Primary tabs

အတောက်ပဆုံး ကြယ်ပွင့်များနှင့် People ဆင်စွယ်ရတုအမှတ်တရ

လွန်ခဲ့တဲ့ ၁၄ နှစ်က

August မိုးနဲ့အတူ
မွေးဖွားခဲ့သူ…
ဖက်ရှင် အလှအပအနုပညာ
သူယုံကြည်ရာလမ်း
တစိုက်မတ်မတ်လျှောက်လှမ်းရင်း
ချစ်သောပရိသတ်ရဲ့ လက်ခုပ်သံတွေကြား
နယ်ပယ်အသီးသီးက ချစ်သောအနုပညာရှင်တို့ရဲ့
နွေးထွေးသော ကမ်းလက်များကြား
အင်အားဖြစ်ခဲ့သူ…
ဒီတစ်ကြိမ် သိဟ်ရာသီအရောက်မှာတော့
ဆင်စွယ်ရတုဆီ လှမ်းချီလို့
အမှတ်တရတချို့ ထင်ကျန်ရစ်စေဖို့
အတောက်ပဆုံး ငွေကြယ်ပွင့်တို့နဲ့အတူ
လင်းလက်ခဲ့သူ…။

အောင်မြင်မှုကို ရိုးသားမှုနဲ့ပဲ ရယူချင်တဲ့ ၀ါဆိုမိုးဦး

အချိုးကျတဲ့ Body ဖြစ်ဖို့……
Body နဲ့ ပတ်သက်ပြီး ၀ါဆို Gym ကစားဖြစ်တယ်။ အဓိကကိုယ်လက်လှုပ်ရှားမှုကောင်းပြီး Body လည်း အချိုးကျကျလေးဖြစ်အောင်၊ သီချင်းဆိုတဲ့အခါမှာလည်း အမောခံနိုင်အောင်၊ ကျန်းမာရေးအတွက် လုပ်ဖြစ်နေပါတယ်။ 

ပရိသတ်မသိတဲ့ အကျင့်တစ်ခု……
ငပေါလိုနေတယ်။ မသိတဲ့သူကြည့်လိုက်ရင် မာနကြီးတယ်၊ မျက်နှာတည်တယ်လို့ထင်တာ အမှန်က ကိုယ်ကအရမ်းခင်တတ်တယ်၊ အပေါင်းအသင်းမက်တယ်၊ အရမ်းခင်ပြီဆို ပေါတောတော နေတတ်တယ်။

အောင်မြင်မှုဆိုတာ……
ဝါဆို့အတွက် အောင်မြင်မှုက အရမ်းခက်ခဲတယ်။ ၀ါဆိုက အောင်မြင်မှုကို ရိုးသားမှုနဲ့ပဲ ရယူချင်တယ်။ အရောင်မဆိုးဘူး။ ကိုယ်တတ်သလောက်၊ သိသလောက်အစွမ်းနဲ့ပဲ အမြဲကြိုးစားတယ်။ 

ဖက်ရှင်ကြိုက်တဲ့သူမ…..
ဝါဆိုက ဖက်ရှင်နဲ့ပတ်သက်ပြီး အရမ်းဝါသနာပါတယ်။ ၀ါဆိုရဲ့ Life အတွက် ဖက်ရှင်နဲ့ ပတ်သက်ပြီး ဒီဇိုင်နာလုပ်ချင်တယ်၊ ဒီဇိုင်းပညာနဲ့ ပတ်သက်ပြီး ကျောင်းတက်ဖို့လည်း ရှိပါတယ်။ ၀ါဆိုမိုးဦးရဲ့ Brand ဆိုပြီးတော့ ၀ါဆိုထွင်ထားတဲ့ ၀တ်စုံလေးတွေ၊ ဒီဇိုင်းဆန်းဆန်းလေးတွေ၊ လူတိုင်းလည်း ၀တ်နိုင်တဲ့ပုံစံလေးတွေ၊ လူတန်းစေ့ဝတ်နိုင်တဲ့ ပုံစံလေးတွေ ထုတ်ဖို့စိတ်ကူးထားတယ်။ အချိန်တော့ နည်းနည်းလိုပါသေးတယ်။
Model - Warso Moe Oo
Designer - Latt Latt
Makeup & Hair - Thi Thi(Nyi Nyi Maung Sanchaung)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
Decoration - Square Line

ဇေရဲထက်ရဲ့ခံစားချက်

ကျွန်တော်က သရုပ်ဆောင်ဆိုတော့ ကျရာနေရာကနေ အကောင်းဆုံး သရုပ်ဆောင်ချင်ပါတယ်။ သရုပ်ဆောင်ဖူးခဲ့သမျှ ဇာတ်ကောင်တွေ အားလုံးလိုလို ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ရုပ်တိုင်းကို ကျွန်တော်သေချာကြိုးစားခဲ့လို့ပါ။ အနုပညာအပေါ်မှာထားတဲ့ ကျွန်တော့်ရဲ့ ခံယူချက်ကတော့ ဇာတ်ရုပ်ကို ပေါ်လွင်အောင် ပီပီပြင်ပြင်သရုပ်ဆောင်ဖို့ပါပဲ။ ကျွန်တော့်စိတ်ကြိုက်ဖက်ရှင်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ ၀တ်ဆင်ရတဲ့ Free Style လေးတွေပါ။

Model - Zay Ye Htet 
Fashion - U.S POLO ASSN 
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw 

ခွင့်လွှတ်တတ်၊ မေ့ပစ်တတ်တဲ့ ပိုင်ဖြိုးသု

အောင်မြင်မှု
လူတစ်ယောက်အောင်မြင်ဖို့အတွက် ကံရော၊ ဉာဏ်ရော၊ ၀ီရိယရော လိုအပ်ပါတယ်။ အနုပညာရှင်တစ်ယောက် အောင်မြင်ဖို့အတွက်ကျတော့ စန်းကအရေးကြီးပါတယ်။ ကိုယ်ဘယ်လောက် ကြိုးစားကြိုးစား စန်းမရှိရင် ပရိသတ်မျက်စိမှာ အမြင်မတည့်ဘူးလို ဖြစ်နေတတ်ပါတယ်။ 

အနာဂတ်ရည်မှန်းချက်
ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် အချိန်အကြာကြီး ရပ်တည်ချင်ပါတယ်။
ဆေးကုတဲ့ဆရာဝန်တော့ မလုပ်ဖြစ်တော့ပါဘူး။ Public Health ပိုင်းကနေ နောက်ထပ်ဘွဲ့ယူဖို့တော့ အစီအစဉ်ရှိပါတယ်။

သက်သက်လွတ်
အသက် (၁၈) နှစ်လောက်ကတည်းက ရာသက်ပန် သက်သက်လွတ် စားဖြစ်တယ်။ ကိုယ်တစ်ယောက်မစားဖြစ်ရင် တစ်ယောက်စာ အကောင်လေးတွေ သေတာလျော့တယ်ဆိုတဲ့ စားဖြစ်ခဲ့တာပါ။ အဓိဋ္ဌာန်တို့ ဘာတို့ကြောင့်မဟုတ်ပါဘူး။ 

အခုတလော ကြိုက်ဖြစ်နေတဲ့အရောင်
အခုရော အရင်ကရော အဖြူရောင်ကိုပဲ ကြိုက်ပါတယ်။

အခက်အခဲ
အခက်အခဲဆိုတာကတော့ နေရာတိုင်းမှာ ရှိပါတယ်။ အဲဒီလိုကြုံလာရင် တစ်ချိန်မှာတော့ ပြီးသွားမှာပဲဆိုတဲ့ စိတ်နဲ့ ဖြတ်သန်းပါတယ်။ မြန်မာ စကားပုံတစ်ခုရှိတယ်။ ချီးမွမ်း (၇) ရက်၊ ကဲ့ရဲ့ (၇) ရက်တဲ့။ အဲဒီလိုပဲတွေးလိုက်တယ်။ 
အမြဲလက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့ Forgive and Forget ။ ဘယ်သူတွေဘယ်လိုပဲ လာတိုက်ခိုက်တိုက်ခိုက်၊ ဘယ်လိုပဲ ကြုံကြုံ ခွင့်လွှတ်လိုက်တယ်။ ပြီးတော့ မေ့ပစ်လိုက်တယ်။ စိတ်ထဲထားမနေတော့ဘူး။ အဲဒီတော့ ကိုယ်တိုင်မှာ အေးချမ်းတယ်။
Model - Paing Phyo Thu
Designer - Yone Yone
Makeup & Hair - Chit Khun Cho
Photo -  Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
Special Thanks to Artist Ma Hnin Dali Aung

ပရိသတ်တွေ မသိသေးတဲ့ အလင်းရောင်

အလင်းရောင်လို့ဆိုလိုရင် ဆွဲဆောင်မှုရှိတဲ့ ရူပါနဲ့ ထင်းလင်းမှုကတော့ ပရိသတ်တွေ မြင်တွေ့ ကြတဲ့အတိုင်းပါပဲ။ 

People နဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ ကာလတစ်လျှောက် အမှတ်ထင်ထင်သတိထားမိခဲ့တာက ငယ်ရွယ်သူဖြစ်ပေမဲ့ အလုပ်ကို လေးစားတာ၊ အချိန်လေးစားတာ စိတ်ထားကောင်းပြီး ကတိတည်တတ်တာတွေကိုပါ။

အဲလိုစိတ်ထားတွေနဲ့ ယှဉ်တွဲသိနေတဲ့ အလင်းရောင်မှာ ဆုံးဖြတ်ချက်ချပြီးရင် ပြန်မပြင်တတ်တဲ့ ခေါင်းမာတဲ့အကျင့်လေးလည်း ရှိနေသေးတယ်ဆိုတာကို ဒီနေ့ရိုက်ကွင်းလေးမှာ သိလိုက်ရပါတယ်။

“People ရဲ့ နှစ်ပတ်လည် အမှတ်တရစာ အုပ်လေးမှာ ကျွန်တော်ရဲ့ အမှတ်တရအဖြစ် အပျက်လေးတစ်ခုကို ပြောပြချင်ပါတယ်။ ကျွန်တော် (၁၀) တန်းတုန်းကစာကြိုးစားပြီး အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ချက်တွေ ထားထားတဲ့အချိန်မှာ 
ဖြစ်ချင်တော့  Guide ဆရာမနဲ့ ရန်ဖြစ်ပြီး ကျူရှင်မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်က ခေါင်းမာတတ်တဲ့ လူတစ်ယောက်ဆိုတော့ ဆုံးဖြတ်ချက်ချပြီးရင် အဲ့ဒီဆုံးဖြတ်ချက်ကို ပြန်မပြင်တတ်ဘူး။ စာမေးပွဲဖြေခါနီးမှ စာတွေလည်းမရနဲ့ အဲ့ခေါင်းမာမှုတစ်ခုကြောင့်ပဲ မျှော်လင့်ချက်တွေ အများကြီးထားထားတဲ့ (၁၀)တန်းကို ကျွန်တော် ရိုးရိုးပဲအောင်ခဲ့တယ်။ အများကြီးနောင်တရစရာ ဖြစ်ခဲ့ပါတယ်။

နောက်တစ်ခုကကျတော့ ဒီအနုပညာ အလုပ်လုပ်တဲ့အချိန်မှာလည်း အကြောင်းကြောင်းကြောင့် စာချုပ်ချုပ်ထားတဲ့အေဂျင်စီတွေနဲ့ ပြဿနာဖြစ်တယ်။ အဲလိုကြုံရတဲ့ အခြေအနေမှာ ကိုယ့်ဘက်ကမှန်တယ်လို့ဆုံးဖြတ်တဲ့အတွက် ခေါင်းမာမာနဲ့ရှေ့ဆက်တိုးခဲ့တော့ အမှုအခင်းတွေဖြစ်ပြီး စာချုပ်ပျက်သွားတယ်။ ကျွန်တော့်အနေနဲ့ အနုပညာအလုပ်တွေကို ပိုပြီးတော့လွတ်လွတ်လပ်လပ်လုပ်ခွင့်ရခဲ့တယ်။ စာချုပ်ချုပ်ထားတုန်းကထက် ပိုပြီး အခွင့်အရေးတွေလည်းရလာခဲ့တယ်။ တခြားကုမ္ပဏီတွေနဲ့လည်း ကားတွေရိုက်ခွင့်ရခဲ့တယ်။ အဲ့ဒါကလည်းခေါင်းမာမာနဲ့ တဇွတ်ထိုးစိတ်နဲ့ဆုံးဖြတ်မိတာကပဲ ကောင်းတဲ့ရလဒ်အနေနဲ့ ရခဲ့တာပေါ့။

ဒါကြောင့် ကျွန်တော့်ပရိသတ် ညီလေးညီမလေးတွေအတွက် ပြောပြချင်တာကမာနတရားတွေ ခေါင်းမာတာတွေက ထားသင့်တဲ့အခါမျိုးမှ ထားရပေမဲ့ ကျွန်တော့်လိုအမှားမျိုးကိုလည်း မကြုံရစေဖို့ ဆန္ဒပြုလိုက်ပါတယ်။
Model - A Linn Yaung
Designer - Swam Heain (Fashion Empire)
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
Decoration - Square Line
Location - Royal M

ရပ်မနေဘဲ ဆက်သွားနေမယ့် ပိုပို

ဘ၀ကို ဖြတ်သန်းချင်တဲ့ ပုံစံ
လူတစ်ယောက်က ဘယ်လို အကြောင်းကြောင့်နဲ့မှ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို အဆုံးအရှုံးမခံသင့်ပါဘူး။ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီး  ပျော်ရွှင်တဲ့ဘ၀ကို ခွင့်လွှတ်၊ သည်းခံတတ်တဲ့ သဘောထား၊ ဘာသာတရားရဲ့ အဆုံးအမတွေ နဲ့ ဖြတ်သန်းချင်ပါတယ်။ 

စာအုပ်တွေနဲ့ပတ်သက်တဲ့ သဘောထား 
စာဖတ်ခြင်းကနေ ဗဟုသုတတွေရသလို ဘ၀မှာ အကောင်းဆုံးဆိုတာတွေကိုပဲ မျှော်လင့်ထားလို့ မရဘူးဆိုတာကို သိလာနိုင်တယ်။ ဘ၀ရဲ့ ရှင်သန်နေထိုင်နည်းကို စာအုပ်တွေက တစ်ဆင့် ရှာဖွေတွေ့ရှိနိုင်ပါတယ်။ 

ပိုပို ခံယူထားတဲ့ အောင်မြင်မှုရဲ့သော့ချက်
လူတစ်ယောက်က အနည်းဆုံး ခြေလှမ်းလေး တစ်လှမ်းတော့စပြီး လှမ်းသင့်တယ်။ တစ်နေရာမှာ ရပ်နေမယ့်အစား ပြေးနေပါ၊ ပြေးလို့ မရရင် လမ်းလျှောက်ပါ၊ လမ်းလျှောက်လို့ မရရင် လေးဖက်ထောက်သွားပါ၊ လေးဖက်ထောက်ပြီးတောင်မှ သွားလို့ မရရင်တရွတ်တိုက်ပြီးသွားပါ၊ အဓိကက ရပ်နေတာထက် ဖြည်းဖြည်းချင်း ရွေ့နေတာက ပိုကောင်းပါတယ်။ မိမိကိုယ်သာ အားကိုးရာ၊ မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ စိတ်မျိုးထားရှိတယ်။ မိန်းမတစ်ယောက်ဖြစ်ပေမဲ့ ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်ရပ်တည်နိုင်တဲ့အထိ သွားနေမယ်ဆိုတဲ့ ခံယူချက်က လက်ရှိပိုပို့ အောင်မြင်မှုရဲ့သော့ချက်တစ်ခုလို့ ပြောလို့ရပါတယ်။


Model - Po Po 
Designer - Ma Pont (My Favourite)
Makeup & Hair - Gucci Aung
Photo -  Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw

အချစ်သီချင်းတွေ ချစ်တဲ့သူ ရွှေထူး

“ကျွန်တော့်အတွက် စိတ်အပန်းဖြေမှုက သီချင်းနားထောင်တာပါပဲ။ သီချင်းတွေ အစုံနားထောင်တတ်ပေမယ့် တကယ်တမ်းကြိုက်တဲ့ သီချင်းလေးတွေက အချစ်သီချင်း အေးအေးလေးတွေပါ။ နောက် ဂိမ်းဆော့တယ်။ သီချင်းရေးပါတယ်”


“အချစ်ရေးကို ကျွန်တော်မတွေးဖြစ်သေးပါဘူး။ ကျွန်တော့်မိသားစုနဲ့ ရှေ့ဆက်မယ့် နေ့ရက်တွေအတွက်ကိုပဲ ခေါင်းထဲမှာရှိပါတယ်။ MTV အခွေကိုလည်း ကျွန်တော်အခုရိုက်နေပါတယ်။ ဒီနှစ်မကုန်ခင် ထွက်နိုင်အောင်ကြိုးစားပါမယ်၊ နောက်ကျခဲ့တာကိုလည်း ပရိသတ်ကြီး နားလည်ပေးပါလို့”


Model - Shwe Htoo
Designer - Sandar by Sandar Aung
Photo - Aung Zaw
Retouch - Nyi Nyi Hla Baw
Location - Parami Pizza

အမွန်းကို ခံစားချက်မျိုးစုံပေးနိုင်တဲ့ Music
အမွန်းရဲ့ Music နဲ့ Fashion ကို လိုက်လျော ညီထွေပြီး ကိုက်အောင် ၀တ်လေ့ရှိပါတယ်။ Fashion ဆိုတာ ကိုယ့်ရဲ့ အထာလေးတစ်ခုအနေနဲ့ အမြဲရှိနေတာ ကောင်းတယ်လို့ မြင်ပါတယ်။ 

နိုင်ငံတကာမှာ ဒီ့ထက်ပိုပြီးထိုးဖောက်ဖို့
အဓိက အမွန်းရဲ့ အရည်အချင်းကို သွေးရမှာပါ။ နိုင်ငံတကာက အနုပညာရှင်တွေကြားထဲ ကိုယ့်ရဲ့ Music ကို ချပြဖို့အတွက် နိုင်ငံတကာ အဆင့်မှီတဲ့ အရည်အသွေးရှိအောင် ကြိုးစားဖို့က နံပါတ် (၁) ပါ။