲ့သူ
Titanic သဘောင်္ကြီးကနေ အသက်ရှင်လျက် ကျန်ရှိခဲ့သူ Millvina Dean ဟာ အိမ်စရိတ်အတွက် သူမရဲ့ အမှတ်တရပစ္စည်းတွေကို ရောင်းချရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေစဉ်က Leo နဲ့ Kate ဟာ ရန်ပုံငွေမတည်ပေးခဲ့ကြတာကြောင့် Millvina ရဲ့ ပရိဘောဂတွေကို မရောင်းချရရေးသောကတွေ အေးခဲ့ရပါတယ်။

အများမကြည့်ခဲ့ဘူးတဲ့ Don’s Plum 
၂၀၀၁ ခုနှစ်လောက်က သူဟာ Don’s Plum ဆိုတဲ့ ဇာတ်ကားမှာ မင်းသားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းကို မသိလိုက်ရလို့ စိတ်မကောင်းမဖြစ်လိုက်ပါနဲ့ဦး။ ဒီဇာတ်ကားကို ကနေဒါနဲ့ အမေရိကန်မှာ ထုတ်လွှင့်ပြသဖို့အတွက်
တားမြစ်ခြင်းခံခဲ့ရပုံပါဘဲ။ Leo ဟာ ဒီဇာတ်ကားထဲမှာ အထင်သေးရွံရှာဖွယ်ရာ သရုပ်ဆောင်ထားခဲ့ပုံရပါတယ်။

American Psycho ဇာတ်ကားရိုက်ကူးမှုမှ နှုတ်ထွက်ခဲ့သူ
Leo ကို အနုပညာကြေးဒေါ်လာသန်း ၂၀ ပေးဖို့အတွက် Lionsgate ကုမ္ပဏီဟာ American Psycho ဆိုတဲ့ ဇာတ်ကားအတွက် အသုံးပြုမယ့်ဘတ်ဂျက်ကို လေးကြိမ်တောင် ပြင်ဆင်ပေးခဲ့ရပါတယ်။ ဗြိတိသျှသရုပ်ဆောင် Christian Bale အ
တွက် ကံကောင်းချင်တော့ Leo က The Beach ကို ပိုသဘောကျနေတာနဲ့ စီမံကိန်းကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ 

Leo ကို တည်တည်ငြိမ်ငြိမ် အလုပ်လုပ်တတ်စေဖို့ သင်ပေးခဲ့သူက Samuel L. Jackson 
Django Unchained ကို ရိုက်ကူးနေစဉ် အတွင်းမှာ Leo ဟာ အမှားမှားအယွင်းယွင်းတွေ လုပ်မိနေခဲ့ပါသတဲ့။ ဘာလို့လဲဆိုတော့ လူမျိုးရေးနဲ့ ဆိုင်ရာစော်ကားတဲ့ စကားလုံးတွေ အများကြီးသုံးလာတော့ သူ့စိတ်ထဲမှာ အဆင်မပြေခံစားလာရ လို့ပါ။ အဲ့ဒီအချိန်မှာ Jackson က သူ့ကိုရိုက်ကွင်းကနေ ဆွဲထုတ်ခေါ်သွားပြီး ‘ဟေ့ကောင် ဒါက ငါတို့အားလုံးအတွက် ပုံမှန်ဖြတ်သန်းနေကျ နေ့တစ်နေ့ပါပဲကွ’ ဆိုပြီး ပြောခဲ့ပါသတဲ့။ 

အနုပညာရင်းမြစ်ကနေပေါက်ဖွားလာတဲ့ သူ့ရဲ့ နာမည်
အစောပိုင်း ဖော်ပြချက်တွေအရ Leo မိဘတွေဟာ အီတလီနိုင်ငံ Florence မှာရှိတဲ့ Leonardo Da Vinci ရဲ့ ပုံတူကို  ကြည့်ရှု့နေကြတဲ့အချိန်မှာ ဗိုက်ထဲကကလေးငယ်က ပထမဆုံးအကြိမ် ကန်လိုက်ပါသတဲ့။ သူ့အဖေကအဲ့ဒါကို နိမိတ်ပြ တယ်ဆိုပြီး ယူဆခဲ့တယ်လို့လည်းသိရပါတယ်။ 
    
ခန္ဓာကိုယ်အလှကိုလှစ်ပြခဲ့တဲ့ မိန်းကလေးနဲ့ နေ့စဉ်တွေ့ဆုံအလုပ်လုပ်နိုင်တဲ့သူ
ပရိသတ်ကြီး အံ့အားသင့်သွားစေမယ့် အချက်ပါဘဲ။ Kate နဲ့ Leo  ဟာ Titanic  ရုပ်ရှင်ရိုက်ကွင်းမှာ ပထမဆုံးဆုံတွေ့ခဲ့ကြတာဖြစ်ပြီး Kate က နောက်ပိုင်းမှာ ရိုက်ကူးရမယ့် အဝတ်မဆင်ဘဲ အလှပြတဲ့ ဇာတ်ဝင်ခန်းတွေအတွက် ဖြစ်ပေါ်လာနိုင်တဲ့ အနေခက်မှုတွေကို ဖယ်ရှားကျော်လွှားနိုင်ဖို့ သူမရဲ့ ခန္ဓာကိုယ်အလှကို အစပိုင်းမှာကတည်းက Leo ကို လှစ်ပြခဲ့ပါသတဲ့။ 

ဂေဟဗေဒကို ကာကွယ်ဖို့ ရှေ့ဆုံးကနေခုခံ ကာကွယ်နေတဲ့ စစ်သူကြီး
Leo ဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ဖို့ အားပေးတတ်သူ၊ ဂရုစိုက်တတ်တဲ့သူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ရင်းသူဟာငါးဖမ်းလွန်ခြင်းနဲ့ သစ်တောပြုန်းတီးလွန်းခြင်းကို ခံစားနေရတဲ့ Belize ရှိ ကျွန်းတစ်ကျွန်းဖြစ်တဲ့ Blackadore Caye ကို ဝယ်ယူခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ အဲ့ဒီကျွန်းကို ကမ္ဘာ့ပထမဆုံးဂေဟဗေဒနဲ့ ပတ်သက်လို့ နိုးကြားတက်ကြွတဲ့ အနားယူအပန်းဖြေရာနေရာအဖြစ် ဖွင့်လှစ်လိမ့်မယ်ဆိုတာကို လက်တို့ရင်း Leonardo ရဲ့ လျှို့ဝှက်အကြောင်းအရာလေးတွေကို ဖောက်သည်ချလိုက်ရပါတယ်။ 

Ref: 10 Mind Blowing Leonardo DiCaprio  Facts You Probably Didn’t Know
By  Heather Snowden